ပန်းသီးရှာလကာရည်က ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ အသုံးမဝင်ပုံများ

0
81

နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လူသုံးလူပြောများလာတဲ့ ပန်းသီးရှာလကာရည်ဟာဆိုရင် အရသာထက် သူ့ရဲ့ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကြောင့်လည်း ပိုပြီးလူသိများလာတာဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်က ကယ်လိုရီလုံးဝမပါဝင်သလို အရသာကိုလည်း ပိုပြီးကောင်းမွန်စေတာကြောင့် နိုင်ငံခြားမှာဆိုရင်လည်း အသုပ်သုပ်တဲ့အခါ ထည့်သွင်းစားသုံးလာကြတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယအဖြစ်များဆုံး ဆီးချိုရောဂါအတွက် ပန်းသီးရှာလကာရည်က အင်မတန်အသုံးဝင်တယ်လို့လည်း သုတေသီများက ရှာဖွေတွေ့ရှိထားကြပါသေးတယ်။

-Advertisement-

ဟင်းသီးဟင်းရွက်တွေပေါ်မှာ ပန်းသီးရှာလကာရည်ကိုဆမ်းပြီးတော့ စားပေးမယ်ဆိုပါက နာတာရှည်ရောဂါများဖြစ်တဲ့ သွေးကြောကျဥ်းရောဂါ၊ ဆီးချို၊ ကင်ဆာနှင့် မှတ်ဥာဏ်အားချို့ယွင်းခြင်းတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရှာလကာရည်ဆန်တဲ့ အက်ဆစ်ပါဝင်တဲ့အတွက်ကြောင့်လည်း ခန္ဓာကိုယ်တွင်းက ကိုလက်စထရောတွေကို လျော့ချပေးပါလိမ့်မယ်။

ပန်းသီးရှာလကာရည်က ဘယ်လိုနေရာတွေမှာ မစွမ်းဘူးလဲ

ပန်းသီးရှာလကာရည်သောက်သုံးပေးလို့ဆိုပြီးတော့ အဆီအစိမ့်တွေများတဲ့ ဒိုးနတ်တွေ၊ ကြက်ကြော်တွေစားလို့ရတယ်လို့ မဆိုလိုပါဘူး။ ပန်းသီးရှာလကာရည်ကို သုံးစွဲပေးလို့ အသည်းအတွင်းမှာ အဆီတွေစုဝေးလာခြင်းကို လျော့ချနိုင်ပေမယ့်လည်း လိုတာထက်ပိုပြီးတော့ အဆီအစိမ့်စာတွေ စားမိလို့တော့မဖြစ်ပါဘူး။

ပန်းသီးရှာလကာရည်သောက်လို့ဆိုပြီးတော့ အစားမစားဘူးဆိုတာကလည်း မဟုတ်ပါဘူး။ တကယ်တမ်းက ဗိုက်ထဲဘာအစာမှမရှိချိန်မှာ ပန်းသီးရှာလကာရည်ကို သောက်မိမယ်ဆိုပါက အစာခြေစနစ်မှာ အနှောင့်အယှက်ဖြစ်စေပြီးတော့ ရင်ပူခြင်း သို့မဟုတ် မူးဝေအော့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မနက်စာကို ဖိုက်ဘာနဲ့ ပရိုတင်းတို့ ကြွယ်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပါ။

အက်ဆစ်ပါတာနဲ့ပဲ ပန်းသီးရှာလကာရည်က ပိုးမွှားတွေကို သေစေနိုင်ပြီး အရေးကြီးတဲ့ကိုယ်တွင်းအစိတ်အပိုင်းတွေကို သန့်စင်ပေးနိုင်တယ်လို့ မဆိုလိုပါဘူး။ အစာကနေဝင်တဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်ပေမယ့်လည်း အအေးမိဖျားနာ၊ ကူးစက်ရောဂါများ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြောင့် ဗိုက်အောင့်လာခြင်းတွေအတွက်တော့ သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ အခုလိုပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကတော့ ရေများများသောက်၊ အိပ်ရေးဝဝအိပ်ပြီးတော့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးဖို့ပါပဲ။

