ပန္းပြင့္ေပါင္း သန္း ၂၅၀နဲ႔ တည္ေဆာက္ထားတဲ့ ကႏၱာရအလယ္က အလွပဆုံး ေမွာ္ပန္းဥယ်ာဥ္ေလး

0
83
ေမွာ္ဥယ်ာဥ္
ေမွာ္ဥယ်ာဥ္

သဲကႏၱာရလိုေနရာမ်ိဳးမွာ ဒီလိုလွပတဲ့ ဥယ်ာဥ္ေလးရွိဖို႔ဆိုတာ ေတာ္႐ုံတန္႐ုံနဲ႔ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ ဒူဘိုင္းလိုေငြကို ေရလုိျဖဳန္းေနတဲ့ အခ်မ္းသာဆုံးႏိုင္ငံေတြကေတာ့ ဒီလိုမျဖစ္ႏိုင္ဘူးဆိုတာမရွိပါဘူး။ နတ္စည္းစိမ္လို႔ ေျပာရေလာက္ေအာင္ ဇိမ္ခံပစၥည္းေတြ ေပါၾကြယ္ေနတဲ့ အခုလိုနိုင္ငံအတြက္ေတာ့ ဒါက အထူးအဆန္းေတာ့မဟုတ္ပါဘူး။ ဒီဥယ်ာဥ္ႀကီးကို Magic Flower Garden လို႔ ေခၚၿပီး ၂၀၁၃ ခုႏွစ္ Valentine day ေန႔မွာ စတင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ စတုရန္းမီတာ ၇၂၀၀၀ က်ယ္ဝန္းၿပီး ဒီဥယ်ာဥ္ ႀကီးထဲမွာ ပန္းပြင့္ေပါင္း သန္း ၂၅၀ နဲ႔ ပန္းမ်ိဳးေစ့ေပါင္း ၇၀ေက်ာ္ကို စိုက္ပ်ိဳးထားပါတယ္။

၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလဟာ သတၱမပန္းပြင့္ရာသီျဖစ္တဲ့အတြက္ ဥယ်ာဥ္တစ္ခုလုံး ေရာင္စုံပန္းရနံ႔ေတြ ဖုံးလႊမ္းၿပီး ကမာၻအႏွံ႔က ခရီးသြားေတြအတြက္ေတာ့ အေတာ္ေလးကို စြဲေဆာင္ေစတဲ့ ေနရာေလးတစ္ခုပဲျဖစ္ပါတယ္။ ပန္းပြင့္ကို ပုံသ႑ာန္မ်ိဳးစုံ ဖန္တီးထားၿပီး A380 ေလယာဥ္ပုံစံကိုလည္း ပန္းေတြနဲ႔ ပုံေဖာ္ဖန္ဆင္းထားပါေသးတယ္။ ဒူဘိုင္းရဲ႕ Harshest ကႏၱာရမွာ ရွိတဲ့ ဒီဥယ်ာဥ္ႀကီးဟာ Fairyland လို႔ တင္စားရေလာက္ေအာင္ လွပမႈရွိၿပီး ဝင္ခြင့္လက္မွတ္ေတြကလည္း အေတာ္ေလးကို ေစ်းႀကီးပါတယ္။ ဒါေပမဲ့ ဒီလိုေစ်းႀကီးႀကီးေပးၿပီး အပန္းေျဖရတဲ့ေနရာမ်ိဳးကို တစ္ႏွစ္ကို ကမာၻလွည့္ခရီးသြား ၁.၅သန္းမက လာေရာက္လည္ပတ္ၾကပါတယ္။

ပန္းေပါင္းမ်ိဳးစုံနဲ႔ လွပတဲ့ အိမ္ကေလးေတြ၊ ေရာင္စုံ ၾကက္တူေရြး၊ ေဒါင္း၊ သားပိုက္ေကာင္၊ လိပ္ျပာ စတဲ့ ပုံသ႑ာန္မ်ိဳးစုံကို ေရာင္စုံပန္းေတြနဲ႔ ပုံေဖာ္ထားတာေၾကာင့္ ဒီအလွအပေတြဟာ ကႏၱာရအလယ္မွာ အထင္သားကို ေပၚလြင္ေစပါတယ္။ ေရရွားပါတဲ့ ဒီလိုကႏၱာရမွာ ပန္းေပါင္းစုံဥယ်ာဥ္ႀကီးတည္ေဆာက္ဖို႔ ဆည္ေျမာင္းအခက္အခဲရွိတာေၾကာင့္ ၁၀ႏွစ္နီးပါၾကာေအာင္ တည္ေဆာက္ခဲ့ရပါတယ္။ ပ်မ္းမွ်အပူခ်ိန္ျမင့္မားေပမဲ့ ဒီႏွစ္မွာ ယခင္ကႏွစ္ေတြထက္ ပန္းပြင့္တဲ့ အေရအတြက္ ၂၀% ပိုၿပီးပြင့္တယ္လို႔လည္းသိရပါတယ္။ ဒီလိုအလွတရား ေတြ အံ့ၾသေလာက္ေအာင္ ျပည့္စုံတာေၾကာင့္လည္း ေမွာ္ဆန္တဲ့ ဥယ်ာဥ္လို႔ တင္စားေခၚေဝၚၾကတာပဲျဖစ္ပါတယ္။ ၾကမ္းတမ္းတဲ့ေနရာေဒသမွာေတာင္ အျခားႏိုင္ငံေတြထက္ သာတဲ့ အရာမ်ိဳးကို ဖန္တီးေပးႏိုင္တဲ့ ဒူဘိုင္းဟာ ေနာက္လာမဲ့ႏွစ္ေတြမွာဆို သစ္ပင္၊ ပန္းပင္ေတြ ျပည့္ႏွက္ေနတဲ့ အစိမ္းေရာင္လႊမ္းတဲ့ၿမိဳ႕ေတာ္တစ္ခုျဖစ္လာဖို႔ေတာင္ ရည္မွန္းထားၾကပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ႏိုင္ငံတကာမွာရွိတဲ့ ေၾကာက္စရာအေကာင္းဆုံးနဲ႔ အႏၱရာယ္ရွိဆုံး အထင္ကရ ကားလမ္းမေတြ

