ပလတ်စတစ်ဘူးတွေကို စားသုံးနိုင်တဲ့ ရေအိတ်နှင့် အစားထိုးခဲ့တဲ့ လန်ဒန်မာရသွန်

0
120

ပလတ်စတစ် ညစ်ညမ်းမှုက နိုင်ငံတိုင်းကြုံတွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမျိုးစုံ ရှာဖွေနေကြရပါတယ်။ ဂီတဖျော်ဖြေပွဲ၊ အားကစားပွဲတွေ ကျင်းပပြီးပြီဆိုရင် ကျန်ခဲ့တဲ့အရာတွေကတော့ ပလတ်စတစ်ရေဘူးတွေ၊ ပလတ်စတစ်အိတ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီတွေ၊ ပွဲကျင်းပသူတွေဟာ ကမ္ဘာမြေကြီးကို မညစ်ညမ်းစေဘဲ ရေ၊ အစားအသောက်တွေနှင့်အတူ လူရာပေါင်းများစွာကို ကူညီနိုင်မယ့် စမတ်ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ ကြိုးစားလာကြပါတယ်။

-Advertisement-

ပလပ်စတစ်ဖြစ်တည်မှုရဲ့ နှစ် ၆၀ကြာပြီးနောက်မှာ ကျွန်တော်တို့ဟာ အမှိုက်အဖြစ် အဆုံးသတ်သွားတဲ့ ပလတ်စတစ်ပစ္စည်း မက်ထရစ်တန်ချိန် ၈.၃ဘီလီယံကို ဖန်တီးခဲ့ကြတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ ဂီတပွဲ၊ အားကစားပွဲနှင့် လူထောင်ပေါင်းများစွာ ပါဝင်တဲ့ တခြားပွဲတွေမှာ ပလတ်စတစ်ရေဘူးတွေ၊ ခွက်တွေ စွန့်ပစ်မှုဟာ အဓိက ပြဿနာ ဖြစ်လာကြပါတယ်။ ဒီအမှိုက်တွေအားလုံးက စနစ်တကျ ပြန်လည်အသုံးပြုမယ့်နေရာကို မရောက်လာပါဘူး။

အထက်ပါပုံထဲမှာ ၂၀၀၉ခုနှစ် လန်ဒန်မာရသွန် ကျင်းပပြီးနောက် လမ်းတွေမှာ ရေဘူးအလွတ်တွေ ထောင်ပေါင်းများစွာ ဖုံးလွှမ်းနေတဲ့ အခြေအနေကို မြင်နိုင်ပါတယ်၊ မကြာသေးမှီအထိ လန်ဒန်မာရသွန်ဟာ ဧည့်သည်တွေ အပြေးသမားတွေကို ရေစီစဉ်ပေးဖို့အတွက် ပလတ်စတစ် ပုလင်း ၉၀၀,၀၀၀ခန့် သုံးခဲ့ရပါတယ်။

၂၀၁၉ခုနှစ်တွင် လန်ဒန်မာရသွန်ဟာ Ooho လို့ခေါ်တဲ့ ပင်လယ်ရေညှိကို အခြေခံထားသော ရေအိတ်တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီ Skipping Rock Lab Ltd နှင့်အတူ ပူးပေါင်းခဲ့ပါတယ်။ ရေအိတ်တွေဟာ ၁၀၀ရာခိုင်နှုန်း အစိမ်းရောင်ဖြစ်ပြီး ချက်ချင်းမစားရင် သူတို့ရဲ့ biodegradeဟာ သဘာဝအတိုင်း ၄ပတ်-၆ပတ်လောက်ထားလို့ရပါတယ်၊

ဒီအချိန်ပွဲစီစဉ်သူများက ပလတ်စတစ်ရေဘူး ၂၀၀,၀၀၀ကို ဒီပင်လယ်ရေညှိအိတ်တွေနှင့် အစားထိုးခဲ့ပေမယ့် အပြေးသမားတွေကို ပေးနေဆဲဖြစ်တဲ့ ပလတ်စတစ်ပုလင်း ၇၀၀,၀၀၀ကိုတော့ သေချာစုဆောင်းပြီး ပလတ်စတစ်ပုလင်းအသစ်အဖြစ် ပြန်လည်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ လန်ဒန်မာရသွန်ပွဲမတိုင်ခင် ဒီတီထွင်မှုအသစ်ကို တခြားမာရသွန်ပွဲနဲ့ လန်ဒန်မှာ မတ်လ ၁၀ရက်နေ့က ကျင်းပတဲ့ Vitality Big Half လို တခြားအားကစားပွဲနှစ်ခုမှာ စမ်းသပ်ခဲ့ပါသေးတယ်။