#Lifestyle_Myanmar

#Thinzar

Ref-goodhousekeeping

Zawgyi

ပန္းသီးရွာလကာရည္က ေပးစြမ္းႏိုင္တဲ့ အက်ိဳးေက်းဇူးေတြနဲ႔ အသုံးမဝင္ပုံမ်ား

ေနာက္ပိုင္းမွာ တျဖည္းျဖည္းနဲ႔ လူသုံးလူေျပာမ်ားလာတဲ့ ပန္းသီးရွာလကာရည္ဟာဆိုရင္ အရသာထက္ သူ႔ရဲ႕က်န္းမာေရးဆိုင္ရာ ေကာင္းက်ိဳးေတြေၾကာင့္လည္း ပိုၿပီးလူသိမ်ားလာတာျဖစ္ပါတယ္။ ပန္းသီးရွာလကာရည္က ကယ္လိုရီလုံးဝမပါဝင္သလို အရသာကိုလည္း ပိုၿပီးေကာင္းမြန္ေစတာေၾကာင့္ ႏိုင္ငံျခားမွာဆိုရင္လည္း အသုပ္သုပ္တဲ့အခါ ထည့္သြင္းစားသုံးလာၾကတာျဖစ္ပါတယ္။ ကမာၻေပၚမွာ ဒုတိယအျဖစ္မ်ားဆုံး ဆီးခ်ိဳေရာဂါအတြက္ ပန္းသီးရွာလကာရည္က အင္မတန္အသုံးဝင္တယ္လို႔လည္း သုေတသီမ်ားက ရွာေဖြေတြ႕ရွိထားၾကပါေသးတယ္။

ဟင္းသီးဟင္း႐ြက္ေတြေပၚမွာ ပန္းသီးရွာလကာရည္ကိုဆမ္းၿပီးေတာ့ စားေပးမယ္ဆိုပါက နာတာရွည္ေရာဂါမ်ားျဖစ္တဲ့ ေသြးေၾကာက်ဥ္းေရာဂါ၊ ဆီးခ်ိဳ၊ ကင္ဆာႏွင့္ မွတ္ဥာဏ္အားခ်ိဳ႕ယြင္းျခင္းတို႔ကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ ရွာလကာရည္ဆန္တဲ့ အက္ဆစ္ပါဝင္တဲ့အတြက္ေၾကာင့္လည္း ခႏၶာကိုယ္တြင္းက ကိုလက္စထေရာေတြကို ေလ်ာ့ခ်ေပးပါလိမ့္မယ္။

ပန္းသီးရွာလကာရည္က ဘယ္လိုေနရာေတြမွာ မစြမ္းဘူးလဲ

ပန္းသီးရွာလကာရည္ေသာက္သုံးေပးလို႔ဆိုၿပီးေတာ့ အဆီအစိမ့္ေတြမ်ားတဲ့ ဒိုးနတ္ေတြ၊ ၾကက္ေၾကာ္ေတြစားလို႔ရတယ္လို႔ မဆိုလိုပါဘူး။ ပန္းသီးရွာလကာရည္ကို သုံးစြဲေပးလို႔ အသည္းအတြင္းမွာ အဆီေတြစုေဝးလာျခင္းကို ေလ်ာ့ခ်ႏိုင္ေပမယ့္လည္း လိုတာထက္ပိုၿပီးေတာ့ အဆီအစိမ့္စာေတြ စားမိလို႔ေတာ့မျဖစ္ပါဘူး။

ပန္းသီးရွာလကာရည္ေသာက္လို႔ဆိုၿပီးေတာ့ အစားမစားဘူးဆိုတာကလည္း မဟုတ္ပါဘူး။ တကယ္တမ္းက ဗိုက္ထဲဘာအစာမွမရွိခ်ိန္မွာ ပန္းသီးရွာလကာရည္ကို ေသာက္မိမယ္ဆိုပါက အစာေျခစနစ္မွာ အေႏွာင့္အယွက္ျဖစ္ေစၿပီးေတာ့ ရင္ပူျခင္း သို႔မဟုတ္ မူးေဝေအာ့အန္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ မနက္စာကို ဖိုက္ဘာနဲ႔ ပ႐ိုတင္းတို႔ ႂကြယ္ဝတဲ့ အစားအေသာက္ေတြကို ေ႐ြးခ်ယ္စားသုံးပါ။

အက္ဆစ္ပါတာနဲ႔ပဲ ပန္းသီးရွာလကာရည္က ပိုးမႊားေတြကို ေသေစႏိုင္ၿပီး အေရးႀကီးတဲ့ကိုယ္တြင္းအစိတ္အပိုင္းေတြကို သန႔္စင္ေပးႏိုင္တယ္လို႔ မဆိုလိုပါဘူး။ အစာကေနဝင္တဲ့ ကူးစက္ေရာဂါေတြ ျဖစ္ပြားႏိုင္ေျခကို ေလ်ာ့ခ်ေပးႏိုင္ေပမယ့္လည္း အေအးမိဖ်ားနာ၊ ကူးစက္ေရာဂါမ်ား၊ ဘက္တီးရီးယား၊ ဗိုင္းရပ္စ္ေတြေၾကာင့္ ဗိုက္ေအာင့္လာျခင္းေတြအတြက္ေတာ့ သက္ေရာက္မႈရွိမွာမဟုတ္ပါဘူး။ အခုလိုျပႆနာေတြကို ေျဖရွင္းႏိုင္မယ့္နည္းလမ္းကေတာ့ ေရမ်ားမ်ားေသာက္၊ အိပ္ေရးဝဝအိပ္ၿပီးေတာ့ ဟင္းသီးဟင္း႐ြက္ေတြကို မ်ားမ်ားစားသုံးေပးဖို႔ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here