Unicode

ပန်းပွင့်ပေါင်း သန်း ၂၅၀နဲ့ တည်ဆောက်ထားတဲ့ ကန္တာရအလယ်က အလှပဆုံး မှော်ပန်းဥယျာဉ်လေး
သဲကန္တာရလိုနေရာမျိုးမှာ ဒီလိုလှပတဲ့ ဥယျာဉ်လေးရှိဖို့ဆိုတာ တော်ရုံတန်ရုံနဲ့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒူဘိုင်းလိုငွေကို ရေလိုဖြုန်းနေတဲ့ အချမ်းသာဆုံးနိုင်ငံတွေကတော့ ဒီလိုမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ နတ်စည်းစိမ်လို့ ပြောရလောက်အောင် ဇိမ်ခံပစ္စည်းတွေ ပေါကြွယ်နေတဲ့ အခုလိုနိုင်ငံအတွက်တော့ ဒါက အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒီဥယျာဉ်ကြီးကို Magic Flower Garden လို့ ခေါ်ပြီး ၂၀၁၃ ခုနှစ် Valentine day နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ စတုရန်းမီတာ ရ၂၀၀၀ ကျယ်ဝန်းပြီး ဒီဥယျာဉ် ကြီးထဲမှာ ပန်းပွင့်ပေါင်း သန်း ၂၅၀ နဲ့ ပန်းမျိုးစေ့ပေါင်း ရ၀ကျော်ကို စိုက်ပျိုးထားပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလဟာ သတ္တမပန်းပွင့်ရာသီဖြစ်တဲ့အတွက် ဥယျာဉ်တစ်ခုလုံး ရောင်စုံပန်းရနံ့တွေ ဖုံးလွှမ်းပြီး ကမ္ဘာအနှံ့က ခရီးသွားတွေအတွက်တော့ အတော်လေးကို စွဲဆောင်စေတဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ ပန်းပွင့်ကို ပုံသဏ္ဍာန်မျိုးစုံ ဖန်တီးထားပြီး A380 လေယာဉ်ပုံစံကိုလည်း ပန်းတွေနဲ့ ပုံဖော်ဖန်ဆင်းထားပါသေးတယ်။ ဒူဘိုင်းရဲ့ Harshest ကန္တာရမှာ ရှိတဲ့ ဒီဥယျာဉ်ကြီးဟာ Fairyland လို့ တင်စားရလောက်အောင် လှပမှုရှိပြီး ဝင်ခွင့်လက်မှတ်တွေကလည်း အတော်လေးကို စျေးကြီးပါတယ်။ ဒါပေမဲ့ ဒီလိုစျေးကြီးကြီးပေးပြီး အပန်းဖြေရတဲ့နေရာမျိုးကို တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသွား ၁.၅သန်းမက လာရောက်လည်ပတ်ကြပါတယ်။

ပန်းပေါင်းမျိုးစုံနဲ့ လှပတဲ့ အိမ်ကလေးတွေ၊ ရောင်စုံ ကြက်တူရွေး၊ ဒေါင်း၊ သားပိုက်ကောင်၊ လိပ်ပြာ စတဲ့ ပုံသဏ္ဍာန်မျိုးစုံကို ရောင်စုံပန်းတွေနဲ့ ပုံဖော်ထားတာကြောင့် ဒီအလှအပတွေဟာ ကန္တာရအလယ်မှာ အထင်သားကို ပေါ်လွင်စေပါတယ်။ ရေရှားပါတဲ့ ဒီလိုကန္တာရမှာ ပန်းပေါင်းစုံဥယျာဉ်ကြီးတည်ဆောက်ဖို့ ဆည်မြောင်းအခက်အခဲရှိတာကြောင့် ၁၀နှစ်နီးပါကြာအောင် တည်ဆောက်ခဲ့ရပါတယ်။ ပျမ်းမျှအပူချိန်မြင့်မားပေမဲ့ ဒီနှစ်မှာ ယခင်ကနှစ်တွေထက် ပန်းပွင့်တဲ့ အရေအတွက် ၂၀% ပိုပြီးပွင့်တယ်လို့လည်းသိရပါတယ်။ ဒီလိုအလှတရား တွေ အံ့သြလောက်အောင် ပြည့်စုံတာကြောင့်လည်း မှော်ဆန်တဲ့ ဥယျာဉ်လို့ တင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့နေရာဒေသမှာတောင် အခြားနိုင်ငံတွေထက် သာတဲ့ အရာမျိုးကို ဖန်တီးပေးနိုင်တဲ့ ဒူဘိုင်းဟာ နောက်လာမဲ့နှစ်တွေမှာဆို သစ်ပင်၊ ပန်းပင်တွေ ပြည့်နှက်နေတဲ့ အစိမ်းရောင်လွှမ်းတဲ့မြို့တော်တစ်ခုဖြစ်လာဖို့တောင် ရည်မှန်းထားကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here