ထိပ်တန်းရောက်လာတဲ့သူတွေဟာ ကိုယ်ရည်ကိုယ်သွေး မြင့်မားသူတွေဆိုတာ ကျွန်မတို့အားလုံး တွေ့ကြမြင်နေကြပါတယ်။ တကယ်တော့ Personality ဟာ ဗီဇတွေ ၊ ပါရမီတွေနဲ့မဆိုင်ပါဘူး။ ဆိုလိုတာက Personality ကို Boost လုပ်လို့ရပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် ပင်ကိုယ်စွမ်းရည် ဆိုတာ ရှိပါတယ်။ ကျွန်မတို့ရဲ့ ပင်ကိုယ်စွမ်းရည်ကို ထိပ်ဆုံးရောင်အောင်မြှင့်တင်တဲ့နေရာမှာ အသုံးချဖို့အတွက် အခုပြောမယ့်နည်းလမ်းတွေ လိုအပ်ပါတယ်။
(၁) ကိုယ့်ရဲ့ ထူးခြားမှုကဘာလဲ
တစ်ခြားသူတွေနဲ့ကိုယ်ဟာ မတူခြားနားနေတာ ရှိပါတယ်။ ကိုယ့်ရဲ့ စွမ်းအားကို တကယ်သုံးရတဲ့ အခြေအနေမျိုးနဲ့ကြုံလာရင် လူအများနဲ့လုပ်ရိုးလမ်းစဉ်ကနေ ခွဲထွက်ရပ်တည်လာတာလေးတွေ ရှိလာပါလိမ့်မယ်။ ကိုယ်ပိုင်ဟန်နဲ့ကိုယ် ထွက်လာတဲ့ အခါမျိုးကို သတိထားပါ။ ဒါဟာ ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်အစစ်ဖြစ်လို့ ဒီစွမ်းရည်ကို မြေတောင်မြှောက်ပေးဖို့ လိုပါတယ်။

(၂) ဖန်တီးပါ
ဖန်တီးဖို့ဘယ်တော့မှ မကြောက်ပါနဲ့။ကိုယ့်ရဲ့ တကယ့်စွမ်းရည်ကို ဆန်းသစ်တီထွင်မှုကနေပဲ မြင်နိုင်ပါတယ်။ ကိုယ့်ရဲ့ Personality Type ကို သိရဖို့ နေ့စဉ်ဘဝထဲမှာပဲ အသစ်အသစ်တွေ ဖန်တီးသွားပါ။
(၃) ကိုယ့်စိတ်ထဲ လှူပ်ခတ်သွားတဲ့အရာကို ရှာပါ
သမရိုးကျဘဝထဲမှာ သူလိုကိုယ်လို နေရင်တော့ ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။ အတွေးသစ် ၊ အမြင်သစ်တွေဟာ လူတစ်ယောက်ကို မသိမသာ လာထိခိုက်တတ်ပါတယ်။ ဒီအချက်ပြမှုဟာ ကိုယ့်ရင်ထဲအထိ ရောက်လာတတ်လို့ စောင့်ကြည့်ပြီး ဖမ်းယူသွားရမှာပါ။

(၄) ပင်ကိုယ်စွမ်းရည်ချပြခွင့်ရတဲ့ အလုပ်မှာလုပ်ပါ
တစ်ချို့ပိုက်ဆံရပြီး ကိုယ့်ဘဝကိုယ်အနေအထားကို စိတ်ကျေနပ်မှု မရစေတဲ့ အလုပ်တွေကို နှုတ်ဆက်ဖို့ သတ္တိရှိသင့်ပါတယ်။ ငွေကြောင့်လုပ်နေရတဲ့ အလုပ်တွေဟာ ဘဝမှာ အတိုင်းအတာတစ်ခုအထိ ကောင်းပါတယ်။ ဒါပေမယ့် တကယ့်ကို လူရဲ့ Personality ကို ထွန်းကား ပေါက်မြောက်စေမယ့် အလုပ်တွေလုပ်တာကတော့ အကောင်းဆုံးနဲ့ဘဝမှာ စိတ်အချမ်းသာဆုံးပါပဲ။ တကယ်လို့ သင်ဟာ ပန်းချီရေးဆွဲတဲ့ဘက်မှာ အစွမ်းအစနဲ့ စိတ်အားထက်သန်မှု ရှိတယ်ဆိုရင် ဘာလို့ အရောင်းဝန်ထမ်းလုပ်နေမှာလဲ။နယ်ပယ်သစ်ထဲ ခြေလှမ်းရဲဖို့လိုပါတယ်။

(၅) ကိုယ်လိုချင်တဲ့ဘဝပုံစံထဲမှာ အောင်မြင်နေသူတွေနဲ့တွေ့ပါ
အခုဆို ကိုယ်ဘာဖြစ်ချင်သလဲ ၊ ကိုယ့်ရဲ့ Personality က ဘာလဲဆိုတာ သိလောက်ပါပြီ။ သိပြီဆိုတာနဲ့ လုပ်သင့်တာက ကိုယ်သွားချင်တဲ့နယ်ပယ်က ထိပ်တန်းရောက်နေသူတွေဆီက အကြံတောင်းဖို့ပါပဲ။ သူတို့ဆီမှာ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို ညွှန်နိုင်တဲ့ မြေပုံရှိတတ်ပါတယ်။ ဒါဟာ Personality ကောင်းတစ်ခုကို ပျိုးထောင်ပေးတဲ့ ပထမဆုံး ခြေလှမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Lifestyle_Myanmar
ref-essentiallifeskills