ပိတ်ရက် တစ်ရက် တိုးပေးတဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ထုတ်လုပ်မှုစွမ်းအား ၄၀% တိုးလာခဲ့တဲ့ မိုက်ခရိုဆော့ဖ်ဂျပန်

0
61

ယခုနှစ် သြဂုတ်လမှာ မိုက်ခရိုဆော့ဂျပန်က သူတို့ရဲ့ အလုပ်သမားအကုန်လုံးအတွက် အလုပ်လုပ်ရက် (၄)ရက် စမ်းသပ်မှုဖြင့် “Work-Life Choice Challenge Summer 2019” လို့ခေါ်တဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရှိ မိုက်ခရိုဆော့ကုမ္ပဏီဟာ ဝန်ထမ်းပေါင်း ၂၃၀၀ခန့်ကို နှစ်ပတ်လည်ခွင့်ရက်တွေ ပယ်ဖျက်တာ၊ လစာလျှော့တာ မရှိဘဲ သောကြာနေ့ ၅ရက်ကို ပိတ်ပေးခဲ့ပါတယ်။ ဒီစမ်းသပ်မှုဟာ ဝန်ထမ်းတွေကို ကျေနပ်စေခဲ့သလို ကုန်ထုတ်စွမ်းအား ၄၀ ရာခိုင်နှုန်းနီးပါးခန့် တိုးတတ်လာခြင်းဖြင့် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ (ဝန်ထမ်း ၉၂.၁ ရာခိုင်နှုန်းဟာ သူတို့ရဲ့ တိုတောင်းတဲ့ အလုပ်ရက်ကို သဘောကျကြောင်း ပြောကြားခဲ့ပါတယ်။

-Advertisement-

” အချိန်တိုတိုလုပ်ပါ။ အနားယူပြီး အများကြီးလေ့လာပါ။” ဒါက လုပ်ငန်းခွင်မှာ ကြီးမားတဲ့ သက်ရောက်မှုရှိပြီး သင့်ဘဝရဲ့ ရည်ရွယ်ချက်တွေကို ခံစားခွင့်ပေးတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိဖို့လိုအပ်ပါတယ်။ ကျွန်တော်က ဝန်ထမ်းတွေကို အလုပ်ချိန် ၂၀ ရာခိုင်နှုန်း လျှော့ချပြီး တူညီတဲ့ ရလဒ်တွေ ဘယ်လိုရနိင်မလဲဆိုတာ စဉ်းစားစေချင်ပါတယ်လို့ မိုက်ခရိုဆော့ဖ် ဂျပန်ဥက္ကဌ နှင့် စီအီးအိုဖြစ်သူ Takuya Hirano ကပြောပါတယ်။

လေ့လာမှုတွေမှာ အလုပ်လုပ်ရက် ၅ရက်ဟာ တိုတောင်းတဲ့ အလုပ်လုပ်ရက်လို ထိရောက်မှုမရှိကြောင်း ထပ်ခါထပ်ခါ သက်သေပြနေသော်လည်း တစ်ကမ္ဘာလုံးက အလုပ်ယဉ်ကျေးမှုမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပါတယ်။ ၁၈ရာခုနှောင်းပိုင်းတွင် စက်ရုံတွေဟာ ၂၄/၇ လည်ပတ်ဖို့ လိုအပ်တာကြောင့် အလုပ်ချိန် ၁၀နာရီမှ ၁၆ နာရီအထိကို ပုံမှန်အလုပ်ချိန်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ယနေ့တွင် တစ်ပတ်မှာ ၅ရက် ၊ တစ်နေ့ ရှစ်နာရီဟာ ပုံမှန်အလုပ်ရက် ဖြစ်ပါတယ်။

သို့သော် မိုက်ခရိုဆော ဂျပန်အပါအဝင် ကုမ္ပဏီများနှင့် သိပ္ပံပညာရှင်များက ပုံမှန်အလုပ်ချိန်ကို ပြန်လည်စဉ်းစားနေကြပါတယ်။ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်က ဖော်ပြခဲ့သည်မှာ အချိန်ပြည့် အလုပ်လုပ်ရတဲ့ အချိန်ကို လျှော့ချခြင်းဟာ လုပ်သား၊ စီးပွားရေးလုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ရလဒ်ကောင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

လုပ်ခန်းခွင် ကျန်းမာရေးပြဿနာတွေ လျော့နည်းသွားခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုစရိတ်တွေ လျော့နည်းခြင်း၊ အလုပ်ပိုကောင်းလာခြင်း၊ အလုပ်နှင့် ဘဝ ဟန်ချက်ညီလာခြင်း၊ အလုပ်သမားတွေအတွက် စိတ်ကျေနပ်မှု၊ စိတ်အားထက်သန်မှု ပိုရလာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာနိုင်ပါတယ်။ ဒါ့အပြင် အလုပ်ချိန်တိုတောင်းခြင်းဟာ စီးပွားရေး “greening”ဖြစ်ဖို့အတွက် အရေးကြီးသော ပံ့ပိုးမှုများကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အလုပ်လုပ်တဲ့ ရက်ပေါင်းများစွာကို လျှော့ချလိုက်တာကြောင့် အိမ်ကနေ အလုပ်နေရာကို ပုံမှန်အသွားအပြန်လုပ်ရမယ့် အကြိမ်အရေအတွက် ကလည်း ပတ်ဝန်းကျင်အပေါ် ကောင်းကျိုး သက်ရောက်စေတယ်လို့ ဆိုပါတယ်။

