Home General Knowledge ပတ်ဝန်းကျင်ကို လိုတာထက်ပိုပြီး ဂရုစိုက်တတ်သူတစ်ယောက်ရဲ့ လက္ခဏာ (၈) ချက်

ပတ်ဝန်းကျင်ကို လိုတာထက်ပိုပြီး ဂရုစိုက်တတ်သူတစ်ယောက်ရဲ့ လက္ခဏာ (၈) ချက်

0
1
Scary Boss

ကၽြန္ေတာ္အပါအဝင္ လူေတာ္ေတာ္မ်ားမ်ားဟာ ပတ္ဝန္းက်င္ကို လိုတာထက္ပိုၿပီး ဂ႐ုစိုက္တတ္ၾကပါတယ္။ အျခားသူေတြရဲ႕အျမင္မွာ ကိုယ္ကဘယ္လိုျဖစ္ေနလဲ၊ ကိုယ္လုပ္ခဲ့တဲ့အရာအတြက္ အျခားသူေတြက ဘယ္လိုမွတ္ခ်က္ေပးမလဲ၊ စသျဖင့္ ကိုယ့္ရဲ႕အသက္ရွင္ရပ္တည္မႈဟာ အျခားသူေတြရဲ႕ အထင္ႏွင့္အျမင္အေပၚ မွီခိုေနရျခင္းဟာ တကယ္ေတာ့ စိတ္အေႏွာက္အယွက္ျဖစ္စရာ အေကာင္းဆံုးကိစၥျဖစ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ နားမလည္တာတစ္ခုက ယခုလိုပတ္ဝန္းက်င္ကို အရမ္းႀကီးဂ႐ုစိုက္ျခင္းဟာ ကိုယ့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးနဲ႔ စစ္မွန္မႈကို ေလ်ာ့က်ေစၿပီး ဒီလိုစိတ္နဲ႔ အသက္ရွင္ေနသမွ် ကာလပတ္လံုး စိုးရိမ္ေၾကာင့္ၾကမႈနဲ႔ စိတ္မခ်မ္းေျမ့မႈေတြကိုသာ ျဖစ္ေစႏိုင္ပါတယ္။ ပတ္ဝန္းက်င္ကို ဂ႐ုစိုက္တတ္ရမယ္ဆိုတာ မွန္တဲ့အရာျဖစ္ေသာ္လည္း အလြန္အကၽြံႀကီးဂ႐ုစိုက္ျခင္းေၾကာင့္ ဆံုး႐ႈံးမႈေတြ ၾကံဳေတြ႕ရမွာ ကိုယ္ကိုယ္တိုင္ပဲျဖစ္ပါတယ္။

တကယ္ေတာ့ ကၽြန္ေတာ္တို႔ဟာ လူတိုင္းအတြက္ ၿပီးျပည့္စံုေအာင္ ေကာင္းမြန္သူေတြ မဟုတ္ၾကပါဘူး။ ကၽြန္ေတာ္တို႔ကို ႏွစ္သက္သူေတြ ရွိႏိုင္သလိုပဲ မႏွစ္သက္သူေတြလည္း ရွိႏိုင္ပါတယ္။ ဒီအရာကို ဘဝလို႔ ေခၚပါတယ္။ သင္ကိုယ္တိုင္ ၉၉ ႀကိမ္ေလာက္ လူေတြအေပၚေကာင္းခဲ့ေပမယ့္ တႀကိမ္တခါေလာက္ မေကာင္းတာနဲ႔ အရင္ကေကာင္းခဲ့တဲ့ ၉၉ ႀကိမ္လံုးဟာလည္း အလကားျဖစ္သြားတတ္ပါတယ္။ သင္နဲ႔ အရင္းႏွီးဆံုး သူတစ္ေယာက္ရဲ႕ အေတြးနဲ႔ သင့္အေပၚထင္ျမင္ခ်က္ေတြကို သင္ဂ႐ုစိုက္ႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ဘဝတစ္ခုလံုးကို သူ႕ရဲ႕ထင္ျမင္ခ်က္အတိုင္ တိုက္႐ိုက္ေျပာင္းလဲ စရာမလိုသလိုပဲ အျခားသူတစ္ေယာက္ရဲ႕ ဆႏၵနဲ႔ ထင္ျမင္ခ်က္ကို ဦးစားေပးမယ့္အစား သင္ျဖစ္ခ်င္တဲ့ ဘဝပံုစံမ်ိဳးမွာပဲ ေနထိုင္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ သင့္မွာ ဒီလိုလကၡဏာရပ္ေတြ ရွိေနရင္ေတာ့ အခ်ိန္မွီျပင္ဆင္ဖို႔ လိုအပ္ေၾကာင္း အၾကံေပးပါရေစ။

