Home Fitness ပိန်တဲ့သူတွေ ကိတ်လာပြီး ဝတဲ့သူတွေ ကိုယ်ရည်စစ်သွားစေမဲ့ ၄ပတ်စာလေ့ကျင့်ခန်း ၇မျိုး

ပိန်တဲ့သူတွေ ကိတ်လာပြီး ဝတဲ့သူတွေ ကိုယ်ရည်စစ်သွားစေမဲ့ ၄ပတ်စာလေ့ကျင့်ခန်း ၇မျိုး

0
167
ကိုယ်ရည်စစ်သွားစေမဲ့ လေ့ကျင့်ခန်း
ကိုယ်ရည်စစ်သွားစေမဲ့ လေ့ကျင့်ခန်း

သီးသန့် အချိန်ပေးပြီး Gym ရုံမသွားချင်လို့ ဒါ့မှမဟုတ် Gym ဆော့ဖို့အတွက် ဘာဂျက်မလုံလောက်လို့ စတဲ့ပြဿနာတွေကြောင့် ခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်ဘဲ သင့်ခန္ဓာကိုယ်က ပုံပျက်ပန်းပျက်ကြီးဖြစ်နေတဲ့အခါ အိမ်မှာ အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးပြုလုပ်လို့ရမဲ့ အိမ်တွင်းလေ့ကျင့်ခန်းတွေရှိတယ်ဆိုတာ သတိရလိုက်ပါ။ ဘာအကူပစ္စည်းမှမလိုအပ်သလို အချိန်လဲ အများကြီး ပေးစရာမလိုဘဲ ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုယ်ဟန်အနေအထားကို ကောင်းမွန်စေမဲ့ လေ့ကျင့်ခန်းအချို့ကို လမ်းညွှန်ပေးလိုက်ပါတယ်။

Plank

Plank လေ့ကျင့်ခန်းဟာ အလွယ်ကူဆုံး အခြေခံလေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး ငြိမ်နေပေးရမှာဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ မှောက်ခုံအနေအထားမျိုးနေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို တံတောင်ဆစ်ဖြင့်လည်ကောင်း၊ ခန္ဓာကိုယ်အောက်ပိုင်းကိုခြေဖျားဖြစ်လည်ကောင်း ထောက်ထားပေးပါ။ ထိုအနေအထားအတိုင်း ၁၀စက္ကန့်လောက်နေပြီး ၂မိနစ်လောက်ကြာတဲ့အထိလိုက်လုပ်ရမှာဖြစ်ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းရဲ့ ရလဒ်ကတော့ တင်ပါး၊ ခြေထောက်၊ လက်မောင်း၊ နောက်ကျောတို့ကို ထိရောက်မှုရှိပြီး ကြွက်သားများသန်မာလာခြင်း၊ ကိုယ်ဟန်အနေအထား ပိုမိုကောင်းမွန်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာဖြစ်ပါတယ်။

Push-ups

Push-ups လေ့ကျင့်ခန်းကို ရိုးရိုးရှင်းရှင်းပြောရရင်တော့ ဒိုက်ထိုးတဲ့လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ကြမ်းပြင်ပေါ်မှာ မှောက်လျှက်နေပြီး ခြေဖျားနဲ့ လက်ဖဝါးကို ထောက်ထားပေးပါ။ ပြီးလျှင် လက်မောင်းကို တစ်ဆုံးဆန့်ထုတ်ပြီး ၁၀ စက္ကန့်လောက် ထိုအနေအထားအတိုင်းငြိမ်နေပေးပါ။ ပြီးမှ ဖြည်းဖြည်းခြင်း ကြမ်းပြင်နဲ့ထိအောင်ပြန်ကွေး ချပေးပါ။ အချိန် ၁မိနစ်မပြည့်မချင်း ထိုလေ့ကျင့်ခန်းကိုပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းရဲ့ ရလဒ်ကတော့ ရင်ဘက်၊ လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေအတွက် ထိရောက်မှုရှိပါတယ်။

