ပရိတ်သတ်တွေရဲ့ ၀မ်းနည်းကြေကွဲမှုကနေ ဒေါသအဖြစ် ပြောင်းလဲလာတဲ့ K-pop အဆိုတော် Goo Haraရဲ့ ပိုင်ဆိုင်မှု ဆက်ခံခွင့်ကိစ္စ

0
38618
- Advertisement -

ကြေကွဲဖွယ်သေဆုံးခဲ့တဲ့ K-pop အဆိုတော် Goo Haraရဲ့ ပိုင်ဆိုင်မှုတွေကို သူ့မိဘတွေ ရရှိနိုင်တယ်ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ကမ္ဘာတစ်၀ှမ်းက ပရိတ်သတ်တွေက ဒေါသထွက်နေကြပါတယ်။ကိုရီးယားအဆိုတော် Goo Hara သေဆုံးခြင်းဟာ ကမ္ဘာကိုထိတ်လန့်စေခဲ့တာပါ။

-Advertisement-

သူမရဲ့ ကြေကွဲဖွယ်သတ်သေမှုသတင်းဟာ အခြား K-pop အိုင်ဒေါတစ်ဦးဖြစ်တဲ့ Sulli သေဆုံးပြီးခြောက်ပတ်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။တောင်ကိုရီးယားရဲတပ်ဖွဲ့ အဆိုအရ နိုဝင်ဘာ၂၄ရက် ညနေ ၆း၀၉နာရီမှာ အသက်(၂၈) နှစ်ရှိပြီဖြစ်တဲ့ Gooကို ဆိုးလ်မြို့၊ Cheongdam-dong မှာ တည်ရှိတဲ့ သူမရဲ့ အိမ်မှာ သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Goo Hara ဟာ ၂၀၀၈ခုနှစ်မှာ K-pop မိန်းကလေးအဖွဲ့ ၀င်တစ်ယောက်အနေနဲ့ဖျော်ဖြေတင်ဆက်ခဲ့တာပါ။၂၀၁၆ ခုနှစ် K-pop အဖွဲ့ ဖျက်သိမ်းလိုက်တဲ့ အခါမှာတော့ Gooဟာ တစ်ကိုယ်တော်အဆိုတော်အဖြစ် ကိုးရီးယားနဲ့ ဂျပန်တို့မှာ စတင်ဖျော်ဖြေခဲ့ပါတယ်။

Goo ရဲ့ မေလနှောင်းပိုင်းက သူ့ကိုယ်သူ သတ်သေရန်ကြိုးပမ်းမှုအပြီး ပရိသတ်တွေ အကြားစိုးရိမ်မှုများဖြစ်ပေါ်စေခဲ့ပေမယ့် နောက်ပိုင်းမှာထုတ်ပြန်တဲ့ သူမရဲ့ တောင်းပန်စာနှင့်ကြေညာချက်ထဲမှာတော့ သူမကိုယ်သူမ ပြန်လည်ထူထောင်မယ်လို့ ကတိပြုပြောကြားခဲ့ပါသေးတယ်။

ရုတ်တရက် ကွယ်လွန်သွားခဲ့ရတဲ့ Gooဟာဆိုရင် ၂၀၁၈ခုနှစ်မှာ ရည်းစားဟောင်းဖြစ်သူက သူမရဲ့ သဘောတူညီမှုမပါ၀င်ပဲ ရိုက်ကူးထားတဲ့ ချစ်တင်းနှောနေတဲ့ ဗီဒီယိုကို ဖြန့်၀ေမယ်ဆိုပြီး ခြိမ်းခြောက်နှောင့်ယှက်ခြင်းကို ခံစားခဲ့ရသူလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ တရားသူကြီးတစ် ဦးက သူမရဲ့ ရည်းစားဟောင်းဆိုသူကို စွဲချက်တင်ခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုစော်ကားမှုအပါအ၀င်အခြားစွဲချက်တွေနဲ့ပဲ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဗီဒီယို ရိုက်ကူးမှုနဲ့ပက်သက်ပြီးတော့ အပြစ်မရှိဘူးလို့ အမိန့်ချထားခဲ့တာပါ။

သတင်းတွေအရ Goo ရဲ့ အနီးကပ်မိတ်ဆွေ K-popကြယ်ပွင့် Sulli ရဲ့ သတ်သေမှုအပြီးမှာGooရဲ့အစ်ကိုဟာအားပေးတဲ့ မက်ဆေ့ခ်ျတွေပေးပို့ခဲတယ်လို့ဆိုပါတယ်။အင်္ဂလိပ်ဘာသာပြန်ဆိုချက်တွေအရမက်ဆေ့ခ်ျတွေမှာ “ ငါတောင်းပန်ပါတယ်။ ဘယ်လို အနုတ်လက္ခဏာအတွေးတွေမှမတွေးပါနဲ့။မဖျားနာပါစေနဲ့။ကျန်းမာရေးကိုဂရုစိုက်ပါ “စတဲ့ အားပေးစကားတွေပြောထားတယ်လို့The Straits Times ရဲ့ အဆိုအရသိရပါတယ်။

