ပကာသနတွေ မမက်မောဘဲ သာမန်လူတွေလို ရထား/ ဘတ်စ်ကားတိုးစီးတတ်တဲ့ ဟောလိ၀ုဒ်မင်းသား၊ မင်းသမီးများ

0
461
ဟောလိ၀ုဒ်မင်းသား၊ မင်းသမီးများ
ဟောလိ၀ုဒ်မင်းသား၊ မင်းသမီးများ

Rihanna

ကြီးမာတဲ့ မိသားစုဝင်တွေနဲ့အတူ Rihanna ကို Barbados မှာမွေးဖွားခဲ့ပါတယ်။ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်ပေမဲ့ သူမရဲ့ ပုံရိပ်တွေကတော့ ဖန်သာပြင်နောက်ကွယ်မှာ သာမန်လူတစ်ဦးလိုပါပဲ။ သူမဟာ မကြာခဏ အင်တာနက်ပေါ်မှာ ပရိတ်သတ်တွေနဲ့စကားပြောလေ့ရှိပါတယ်။ တီဗွီရှေ့မှာထိုင်ပြီး ပျင်းနေရာတာကြိုက်တယ်။ ပြီးတော့ နာမည်ကြီး ဟင်းလျာတွေ ချက်ပြုတ်ရတာကိုလည်း ဝါသနာပါသူဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သူမက ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်ပေမဲ့ ကိုယ်ပိုင်ကားသိပ့်မစီးပဲအများပြည်သူတွေစီးတဲ့ ရထားတို့၊ ဘတ်စ်ကားတွေကို စီးရတာကြိုက်သူတစ်ဦးဖြစ်ပါတယ်။

Anne Hathaway

အပြုံးချိုချိုလေးတွေပိုင်ဆိုင်ထားတဲ့ Anne Hathaway ကတော့ New jersey မှာကြီးပြင်းခဲ့သူတစ်ဦးဖြစ်ပြီး သူမရဲ့ ဘဝကတော့ ရိုးရှင်းတဲ့လူလတ်တန်းစားမိန်းကလေးတစ်ဦးဖြစ်ပေမဲ့ နာမည်ကြီး ရုပ်ရှင်းမင်းသမီးတစ်ဦးဖြစ်ပါတယ်။ ပကာသနတွေ ဇိမ်ခံပစ္စည်းတွေအပေါ်မှာ တပ်မက်မှုမရှိပါဘူး။ ဒါ့ကြောင့် သူမရဲ့ ပုံရိပ်တွေကို မြေအောက်ရထားပေါ်မှာ အကြာခဏ အကြိမ်ပေါင်းများစွာ တွေ့မြင်နေရပါတယ်။ နာမည်ကြီးရုပ်ရှင်မင်းသမီးဖြစ်ပေမဲ့ သာမန်လူတွေလိုပဲ သွားလာလှုပ်ရှားနေတာဖြစ်ပါတယ်။

Drew Barrymore

အလွန်ငယ်ရွယ်တဲ့ အချိန်ထဲက Drew Barrymore ဟာ ကျော်ကြားမှုတွေကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဒီလို ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်ဖို့ ကြမ်းတမ်းတဲ့ကာလတွေကိုဖြတ်သန်းခဲ့ရပြီး သူမရဲ့ ဘဝကိုအောင်မြင်အောင် စီမံခန့်ခွဲနိုင်သူတစ်ဦးဖြစ်ပါတယ်။အနုပညာရှင်တစ်ဦးဖြစ်ပေမဲ့ ရိုးရှင်းတဲ့ လူနေမှုပုံစံနဲ့ပဲဖြတ်သန်းပြီး မကြာခဏဆိုသလို သူမရဲ့ post တွေမှာ မိတ်ကပ်မပါဘဲ သာမန်တစ်ဦးအဖြစ်သာ တင်လေ့ရှိပါတယ်။ ယခုဖော်ပြထားတဲ့ပုံကတော့ မိတ်ကပ်လိမ်းခြယ်ထားခြင်းမရှိဘဲ သာမန်လူတစ်ယောက်အနေနဲ့ ရထားစီးနေတာဖြစ်ပါတယ်။