၁။ သင့္ရဲ႕ကိုယ္ပိုင္ထက္ အျခားသူေတြရဲ႕ လိုအပ္မႈေတြကို အျမဲတမ္းေရွ႕တန္းတင္တတ္တယ္
အျခားသူေတြရဲ႕ လိုအပ္ခ်က္ေတြကို အျမဲတမ္းျဖည့္ဆည္းေပးႏိုင္ဖို႔ ႀကိဳးစးေနျခင္းဟာ ကိုယ့္ရဲ႕ကိုယ္ပိုင္အရာေတြကို ျဖည့္ဆည္းဖို႔အတြက္ ပ်က္ကြက္တတ္တာကို သတိရပါ။ တကယ္လို႔ သင့္ရဲ႕လိုအပ္ခ်က္ေတြကို ဦးစားမေပးႏိုင္ခဲ့ရင္ သင္ကိုယ္သင္ယခုလို ျပန္ေမးဖို႔ လိုေနပါၿပီ။ အျခားသူေတြက သင့္ထက္ပိုၿပီးအေရးႀကီးေနၿပီလား။ ဒါဆိုရင္ေတာ့ သင္မွားေနပါၿပီ။

၂။ ကိုယ့္ရဲ႕ဝါသနာအတြက္ အခ်ိန္ေပးဖို႔ဆို အျပစ္ရွိသလို ခံစားေနရတယ္
ဝါသနာဆိုသည္မွာ ကၽြန္ေတာ္တို႔ကို ဖန္တီးႏိုင္စြမ္းေတြ တိုးတက္ေအာင္လုပ္ႏိုင္စြမ္းရွိၿပီး၊ ပိုေကာင္းတဲ့အရာေတြကို လုပ္ႏိုင္ဖို႔အတြက္ တြန္းအားေပးတဲ့အရာျဖစ္ပါတယ္။ သို႔ေသာ္လည္း သင့္ရဲ႕ေန႔စဥ္ဘဝက တာဝန္ေတြေၾကာင့္ သင့္ရဲ႕အေရးႀကီးတဲ့ ယခုလိုဝါသနာေတြ၊ ေပ်ာ္စရာအခ်ိန္ေတြကို စြန္႔လႊတ္ေနရတယ္ဆိုရင္ေတာ့ သင့္မွာေပ်ာ္ရြင္မႈနဲ႔
ဘဝအဓိပၸာယ္ေပ်ာက္ဆံုးေနတတ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ေန႔စဥ္ဘဝ၊ ပတ္ဝန္းက်င္၊ ထိန္းခ်ဳပ္ထားတဲ့ အရာေတြေၾကာင့္ ကိုယ့္ရဲ႕ဝါသနာကို စေတးပစ္လိုက္ဖို႔ မႀကိဳးစားပါနဲ႔။