Skipping Rock Lab Ltd မှအထူးကျွမ်းကျင်သူများဟာ ရေညှိကနေ အရသာ၊ အရောင်နှင့် အနံ့ကို ဖယ်ရှားခဲ့ပြီး ပါးလွှာပေမယ့် အချိုရည်နှင့် အရည်အရာဝတ္တုတွေကို ကိုင်လို့ရနိုင်တဲ့ ခိုင်ခံ့သော အမြှေးပါးလေးနှင့် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဆိုပါပင်လယ်ရေညှိဆေးတောင့်က စိတ်ချစွာစားလို့ရနိုင်သလို ဘယ်နေရာမှာပဲဖြစ်ဖြစ် သဘာဝအတိုင်းလွင့်ပစ်လို့ရပါတယ်။ ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်ဘဲ မြန်မြန်ပျော်ကျသွားပါလိမ့်မယ်။

အပြေးသမားတွေ၊ မာရသွန်ကြည့်ပရိတ်သတ်တွေနဲ့ တခြားအင်တာနက်သုံးသူများဟာ OohoWater ရဲ့တွစ်တာပို့စ်ပေါ်မှာ ဒီဆန်းသစ်တဲ့ တီထွင်မှုကို သဘောကျကြောင်း မှတ်ချက်တွေပေးခဲ့ပါတယ်။ အပြေးသမားတွေက ပင်လယ်ရေညှိအိတ်များဟာ သမားရိုးကျ ဘူး၊ ခွက်တွေထက် ပိုမိုအဆင်ပြေတာကို သတိထားမိကြပါတယ်။ comment အများစုမှာ ဒီဇိုင်းကို ချီးမွမ်းထားသလို လူအများစုက ဒီတီထွင်မှုကို စိတ်ဝင်စားတာ တွေ့ရပါတယ်။

စားသုံးလို့ရတဲ့ ရေညှိအိတ်တွေဟာ ရေသာမဟုတ်ဘဲ ဖျော်ရည်၊ ကော့တေးနှင့် တခြားအချိုရည်များ၊ ခရမ်းချဉ်ရည်နှင့် ဆော့များကိုပါ သိုလှောင်ခြင်းနဲ့ သယ်ယူခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ တစ်ရက်ကို တစ်မီတာအထိ ကြီးထွားနိုင်တဲ့ ပင်လယ်ရေညှိဟာ ကျွန်တော်တို့ ကမ္ဘာဂြိုလ်ပေါ်မှာ ပြန်လည်ပြည့်ဖြိုးမှုအများဆုံး အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

Skipping Rocks Lab Ltdဟာ မဝေးတော့တဲ့ အနာဂတ်မှာ စားသောက်ကုန် အခြောက်တွေနဲ့ အမှုန့်တွေအတွက် heat sealable film တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေအတွက် ဆွေးမြေ့ပျက်စီးနိုင်တဲ့ ပိုက်ကွန်အိတ်တွေ၊ သံနှင့် ဝက်အူကဲ့သို့သော အစားအစာမဟုတ်တဲ့ ထုတ်ကုန်တွေအတွက် စက္ကူပလတ်စတစ်အိတ်တွေ ထုတ်လုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာက အရမ်းကို ဆိုးရွားနေဆဲ ဖြစ်သော်လည်း ဒီလို အစိမ်းရောင်တီထွင်မှုများက အနာဂတ်မျိုးဆက်တွေကို သန့်စင်တဲ့ ကမ္ဘာမြေကြီးတစ်ခုပေါ်မှာ နေထိုင်ဖို့ အခွင့်အလမ်းတစ်ခုရှိနိုင်မယ်လို့ မျော်လင့်မိပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ပလတ္စတစ္ဘူးေတြကို စားသုံးႏိုင္တဲ့ ေရအိတ္ႏွင့္ အစားထိုးခဲ့တဲ့ လန္ဒန္မာရသြန္
ပလတ္စတစ္ ညစ္ညမ္းမႈက ႏိုင္ငံတိုင္းႀကဳံေတြ႕ရတဲ့ ျပႆနာတစ္ခုျဖစ္ၿပီး ဒီျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းမ်ိဳးစုံ ရွာေဖြေနၾကရပါတယ္။ ဂီတေဖ်ာ္ေျဖပြဲ၊ အားကစားပြဲေတြ က်င္းပၿပီးၿပီဆိုရင္ က်န္ခဲ့တဲ့အရာေတြကေတာ့ ပလတ္စတစ္ေရဘူးေတြ၊ ပလတ္စတစ္အိတ္ေတြပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကုမၸဏီေတြ၊ ပြဲက်င္းပသူေတြဟာ ကမာၻေျမႀကီးကို မညစ္ညမ္းေစဘဲ ေရ၊ အစားအေသာက္ေတြႏွင့္အတူ လူရာေပါင္းမ်ားစြာကို ကူညီႏိုင္မယ့္ စမတ္ေျဖရွင္းနည္းေတြကို ရွာေဖြဖို႔ ႀကိဳးစားလာၾကပါတယ္။