အလုပ်ရက် ၄ရက်နှင့် အံကိုက်ဖြစ်စေဖို့ မိုက်ခရိုဆော့ ဂျပန်က အစည်းအဝေးချိန်တွေကို လျှော့ချခြင်းနှင့် အဝေးမှ ပြုလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ ပိတ်ရက် သုံးရက်က ကုန်ထုတ်စွမ်းအား ၃၉.၉ ရာခိုင်နှုန်းကို တိုးလာစေယုံသာမက ဝန်ထမ်းများအနေဖြင့် အချိန်၂၅. ၄ရာခိုင်နှုန်းကို လျော့နည်းစေခဲ့ပါတယ်။ လျှပ်စစ်ဓါတ်အား ၂၃.၁ရာခိုင်နှုန်းကို လျှော့ချခဲ့နိုင်ပါတယ်။ အလုပ်ပိတ်ရက် တာရှည်တာက ဝန်ထမ်းများနှင့် သူတို့ရဲ့ ကောင်းကျိုးချမ်းသာအတွက် ပိုကောင်းယုံသာမက အရင်းအမြစ်နည်းပါးတာကြောင့် ပတ်ဝန်းကျင်အတွက်လည်း ပိုကောင်းစေပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

Zawgyi

ပိတ္ရက္ တစ္ရက္ တိုးေပးတဲ့ စမ္းသပ္မႈ ျပဳလုပ္ခဲ့ၿပီးေနာက္ ထုတ္လုပ္မႈစြမ္းအား ၄၀% တိုးလာခဲ့တဲ့ မိုက္ခ႐ိုေဆာ့ဖ္ဂ်ပန္
ယခုႏွစ္ ၾသဂုတ္လမွာ မိုက္ခ႐ိုေဆာ့ဂ်ပန္က သူတို႔ရဲ႕ အလုပ္သမားအကုန္လုံးအတြက္ အလုပ္လုပ္ရက္ (၄)ရက္ စမ္းသပ္မႈျဖင့္ “Work-Life Choice Challenge Summer 2019” လို႔ေခၚတဲ့ စမ္းသပ္မႈတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံရွိ မိုက္ခ႐ိုေဆာ့ကုမၸဏီဟာ ဝန္ထမ္းေပါင္း ၂၃၀၀ခန္႔ကို ႏွစ္ပတ္လည္ခြင့္ရက္ေတြ ပယ္ဖ်က္တာ၊ လစာေလွ်ာ့တာ မရွိဘဲ ေသာၾကာေန႔ ၅ရက္ကို ပိတ္ေပးခဲ့ပါတယ္။ ဒီစမ္းသပ္မႈဟာ ဝန္ထမ္းေတြကို ေက်နပ္ေစခဲ့သလို ကုန္ထုတ္စြမ္းအား ၄၀ ရာခိုင္ႏႈန္းနီးပါးခန္႔ တိုးတတ္လာျခင္းျဖင့္ ႀကီးမားတဲ့ ေအာင္ျမင္မႈ ျဖစ္ေၾကာင္း သက္ေသျပခဲ့ပါတယ္။ (ဝန္ထမ္း ၉၂.၁ ရာခိုင္ႏႈန္းဟာ သူတို႔ရဲ႕ တိုးေတာင္းတဲ့ အလုပ္ရက္ကို သေဘာက်ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

” အခ်ိန္တိုတိုလုပ္ပါ။ အနားယူၿပီး အမ်ားႀကီးေလ့လာပါ။” ဒါက လုပ္ငန္းခြင္မွာ ႀကီးမားတဲ့ သက္ေရာက္မႈရွိၿပီး သင့္ဘဝရဲ႕ ရည္႐ြယ္ခ်က္ေတြကို ခံစားခြင့္ေပးတဲ့ ပတ္ဝန္းက်င္တစ္ခု ရွိဖို႔လိုအပ္ပါတယ္။ ကြၽန္ေတာ္က ဝန္ထမ္းေတြကို အလုပ္ခ်ိန္ ၂၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ၿပီး တူညီတဲ့ ရလဒ္ေတြ ဘယ္လိုရနိင္မလဲဆိုတာ စဥ္းစားေစခ်င္ပါတယ္လို႔ မိုက္ခ႐ိုေဆာ့ဖ္ ဂ်ပန္ဥကၠဌ ႏွင့္ စီအီးအိုျဖစ္သူ Takuya Hirano ကေျပာပါတယ္။