၃။ သင္ဟာ ပတ္ဝန္းက်င္အလိုက် အေရာင္ေျပာင္းတတ္သူ သို႔မဟုတ္ သာကူးတစ္ေယာက္ဆိုရင္
သင္ဟာ ကိုယ္ပိုင္အျမင္၊ အယူအဆ၊ အေပၚကို ခိုင္မာတဲ့စိတ္ထားမရွိပဲ ေျပာင္းလဲတတ္သူ၊ ကိုယ္ယံုၾကည္တဲ့ ႏိုင္ငံေရးပါတီအေပၚကိုေတာင္မွ သာတဲ့ဘက္ကေန ေျပာင္းလြယ္ သူတစ္ေယာက္ဆိုရင္ သင့္အတြက္သိပ္ေတာ့ မေကာင္းပါဘူး။ တကယ္လို႔ ယခုလိုမ်ိဳး ကိုယ္ပိုင္ယံုၾကည္ခ်က္အေပၚ ခိုင္မာမႈ ရွိမရွိ သင့္ကိုယ္သင္သတိထားမိခဲ့ရင္ သင္ဟာ
ပတ္ဝန္းက်င္ကို အရမ္းဂ႐ုစိုက္တတ္သူတစ္ေယာက္ ျဖစ္ႏိုင္ပါတယ္။ ဒီလိုအရာေတြကို ရပ္တန္႔ဖို႔ ႀကိဳးစားၿပီး ကိုယ္ပိုင္ကာ႐ိုက္တာကို ခိုင္မာေအာင္ ျပန္လည္တည္ေဆာက္ဖို႔ အၾကံျပဳခ်င္ပါတယ္။

၄။ အေသးစားမုသား ေျပာတတ္တယ္
လူတိုင္းဟာ မုသားမပါ လကၤာမေခ်ာဆိုတဲ့အတိုင္းပဲ မၾကာခဏဆိုသလို မုသားေသးေသးေလးေတြကို သံုးတတ္ၾကပါတယ္။ တစ္ခါတစ္ေလမွာ အျခားသူေတြ ႏွစ္သက္လက္ခံဖို႔အတြက္ အမွန္ကို ဖံုးကြယ္တတ္ၿပီး လိမ္လည္ျခင္းဟာ သင့္ရဲ႕ကိုယ္ပိုင္တန္ဖိုးနဲ႔ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ၊ ေလးစားမႈကို ေလ်ာက်ေစႏိုင္ပါတယ္။

၅။ သင္ဟာ အျငင္းဆန္ႏိုင္ဘူး
သင္တကယ္မႏွစ္သက္တဲ့ အရာတစ္ခုကို မျငင္းဆန္ႏိုင္ပဲ ဟုတ္ကဲ့လို႔ေျပာလိုက္ရျခင္းကို သင္ကိုယ္တိုင္ ျဖစ္ေလ့ရွိပါလိမ့္မယ္။ ဒီလိုအမူအက်င့္မ်ိဳးကို ဘာေၾကာင့္ေမြးျမဴထားရတယ္ဆိုတာကို သင့္ကိုယ္သင္ျပန္ေမးဖို႔ အခ်ိန္ေရာက္ပါၿပီ။ သင္မလုပ္ခ်င္တဲ့ အရာကိုဘာေၾကာင့္ လုပ္ပါ့မယ္လို႔ သေဘာတူလိုက္ရတာလဲ။ ဒါဟာဘာေၾကာင့္လဲဆိုေတာ့ အျခားသူေတြအျမင္မွာ သင့္ကိုတစ္ခုခုထင္သြားမွာကို မလိုလားလို႔ပါပဲ။ ဒါေပမယ့္ သင္ဟာသင္ပါ၊ သင္ကိုယ္တိုင္ကိုယ့္ကိုယ္ကို ႐ိုးသားဖို႔လိုအပ္ၿပီး ကိုယ့္ရဲ႕အျမင္ေတြ၊ ဆံုးျဖတ္ခ်က္ေတြ၊ ဆႏၵေတြကိုေတာ့ ေလးစားဖို႔ လိုအပ္ပါတယ္။ ကိုယ္မလုပ္ခ်င္တဲ့အလုပ္တစ္ခုကို ျငင္းႏိုင္စြမ္းရွိပါေစ။

