Home Lifestyle ပလတ်စတစ်ပုလင်းတွေ ရောင်းချခြင်းကို တားမြစ်ပိတ်ပင်ခဲ့တဲ့ ဆန်ဖရန်စစ္စကို

ပလတ်စတစ်ပုလင်းတွေ ရောင်းချခြင်းကို တားမြစ်ပိတ်ပင်ခဲ့တဲ့ ဆန်ဖရန်စစ္စကို

0
1

နေ့တိုင်း ပလတ်စတစ် အသုံးပြုခြင်းကို ရှောင်ကြဉ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် လေ့လာမှုတွေအရ ကမ္ဘာ့သမုဒ္ဒရာကြီးကို ဖုံးအုပ်နေတဲ့ ၁၅မှ ၅၀ထရီလီယံအကြား ပလတ်စတစ်အပိုင်းအစတွေ တစ်နေရာရာမှာ ရှိတယ်ဆိုတာ သင်သတိရမယ်ဆိုရင် သင်ဟာ ပလစ်စတစ် အသုံးပြုမှုကို ကျိန်းသေအစားထိုးချင်ပါလိမ့်မယ်။ ဆန်ဖရန်စစ္စကိုမြို့ တစ်မြို့တည်းကသာ ပလတ်စတစ်ပုလင်းတွေ ရောင်းချခြင်းကို ပိတ်ပင်တားမြစ်ခြင်းဖြင့် စတင်တော်လှန်နေပါပြီ။

ဒီတော်လှန်ရေးလုပ်ရပ်ဟာ နှစ်စဉ်နှစ်တိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ အဆုံးသတ်သွားတဲ့ ပလတ်စတစ်ပုလင်းထောင်ပေါင်းများစွာကနေ သမုဒ္ဒရာကြီးကို ကယ်တင်ဖို့ နှင့် ယခုဆိုးရွားစွာ ခြိမ်းခြောက်ခံနေရတဲ့ အဏ္ဏဝါအသက်ကို ထိန်းသိမ်းထားဖို့ ရည်မှန်းထားပါတယ်။

ဆန်ဖရန်စစ္စကိုမှာ ယခင်ထဲက ပလတ်စတစ်အိတ်နှင့် ဖော့ဘူးခွံတွေကို ပိတ်ပင်ထားခဲ့ပြီး ဖြစ်တာကြောင့် ပလတ်စတစ်ရေဗူးတွေကို တားမြစ်ခြင်းက ၎င်းမြို့မှာနေထိုင်သူများကို အံ့အားသင့်စရာ မဖြစ်လာခဲ့ပါဘူး။ ပလတ်စတစ်တွေက ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး bisphenol A or BPA ကဲ့သို့သော လူသားတွေရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီ ရေထဲကို တွယ်ကပ်သွားတဲ့ အမျိုးမျိုးသော ဓါတုပစ္စည်းများကြောင့် လူသားတွေကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဒီမြို့မှာ နေထိုင်သူများဟာ တူညီတဲ့အကြောင်းရင်းများအတွက် တတ်ကြွစွာ အတူတူ တိုက်ပွဲဝင်ကြပါတယ်။ Save The Bay of San Franciscoဟာ ပင်လယ်အော်နှင့် ဧရိယာတစ်ဝိုက်ကို သန့်ရှင်းဖို့ ၁၉၆၁ခုနှစ်ကတည်းက ကယ်လီဖိုးနီးယား စေတနာ့ဝန်ထမ်းအားလုံးနှင့်အတူ လည်ပတ်ဆောင်ရွက်နေတဲ့ ဒေသခံ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

မြို့တော်အာဏာပိုင်တွေရဲ့ ရည်မှန်းချက်က ၂၀၂၀မှာ စွန့်ပစ်ပစ္စည်းအားလုံး ကင်းစင်တဲ့ မြို့ဖြစ်လာဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်က ၈၀ရာခိုင်နှုန်းဘက်ရောက်နေပြီ ဖြစ်တာကြောင့် ထိုကဲ့သို့သော အလုပ်ကြီးကို လုပ်ရခြင်း ဖြစ်ပါတယ်။

