ပရိတ်သတ်တွေ စောင့်ဆိုင်းနေကြတဲ့ ထိုင်း TV3 ဒရမ်မာ (၅)ကား
0
1577
ပရိတ်သတ်တွေဟာ ထိပ်တန်းသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင် စွမ်းရည်တွေနဲ့အတူ ဒီထိုင်းTV3 ဒရမ်မာ ၅ကားကို စောင့်ဆိုင်းနေကြပါတယ်။
၁။ Roy Leh Marnya
မင်းသား Pope Thanawat နှင့် မင်းသမီးချော Bella Ranee Campen တို့ဟာ ပြီးခဲ့တဲ့နှစ်က လူကြိုက်အရမ်းများခဲ့တဲ့ ‘Buppesunnivas တီဗီဒရမ်မာကားပြီးနောက် ဒုတိယအကြိမ်အဖြစ် ‘Roy Leh Marnya’ တီဗီဒရမ်မာ အသစ်မှာ ပြန်လည်တွေ့ဆုံကြတာ ဖြစ်ပါတယ်။ ဒီဒရမ်မာကို ၂၀၁၉ နှောင်းပိုင်းမှာ ထုတ်လွှင့်မယ်လို့ မျှော်လင့်ရပါတယ်။
၂။ Lai Kinaree
မင်းသား Nadech Kugimiya နဲ့ မင်းသမီး Yaya Urassaya Sperbund တို့ဟာ နောက်လမှာ ဇာတ်ကားအတွက် လိုက်ဖက်တဲ့ ဝတ်စုံတွေ စီစဉ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ မင်းသားနဲ့ မင်းသမီးနှစ်ယောက်ဟာ အလုပ်အတူတူတွဲလုပ်တာ ဒီတစ်ကားနဲ့ဆိုရင် ၈ကြိမ်ရှိပါပြီ။
၃။ Song Sanaeha
မင်းသမီးချောလေး Kimmy Kimberley Anne Woltemas ဟာ သူမရဲ့ တွဲဖက်သရုပ်ဆောင် James Ma နှင့်တွဲပြီး ဒီတီဗီဒရမ်မာမှာ အမွှာအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ပရိတ်သတ်တွေဟာ behind the scene ဓါတ်ပုံတွကို မြင်ပြီးနောက်မှာ ဒီဒရမ်မာကို မကြာခင် စောင့်ကြည့်ချင်ကြောင်း ပြောကြပါတယ်။
၄။ Ok Keub Hak Ab Ruk Khun Samee
Mark Prin နဲ့ Mew Nittha တို့ဟာ ‘Ok Keub Hak Ab Ruk Khun Samee’ ဆိုတဲ့ တီဗီဒရမ်မာမှာ ပထမဆုံးအကြိမ်အဖြစ် စုံတွဲသရုပ်ဆောင်မှာ ဖြစ်ပါတယ်။ သူတို့မှာ chemistry ကောင်းရှိတာကြောင့် ပရိတ်သတ်များစွာက ဒီဒရမ်မာကားကို စောင့်ဆိုင်းနေကြပါတယ်။
၅။ Leh Bunpakarn
Leh Bunpakarn ဇာတ်ကားဟာ မင်းသားJames Jirayu နဲ့ မင်းသမီး Taew Natapohnတို့အတွက် တတိယမြောက် ဇာတ်ကားဖြစ်ပါတယ်။ တီဗီဒရမ်မာ ပရိုဂျူဆာ Pin Nattanan က သူမရဲ့ အင်စတာဂရမ်မှာ ရိုက်ကွင်းနောက်ကွယ်က ဓါတ်ပုံများကို မျှဝေခဲ့ပါတယ်။
Lifestyle_Myanmar
LM_Nandar
ZawGyi
၁။ Roy Leh Marnya
၂။ Lai Kinaree
၃။ Song Sanaeha
၅။ Leh Bunpakarn
Lifestyle_Myanmar
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here