ပတ္ဝန္္းက်င္ညစ္ညမ္းမႈေတြနဲ႔ ပတ္သတ္ၿပီး တစ္ခုခုလုပ္ဖို႔ လိုအပ္ေနေၾကာင္း ျပသေနတဲ့ ထိတ္လန္႔စရာဓါတ္ပံုမ်ား

0
162
ပတ္ဝန္းက်င္ ညစ္ညမ္းမႈက

ပတ္ဝန္းက်င္ ညစ္ညမ္းမႈက ယခုအခါမွာ ဆယ္စုႏွစ္မ်ားစြာအတြက္၊ လူသားမ်ိဳးႏြယ္ေတြအတြက္ အႀကီးမားဆံုးစုိးရိမ္ပူပန္မႈမ်ားထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဟာ နည္းပညာဆီကို ပိုၿပီးေရြ႕လ်ားေနၾကသလို သဘာဝမိခင္ႀကီးကေန ပိုၿပီးခြဲခြာခဲ့ၾကပါတယ္။ ကမာၻႀကီးပူေႏြးလာမႈ ျမင့္တတ္လာျခင္းက စိုးရိမ္ဖြယ္ရာျဖစ္ပါတယ္။ ေအာက္က ဓါတ္ပံုေတြက ကၽြန္ေတာ္တို႔ ပိုင္ဆိုင္တဲ့ ကမာၻႀကီးရဲ႕ႏိုင္ငံအခ်ိဳ႕မွာ ဝမ္းနည္းဖြယ္ရာ ပတ္ဝန္းက်င္ညစ္ညမ္းမႈေတြ ခံစားေနရတဲ့ ပံုေတြပဲျဖစ္ပါတယ္။
၁။ လမ္းလုပ္ဖို႔ ႀကိဳးစားေနျခင္း


အထက္ပါပံုမွာ ပစိဖိတ္သမုဒၵရာအတြင္း အမိႈက္မ်ားစုစည္းေနတာကို ျပသထားတာျဖစ္ပါတယ္။ တစ္ကမာၻလံုးက စိုးရိမ္ပူပန္မႈျမင့္တတ္လာခဲ့တဲ့အရာကို “Great Pacific garbage patch.”လို႔ ေခၚေဝၚခဲ့ၾကပါတယ္။ ေျမာက္ပိုင္းပစိဖိတ္ေဒသက သမုဒၵရာညစ္ညမ္းမႈကို ၿဂိဳလ္တုတစ္ခုကေနဖမ္းယူရိုက္ကူးထားတာပါ။
၂။ အမိႈက္သရိုက္ကတစ္ဆင့္ အသက္ရႈျခင္း


ဒါက အမိႈက္စြန္႔ပစ္ျခင္းအတြက္ ပံုမွန္အသံုးျပဳေနၾကတဲ့ ယမံုနာျမစ္ရဲ႕ပံုတစ္ပံုျဖစ္ပါတယ္။ ဒီေကာင္ေလးဟာ အမိႈက္ေတြထဲကေနတစ္ဆင့္ ကူးခတ္ဖုိ႔ ႀကိဳးစားေနတဲ့ပံုပါ။
၃။ အမိႈက္ေတြျပည့္ေနတဲ့ သမုဒၵရာ


ဒါက ကာရစ္ဘီယံ၏ အလြန္ညစ္ညမ္းေနတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ဒါကိုျမင္ရင္ အားလံုးထဲမွာ ပလပ္စတစ္ကို ဘယ္ေတာ့မွတီထြင္ခဲ့ဖို႔ ကၽြန္ေတာ္တို႔ ဆႏၵရွိမွာမဟုတ္ပါဘူး။ ဒီအမိႈက္ေတြဟာ ေဒသခံ Montigua ျမစ္ကေန လာတာျဖစ္ေကာင္းျဖစ္နိုင္တယ္လုိ႔ Blue Planet အဖြဲ႕အစည္းက မွတ္ခ်က္ခ်ခဲ့ပါတယ္။
၄။ ေနာက္ဆံုးတစ္ခုကို ထိန္းသိမ္းေနပံု