ေလ့လာမႈေတြမွာ အလုပ္လုပ္ရက္ ၅ရက္ဟာ တိုေတာင္းတဲ့ အလုပ္လုပ္ရက္လို ထိေရာက္မႈမရွိေၾကာင္း ထပ္ခါထပ္ခါ သက္ေသျပေနေသာ္လည္း တစ္ကမာၻလုံးက အလုပ္ယဥ္ေက်းမႈမွာ နက္ရႈိင္းစြာ အျမစ္တြယ္ေနပါတယ္။ ၁၈ရာခုေႏွာင္းပိုင္းတြင္ စက္႐ုံေတြဟာ ၂၄/၇ လည္ပတ္ဖို႔ လိုအပ္တာေၾကာင့္ အလုပ္ခ်ိန္ ၁၀နာရီမွ ၁၆ နာရီအထိကို ပုံမွန္အလုပ္ခ်ိန္လို႔ သတ္မွတ္ခဲ့ၾကပါတယ္။ ယေန႔တြင္ တစ္ပတ္မွာ ၅ရက္ ၊ တစ္ေန႔ ရွစ္နာရီဟာ ပုံမွန္အလုပ္ရက္ ျဖစ္ပါတယ္။

သို႔ေသာ္ မိုက္ခ႐ိုေဆာ ဂ်ပန္အပါအဝင္ ကုမၸဏီမ်ားႏွင့္ သိပၸံပညာရွင္မ်ားက ပုံမွန္အလုပ္ခ်ိန္ကို ျပန္လည္စဥ္းစားေနၾကပါတယ္။ ၂၀၁၈ ခုႏွစ္ အျပည္ျပည္ဆိုင္ရာ အလုပ္သမား အဖြဲ႕ခ်ဳပ္က ေဖာ္ျပခဲ့သည္မွာ အခ်ိန္ျပည့္ အလုပ္လုပ္ရတဲ့ အခ်ိန္ကို ေလွ်ာ့ခ်ျခင္းဟာ လုပ္သား၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ လူ႔အဖြဲ႕အစည္းတစ္ခုလုံးအတြက္ ရလဒ္ေကာင္းေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။

လုပ္ခန္းခြင္ က်န္းမာေရးျပႆနာေတြ ေလ်ာ့နည္းသြားျခင္းႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈစရိတ္ေတြ ေလ်ာ့နည္းျခင္း၊ အလုပ္ပိုေကာင္းလာျခင္း၊ အလုပ္ႏွင့္ ဘဝ ဟန္ခ်က္ညီလာျခင္း၊ အလုပ္သမားေတြအတြက္ စိတ္ေက်နပ္မႈ၊ စိတ္အားထက္သန္မႈ ပိုရလာျခင္း စတဲ့ အက်ိဳးေက်းဇူးေတြ ရရွိလာႏိုင္ပါတယ္။ ဒါ့အျပင္ အလုပ္ခ်ိန္တိုေတာင္းျခင္းဟာ စီးပြားေရး “greening”ျဖစ္ဖို႔အတြက္ အေရးႀကီးေသာ ပံ့ပိုးမႈမ်ားကို ျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔ အလုပ္လုပ္တဲ့ ရက္ေပါင္းမ်ားစြာကို ေလွ်ာ့ခ်လိုက္တာေၾကာင့္ အိမ္ကေန အလုပ္ေနရာကို ပုံမွန္အသြားအျပန္လုပ္ရမယ့္ အႀကိမ္အေရအတြက္ ကလည္း ပတ္ဝန္းက်င္အေပၚ ေကာင္းက်ိဳး သက္ေရာက္ေစတယ္လို႔ ဆိုပါတယ္။

အလုပ္ရက္ ၄ရက္ႏွင့္ အံကိုက္ျဖစ္ေစဖို႔ မိုက္ခ႐ိုေဆာ့ ဂ်ပန္က အစည္းအေဝးခ်ိန္ေတြကို ေလွ်ာ့ခ်ျခင္းႏွင့္ အေဝးမွ ျပဳလုပ္ျခင္းတို႔ကို ျပဳလုပ္ခဲ့ၾကပါတယ္။ ပိတ္ရက္ သုံးရက္က ကုန္ထုတ္စြမ္းအား ၃၉.၉ ရာခိုင္ႏႈန္းကို တိုးလာေစယုံသာမက ဝန္ထမ္းမ်ားအေနျဖင့္ အခ်ိန္၂၅. ၄ရာခိုင္ႏႈန္းကို ေလ်ာ့နည္းေစခဲ့ပါတယ္။ လွ်ပ္စစ္ဓါတ္အား ၂၃.၁ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ခဲ့ႏိုင္ပါတယ္။ အလုပ္ပိတ္ရက္ တာရွည္တာက ဝန္ထမ္းမ်ားႏွင့္ သူတို႔ရဲ႕ ေကာင္းက်ိဳးခ်မ္းသာအတြက္ ပိုေကာင္းယုံသာမက အရင္းအျမစ္နည္းပါးတာေၾကာင့္ ပတ္ဝန္းက်င္အတြက္လည္း ပိုေကာင္းေစပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

LEAVE A REPLY

Please enter your comment!
Please enter your name here