ပင္လယ္ကမ္းေျခကို မၾကာခဏဆိုသလို သင္သြားေရာက္သင့္တဲ့ အေၾကာင္းရင္း (၃) ခ်က္

0
85

 

-Advertisement-

ပင္လယ္ကမ္းေျခထက္ ပိုေကာင္းတဲ့ေနရာ ဘာရွိပါေသးလဲ။ ကၽြန္ေတာ္တို႔ရဲ႕ ဘတၱရီကိုအားျဖည့္ဖို႔ အတြက္ ကမာၻႀကီးက ေပးထားတဲ့ လက္ေဆာင္ေတြထဲမွာ ပင္လယ္ကမ္းေျခဟာထိပ္ဆံုးမွာရွိတယ္လို႔ ေျပာခ်င္ပါတယ္။ ပင္လယ္ကမ္းေျခက အလွအပေတြ၊ သာယာမႈေတြ၊ အပန္းေျပမႈေတြဟာ ဘယ္ေနရာနဲ႔မွာ ႏႈိင္းယွဥ္လို႔ မရႏိုင္ပါဘူး။ ကမ္းေျခဟာ သင့္ရဲ႕ စိတ္ပိုင္းကိုသာမက ႐ုပ္ပိုင္းဆိုင္ရာကိုပါ အက်ိဳးေက်းဇူးေတြ ရရွိေစတယ္ဆိုတာကုိ ယံုၾကည္ပါရဲ႕လား။ သင့္အတြက္ဘယ္လိုအက်ိဳးထူးေတြ ရရွိေစမွာလဲ။

ပင္လယ္ေရ
ပင္လယ္ေရမွာ မဂၢနီဆီယမ္၊ အိုင္အိုဒင္း၊ ပိုတက္စီယမ္ နဲ႔ အျခားသတၱဳဓါတ္ေတြ ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ခႏၶာကိုယ္က အနာေရာဂါေတြကို ေပ်ာက္ကင္းေစ႐ံုသာမက ေရာဂါကူးစက္မႈကိုလည္း ခုခံတိုက္ခိုက္ေပးႏိုင္ပါတယ္။ ဒါထက္ပိုၿပီး ပင္လယ္ထဲမွာ ေပ်ာ္ေပ်ာ္ရြင္ရြင္ ေရကစားျခင္းေၾကာင့္ အပန္းေျပျခင္း၊ စိတ္ဖိစီးမႈေလ်ာ့နည္းျခင္း၊ စိုးရိမ္ေသာကေတြနဲ႔ စိတ္က်ေဝဒနာကို သက္သာေစႏိုင္ပါတယ္။ ေရကူးျခင္းဟာလည္း အေကာင္းဆံုးကိုယ္လက္လႈပ္ရွားမႈ ျဖစ္တာေၾကာင့္ ခႏၶာကိုယ္ရဲ႕ အဓိကၾကြက္သားေတြကို သန္စြမ္းၾကံ့ခိုင္ေစပါတယ္။

ေရကူးတာဟာ အားကစားနည္းအျဖစ္ မသတ္မွတ္ခင္ကတည္းက အဆစ္နာတာေတြ၊ ကိုယ္တြင္းဒါဏ္ရာေတြကို ေပ်ာက္ကင္းေစႏိုင္ဖို႔အတြက္ ျပဳလုပ္ခဲ့ၾကတာပါ။ဒါ့အျပင္ႏွလံုးေသြးေၾကာစနစ္ကေကာင္းစြာ အလုပ္လုပ္ျခင္း၊ ကယ္လိုရီေတြေလာင္ကၽြမ္းျခင္း တို႔အတြက္ အေကာင္းဆံုးနည္းတစ္ခုျဖစ္ၿပီး Healthline ရဲ႕အဆိုအရ ေရကူးျခင္းဟာ ပန္းနာရင္က်ပ္၊ နာဗ့္ေၾကာအလံုးစံု၊ အိပ္စက္ျခင္းျပႆနာ၊ ခံစားခ်က္မမွန္ျခင္းနဲ႔ စိတ္ဖိစီးမႈေတြကို သက္သာေပ်ာက္ကင္းေစႏိုင္ေၾကာင္း ဆိုခဲ့ပါတယ္။