Thigh and buttock muscles workout

အဆိုပါ ပေါင်နဲ့ တင်ပါးကြွက်သားလေ့ကျင့်ခန်းပြုလုပ်ဖို့ အရင်ဦးစွာ ကြမ်းပြင်ပေါ်မှာ ဒူးထောက်၊ လက်ထောက်ပြီး ကုန်းနေပေးပါ။ ထိုအနေအထားမှ ဘယ်ခြေ-ညာလက် ဒါမှမဟုတ် ညာခြေ-ဘယ်လက် တစ်ခုခုမှ ဒူးခေါင်းနဲ့ တံတောင်ဆစ်တို့ကို ထိထားပေးပါ။ ပြီးမှ ထိုအနေအထားအတိုင်း လက်က အရှေ့ကို ဆန့်ထုတ်ပြီး၊ ခြေထောက်က နောက်ကို ဆန့်ထုတ်ပေးပါ။ ထိုကဲ့သို့ဆန့်ထုတ်တဲ့အခါ ခန္ဓာကိုယ်နဲ့ ဆန့်ထုတ်တဲ့ ခြေနဲ့လက်က ရေပြင်ညီလို ညီနေဖို့လိုအပ်ပြီး ထိုအနေအထားအတိုင်း ၁၀စက္ကန့်လောက်ငြိမ်ပြီးမှမူလပုံစံကို ပြန်နေပေးရမှာဖြစ်ပါတယ်။ ဘယ်ခြေ ညာလက်၊ ညာခြေ ဘယ်လက် တစ်လှည့်စီပြုလုပ်ပေးရမှာဖြစ်ပြီး ၁မိနစ်စာလောက်ပဲပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အဆိုပါလေ့ကျင့်ခန်းကိုပြလုပ်ပေးခြင်းဖြင့် တင်ပါးဆုံကြွက်သားနဲ့ ရင်ဘက်ပိုင်းတို့ကို ကောင်းမွန်စေပြီး နောက်ကျောကြွက်သား၊ တင်ပါး၊ ခါးတို့ကို သန်မာစေပါတယ်။

Squats

ကီထိုင်တဲ့အခါ ပထမဦးစွာ ကြမ်းပြင်ပေါ်မတ်တပ်ရပ်ပြီး ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်လောက်ပဲ ချဲထားပေးဖို့လိုအပ်ပါတယ်။ လက်နှစ်ဖက်ကို ပုံမှာပြထားသလို ချိတ်ထားပေးပါ။ ခြေထောက်အနေအထားနဲ့ လက်အနေအထား မှန်ကန်သွားပြီဆိုကီထိုင်လိုက်ပါ။ ကီထိုင်တဲ့အခါ ကြမ်းပြင်ထိ ထိုင်ချတာမျိုးမဟုတ်ဘဲ တံကောက်ကွေးကို ထောင်မှန်ကျရုံလောက်ပဲ ထိုင်ချဖို့လိုအပ်ပါတယ်။ ထိုထောင့်မှန်အနေအထားမျိုးမှာ ၁၀ စက္ကန့်လောက်နေပြီးမှ မူလပုံစံကို ပြန်နေပေး ၁မိနစ်ပြည့်သွားရင်တော့အဆိုပါလေ့ကျင့်ခန်းကို ရပ်နားသင့်ပါတယ်။ ကီထိုင်ခြင်းကြောင့် တင်ပါးကြွက်သားနဲ့ ပေါင် လှပလာပြီး ခြေဆစ်များကို ပိုမိုခိုင်မာစေပါတယ်။

Exercise for abs

အဆိုပါလေ့ကျင့်ခန်းဟာ ဘယ်ရီရိုက်ခြင်း လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး ပထမဦးစွာ ကြမ်းပြင်ပေါ်မှာ ပတ်လတ်အိပ်ပြီး ဒူးနှစ်ဖက်ကို ထောင်ထားပေးပါ။ လက်နှစ်ဖက်ဟာ ဦးခေါင်းအပေါ်ဘက်မှာ ဆန့်ထုတ်ထားပြီး ထိုအနေအထားမှ အိပ်ထ ပြုပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် ၁မိနစ်လောက် ပြုလုပ်ပေးရုံနဲ့ ဝမ်းဗိုက်ကြွက်သားတွေအားကောင်းလာစေပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။