ပလပ္စတစ္ျဖစ္တည္မႈရဲ႕ ႏွစ္ ၆၀ၾကာၿပီးေနာက္မွာ ကြၽန္ေတာ္တို႔ဟာ အမႈိက္အျဖစ္ အဆုံးသတ္သြားတဲ့ ပလတ္စတစ္ပစၥည္း မက္ထရစ္တန္ခ်ိန္ ၈.၃ဘီလီယံကို ဖန္တီးခဲ့ၾကတယ္လို႔ ကြၽမ္းက်င္သူမ်ားက ဆိုပါတယ္။ ဂီတပြဲ၊ အားကစားပြဲႏွင့္ လူေထာင္ေပါင္းမ်ားစြာ ပါဝင္တဲ့ တျခားပြဲေတြမွာ ပလတ္စတစ္ေရဘူးေတြ၊ ခြက္ေတြ စြန္႔ပစ္မႈဟာ အဓိက ျပႆနာ ျဖစ္လာၾကပါတယ္။ ဒီအမႈိက္ေတြအားလုံးက စနစ္တက် ျပန္လည္အသုံးျပဳမယ့္ေနရာကို မေရာက္လာပါဘူး။

အထက္ပါပုံထဲမွာ ၂၀၀၉ခုႏွစ္ လန္ဒန္မာရသြန္ က်င္းပၿပီးေနာက္ လမ္းေတြမွာ ေရဘူးအလြတ္ေတြ ေထာင္ေပါင္းမ်ားစြာ ဖုံးလႊမ္းေနတဲ့ အေျခအေနကို ျမင္ႏိုင္ပါတယ္၊ မၾကာေသးမွီအထိ လန္ဒန္မာရသြန္ဟာ ဧည့္သည္ေတြ အေျပးသမားေတြကို ေရစီစဥ္ေပးဖို႔အတြက္ ပလတ္စတစ္ ပုလင္း ၉၀၀,၀၀၀ခန္႔ သုံးခဲ့ရပါတယ္။

၂၀၁၉ခုႏွစ္တြင္ လန္ဒန္မာရသြန္ဟာ Ooho လို႔ေခၚတဲ့ ပင္လယ္ေရညႇိကို အေျခခံထားေသာ ေရအိတ္ေတြကို ထုတ္လုပ္တဲ့ ကုမၸဏီ Skipping Rock Lab Ltd ႏွင့္အတူ ပူးေပါင္းခဲ့ပါတယ္။ ေရအိတ္ေတြဟာ ၁၀၀ရာခိုင္ႏႈန္း အစိမ္းေရာင္ျဖစ္ၿပီး ခ်က္ခ်င္းမစားရင္ သူတို႔ရဲ႕ biodegradeဟာ သဘာဝအတိုင္း ၄ပတ္-၆ပတ္ေလာက္ထားလို႔ရပါတယ္၊ ဒီအခ်ိန္ပြဲစီစဥ္သူမ်ားက ပလတ္စတစ္ေရဘူး ၂၀၀,၀၀၀ကို ဒီပင္လယ္ေရညႇိအိတ္ေတြႏွင့္ အစားထိုးခဲ့ေပမယ့္ အေျပးသမားေတြကို ေပးေနဆဲျဖစ္တဲ့ ပလတ္စတစ္ပုလင္း ၇၀၀,၀၀၀ကိုေတာ့ ေသခ်ာစုေဆာင္းၿပီး ပလတ္စတစ္ပုလင္းအသစ္အျဖစ္ ျပန္လည္အသုံးျပဳသြားမယ္လို႔ ဆိုပါတယ္။ လန္ဒန္မာရသြန္ပြဲမတိုင္ခင္ ဒီတီထြင္မႈအသစ္ကို တျခားမာရသြန္ပြဲနဲ႔ လန္ဒန္မွာ မတ္လ ၁၀ရက္ေန႔က က်င္းပတဲ့ Vitality Big Half လို တျခားအားကစားပြဲႏွစ္ခုမွာ စမ္းသပ္ခဲ့ပါေသးတယ္။