“ဆန်ဖရန်စစ္စကိုမှာ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်အတွက် တိုက်ပွဲဝင်မယ့်နည်းလမ်းကို ဦးဆောင်နေခဲ့ပါပြီ။ ယခု မြို့ကလူတွေဟာ ရေပုလင်းကို ဘုံဘိုင်ခေါင်းအောက်မှာ ပြန်ဖြည့်ပြီးသာ ယူဆောင်နိုင်ပါတယ်။ ရေအခမဲ့ဖြည့်လို့ရတဲ့ ဘူတာတွေ ဆန်ဖရန်စစ္စကိုမြို့တစ်မြို့လုံးမှာ ရှိနေပါပြီ”လို့ ဘုတ်အဖွဲ့ရဲ့ ကြီးကြပ်ရေးမှူးဖြစ်တဲ့ David Chiu က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

စည်းကမ်းချိုးဖောက်သူတွေအတွက် ဒဏ်ကြေးကို $1,000 သတ်မှတ်ထားပါတယ်။ ပြန်သုံးနိုင်တဲ့ပုလင်းတွေက မြို့မှာ ခေတ်ရေစီးကြောင်း အသစ်တစ်ခုလို ဖြစ်နေပါပြီ။

Lifestyle_Myanmar

LM_Nandar

ZawGyi

ပလတ္စတစ္ပုလင္းေတြ ေရာင္းခ်ျခင္းကို တားျမစ္ပိတ္ပင္ခဲ့တဲ့ ဆန္ဖရန္စစၥကို
ေန႔တိုင္း ပလတ္စတစ္ အသုံးျပဳျခင္းကို ေရွာင္ၾကဥ္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ထင္ပါလိမ့္မယ္။ ဒါေပမယ့္ ေလ့လာမႈေတြအရ ကမာၻ႔သမုဒၵရာႀကီးကို ဖုံးအုပ္ေနတဲ့ ၁၅မွ ၅၀ထရီလီယံအၾကား ပလတ္စတစ္အပိုင္းအစေတြ တစ္ေနရာရာမွာ ရွိတယ္ဆိုတာ သင္သတိရမယ္ဆိုရင္ သင္ဟာ ပလစ္စတစ္ အသုံးျပဳမႈကို က်ိန္းေသအစားထိုးခ်င္ပါလိမ့္မယ္။ ဆန္ဖရန္စစၥကိုၿမိဳ႕ တစ္ၿမိဳ႕တည္းကသာ ပလတ္စတစ္ပုလင္းေတြ ေရာင္းခ်ျခင္းကို ပိတ္ပင္တားျမစ္ျခင္းျဖင့္ စတင္ေတာ္လွန္ေနပါၿပီ။

ဒီေတာ္လွန္ေရးလုပ္ရပ္ဟာ ႏွစ္စဥ္ႏွစ္တိုင္း ပစိဖိတ္သမုဒၵရာအတြင္းမွာ အဆုံးသတ္သြားတဲ့ ပလတ္စတစ္ပုလင္းေထာင္ေပါင္းမ်ားစြာကေန သမုဒၵရာႀကီးကို ကယ္တင္ဖို႔ ႏွင့္ ယခုဆိုး႐ြားစြာ ၿခိမ္းေျခာက္ခံေနရတဲ့ အဏၰဝါအသက္ကို ထိန္းသိမ္းထားဖို႔ ရည္မွန္းထားပါတယ္။