သဲ
ေနာက္ထပ္တစ္မ်ိဳးကေတာ့ သဲေသာင္ျပင္ေပၚမွာ ဖိနပ္မပါပဲ ေျခဗလာနဲ႔ လမ္းေလွ်ာက္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြ ျဖစ္ပါတယ္။ သင့္ရဲ႕ေျခဖဝါးဟာ နာဗ္ေၾကာေတြဆံုးတဲ့ ေနရာျဖစ္ၿပီး အျခားကိုယ္ခႏၶာအစိတ္အပိုင္းေတြက ေခၽြးဂလင္းေတြထက္ cm2 ပိုပါတယ္။ ဒါေၾကာင့္ သဲေပၚမွာေျခဗလာနဲ႔ လမ္းေလွ်ာက္ျခင္းဟာ ေျခေထာက္ၾကြက္သားေတြကို အားေကာင္းလာေစၿပီး ကမာၻ႕ေျမႀကီးေပၚလမ္းေလွ်ာက္တဲ့အတြက္ သင့္ရဲ႕ mood ကိုလည္း ျမွင့္တင္ေပးႏိုင္ပါတယ္။

ေနေရာင္
ေနေရာင္ျခည္ထဲမွာ အခ်ိန္ၾကာျမင့္စြာ ေနတဲ့အခါ သင့္ရဲ႕အသားအေရကို ပ်က္စီးေစႏိုင္တာ မွန္ကန္ပါတယ္။ ဒါေပမယ့္ ညီမွ်ေအာင္ျပဳမူေနထိုင္ရင္ေတာ့ သင့္အတြက္ေကာင္းက်ိဳးေတြ ရရွိေစမွာျဖစ္ပါတယ္။ ပညာရွင္ေတြရဲ႕ အဆိုအရ ေနေရာင္ျခည္ဟာ သင့္ရဲ႕ဦးေႏွာက္ကို ေပ်ာ္ရြင္ေစတဲ့ ေဟာ္မုန္း serotonin ေတြထုတ္လႊတ္ေပးေစပါတယ္။ ဒါ့အျပင့္ သင့္အေရျပားအတြက္ မရွိမျဖစ္ ဗီတာမင္ဒီကို ထုတ္လုပ္ေပးၿပီး အ႐ိုးေတြကိုသန္မာေစပါတယ္။ ေနေရာင္ျခည္ဟာ သိုင္း႐ိြဳက္၊ အူသိမ္အူမေရာင္ယမ္းျခင္း၊ အဆစ္အျမစ္ေတြအတြက္လည္း ကုသေပးႏိုင္စြမ္းရွိပါတယ္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕အၾကံေပးမႈအရ တစ္ပတ္မွာ ၅မိနစ္ကေန ၁၅ မိနစ္ထိ ေနေရာင္ေအာက္မွာ ႏွစ္ႀကိမ္သံုးႀကိမ္ေလာက္ ေနေပးျခင္းဟာ မရွိမျဖစ္ဗီတာမင္ဒီကို ရရွိေစႏိုင္ေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ေနေရာင္ေအာက္မွာ ၁၅ မိနစ္ထက္ေက်ာ္လြန္ေအာင္ ေနမယ္ဆိုရင္ေတာ့ ေနေရာင္ကာခရင္မ္၊ ခ်ည္သားလက္ရွည္ နဲ႔ ဦးထုပ္ေဆာင္းဖို႔ မေမ့ပါနဲ႔။

သင္မေရြးခ်ယ္သင့္တဲ့ ခံစားခ်က္ပိုင္းဆိုင္ရာ မရင့္က်က္ေသာအမ်ိဳးသား (၆) မ်ိဳး

#LM_Naung_Naung
#Lifestyle_Myanmar

Unicode

ပင်လယ်ကမ်းခြေထက် ပိုကောင်းတဲ့နေရာ ဘာရှိပါသေးလဲ။ ကျွန်တော်တို့ရဲ့ ဘတ္တရီကိုအားဖြည့်ဖို့ အတွက် ကမ္ဘာကြီးက ပေးထားတဲ့ လက်ဆောင်တွေထဲမှာ ပင်လယ်ကမ်းခြေဟာထိပ်ဆုံးမှာရှိတယ်လို့ ပြောချင်ပါတယ်။ ပင်လယ်ကမ်းခြေက အလှအပတွေ၊ သာယာမှုတွေ၊ အပန်းပြေမှုတွေဟာ ဘယ်နေရာနဲ့မှာ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ ကမ်းခြေဟာ သင့်ရဲ့ စိတ်ပိုင်းကိုသာမက ရုပ်ပိုင်းဆိုင်ရာကိုပါ အကျိုးကျေးဇူးတွေ ရရှိစေတယ်ဆိုတာကို ယုံကြည်ပါရဲ့လား။ သင့်အတွက်ဘယ်လိုအကျိုးထူးတွေ ရရှိစေမှာလဲ။