ဒါက ေနာက္ဆံုးက်န္ခဲ့တဲ့ ေရခဲအပိုင္းတစ္ခုေပၚက ပိုလာဝက္ဝံတစ္ေကာင္ျဖစ္ပါတယ္။ သူက အာတိတ္ေဒသမွာေနထိုင္ၿပီး တျခားပိုလာဝက္ဝံေတြကဲ့သို႔ ေရခဲအရည္ေပ်ာ္က်ျခင္း အက်ပ္အတည္းကို ရင္ဆိုင္ေနရပါတယ္။ ဒီအက်ပ္အတည္းက ညစ္ညမ္းမႈႏွင့္ CO2 ထုတ္လႊတ္မႈအဆင့္ တိုးလာျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ အပူခ်ိန္ေျပာင္းလဲမႈေၾကာင့္ ျဖစ္ပ်က္ေနတာပါ။ ဒီမွာေမြး၊ ဒီမွာေနထိုင္ၿပီး ဒီမွာေသဆံုးၾကတာေၾကာင့္ ပင္လယ္ေရခဲက သူတို႔ရွင္သန္ဖို႔အတြက္ အလြန္အေရးပါပါတယ္။ ဒီအက်ပ္အတည္းက အာတိတ္ေဒသရဲ႕ 19ေဒသနီးပါး ထိခိုက္ခဲ့ပါတယ္။
၅။ အနီေရာင္ညစ္ညမ္းေနတဲ့ျမစ္

red polluted water

ညစ္ညမ္းေနတဲ့ ျမစ္တစ္ခုရဲ႕ဒီဓါတ္္ပံုဟာ 2011 ဒီဇင္ဘာ 13ရက္ေန႔က ရုိက္ကူးခဲ့တဲ့ တရုတ္ႏိုင္ငံ Henan ျပည္နယ္က Luoyang ရဲ႕ၿမိဳ႕မွာ ေရနမူနာယူေနတဲ့ပံုျဖစ္ပါတယ္။ တရားမဝင္ဓါတုပစၥညး္စက္ရံု ၂ရံုက မုိးေရဆိုးပိုက္ထဲကို သူတို႔ထုတ္လုပ္မႈစြန္႔ပစ္ပစၥည္းေတြ စြန္႔ပစ္ျခင္းျပဳလုပ္ခဲ့ၾကတာပါ။
၆။ ေရနံေတြ ရြဲရြဲစုိေနတဲ့ တိရိစာၦန္မ်ား


ငွက္တစ္ေကာင္ ေပ်ာ္ေပ်ာ္ႀကီးေရခ်ိဳးေနတယ္လို႔ မမွားလိုက္ပါနဲ႔။ ဒါကငွက္တစ္ေကာင္လို႔ေတာင္ ရွင္းရွင္းလင္းလင္း ျမင္ရပါသလား? ဒါက ပင္လယ္ေကြ႕အတြင္း ေရနံယိုဖိတ္မႈေတြထဲမွာ ပိတ္မိေနခဲ့ေပမယ့္ ငွက္တစ္ေကာင္ဟာ ၎ရဲ႕ဆာေလာင္မႈကို အငတ္ေျပေစဖို႔ ေရာက္လာတဲ့ေနရာ Louisiana ကမ္းရိုးတန္းေပၚက ရိုက္ကူးခဲ့တာပါ။ ဒါက တိရိစာၦန္ေတြ၊ ငွက္ေတြဟာ လူေတြရဲ႕လုပ္ရပ္ေၾကာင့္ ခံစားေနရတယ္ဆိုတာ ေၾကကြဲဖြယ္ေတြ႕ျမင္ရတာပါ။
၇။ ႏွစ္ျမဳပ္ေတာ့မယ့္ကၽြန္း


ဒီပံုက ရာသီဥတုေျပာင္းလဲမႈႏွင့္ ညစ္ညမ္းမႈေတြေၾကာင့္ ေနာက္အႏွစ္ 50ေက်ာ္မွာ နစ္ျမဳပ္မယ္လို႔ ခန္႔မွန္းထားၿပီၚျဖစ္တဲ့ ေမာ္လ္ဒိုက္ျဖစ္ပါတယ္။
၈။ အကူအညီမဲ့ေနတဲ့ ပံု

A child drinks water near a stream in Fuyuan county, Yunnan province March 20, 2009

