ပလက်စတစ်အမှိုက်လျော့ချဖို့အတွက် ပလက်စတစ်နဲ့ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလဲလှယ်ပေးတဲ့ ကုန်စုံဆိုင်လေး

0
52
ပလက်စတစ်အမှိုက်လျော့ချဖို့

ကမ္ဘာကြီးကို ကယ်တင်ဖို့၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့၊ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်ပေါ်ဖို့ အခုဆို နိုင်ငံတကာက ပလက်စတစ်အမှိုက်လျော့ချရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ဝိုင်းဝန်းလုပ်ဆောင်နေကြပါပြီ။ ဒီထဲကမှ ဖိလစ်ပိုင်နိုင်ငံ Cebu မြို့လေးမှာလည်း ပလက်စတစ်အမှိုက်တွေကို လျော့ချဖို့အတွက် ပလက်စတစ်အမှိုက်တွေနဲ့ လူသုံးကုန်ပစ္စည်းအပါအဝင် စားသုံးကုန်ပစ္စည်းတွေနဲ့ပါ လဲလှယ်ပေးတဲ့ ကုန်စုံဆိုင်လေး ပထမဦးဆုံး ဖွင့်လှစ်လိုက်ပါပြီ။

ရေသန့်ဗူးခွံ၊ ခေါင်းလျှော်ရည်ဗူးခွံ၊ အစားအသောက် ထုပ်ပိုးထားတဲ့ ပလက်စတစ် စတဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ အမှိုက်မှန်သမျှကို ကုန်ပစ္စည်းတွေနဲ့ လဲလှယ်ပေးတာပါ။ ဒါပေမဲ့ အဆိုပါ အမှိုက်တွေ၊ ဗူးခွံတွေကိုတော့ သေချာသန့်စင်ပြီးမှ လဲလှယ်လို့ရမှာဖြစ်ပါတယ်။ ထို ပလက်စတစ်လဲလှယ်တဲ့ဆိုင်လေးမှာ လူတွေအသုံးတည့်မဲ့ ပစ္စည်းအမြောက်အများနဲ့ စားသုံးကုန်ပစ္စည်းတွေ အများအပြားကို ထားပေးထားပါတယ်။

ဥပမာအားဖြင့် ပလက်စတစ် ၄ကီလိုကို ဆန် ၁ကီလိုနဲ့ လဲလှယ်ပေးတာမျိုးဖြစ်ပါတယ်။ လဲလှယ်မဲ့ ပလက်စတစ်အလေးချိန်အပေါ်မူတည်ပြီး ကိုက်ညီတဲ့ ဆန်တစ်ဗူး ဒါမှမဟုတ် ငါးသေတ္တာတစ်ဗူး စသဖြင့် အမျိုးမျိုး လဲလှယ်လို့ ရနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ပလက်စတစ်လဲလှယ်တဲ့ ဆိုင်မှာစတိုးဆိုင်ကဲ့သို့ ဖိနပ်၊ ကစားစရာ၊ စာအုပ်၊ ခဲတံစတဲ့ ကျောင်းသုံးပစ္စည်းများအပြင် အဝတ်အစားကအစ ပလက်စတစ်နဲ့ လဲယူလို့ ရနိုင်ပါတယ်။

ABS-CBN ရဲ့ အဆိုအရ အဆိုပါ ပလက်စတစ်ဖလှယ်ရေး ကုန်စုံဆိုင်လေး ဖွင့်လှစ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိုးတွင်းကာလ မိုးရွာသွန်ချိန်အတွင်းမှာ မြေအောက်ရေမြောင်းတွေမှာ ပလက်စတစ်အမှိုက်တွေပိတ်ဆို့နေတာကို လျော့ချဖို့အတွက်ပဲဖြစ်ပါတယ်။ အနည်းဆုံးတွေ လူတွေသူတို့အိမ်မှာ အသုံးပြုတဲ့ ပလက်စတစ်အမှိုက်တွေကို တွေ့ကရာနေရာမှာ မပစ်တော့ဘဲ ဒီအရာတွေက သူတို့အတွက် ဝင်ငွေတစ်ခုရပါလားဆိုတဲ့ အတွေးမျိုးလည်း ဝင်လာစေမှာပါ။