ပင်လယ်ရေ
ပင်လယ်ရေမှာ မဂ္ဂနီဆီယမ်၊ အိုင်အိုဒင်း၊ ပိုတက်စီယမ် နဲ့ အခြားသတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်က အနာရောဂါတွေကို ပျောက်ကင်းစေရုံသာမက ရောဂါကူးစက်မှုကိုလည်း ခုခံတိုက်ခိုက်ပေးနိုင်ပါတယ်။ ဒါထက်ပိုပြီး ပင်လယ်ထဲမှာ ပျော်ပျော်ရွင်ရွင် ရေကစားခြင်းကြောင့် အပန်းပြေခြင်း၊ စိတ်ဖိစီးမှုလျော့နည်းခြင်း၊ စိုးရိမ်သောကတွေနဲ့ စိတ်ကျဝေဒနာကို သက်သာစေနိုင်ပါတယ်။ ရေကူးခြင်းဟာလည်း အကောင်းဆုံးကိုယ်လက်လှုပ်ရှားမှု ဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ အဓိကကြွက်သားတွေကို သန်စွမ်းကြံ့ခိုင်စေပါတယ်။

ရေကူးတာဟာ အားကစားနည်းအဖြစ် မသတ်မှတ်ခင်ကတည်းက အဆစ်နာတာတွေ၊ ကိုယ်တွင်းဒါဏ်ရာတွေကို ပျောက်ကင်းစေနိုင်ဖို့အတွက် ပြုလုပ်ခဲ့ကြတာပါ။ဒါ့အပြင်နှလုံးသွေးကြောစနစ်ကကောင်းစွာ အလုပ်လုပ်ခြင်း၊ ကယ်လိုရီတွေလောင်ကျွမ်းခြင်း တို့အတွက် အကောင်းဆုံးနည်းတစ်ခုဖြစ်ပြီး Healthline ရဲ့အဆိုအရ ရေကူးခြင်းဟာ ပန်းနာရင်ကျပ်၊ နာဗ့်ကြောအလုံးစုံ၊ အိပ်စက်ခြင်းပြဿနာ၊ ခံစားချက်မမှန်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကို သက်သာပျောက်ကင်းစေနိုင်ကြောင်း ဆိုခဲ့ပါတယ်။

သဲ
နောက်ထပ်တစ်မျိုးကတော့ သဲသောင်ပြင်ပေါ်မှာ ဖိနပ်မပါပဲ ခြေဗလာနဲ့ လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ သင့်ရဲ့ခြေဖဝါးဟာ နာဗ်ကြောတွေဆုံးတဲ့ နေရာဖြစ်ပြီး အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေက ချွေးဂလင်းတွေထက် cm2 ပိုပါတယ်။ ဒါကြောင့် သဲပေါ်မှာခြေဗလာနဲ့ လမ်းလျှောက်ခြင်းဟာ ခြေထောက်ကြွက်သားတွေကို အားကောင်းလာစေပြီး ကမ္ဘာ့မြေကြီးပေါ်လမ်းလျှောက်တဲ့အတွက် သင့်ရဲ့ mood ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

နေရောင်
နေရောင်ခြည်ထဲမှာ အချိန်ကြာမြင့်စွာ နေတဲ့အခါ သင့်ရဲ့အသားအရေကို ပျက်စီးစေနိုင်တာ မှန်ကန်ပါတယ်။ ဒါပေမယ့် ညီမျှအောင်ပြုမူနေထိုင်ရင်တော့ သင့်အတွက်ကောင်းကျိုးတွေ ရရှိစေမှာဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ နေရောင်ခြည်ဟာ သင့်ရဲ့ဦးနှောက်ကို ပျော်ရွင်စေတဲ့ ဟော်မုန်း serotonin တွေထုတ်လွှတ်ပေးစေပါတယ်။ ဒါ့အပြင့် သင့်အရေပြားအတွက် မရှိမဖြစ် ဗီတာမင်ဒီကို ထုတ်လုပ်ပေးပြီး အရိုးတွေကိုသန်မာစေပါတယ်။ နေရောင်ခြည်ဟာ သိုင်းရွိုက်၊ အူသိမ်အူမရောင်ယမ်းခြင်း၊ အဆစ်အမြစ်တွေအတွက်လည်း ကုသပေးနိုင်စွမ်းရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အကြံပေးမှုအရ တစ်ပတ်မှာ ၅မိနစ်ကနေ ၁၅ မိနစ်ထိ နေရောင်အောက်မှာ နှစ်ကြိမ်သုံးကြိမ်လောက် နေပေးခြင်းဟာ မရှိမဖြစ်ဗီတာမင်ဒီကို ရရှိစေနိုင်ကြောင်း သိရပါတယ်။ ဒါပေမယ့် နေရောင်အောက်မှာ ၁၅ မိနစ်ထက်ကျော်လွန်အောင် နေမယ်ဆိုရင်တော့ နေရောင်ကာခရင်မ်၊ ချည်သားလက်ရှည် နဲ့ ဦးထုပ်ဆောင်းဖို့ မမေ့ပါနဲ့။

#LM_Naung_Naung
#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here