၆။ တစ္ခုခုကို မေျပာခင္ အလြန္အမင္း စဥ္းစားတတ္တယ္
တကယ္လို႔ ယခုလိုအျပဳအမူမ်ိဳးကို သင္အျမဲတမ္းျပဳလုပ္ေနရင္ေတာ့ သင္ဟာ အျမဲတမ္းပဲ မွန္ကန္တဲံအရာေတြကိုသာ လုပ္ေဆာင္ခ်င္သူ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ သင္အျမဲတမ္း ၿပီးျပည့္စံုတဲ့ အေျဖမ်ိဳးကို ေပးႏိုင္စြမ္းမရွိဘူးဆိုတာကိုေတာ့ လက္ခံေပးပါ။ သင့္ကိုယ္သင္ အျမဲတမ္းဆင္ဆာျဖတ္ဖို႔ ႀကိဳးစားေနရင္ေတာ့ အဆင္ေျပမွာ မဟုတ္ပါဘူး။
အခ်ိဳ႕ေသာအေျခအေနေတြမွာ မွန္ကန္တဲ့စကားလံုးမ်ိဳးေတြကိုပဲ ေရြးခ်ယ္ေျပာတာဟာ ေကာင္းတဲ့အရာပါ။ ဒါေပမယ့္ အခ်ိန္တိုင္းယခုလို လုပ္ေနရင္ေတာ့ အဆင္မေျပပါဘူး။ သင့္ရဲ႕သဘာဝအတိုင္း ပင္ကိုယ္စတိုင္ကို ဖန္တီးဖိုပ ႀကိဳးစားပါ။ ဘာမဟုတ္တဲ့ ကိစၥေလးေတြကို အရမ္းႀကီးစဥ္းစားေတြးေခၚျခင္းထက္ သဘာဝအတိုင္း သြက္လက္စြာေျပာဆိုျခင္းက လူေတြသင့္ကို ပိုၿပီးေတာ့ ေလးစားၾကပါလိမ့္မယ္။

ငါးမိနစ္ခန္႔ ျပဳလုပ္ေပး႐ံုနဲ႔ စိတ္ကိုေအးခ်မ္းေစႏိုင္မယ့္ ေရွးေခတ္ဂ်ပန္ အေၾကာေျဖနည္းစနစ္

၇။ အကူအညီေတာင္းဖို႔အတြက္ အရမ္းကိုခက္ခဲေနမယ္
တကယ္လို႔သင္ဟာ အကူအညီတစ္ခုေတာင္းဖို႔အတြက္ အရမ္းကိုခက္ခဲေနမယ္ဆိုရင္ သင့္ရဲ႕သတၱိနဲ႔ လံုျခံဳမႈဟာ အားနည္းေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ သို႔မဟုတ္ အားနာလြန္းတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အျခားတစ္ေယာက္ရဲ႕အျမင္မွာ သင့္ရဲ႕အားနည္းမႈေတြကို ျမင္ေတြ႕သြားမွာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ သင္တကယ္အကူအညီလိုတဲ့အခါ ႐ိုးသားစြာနဲ႔ အကူအညီေတာင္းဖို႔ကိုေတာ့ ဝန္မေလးပါနဲ႔။ သင္ၾကံဳေနရတဲ့ အခက္အခဲေတြကို သင္ေျပာမွသာ သူတို႔ကသိမွာျဖစ္တာေၾကာင့္ အျခားသူေတြဘယ္လိုျမင္ေနမွာကို ႀကိဳတင္ေတြးပူေနတာထက္ ကိုယ္တိုင္ဖြင့္ေျပာလိုက္တာက ပိုေကာင္းၿပီး သင့္စိတ္ကိုေပါ့ပါးေစႏိုင္ပါတယ္။