ဒီပံုထဲက ေကာင္ေလးဟာ တစ္ျခားေရြးခ်ယ္စရာမရွိလို႔ ညစ္ညမ္းေနတဲ့ေရကို ေသာက္ေနရတာပါ။ ဓါတ္ပံုဆရာတစ္ေယာက္ဟာ 2009ခုႏွစ္ မတ္လ 20ရက္ေန႔ တရုတ္ႏိုင္ငံ ယူနန္ျပည္နယ္က ဖူယန္စမ္းေခ်ာင္းမွာ ဒီအျဖစ္အပ်က္ကို ေတြ႕ႀကံဳခဲ့တာပါ။ စကားမစပ္ မတ္လ22ရက္ေန႔က ကမာၻ႔ေရသယံဇာတေန႔ျဖစ္ခဲ့ပါတယ္။
၉။ ေလထုညစ္ညမ္းေနပံု

a street covered by dense smog in Harbin, northern China, Monday, Oct. 21, 2013

ဒီျမင္ကြင္းက စိတ္ပ်က္စရာကာင္းလွပါတယ္။ ဒါကေတာ့ ႏိုင္ငံတကာေဘးကင္းလံုၿခံဳမႈစံခ်ိန္စံညႊန္းထက္ ေလထုညစ္ညမ္းမႈအဆင့္ အဆ 40ပို ျမင့္တင့္ေနတဲ့ တရုတ္ႏိုင္ငံေျမာက္ပိုင္းထဲက ၿမိဳ႕တစ္ၿမိဳ႕ပံုကို ရုိက္ကူးခဲ့တာပါ။ လူေတြဟာ အသက္ရႈဖို႔ ရုန္းကန္ေနခဲ့ၾကပါတယ္။
၁၀။ အႀကီးအက်ယ္ ဝမ္းနည္းစရာ


ဒါက Anhui ခရိုင္ရွိ Anqingမွာ စကၠဴစက္တစ္ခုကေန ထြက္ရွိလာတဲ့ စြန္႔ပစ္ေရဆိုးအမိႈက္ေတြ အႀကီးအက်ယ္ စီးဆင္းေနတဲ့ ယန္ဇီျမစ္ျဖစ္ပါတယ္။ ေရညစ္ညမ္းမႈက တစ္ခ်ိဳ႕အခ်ိန္ေတြမွာ တရုတ္ႏိိုင္ငံအတြက္ စိုးရိမ္စရာႀကီးတစ္ခုျဖစ္ခဲ့ပါတယ္။
၁၁။ အမိႈက္ေတြနဲ႔ မဟာတံတိုင္း


ဒီပံုက ဆိုးဆိုးရြားရြား အမိႈက္ေတြ ျပည့္ေနတဲ့ တရုတ္ႏို္င္ငံက မဟာတံတုိင္းျဖစ္ပါတယ္။ ကမာၻ႕အံ့ဖြယ္ ခုႏွစ္ခုထဲက တစ္ခုျဖစ္တဲ့ ဒီမဟာတံတိုင္းက ယခု ျပန္လည္ထိန္းသိမ္းဖို႔ လိုအပ္ေနပါၿပီ။ တင္းက်ပ္တဲ့ စည္းကမ္းတစ္ခ်ိဳ႕ ေနရာေတြမွာထားဖို႔ လိုအပ္ပါတယ္။
၁၂။ အစိမ္းေရာင္ေထာင္ေခ်ာက္

A boy swims in the algae-filled coastline of Qingdao, Shandong province July 15, 2011

ဒါက ဟင္းသီးဟင္းရြက္အခင္းႀကီး မဟုတ္ပါဘူး။ တရုတ္ႏိုင္ငံ Qingdao ကမ္းရိုးတမ္းေပၚက ေရမ်က္ႏွာျပင္မွာ ေရညိွေတြ ဖံုးလႊမ္းေနတာပါ။ ဒီပံုကို 2011မွာရိုက္ကူးခဲ့ၿပီး သမုဒၵရာေတြ၊ ျမစ္ေတြ နဲ႔ ေရကန္ေလးထဲမွာေတာင္ ေရညိွဖြဲ႕စည္းမႈ တိုးလာျခင္းေၾကာင့္ တစ္ကမာၻလံုးအႏွံ႕ ပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ စိုးရိမ္စရာျဖစ္ခဲ့ပါတယ္။
၁၃။ ဒီပံုကို အိမ္မက္တစ္ခုမဟုတ္သလို မိုးတိမ္ေပၚမွာ ရပ္ေနတာလဲမဟုတ္ပါဘူး။ ဒါက ထူထပ္တဲ့ အျမဳပ္ေတြနဲ႔ ညစ္ညမ္းေနတဲ့ ယမုန္နာျမစ္ျဖစ္ပါတယ္။
၁၃။ ညစ္ညမ္းမႈေတြ ျပည့္ေနတဲ့ လက္တစ္စံု