Abs + buttocks

Abs နဲ့ တင်ပါး ပေါင်းစပ်ထားတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ဖို့အတွက် ပုံမှာဖော်ပြထားသလို ကြမ်းပြင်ပေါ်မှာ ပတ်လတ်အနေအထားမှ လက်နှစ်ဖက် ခြေထောက်တစ်ဖက်ကို ထောက်ထားပေးပြီး ကျန်ခြေတစ်ဖက်ကို အပေါ်သို့ မြှောက်ထားပေးရမှာဖြစ်ပါတယ်။ ထိုအနေအထားမှ ခန္ဓာကိုယ်အလယ်ပိုင်း ခါးနေရာကနေ အပေါ်ကို မြှင့်တင်ပေးပြီး ၁၀စက္ကန့်လောက်နေမှ အောက်ကို ပြန်ချပေးပါ။ ထိုကဲ့သို့ down – up ပုံစံ ၁မိနစ်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းကို ပြုလုပ်ပေးခြင်းအားဖြင့် ခါးကြွက်သား၊ ဝမ်းဗိုက်ကြွက်သား၊ တင်ပါးတို့ကို ပိုမိုခိုင်မာလာစေပါတယ်။

Waist

အဆိုပါ ခါးလေ့ကျင့်ခန်းကိုပြုလုပ်ဖို့အတွက် ကြမ်းပြင်ပေါ်မှာ မှောက်အိပ်ပြီး လက်နှစ်ဖက်ကို မျက်နှာအောက်မှာထားထားပေးပါ။ ပြီးလျှင်ထိုအနေအထားမှ ခန္ဓာကိုယ်အပေါ်ပိုင်းကနေ ခါးအထိပါးအောင် ကော့တင်ပေးပါ။ အနည်းဆုံး ၁စက္ကန့်လောက်ကြာမှအောက်ကို ပြန်ချပေးပါ။ ထိုလေ့ကျင့်ခန်းကိုပြုလုပ်ပေးခြင်းဖြင့် ကျောရိုးကြွက်သားတွေအားကောင်းလာစေပြီး လက်ပြင်ကုန်းတဲ့သူတွေ ပိုပြီး အဆင်ပြေစေပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်း ၇မျိုးကို ၂ပတ်ကျော်တဲ့အခါ ၁မိနစ်ကနေ ၃မိနစ်ထိ တိုးပြီး ပြုလုပ်ဖို့လိုအပ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

တင်ပါးနဲ့ ပေါင်တံမှာ အထစ်ထစ်ဖြစ်နေတဲ့ အဆီခဲတွေကို ၂ပတ်အတွင်းဖယ်ရှားနိုင်မဲ့ လေ့ကျင့်ခန်း ၆မျိုး

Unicode

မိုင်တွေဝေးနေတဲ့ချစ်သူနှစ်ဦးအတွက် အဆင်ပြေစေမဲ့ နည်းလမ်းအချို့
ချစ်သူ နှစ်ဦး တစ်ဦးအပေါ်တစ်ဦး သစ္စာရှိပေမဲ့ ဘာကြောင့်လမ်းခွဲသွားခဲ့ရတာလဲ။ ဒီအချက်က သင့်တို့နှစ်ဦးစလုံးကို သာမန်ထက်ပိုပြီး ခံစားရစေပါတယ်။

၁။ ယုံကြည်မှုအပြန်အလှန်ထားရှိပါ။
အနေဝေးနေတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်မှုတွေ မရှိဘူးဆိုရင်တော့ သင်တို့ရဲ့ ဆက်ဆံရေးကလည်း ရေရှည်တည်မြဲမှာမဟုတ်ပါဘူး။ အမြဲတမ်းအနီးကပ်ရင်းနှီးနေထိုင်တဲ့ အတွဲတွေထက် သင်တို့က နှစ်ဦးက ပိုပြီး ရင့်ကျက်သင့်ပါတယ်။ တစ်ယောက်ကို တစ်ယောက် သံသယကင်းကင်းနဲ့ နေထိုင်တာ ပိုအဆင်ပြေပါလိမ့်မယ်။ သင်တို့ရဲ့ အတိတ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို မေ့ပျောက်ထားပြီးတော့ လက်ရှိအခြေအနေကိုပဲ ကောင်းမွန်အောင်တည်ဆောက်ပါ။ ဘာကြောင့်လဲဆိုတော့တခါတလေ ဒီလိုအနေဝေးနေတဲ့ အချိန်မျိုးမှာ ဘေးပတ်ဝန်းကျင်ရဲ့ စကားတွေကြောင့် ဒါမှမဟုတ် အတိတ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေက သင့်ဆီကို တစ်ဖန်ပြန်ရောက်လာတာမျိုးဖြစ်တတ်ပါတယ်။ ဒီစကားသံတွေကြောင့် တစ်ယောက်ကိုတစ်ယောက် သံသယတွေဝင်ပြီးယုံကြည်မှုတွေလျော့နည်းသွားရင်တော့ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကလည်း ဆုတ်ယုတ်သွားမှာဖြစ်ပါတယ်။