၈။ အျမဲတမ္းသနားစရာေကာင္းေအာင္ ဟန္ေဆာင္တတ္တယ္
သင္အမွားတစ္ခုခုလုပ္မိတဲ့အခါ အျခားသူေတြက သင့္ကိုအျပစ္တင္မယ့္အစား သနားဂ႐ုဏာသက္ေစဖို႔အတြက္ ဘယ္ေတာ့မွ သနားစရာေကာင္းေအာင္ ဟန္မေဆာင္ပါနဲ႔။ မၾကာခင္မွ လူေတြသင္ဟန္ေဆာင္ေနတာကို သိသြားခဲ့ရင္ ပိုဆိုးတဲ့ရလာဒ္ေတြနဲ႔ အထင္ေသးမႈေတြကို ခံရႏိုင္ပါတယ္။ ယခုအခ်ိန္ဟာ အျခားသူေတြရဲ႕အထင္အျမင္ေတြကို
ဂ႐ုစိုက္လြန္းတာေတြ ရပ္တန္႔ဖို႔ အခ်ိန္ေရာက္ပါၿပီ။ အဲ့ဒီ့အစား ကိုယ္ပိုင္ေအာင္ျမင္မႈနဲ႔ ယံုၾကည္ခ်က္ရွိမႈဟာ အျခားသူေတြအေပၚမွာ မမွီခိုေနတဲ့အတြက္ သင့္ကိုယ္သင္ဂုဏ္ယူႏိုင္ဖို႔အတြက္ ႀကိဳးစားသင့္ပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

Unicode

ကျွန်တော်အပါအဝင် လူတော်တော်များများဟာ ပတ်ဝန်းကျင်ကို လိုတာထက်ပိုပြီး ဂရုစိုက်တတ်ကြပါတယ်။ အခြားသူတွေရဲ့အမြင်မှာ ကိုယ်ကဘယ်လိုဖြစ်နေလဲ၊ ကိုယ်လုပ်ခဲ့တဲ့အရာအတွက် အခြားသူတွေက ဘယ်လိုမှတ်ချက်ပေးမလဲ၊ စသဖြင့် ကိုယ့်ရဲ့အသက်ရှင်ရပ်တည်မှုဟာ အခြားသူတွေရဲ့ အထင်နှင့်အမြင်အပေါ် မှီခိုနေရခြင်းဟာ တကယ်တော့ စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နားမလည်တာတစ်ခုက ယခုလိုပတ်ဝန်းကျင်ကို အရမ်းကြီးဂရုစိုက်ခြင်းဟာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စစ်မှန်မှုကို လျော့ကျစေပြီး ဒီလိုစိတ်နဲ့ အသက်ရှင်နေသမျှ ကာလပတ်လုံး စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်မချမ်းမြေ့မှုတွေကိုသာ ဖြစ်စေနိုင်ပါတယ်။ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ရမယ်ဆိုတာ မှန်တဲ့အရာဖြစ်သော်လည်း အလွန်အကျွံကြီးဂရုစိုက်ခြင်းကြောင့် ဆုံးရှုံးမှုတွေ ကြုံတွေ့ရမှာ ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ လူတိုင်းအတွက် ပြီးပြည့်စုံအောင် ကောင်းမွန်သူတွေ မဟုတ်ကြပါဘူး။ ကျွန်တော်တို့ကို နှစ်သက်သူတွေ ရှိနိုင်သလိုပဲ မနှစ်သက်သူတွေလည်း ရှိနိုင်ပါတယ်။ ဒီအရာကို ဘဝလို့ ခေါ်ပါတယ်။ သင်ကိုယ်တိုင် ၉၉ ကြိမ်လောက် လူတွေအပေါ်ကောင်းခဲ့ပေမယ့် တကြိမ်တခါလောက် မကောင်းတာနဲ့ အရင်ကကောင်းခဲ့တဲ့ ၉၉ ကြိမ်လုံးဟာလည်း အလကားဖြစ်သွားတတ်ပါတယ်။ သင်နဲ့ အရင်းနှီးဆုံး သူတစ်ယောက်ရဲ့ အတွေးနဲ့ သင့်အပေါ်ထင်မြင်ချက်တွေကို သင်ဂရုစိုက်နိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ဘဝတစ်ခုလုံးကို သူ့ရဲ့ထင်မြင်ချက်အတိုင် တိုက်ရိုက်ပြောင်းလဲ စရာမလိုသလိုပဲ အခြားသူတစ်ယောက်ရဲ့ ဆန္ဒနဲ့ ထင်မြင်ချက်ကို ဦးစားပေးမယ့်အစား သင်ဖြစ်ချင်တဲ့ ဘဝပုံစံမျိုးမှာပဲ နေထိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ သင့်မှာ ဒီလိုလက္ခဏာရပ်တွေ ရှိနေရင်တော့ အချိန်မှီပြင်ဆင်ဖို့ လိုအပ်ကြောင်း အကြံပေးပါရစေ။