ဒီပံုက ငါးဖမ္းသမားတစ္ေယာက္ဟာ ျမစ္ထဲကေန ေရညစ္ညမ္းမႈရဲ႕ လက္တစ္ဆုပ္စာကို ေကာက္ယူျပေနတဲ့ေနရာ တရုတ္ႏို္င္ငံ Chaohu ေရကန္မွာ ရုိက္ကူးခဲ့တာပါ။ ေရေနတိရိစာၦန္ေတြဟာ ဒီလိုအရာေတြေၾကာင့္ ခံစားေနၾကရပါတယ္။
၁၄။ ေသဆံုးေနတဲ့ ငါးေတြ


ဒီပံုက ဘရာဇီးႏိုင္ငံ ၊ Rio de Janeiroက Guanabara ပင္လယ္ရဲ႕ပံုျဖစ္ပါတယ္။ငါးေတြဟာ ေရညစ္ညမ္းမႈေၾကာင့္ ဒီမွာေသဆံုးေနတာျဖစ္ပါတယ္။
၁၅။ ေရနံေတြ ရွင္းလင္းေနတဲ့ အလုပ္သမား


ဒီပံုက တရုတ္ႏိုင္ငံ Dalian ကေရနံယိုဖိတ္မႈတစ္ခုကို သန္႔ရွင္းေရးလုပ္ေနတဲ့ အလုပ္သမားတစ္ေယာက္ျဖစ္ပါတယ္။ ေရနံပိုက္လိုင္းတစ္ခုက အဲ့ဒီမွာေပါက္ကြဲၿပီး ေရနံယိုဖိတ္မႈေတြ ျဖစ္ေနတာပါ။ အဆိုပါအျဖစ္အပ်က္က 2010မွာ ျဖစ္ပါတယ္။ ေရနံပိုက္လိုင္း250နီးပါးေပါက္ကြဲခဲ့ၿပီး ေရနံေတြဟာ စတုရန္းမိုင္ 500ေက်ာ္ ဧရိယာအထိ ဖိတ္စင္ခဲ့ပါတယ္။
ဒီပံုေတြကို သင္ၾကည့္ၿပီး ပတ္ဝန္းက်င္ကာကြယ္ေစာင့္ေရွာက္ဖုိ႔ တတ္ႏိုင္သမွ် လုပ္ပါ။ေသးငယ္တဲ့အက်င့္ေလးေတာင္မွ ႀကီးမားေသာ အေျပာင္းအလဲေတြကို ျဖစ္ေပၚေစနိုင္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ကမာၻေျမႀကီးကို ကူညီဖို႔ ကၽြန္ေတာ္တို႔တစ္ေယာက္ခ်င္းစီက ဘယ္အရာေတြကိုလုပ္ႏိုင္မယ္လို႔ ထင္ပါသလဲ? သင့္ထင္ျမင္ခ်က္ေတြႏွင့္အတူ မွ်ေဝေပးပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