၂။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆံဆက်ပါ။
ဝေးကွာနေတဲ့သူနှစ်ယောက် တွေဆုံနိုင်ဖို့ဆိုတာ online တစ်ခုပဲရှိပါတယ်။ Online ဆက်ဆံရေး သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို မပျက်စီးသွားအောင် ထိန်းသိမ်းနိုင်ဖို့လောက်ပဲ လုံလောက်ပါတယ်။ ပိုပြီး ရင်းနှီးနွေးထွေးသွားတယ်ဆိုတာက ရာခိုင်နှုန်းနည်းပါတယ်။ ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံသင့်ပြီး စိတ်ကွက်တာမျိုး၊ မျိုသိပ့်ထားတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ တစ်ယောက်မကြိုက်တဲ့အချက်ကို တစ်ယောက်က ပွင့်ပွင့်လင်းလင်းပြောဆိုသင့်ပါတယ်။ အပြင်မှာလို အနီးကပ်ပြောဆိုဆက်ဆံတာမဟုတ်တဲ့အတွက် တစ်ယောက်ရဲ့ အမူအရာကို တစ်ယောက်က မြင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင် စိတ်ကောက်နေလား၊ စိတ်ဆိုးနေတာလား၊ သင်ဘာဖြစ်နေတာလည်းဆိုတာ အတိအကျသိနိုင်မှာမဟုတ်ပါဘူး။ (ဥပမာအားဖြင့် online ကနေ “အင်း ပြီးရော” ဆိုတဲ့ စာတစ်ကြောင်းပို့တယ်ဆိုပါစို့။ ဒီစာက သင့်ကို ရွဲ့ပြီးပို့တာလား၊ ဒီအတိုင်းပဲ သာမန်ပို့တာလားဆိုတာ သိချင်မှသိပါလိမ့်မယ်။ အပြင်မှာဆိုရင်တော့ သင့်ရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး စိတ်ဆိုးတာလား ဒါမှမဟုတ် သင်ဘာဖြစ်တာလဲဆိုတာ သိနိုင်ပါတယ်။

၃။ ကိုယ်ချင်းစာစိတ်အပြန်အလှန်ထားရှိပါ။
သူ့နေရာမှာ ငါဆိုရင်ရောဆိုတဲ့ ကိုယ်ချင်စာစိတ်ကို မွေးမြူထားရင် တစ်ဦးအပေါ်တစ်ဦး ခွင့်လွတ်နားလည်လာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ သေးသေးမွှားမွှားပြဿနာလေးကလည်း သင်တို့နှစ်ဦးအတွက် ကြီးမားတဲ့ ပြဿနာကြီးတစ်ခုဖြစ်ရင် ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့်အမှားတစ်စုံတစ်ခုလုပ်မိတဲ့အခါ ဒီအမှားက ခွင့်လွှတ်လို့ရတဲ့ အမှားမျိုးဆို ကိုယ်ချင်စားစိတ်ထားပြီး ခွင့်လွတ်ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အနေဝေးတဲ့အခါ တစ်ဦးဘာဖြစ်နေလဲဆိုတာ တစ်ဦးက ခရေစေ့တွင်းကျ သိနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အနေနီးနေတဲ့သူတို့ထက်သင်တို့နှစ်ဦးက ပိုပြီး ကိုယ်ချင်စာစိတ်ထားပေးဖို့လိုအပ်ပါတယ်။