Skipping Rock Lab Ltd မွအထူးကြၽမ္းက်င္သူမ်ားဟာ ေရညႇိကေန အရသာ၊ အေရာင္ႏွင့္ အနံ႔ကို ဖယ္ရွားခဲ့ၿပီး ပါးလႊာေပမယ့္ အခ်ိဳရည္ႏွင့္ အရည္အရာဝတၱဳေတြကို ကိုင္လို႔ရႏိုင္တဲ့ ခိုင္ခံ့ေသာ အေျမႇးပါးေလးႏွင့္ ထုတ္လုပ္ထားတာျဖစ္ပါတယ္။ အဆိုပါပင္လယ္ေရညႇိေဆးေတာင့္က စိတ္ခ်စြာစားလို႔ရႏိုင္သလို ဘယ္ေနရာမွာပဲျဖစ္ျဖစ္ သဘာဝအတိုင္းလြင့္ပစ္လို႔ရပါတယ္။ ပတ္ဝန္းက်င္ကို အႏၲရာယ္မျဖစ္ဘဲ ျမန္ျမန္ေပ်ာ္က်သြားပါလိမ့္မယ္။

အေျပးသမားေတြ၊ မာရသြန္ၾကည့္ပရိတ္သတ္ေတြနဲ႔ တျခားအင္တာနက္သုံးသူမ်ားဟာ OohoWater ရဲ႕တြစ္တာပို႔စ္ေပၚမွာ ဒီဆန္းသစ္တဲ့ တီထြင္မႈကို သေဘာက်ေၾကာင္း မွတ္ခ်က္ေတြေပးခဲ့ပါတယ္။ အေျပးသမားေတြက ပင္လယ္ေရညႇိအိတ္မ်ားဟာ သမား႐ိုးက် ဘူး၊ ခြက္ေတြထက္ ပိုမိုအဆင္ေျပတာကို သတိထားမိၾကပါတယ္။ comment အမ်ားစုမွာ ဒီဇိုင္းကို ခ်ီးမြမ္းထားသလို လူအမ်ားစုက ဒီတီထြင္မႈကို စိတ္ဝင္စားတာ ေတြ႕ရပါတယ္။

စားသုံးလို႔ရတဲ့ ေရညႇိအိတ္ေတြဟာ ေရသာမဟုတ္ဘဲ ေဖ်ာ္ရည္၊ ေကာ့ေတးႏွင့္ တျခားအခ်ိဳရည္မ်ား၊ ခရမ္းခ်ဥ္ရည္ႏွင့္ ေဆာ့မ်ားကိုပါ သိုေလွာင္ျခင္းနဲ႔ သယ္ယူျခင္းအတြက္ အသုံးျပဳႏိုင္ပါတယ္။ တစ္ရက္ကို တစ္မီတာအထိ ႀကီးထြားႏိုင္တဲ့ ပင္လယ္ေရညႇိဟာ ကြၽန္ေတာ္တို႔ ကမာၻၿဂိဳလ္ေပၚမွာ ျပန္လည္ျပည့္ၿဖိဳးမႈအမ်ားဆုံး အရင္းအျမစ္တစ္ခုျဖစ္ပါတယ္။

Skipping Rocks Lab Ltdဟာ မေဝးေတာ့တဲ့ အနာဂတ္မွာ စားေသာက္ကုန္ အေျခာက္ေတြနဲ႔ အမႈန္႔ေတြအတြက္ heat sealable film ေတြ၊ ဟင္းသီးဟင္း႐ြက္ေတြ၊ သစ္သီးေတြအတြက္ ေဆြးေျမ့ပ်က္စီးႏိုင္တဲ့ ပိုက္ကြန္အိတ္ေတြ၊ သံႏွင့္ ဝက္အူကဲ့သို႔ေသာ အစားအစာမဟုတ္တဲ့ ထုတ္ကုန္ေတြအတြက္ စကၠဴပလတ္စတစ္အိတ္ေတြ ထုတ္လုပ္ဖို႔ အစီအစဥ္ေတြ ရွိပါတယ္။ ပလတ္စတစ္ ညစ္ညမ္းမႈ ျပႆနာက အရမ္းကို ဆိုး႐ြားေနဆဲ ျဖစ္ေသာ္လည္း ဒီလို အစိမ္းေရာင္တီထြင္မႈမ်ားက အနာဂတ္မ်ိဳးဆက္ေတြကို သန္႔စင္တဲ့ ကမာၻေျမႀကီးတစ္ခုေပၚမွာ ေနထိုင္ဖို႔ အခြင့္အလမ္းတစ္ခုရွိႏိုင္မယ္လို႔ ေမ်ာ္လင့္မိပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here