Unicode

ပတ်ဝန််းကျင်ညစ်ညမ်းမှုတွေနဲ့ပတ်သတ်ပြီး တစ်ခုခုလုပ်ဖို့ လိုအပ်နေကြောင်း ပြသနေတဲ့ ထိတ်လန့်စရာဓါတ်ပုံများ
ပတ်ဝန်းကျင် ညစ်ညမ်းမှုက ယခုအခါမှာ ဆယ်စုနှစ်များစွာအတွက်၊ လူသားမျိုးနွယ်တွေအတွက် အကြီးမားဆုံးစိုးရိမ်ပူပန်မှုများထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ နည်းပညာဆီကို ပိုပြီးရွေ့လျားနေကြသလို သဘာဝမိခင်ကြီးကနေ ပိုပြီးခွဲခွာခဲ့ကြပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု မြင့်တတ်လာခြင်းက စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။ အောက်က ဓါတ်ပုံတွေက ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ကမ္ဘာကြီးရဲ့နိုင်ငံအချို့မှာ ဝမ်းနည်းဖွယ်ရာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ခံစားနေရတဲ့ ပုံတွေပဲဖြစ်ပါတယ်။
၁။ လမ်းလုပ်ဖို့ ကြိုးစားနေခြင်း
အထက်ပါပုံမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း အမှိုက်များစုစည်းနေတာကို ပြသထားတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်မှုမြင့်တတ်လာခဲ့တဲ့အရာကို “Great Pacific garbage patch.”လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ မြောက်ပိုင်းပစိဖိတ်ဒေသက သမုဒ္ဒရာညစ်ညမ်းမှုကို ဂြိုလ်တုတစ်ခုကနေဖမ်းယူရိုက်ကူးထားတာပါ။
၂။ အမှိုက်သရိုက်ကတစ်ဆင့် အသက်ရှုခြင်း
ဒါက အမှိုက်စွန့်ပစ်ခြင်းအတွက် ပုံမှန်အသုံးပြုနေကြတဲ့ ယမုံနာမြစ်ရဲ့ပုံတစ်ပုံဖြစ်ပါတယ်။ ဒီကောင်လေးဟာ အမှိုက်တွေထဲကနေတစ်ဆင့် ကူးခတ်ဖို့ ကြိုးစားနေတဲ့ပုံပါ။
၃။ အမှိုက်တွေပြည့်နေတဲ့ သမုဒ္ဒရာ
ဒါက ကာရစ်ဘီယံ၏ အလွန်ညစ်ညမ်းနေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကိုမြင်ရင် အားလုံးထဲမှာ ပလပ်စတစ်ကို ဘယ်တော့မှတီထွင်ခဲ့ဖို့ ကျွန်တော်တို့ ဆန္ဒရှိမှာမဟုတ်ပါဘူး။ ဒီအမှိုက်တွေဟာ ဒေသခံ Montigua မြစ်ကနေ လာတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ Blue Planet အဖွဲ့အစည်းက မှတ်ချက်ချခဲ့ပါတယ်။
၄။ နောက်ဆုံးတစ်ခုကို ထိန်းသိမ်းနေပုံ
ဒါက နောက်ဆုံးကျန်ခဲ့တဲ့ ရေခဲအပိုင်းတစ်ခုပေါ်က ပိုလာဝက်ဝံတစ်ကောင်ဖြစ်ပါတယ်။ သူက အာတိတ်ဒေသမှာနေထိုင်ပြီး တခြားပိုလာဝက်ဝံတွေကဲ့သို့ ရေခဲအရည်ပျော်ကျခြင်း အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။ ဒီအကျပ်အတည်းက ညစ်ညမ်းမှုနှင့် CO2 ထုတ်လွှတ်မှုအဆင့် တိုးလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန်ပြောင်းလဲမှုကြောင့် ဖြစ်ပျက်နေတာပါ။ ဒီမှာမွေး၊ ဒီမှာနေထိုင်ပြီး ဒီမှာသေဆုံးကြတာကြောင့် ပင်လယ်ရေခဲက သူတို့ရှင်သန်ဖို့အတွက် အလွန်အရေးပါပါတယ်။ ဒီအကျပ်အတည်းက အာတိတ်ဒေသရဲ့ 19ဒေသနီးပါး ထိခိုက်ခဲ့ပါတယ်။