၁။ သင့်ရဲ့ကိုယ်ပိုင်ထက် အခြားသူတွေရဲ့ လိုအပ်မှုတွေကို အမြဲတမ်းရှေ့တန်းတင်တတ်တယ်
အခြားသူတွေရဲ့ လိုအပ်ချက်တွေကို အမြဲတမ်းဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစးနေခြင်းဟာ ကိုယ့်ရဲ့ကိုယ်ပိုင်အရာတွေကို ဖြည့်ဆည်းဖို့အတွက် ပျက်ကွက်တတ်တာကို သတိရပါ။ တကယ်လို့ သင့်ရဲ့လိုအပ်ချက်တွေကို ဦးစားမပေးနိုင်ခဲ့ရင် သင်ကိုယ်သင်ယခုလို ပြန်မေးဖို့ လိုနေပါပြီ။ အခြားသူတွေက သင့်ထက်ပိုပြီးအရေးကြီးနေပြီလား။ ဒါဆိုရင်တော့ သင်မှားနေပါပြီ။

၂။ ကိုယ့်ရဲ့ဝါသနာအတွက် အချိန်ပေးဖို့ဆို အပြစ်ရှိသလို ခံစားနေရတယ်
ဝါသနာဆိုသည်မှာ ကျွန်တော်တို့ကို ဖန်တီးနိုင်စွမ်းတွေ တိုးတက်အောင်လုပ်နိုင်စွမ်းရှိပြီး၊ ပိုကောင်းတဲ့အရာတွေကို လုပ်နိုင်ဖို့အတွက် တွန်းအားပေးတဲ့အရာဖြစ်ပါတယ်။ သို့သော်လည်း သင့်ရဲ့နေ့စဉ်ဘဝက တာဝန်တွေကြောင့် သင့်ရဲ့အရေးကြီးတဲ့ ယခုလိုဝါသနာတွေ၊ ပျော်စရာအချိန်တွေကို စွန့်လွှတ်နေရတယ်ဆိုရင်တော့ သင့်မှာပျော်ရွင်မှုနဲ့
ဘဝအဓိပ္ပာယ်ပျောက်ဆုံးနေတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်ဘဝ၊ ပတ်ဝန်းကျင်၊ ထိန်းချုပ်ထားတဲ့ အရာတွေကြောင့် ကိုယ့်ရဲ့ဝါသနာကို စတေးပစ်လိုက်ဖို့ မကြိုးစားပါနဲ့။