ဒါ့ကြောင့် Cebu မြို့ရဲ့ မိုးတွင်းကာလ ရေကြီး ရေလျှံမှုကို ကာကွယ်တဲ့အပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုပါ လျော့ချဖို့အတွက် အခုလို စိတ်ကူးကောင်းနဲ့ ပလက်စတစ်နဲ့ လဲလှယ်နိုင်တဲ့ ကုန်စုံဆိုင်မျိုး ဖွင့်လှစ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ထို စတိုးဆိုင်က စုဆောင်ထားတဲ့ ပလက်စတစ်တွေကိုတော့ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို လုပ်ကွက်နေရာအချို့မှာ ပြန်လည်ဖြန့်ဖြူးပြီး အသုံးမဝင်တဲ့ အမှိုက်တွေကိုတော့ ဘိလပ်မြေအုတ် လုပ်တဲ့နေရာမှာ အမှုန့်ကြိတ်ကာရောနောအသုံးပြုမယ်လို့ သိရပါတယ်။

အဆိုပါ ဆိုင်လေးကို မနက် ၉နာရီမှ ညနေ ၃နာရီအထိ ဖွင့်လှစ်ပေးမှာဖြစ်ပြီး တစ်ပတ်ကို တနင်္လာနေ့မှ စနေနေ့အထိပဲဖွင့်ပေးမှာဖြစ်ပါတယ်။ အဆိုပါဆိုင်ဟာ ဖိလစ်ပိုင်တောင်ပိုင်း Cebu တက္ကသိုလ်အနီး Mabini လမ်းပေါ်မှာ တည်ရှိပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ရိုက်နှက်ဆုံးမအပြစ်ပေးခြင်းဟာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ဘာ့ကြောင့် ဆိုးရွားသော နည်းလမ်းတစ်ခု ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်း (၅)ခု

Zawgyi Fonts

ပလက္စတစ္အမွိုက္ေလ်ာ့ခ်ဖို႔အတြက္ ပလက္စတစ္နဲ႔ လူသုံးကုန္ပစၥည္းအမ်ိဳးမ်ိဳးလဲလွယ္ေပးတဲ့ ကုန္စုံဆိုင္ေလး
ကမၻာႀကီးကို ကယ္တင္ဖို႔၊ သဘာဝ ပတ္ဝန္းက်င္ကို ထိန္းသိမ္းဖို႔၊ ေဘးထြက္ဆိုးက်ိဳးေတြ မျဖစ္ေပၚဖို႔ အခုဆို နိုင္ငံတကာက ပလက္စတစ္အမွိုက္ေလ်ာ့ခ်ေရးအတြက္ နည္းလမ္းမ်ိဳးစုံနဲ႔ ဝိုင္းဝန္းလုပ္ေဆာင္ေနၾကပါၿပီ။ ဒီထဲကမွ ဖိလစ္ပိုင္နိုင္ငံ Cebu ၿမိဳ႕ေလးမွာလည္း ပလက္စတစ္အမွိုက္ေတြကို ေလ်ာ့ခ်ဖို႔အတြက္ ပလက္စတစ္အမွိုက္ေတြနဲ႔ လူသုံးကုန္ပစၥည္းအပါအဝင္ စားသုံးကုန္ပစၥည္းေတြနဲ႔ပါ လဲလွယ္ေပးတဲ့ ကုန္စုံဆိုင္ေလး ပထမဦးဆုံး ဖြင့္လွစ္လိုက္ပါၿပီ။

ေရသန္႔ဗူးခြံ၊ ေခါင္းေလၽွာ္ရည္ဗူးခြံ၊ အစားအေသာက္ ထုပ္ပိုးထားတဲ့ ပလက္စတစ္ စတဲ့ ျပန္လည္အသုံးျပဳနိုင္တဲ့ အမွိုက္မွန္သမၽွကို ကုန္ပစၥည္းေတြနဲ႔ လဲလွယ္ေပးတာပါ။ ဒါေပမဲ့ အဆိုပါ အမွိုက္ေတြ၊ ဗူးခြံေတြကိုေတာ့ ေသခ်ာသန္႔စင္ၿပီးမွ လဲလွယ္လို႔ရမွာျဖစ္ပါတယ္။ ထို ပလက္စတစ္လဲလွယ္တဲ့ဆိုင္ေလးမွာ လူေတြအသုံးတည့္မဲ့ ပစၥည္းအေျမာက္အမ်ားနဲ႔ စားသုံးကုန္ပစၥည္းေတြ အမ်ားအျပားကို ထားေပးထားပါတယ္။