၅။ အနီရောင်ညစ်ညမ်းနေတဲ့မြစ်
ညစ်ညမ်းနေတဲ့ မြစ်တစ်ခုရဲ့ဒီဓါတ််ပုံဟာ 2011 ဒီဇင်ဘာ 13ရက်နေ့က ရိုက်ကူးခဲ့တဲ့ တရုတ်နိုင်ငံ Henan ပြည်နယ်က Luoyang ရဲ့မြို့မှာ ရေနမူနာယူနေတဲ့ပုံဖြစ်ပါတယ်။ တရားမဝင်ဓါတုပစ္စညး်စက်ရုံ ၂ရုံက မိုးရေဆိုးပိုက်ထဲကို သူတို့ထုတ်လုပ်မှုစွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်ခြင်းပြုလုပ်ခဲ့ကြတာပါ။
၆။ ရေနံတွေ ရွဲရွဲစိုနေတဲ့ တိရိစ္ဆာန်များ
ငှက်တစ်ကောင် ပျော်ပျော်ကြီးရေချိုးနေတယ်လို့ မမှားလိုက်ပါနဲ့။ ဒါကငှက်တစ်ကောင်လို့တောင် ရှင်းရှင်းလင်းလင်း မြင်ရပါသလား? ဒါက ပင်လယ်ကွေ့အတွင်း ရေနံယိုဖိတ်မှုတွေထဲမှာ ပိတ်မိနေခဲ့ပေမယ့် ငှက်တစ်ကောင်ဟာ ၎င်းရဲ့ဆာလောင်မှုကို အငတ်ပြေစေဖို့ ရောက်လာတဲ့နေရာ Louisiana ကမ်းရိုးတန်းပေါ်က ရိုက်ကူးခဲ့တာပါ။ ဒါက တိရိစ္ဆာန်တွေ၊ ငှက်တွေဟာ လူတွေရဲ့လုပ်ရပ်ကြောင့် ခံစားနေရတယ်ဆိုတာ ကြေကွဲဖွယ်တွေ့မြင်ရတာပါ။
၇။ နှစ်မြုပ်နေတဲ့ကျွန်း
ဒီပုံက ရာသီဥတုပြောင်းလဲမှုနှင့် ညစ်ညမ်းမှုတွေကြောင့် နောက်အနှစ် 50ကျော်မှာ နစ်မြုပ်မယ်လို့ ခန့်မှန်းထားပြီါ်ဖြစ်တဲ့ မော်လ်ဒိုက်ဖြစ်ပါတယ်။
၈။ အကူအညီမဲ့နေတဲ့ ပုံ
ဒီပုံထဲက ကောင်လေးဟာ တစ်ခြားရွေးချယ်စရာမရှိလို့ ညစ်ညမ်းနေတဲ့ရေကို သောက်နေရတာပါ။ ဓါတ်ပုံဆရာတစ်ယောက်ဟာ 2009ခုနှစ် မတ်လ 20ရက်နေ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဖူယန်စမ်းချောင်းမှာ ဒီအဖြစ်အပျက်ကို တွေ့ကြုံခဲ့တာပါ။ စကားမစပ် မတ်လ22ရက်နေ့က ကမ္ဘာ့ရေသယံဇာတနေ့ဖြစ်ခဲ့ပါတယ်။
၉။ လေထုညစ်ညမ်းနေပုံ
ဒီမြင်ကွင်းက စိတ်ပျက်စရာကာင်းလှပါတယ်။ ဒါကတော့ နိုင်ငံတကာဘေးကင်းလုံခြုံမှုစံချိန်စံညွှန်းထက် လေထုညစ်ညမ်းမှုအဆင့် အဆ 40ပို မြင့်တင့်နေတဲ့ တရုတ်နိုင်ငံမြောက်ပိုင်းထဲက မြို့တစ်မြို့ပုံကို ရိုက်ကူးခဲ့တာပါ။ လူတွေဟာ အသက်ရှုဖို့ ရုန်းကန်နေခဲ့ကြပါတယ်။
၁၀။ အကြီးအကျယ် ဝမ်းနည်းစရာ
ဒါက Anhui ခရိုင်ရှိ Anqingမှာ စက္ကူစက်တစ်ခုကနေ ထွက်ရှိလာတဲ့ စွန့်ပစ်ရေဆိုးအမှိုက်တွေ အကြီးအကျယ် စီးဆင်းနေတဲ့ ယန်ဇီမြစ်ဖြစ်ပါတယ်။ ရေညစ်ညမ်းမှုက တစ်ချို့အချိန်တွေမှာ တရုတ်နိိုင်ငံအတွက် စိုးရိမ်စရာကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