Goo ရဲ့ကြေကွဲဖွယ်သေခြင်းတရားဟာ K-pop အဖွဲ့ကြီးရဲ့ ပြီးပြည့်စုံတဲ့ပုံသဏာန်ဖန်တီးမှုရဲ့ဖိအားတွေ၊ ရက်စက်စွာဆိုက်ဘာတိုက်ခိုက်မှု၊ အမျိုးသမီးတွေကိုအကာအကွယ်ပေးဖို့တရားမျှတမှုစနစ်ရဲ့ပျက်ကွက်မှုတွေကိုဝေဖန်မှုတွေဖြစ်စေခဲ့ပါတယ်။

အဲ့ဒီလို၀ေဖန်မှုတွေဖြစ်နေတဲ့ အချိန်မှာပဲ မကြာသေးမီကထွက်လာတဲ့ Goo ရဲ့မိဘတွေဟာ သူမရဲ့ပိုင်ဆိုင်မှုတွေဝေကို ရရှိနိုင်တယ်ဆိုတဲ့ သတင်းကြောင့် ကမ္ဘာတစ်ဝန်းရှိပရိသတ်သန်းပေါင်းများစွာရဲ့ ဝမ်းနည်းပူဆွေးမှုတွေက အမျက်ဒေါသအဖြစ်ပြောင်းလဲခဲ့ကြတာပါ။

တောင်ကိုရီးယားဥပဒေအရ သေတမ်းစာ မရှိဘူးဆိုရင် မိသားစု ၀ င်တွေဟာ သေဆုံးသူရဲ့ ပိုင်ဆိုင်မှုတွေကို အကျိုးခံစားခွင့်ရှိလိမ့်မယ်လို့ဖော်ပြထားပါတယ်။သတင်းတွေအရ Goo ရဲ့မိဘတွေက သူမကလေးဘ၀ ည်းက ကွာရှင်းခဲ့ကြတာဖြစ်ပြီး သူမကို ငယ်စဉ်အခါကတည်းက စွန့်ပစ်ကြတယ်လို့ ဆိုပါတယ်။ဒါကြောင့်သူမဟာ ၁၄ နှစ်အရွယ်မှာ သူမရဲ့ အဒေါ်နဲ့ အတူပြောင်းရွှေ့ခဲ့နေထိုင်ခဲ့ပြီး K-pop အဖွဲ့၀င်ယောက်ဖြစ်လာဖို့ ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။

Goo ရဲ့မိဘတွေကသူတို့ တာဝန်တွေကို လျစ်လျူရှုခဲ့တယ်လို့ ပရိတ်သတ်တွေက ယုံကြည်တဲ့အတွက် Gooရဲ့ အဒေါ်သာ အကျိုးခံစားခွင့်ရှိသင့်တယ်လို့ အမျက်ဒေါသတကြီး ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။တချို့တွေကတော့ Goo နဲ့ သူမမိဘတွေဟာ သူမမသေဆုံးခင် သူတို့ ဆက်ဆံရေးကိုပြန်လည်ပြုပြင်ရန်ဖြစ်နိုင်ချေရှိတယ်လို့လည်း ထောက်ပြနေကြပါတယ်။မကြာသေးမီကဖြစ်ခဲ့တဲ့ Goo နှင့် Sulli တို့၏သေဆုံးမှုကို ပရိတ်သတ်တွေဟာ ဆက်လက်ဝမ်းနည်းပူဆွေးနေကြသည်နှင့်အမျှ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုတွေပိုမိုဖြစ်ပေါ်စေနိုင်လာတယ်လို့လည်းကျွမ်းကျင်သူတွေကစိုးရိမ်နေကြပါတယ်။

“ နာမည်ကျော်ကြားသူတွေ ကိုယ့်ကိုကိုယ်သတ်သေခြင်းကိုတွေကို ကာကွယ်ဖို့ အထူးအာရုံစိုက်ထားဖို့ လိုအပ်တယ် ”လို့ စိတ်ရောဂါအထူးကုဆရာဝန်ကြီးနဲ့ကိုရီးယားရဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှုကိုကာကွယ်သည့်စင်တာဒါရိုက်တာ Paik Jong-woo က CNN သို့ပြောကြားခဲ့ပါတယ် ၂၀၀၈ ခုနှစ်မှာ ကိုရီးယားမင်းသမီး Choi Jin-silရဲ့ လူသိများတဲ့ သတ်သေမှုကြောင့် မိမိကိုယ်ကိုသတ်သေမှုနှုန်းမြင့်တက်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေပါတယ်။

Ref-Next Shark

Mg_Htet

Lifestyle_Myanmar

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here