၄။ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိပါ။
ဒီစကားကတော့ အထူးပြောပြဖို့မလိုပါဘူး။ အနေဝေးတဲ့ချစ်သူပဲဖြစ်ဖြစ်၊ အနေနီးတဲ့ချစ်သူတွေပဲဖြစ်ဖြစ် သစ္စာရှိဖို့က အဓိကကျပါတယ်။ အခြားအရာတွေကို ခွင့်လွှတ်သည်းခံနိုင်ပေမဲ့ ဒီအချက်နဲ့ ပတ်သတ်ရင်တော့ ဘယ်သူမှ သည်းခံနိုင်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အနေဝေးတဲ့ချစ်သူတွေကတော့ ပိုပြီး သစ္စာစောင့်ထိန်းဖို့ လိုမယ်ထင်ပါတယ်။ နှစ်ဦးသာ ဘဝလက်တွဲမယ်လို့ ဆုံးဖြတ်ထားပြီး အနေအခြေအကြောင်းကြောင်းကြောင့် တစ်နယ်တကျေးမျာ အလုပ်လုပ်ရတာပဲဖြစ်ဖြစ်၊ နိုင်ငံခြားရောက်နေတာပဲဖြစ်ဖြစ် ဒီလိုအချိန်မျိုးမှာ သူမှမရှိတာ၊ သူသိမှာမဟုတ်လောက်ပါဘူးဆိုတဲ့ အတွေးမျိုးမွေးပြီး ခြေရှုပ်နေရင်တော့ ဒါကလူသားမဆန်တဲ့လုပ်ရပ်တစ်ခုလို့ ထင်ပါတယ်။ ဒီလိုဖောက်ပြန်ဖို့ ကြံရွယ်မိတိုင်း ကိုယ်ချင်းစာစိတ်မွေးကြည့်လိုက်ပါ။ ငါ့နေရာမှာသူ ဆိုရင်ရော၊ သူလဲ ငါ့လိုဖောက်ပြန်နေရင် ငါ့ဘက်က သည်းခံခွင့်လွှတ်နိုင်ပါ့မလားဆိုတဲ့ အတွေးမျိုးကိုမွေးကြည့်လိုက်ပါ။ ကိုယ်ချင်းစာစိတ်မွေးတာကသင့်အတွက် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။

၅။ အပြန်အလှန်အဆက်အသွယ်လုပ်ပါ။
အနေဝေးနေတဲ့ Relationship တစ်ခုအတွက် အဆက်အသွယ်က အရေးကြီးပါတယ်။ အဆက်အသွယ်မရှိမှတော့ သင်တို့ရဲ့ အချစ်ရေးကလည်း ခိုင်မြဲမှာမဟုတ်တော့ပါဘူး။ သင်မအားရင်တောင်မှာ message ပို့တာမျိုးဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။ အနေဝေးနေတဲ့အတွက် အဆက်အသွယ်တစ်ရက်လောက်ပျက်သွားတာနဲ့ တစ်ယောက်ပေါ်တစ်ယောက် သံသယဝင်လာပြီး နောက်ဆက်တွဲမလိုအပ်တဲ့ ပြဿနာတွေပါ ဆင့်ပွားပါလာတတ်ပါတယ်။ ကိုယ့်ဘက်က အကြောင်းတစ်ခုခုကြောင့် မအားတဲ့အခါ မအားတဲ့အကြောင်းကို ခိုင်လုံတဲ့အကြောင်းပြချက်ပေးထားခဲ့ပါ။ တခါတလေမှာအနေဝေးတာကြောင့် ကိုယ်က အားတဲ့အချိန်မှာ သူက မအား၊ သူအားတဲ့အချိန် ကိုယ်ကမအားစတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်ပတ်မှာ သုံး လေး ရက်လောက်ဖြစ်ဖြစ် နှစ်ယောက်သားအားမဲ့အချိန်မျိုးကို သတ်မှတ်ပြီး စကားပြောတာမျိုးကို ပြုလုပ်သင့်ပါတယ်။ အနေဝေးလို့သွေးအေးတယ်ဆိုတဲ့ စကားလိုပဲ အဆက်အသွယ်တွေနည်းလာလေလေ ကိုယ်တွေရဲ့ ဆက်ဆံရေးကလည်း သွေးအေးလာလေလေဖြစ်တတ်ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here