၁၁။ အမှိုက်တွေနဲ့ မဟာတံတိုင်း
ဒီပုံက ဆိုးဆိုးရွားရွား အမှိုက်တွေ ပြည့်နေတဲ့ တရုတ်နို်င်ငံက မဟာတံတိုင်းဖြစ်ပါတယ်။ ကမ္ဘာ့အံ့ဖွယ် ခုနှစ်ခုထဲက တစ်ခုဖြစ်တဲ့ ဒီမဟာတံတိုင်းက ယခု ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။ တင်းကျပ်တဲ့ စည်းကမ်းတစ်ချို့ နေရာတွေမှာထားဖို့ လိုအပ်ပါတယ်။
၁၂။ အစိမ်းရောင်ထောင်ချောက်
ဒါက ဟင်းသီးဟင်းရွက်အခင်းကြီး မဟုတ်ပါဘူး။ တရုတ်နိုင်ငံ Qingdao ကမ်းရိုးတမ်းပေါ်က ရေမျက်နှာပြင်မှာ ရေညှိတွေ ဖုံးလွှမ်းနေတာပါ။ ဒီပုံကို 2011မှာရိုက်ကူးခဲ့ပြီး သမုဒ္ဒရာတွေ၊ မြစ်တွေ နဲ့ ရေကန်လေးထဲမှာတောင် ရေညှိဖွဲ့စည်းမှု တိုးလာခြင်းကြောင့် တစ်ကမ္ဘာလုံးအနှံ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
၁၃။ ဒီပုံကို အိမ်မက်တစ်ခုမဟုတ်သလို မိုးတိမ်ပေါ်မှာ ရပ်နေတာလဲမဟုတ်ပါဘူး။ ဒါက ထူထပ်တဲ့ အမြုပ်တွေနဲ့ ညစ်ညမ်းနေတဲ့ ယမုန်နာမြစ်ဖြစ်ပါတယ်။
၁၃။ ညစ်ညမ်းမှုတွေ ပြည့်နေတဲ့ လက်တစ်စုံ
ဒီပုံက ငါးဖမ်းသမားတစ်ယောက်ဟာ မြစ်ထဲကနေ ရေညစ်ညမ်းမှုရဲ့ လက်တစ်ဆုပ်စာကို ကောက်ယူပြနေတဲ့နေရာ တရုတ်နို်င်ငံ Chaohu ရေကန်မှာ ရိုက်ကူးခဲ့တာပါ။ ရေနေတိရိစ္ဆာန်တွေဟာ ဒီလိုအရာတွေကြောင့် ခံစားနေကြရပါတယ်။
၁၄။ သေဆုံးနေတဲ့ ငါးတွေ
ဒီပုံက ဘရာဇီးနိုင်ငံ ၊ Rio de Janeiroက Guanabara ပင်လယ်ရဲ့ပုံဖြစ်ပါတယ်။ငါးတွေဟာ ရေညစ်ညမ်းမှုကြောင့် ဒီမှာသေဆုံးနေတာဖြစ်ပါတယ်။
၁၅။ ရေနံတွေ ရှင်းလင်းနေတဲ့ အလုပ်သမား
ဒီပုံက တရုတ်နိုင်ငံ Dalian ကရေနံယိုဖိတ်မှုတစ်ခုကို သန့်ရှင်းရေးလုပ်နေတဲ့ အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်။ ရေနံပိုက်လိုင်းတစ်ခုက အဲ့ဒီမှာပေါက်ကွဲပြီး ရေနံယိုဖိတ်မှုတွေ ဖြစ်နေတာပါ။ အဆိုပါအဖြစ်အပျက်က 2010မှာ ဖြစ်ပါတယ်။ ရေနံပိုက်လိုင်း250နီးပါးပေါက်ကွဲခဲ့ပြီး ရေနံတွေဟာ စတုရန်းမိုင် 500ကျော် ဧရိယာအထိ ဖိတ်စင်ခဲ့ပါတယ်။
ဒီပုံတွေကို သင်ကြည့်ပြီး ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ဖို့ တတ်နိုင်သမျှ လုပ်ပါ။သေးငယ်တဲ့အကျင့်လေးတောင်မှ ကြီးမားသော အပြောင်းအလဲတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးကို ကူညီဖို့ ကျွန်တော်တို့တစ်ယောက်ချင်းစီက ဘယ်အရာတွေကိုလုပ်နိုင်မယ်လို့ ထင်ပါသလဲ? သင့်ထင်မြင်ချက်တွေနှင့်အတူ မျှဝေပေးပါ။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here