၃။ သင်ဟာ ပတ်ဝန်းကျင်အလိုကျ အရောင်ပြောင်းတတ်သူ သို့မဟုတ် သာကူးတစ်ယောက်ဆိုရင်
သင်ဟာ ကိုယ်ပိုင်အမြင်၊ အယူအဆ၊ အပေါ်ကို ခိုင်မာတဲ့စိတ်ထားမရှိပဲ ပြောင်းလဲတတ်သူ၊ ကိုယ်ယုံကြည်တဲ့ နိုင်ငံရေးပါတီအပေါ်ကိုတောင်မှ သာတဲ့ဘက်ကနေ ပြောင်းလွယ် သူတစ်ယောက်ဆိုရင် သင့်အတွက်သိပ်တော့ မကောင်းပါဘူး။ တကယ်လို့ ယခုလိုမျိုး ကိုယ်ပိုင်ယုံကြည်ချက်အပေါ် ခိုင်မာမှု ရှိမရှိ သင့်ကိုယ်သင်သတိထားမိခဲ့ရင် သင်ဟာ
ပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်တတ်သူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒီလိုအရာတွေကို ရပ်တန့်ဖို့ ကြိုးစားပြီး ကိုယ်ပိုင်ကာရိုက်တာကို ခိုင်မာအောင် ပြန်လည်တည်ဆောက်ဖို့ အကြံပြုချင်ပါတယ်။

၄။ အသေးစားမုသား ပြောတတ်တယ်
လူတိုင်းဟာ မုသားမပါ လင်္ကာမချောဆိုတဲ့အတိုင်းပဲ မကြာခဏဆိုသလို မုသားသေးသေးလေးတွေကို သုံးတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ အခြားသူတွေ နှစ်သက်လက်ခံဖို့အတွက် အမှန်ကို ဖုံးကွယ်တတ်ပြီး လိမ်လည်ခြင်းဟာ သင့်ရဲ့ကိုယ်ပိုင်တန်ဖိုးနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ လေးစားမှုကို လျောကျစေနိုင်ပါတယ်။

၅။ သင်ဟာ အငြင်းဆန်နိုင်ဘူး
သင်တကယ်မနှစ်သက်တဲ့ အရာတစ်ခုကို မငြင်းဆန်နိုင်ပဲ ဟုတ်ကဲ့လို့ပြောလိုက်ရခြင်းကို သင်ကိုယ်တိုင် ဖြစ်လေ့ရှိပါလိမ့်မယ်။ ဒီလိုအမူအကျင့်မျိုးကို ဘာကြောင့်မွေးမြူထားရတယ်ဆိုတာကို သင့်ကိုယ်သင်ပြန်မေးဖို့ အချိန်ရောက်ပါပြီ။ သင်မလုပ်ချင်တဲ့ အရာကိုဘာကြောင့် လုပ်ပါ့မယ်လို့ သဘောတူလိုက်ရတာလဲ။ ဒါဟာဘာကြောင့်လဲဆိုတော့ အခြားသူတွေအမြင်မှာ သင့်ကိုတစ်ခုခုထင်သွားမှာကို မလိုလားလို့ပါပဲ။ ဒါပေမယ့် သင်ဟာသင်ပါ၊ သင်ကိုယ်တိုင်ကိုယ့်ကိုယ်ကို ရိုးသားဖို့လိုအပ်ပြီး ကိုယ့်ရဲ့အမြင်တွေ၊ ဆုံးဖြတ်ချက်တွေ၊ ဆန္ဒတွေကိုတော့ လေးစားဖို့ လိုအပ်ပါတယ်။ ကိုယ်မလုပ်ချင်တဲ့အလုပ်တစ်ခုကို ငြင်းနိုင်စွမ်းရှိပါစေ။