ဥပမာအားျဖင့္ ပလက္စတစ္ ၄ကီလိုကို ဆန္ ၁ကီလိုနဲ႔ လဲလွယ္ေပးတာမ်ိဳးျဖစ္ပါတယ္။ လဲလွယ္မဲ့ ပလက္စတစ္အေလးခ်ိန္အေပၚမူတည္ၿပီး ကိုက္ညီတဲ့ ဆန္တစ္ဗူး ဒါမွမဟုတ္ ငါးေသတၱာတစ္ဗူး စသျဖင့္ အမ်ိဳးမ်ိဳး လဲလွယ္လို႔ ရနိုင္ပါတယ္။ ဒါ့အျပင္ အဆိုပါ ပလက္စတစ္လဲလွယ္တဲ့ ဆိုင္မွာစတိုးဆိုင္ကဲ့သို႔ ဖိနပ္၊ ကစားစရာ၊ စာအုပ္၊ ခဲတံစတဲ့ ေက်ာင္းသုံးပစၥည္းမ်ားအျပင္ အဝတ္အစားကအစ ပလက္စတစ္နဲ႔ လဲယူလို႔ ရနိုင္ပါတယ္။

ABS-CBN ရဲ့ အဆိုအရ အဆိုပါ ပလက္စတစ္ဖလွယ္ေရး ကုန္စုံဆိုင္ေလး ဖြင့္လွစ္ရတဲ့ အဓိက ရည္ရြယ္ခ်က္ကေတာ့ မိုးတြင္းကာလ မိုးရြာသြန္ခ်ိန္အတြင္းမွာ ေျမေအာက္ေရေျမာင္းေတြမွာ ပလက္စတစ္အမွိုက္ေတြပိတ္ဆို႔ေနတာကို ေလ်ာ့ခ်ဖို႔အတြက္ပဲျဖစ္ပါတယ္။ အနည္းဆုံးေတြ လူေတြသူတို႔အိမ္မွာ အသုံးျပဳတဲ့ ပလက္စတစ္အမွိုက္ေတြကို ေတြ႕ကရာေနရာမွာ မပစ္ေတာ့ဘဲ ဒီအရာေတြက သူတို႔အတြက္ ဝင္ေငြတစ္ခုရပါလားဆိုတဲ့ အေတြးမ်ိဳးလည္း ဝင္လာေစမွာပါ။

ဒါ့ေၾကာင့္ Cebu ၿမိဳ႕ရဲ့ မိုးတြင္းကာလ ေရႀကီး ေရလၽွံမွုကို ကာကြယ္တဲ့အျပင္ ပတ္ဝန္းက်င္ ညစ္ညမ္းမွုကိုပါ ေလ်ာ့ခ်ဖို႔အတြက္ အခုလို စိတ္ကူးေကာင္းနဲ႔ ပလက္စတစ္နဲ႔ လဲလွယ္နိုင္တဲ့ ကုန္စုံဆိုင္မ်ိဳး ဖြင့္လွစ္ေပးလိုက္တာပဲျဖစ္ပါတယ္။ ထို စတိုးဆိုင္က စုေဆာင္ထားတဲ့ ပလက္စတစ္ေတြကိုေတာ့ ျပန္လည္အသုံးျပဳနိုင္တဲ့ ပစၥည္းေတြကို လုပ္ကြက္ေနရာအခ်ိဳ႕မွာ ျပန္လည္ျဖန္႔ျဖဴးၿပီး အသုံးမဝင္တဲ့ အမွိုက္ေတြကိုေတာ့ ဘိလပ္ေျမအုတ္ လုပ္တဲ့ေနရာမွာ အမွုန္႔ႀကိတ္ကာေရာေနာအသုံးျပဳမယ္လို႔ သိရပါတယ္။

အဆိုပါ ဆိုင္ေလးကို မနက္ ၉နာရီမွ ညေန ၃နာရီအထိ ဖြင့္လွစ္ေပးမွာျဖစ္ၿပီး တစ္ပတ္ကို တနလၤာေန႔မွ စေနေန႔အထိပဲဖြင့္ေပးမွာျဖစ္ပါတယ္။ အဆိုပါဆိုင္ဟာ ဖိလစ္ပိုင္ေတာင္ပိုင္း Cebu တကၠသိုလ္အနီး Mabini လမ္းေပၚမွာ တည္ရွိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here