ဆန္ဖရန္စစၥကိုမွာ ယခင္ထဲက ပလတ္စတစ္အိတ္ႏွင့္ ေဖာ့ဘူးခြံေတြကို ပိတ္ပင္ထားခဲ့ၿပီး ျဖစ္တာေၾကာင့္ ပလတ္စတစ္ေရဗူးေတြကို တားျမစ္ျခင္းက ၎ၿမိဳ႕မွာေနထိုင္သူမ်ားကို အံ့အားသင့္စရာ မျဖစ္လာခဲ့ပါဘူး။ ပလတ္စတစ္ေတြဟာ ပတ္ဝန္းက်င္ကို ထိခိုက္ပ်က္စီးေစၿပီး bisphenol A or BPA ကဲ့သို႔ေသာ လူသားေတြရဲ႕ခႏၶာကိုယ္ထဲကို ဝင္ေရာက္ၿပီး ေရထဲကို တြယ္ကပ္သြားတဲ့ အမ်ိဳးမ်ိဳးေသာ ဓါတုပစၥည္းမ်ားေၾကာင့္ လူသားေတြက်န္းမာေရးကို အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။
ဒီၿမိဳ႕မွာ ေနထိုင္သူမ်ားဟာ တူညီတဲ့အေၾကာင္းရင္းမ်ားအတြက္ တတ္ႂကြစြာ အတူတူ တိုက္ပြဲဝင္ၾကပါတယ္။ Save The Bay of San Franciscoဟာ ပင္လယ္ေအာ္ႏွင့္ ဧရိယာတစ္ဝိုက္ကို သန႔္ရွင္းဖို႔ ၁၉၆၁ခုႏွစ္ကတည္းက ကယ္လီဖိုးနီးယား ေစတနာ့ဝန္ထမ္းအားလုံးႏွင့္အတူ လည္ပတ္ေဆာင္႐ြက္ေနတဲ့ ေဒသခံ အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။

ၿမိဳ႕ေတာ္အာဏာပိုင္ေတြရဲ႕ ရည္မွန္းခ်က္က ၂၀၂၀မွာ စြန႔္ပစ္ပစၥည္းအားလုံး ကင္းစင္တဲ့ ၿမိဳ႕ျဖစ္လာဖို႔ ျဖစ္ပါတယ္။ သူတို႔ရဲ႕ရည္မွန္းခ်က္ပန္းတိုင္က ၈၀ရာခိုင္ႏႈန္းဘက္ေရာက္ေနၿပီ ျဖစ္တာေၾကာင့္ ထိုကဲ့သို႔ေသာ အလုပ္ႀကီးကို လုပ္ရျခင္း ျဖစ္ပါတယ္။

“ဆန္ဖရန္စစၥကိုမွာ ကြၽန္ုပ္တို႔ရဲ႕ ပတ္ဝန္းက်င္အတြက္ တိုက္ပြဲဝင္မယ့္နည္းလမ္းကို ဦးေဆာင္ေနခဲ့ပါၿပီ။ ယခု ၿမိဳ႕ကလူေတြဟာ ေရပုလင္းကို ဘုံဘိုင္ေခါင္းေအာက္မွာ ျပန္ျဖည့္ၿပီးသာ ယူေဆာင္ႏိုင္ပါတယ္။ ေရအခမဲ့ျဖည့္လို႔ရတဲ့ ဘူတာေတြ ဆန္ဖရန္စစၥကိုၿမိဳ႕တစ္ၿမိဳ႕လုံးမွာ ရွိေနပါၿပီ”လို႔ ဘုတ္အဖြဲ႕ရဲ႕ ႀကီးၾကပ္ေရးမႉးျဖစ္တဲ့ David Chiu က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။
စည္းကမ္းခ်ိဳးေဖာက္သူေတြအတြက္ ဒဏ္ေၾကးကို $1,000 သတ္မွတ္ထားပါတယ္။ ျပန္သုံးႏိုင္တဲ့ပုလင္းေတြက ၿမိဳ႕မွာ ေခတ္ေရစီးေၾကာင္း အသစ္တစ္ခုလို ျဖစ္ေနပါၿပီ။

Lifestyle_Myanmar

LM_Nandar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here