၆။ တစ်ခုခုကို မပြောခင် အလွန်အမင်း စဉ်းစားတတ်တယ်
တကယ်လို့ ယခုလိုအပြုအမူမျိုးကို သင်အမြဲတမ်းပြုလုပ်နေရင်တော့ သင်ဟာ အမြဲတမ်းပဲ မှန်ကန်တဲံအရာတွေကိုသာ လုပ်ဆောင်ချင်သူ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သင်အမြဲတမ်း ပြီးပြည့်စုံတဲ့ အဖြေမျိုးကို ပေးနိုင်စွမ်းမရှိဘူးဆိုတာကိုတော့ လက်ခံပေးပါ။ သင့်ကိုယ်သင် အမြဲတမ်းဆင်ဆာဖြတ်ဖို့ ကြိုးစားနေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။
အချို့သောအခြေအနေတွေမှာ မှန်ကန်တဲ့စကားလုံးမျိုးတွေကိုပဲ ရွေးချယ်ပြောတာဟာ ကောင်းတဲ့အရာပါ။ ဒါပေမယ့် အချိန်တိုင်းယခုလို လုပ်နေရင်တော့ အဆင်မပြေပါဘူး။ သင့်ရဲ့သဘာဝအတိုင်း ပင်ကိုယ်စတိုင်ကို ဖန်တီးဖိုပ ကြိုးစားပါ။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကို အရမ်းကြီးစဉ်းစားတွေးခေါ်ခြင်းထက် သဘာဝအတိုင်း သွက်လက်စွာပြောဆိုခြင်းက လူတွေသင့်ကို ပိုပြီးတော့ လေးစားကြပါလိမ့်မယ်။

၇။ အကူအညီတောင်းဖို့အတွက် အရမ်းကိုခက်ခဲနေမယ်
တကယ်လို့သင်ဟာ အကူအညီတစ်ခုတောင်းဖို့အတွက် အရမ်းကိုခက်ခဲနေမယ်ဆိုရင် သင့်ရဲ့သတ္တိနဲ့ လုံခြုံမှုဟာ အားနည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ သို့မဟုတ် အားနာလွန်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားတစ်ယောက်ရဲ့အမြင်မှာ သင့်ရဲ့အားနည်းမှုတွေကို မြင်တွေ့သွားမှာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သင်တကယ်အကူအညီလိုတဲ့အခါ ရိုးသားစွာနဲ့ အကူအညီတောင်းဖို့ကိုတော့ ဝန်မလေးပါနဲ့။ သင်ကြုံနေရတဲ့ အခက်အခဲတွေကို သင်ပြောမှသာ သူတို့ကသိမှာဖြစ်တာကြောင့် အခြားသူတွေဘယ်လိုမြင်နေမှာကို ကြိုတင်တွေးပူနေတာထက် ကိုယ်တိုင်ဖွင့်ပြောလိုက်တာက ပိုကောင်းပြီး သင့်စိတ်ကိုပေါ့ပါးစေနိုင်ပါတယ်။

၈။ အမြဲတမ်းသနားစရာကောင်းအောင် ဟန်ဆောင်တတ်တယ်
သင်အမှားတစ်ခုခုလုပ်မိတဲ့အခါ အခြားသူတွေက သင့်ကိုအပြစ်တင်မယ့်အစား သနားဂရုဏာသက်စေဖို့အတွက် ဘယ်တော့မှ သနားစရာကောင်းအောင် ဟန်မဆောင်ပါနဲ့။ မကြာခင်မှ လူတွေသင်ဟန်ဆောင်နေတာကို သိသွားခဲ့ရင် ပိုဆိုးတဲ့ရလာဒ်တွေနဲ့ အထင်သေးမှုတွေကို ခံရနိုင်ပါတယ်။ ယခုအချိန်ဟာ အခြားသူတွေရဲ့အထင်အမြင်တွေကို
ဂရုစိုက်လွန်းတာတွေ ရပ်တန့်ဖို့ အချိန်ရောက်ပါပြီ။ အဲ့ဒီ့အစား ကိုယ်ပိုင်အောင်မြင်မှုနဲ့ ယုံကြည်ချက်ရှိမှုဟာ အခြားသူတွေအပေါ်မှာ မမှီခိုနေတဲ့အတွက် သင့်ကိုယ်သင်ဂုဏ်ယူနိုင်ဖို့အတွက် ကြိုးစားသင့်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here