Dakota Fanning

Dakota Fanning ဟာ လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမက တက္ကသိုလ်တတ်နေစဉ်အတွင်း သူမရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ သိုမွှေးထိုးတဲ့အလုပ် နဲ့ ရိုက်ကူးရေးအလုပ်ကိုပါ တွဲဖက်လုပ်ကိုင်ခဲ့ပြီး တက္ကသိုလ်မှာလည်းဂုဏ်ထူးဆောင်ဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ နာမည်ကြီးသူတစ်ဦးဖြစ်တာကြောင့် သူမရဲ့နောက်ကို မီဒီယာ သတင်းထောက်တို့ လိုက်ပြီး သတင်းယူခြင်းမျိုးကို စိုးရိမ်ခြင်းမျိုးမရှိဘဲ သာမန်သူတစ်ဦးလိုပဲ နေထိုင်သွားလာပါတယ်။ သူမရဲ့ ပုံရိပ်တွေကိုတော့မြေအောက်ရထားပေါ်မှာ မကြာခဏတွေ့ရပါတယ်။

Katie Holmes

Katie Holmes ရဲ့ ပုံရိပ်တွေကတော့ မြေအောက်ရထားဘူးတာမျာ အများဆုံးတွေ့ရပါတယ်။ ဘူတာရုံမှာ သူမတစ်ဦးတည်း ဒါမှမဟုတ် သူမရဲ့ သမီးလေးနဲ့ မကြာခဏဆိုသလိုတွေ့မြင်နေရပါတယ်။ Katie ဟာ New York မှာ နေ့စဉ် မင်းသမီးအဖြင့် ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး သူမဟာ အများပြည်သူတွေစီးတဲ့ ဇိမ်ခံအမြန်ယာဉ်ရဲ့ လျှင်မြန်မှုကို ကြိုက်နှစ်သက်တာကြောင့် မြေအောက်ရထားကို မကြာခဏဆိုသလိုစီးလေ့ရှိပါတယ်။

Jennifer Lopez

ကမ္ဘာကသိတဲ့ Jennifer Lopez ကတော့ ဆင်းရဲတဲ့ Bronx နယ်မြို့လေးတစ်မြို့မှာမွေးဖွားပြီး ပုံမှန်မိသာစုံထံက ဆင်းသက်လာသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရီယကြောင့် အောင်မြင်မှုရရှိခဲ့ပေမဲ့ သူမစတင်ခဲ့တဲ့ဘဝကိုကို မမေ့လျော့ခဲ့ပါဘူး။ သူမဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှု ပုံစံအတိုင်းနေပြီး အရက်သောက်ခြင်းလည်း မရှိပါဘူး။ ကလေးဆေးရုံများကို ထောက်ပ့ံမှုပေးပြီး လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်များကို လှုပ်ရှားနေသူတစ်ဦးဖြစ်ပါတယ်။

Paul Wesley

Paul Wesley ဟာ Vampire Diaries ဇာတ်ကားဖြင့် နာမည်ကြီးခဲ့သူဖြစ်ဦးဖြစ်ပြီး အားလပ်ချိန်တွေမှာ ဟော်ကီဂိမ်းကစားခြင်း၊ နှင်းလျောစီးခြင်း၊ ဂီတာတီးခြင်း တို့ကို ဝါသနာပါသူတစ်ဦးဖြစ်ပါတယ်။ Paul Wesley ကို မကြာခဏဆိုသလို အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်တဲ့ မြေအောက်ရထား၊ ဘတ်စ်ကားများပေါ်မှာ တွေ့လေ့ရှိပြီး သေးငယ်တဲ့ လမ်းဘေးဆိုင်လေးတွေမှာလည်း ထိုင်လေ့ရှိပါတယ်။

Zooey Deschanel

Zooey Deschanel ကို ခေတ်ဟောင်း မိန်းကလေးလို့တောင်ခေါ်ဝေါ်ကြပါတယ်။ သူမဟာ Vintage အဝတ်အစားများ၊ ရှေ့ဟောင်းရုပ်ရှင်ကားများ နဲ့ ရှေ့ဟောင်းဂီတကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအရ သူမရဲ့ဟာ အများအမြင်မှာ အနှောင့်အယှက်ဖြစ်တယ်လို့ ထင်ရပေမဲ့ သူမရဲ့ ဖက်ရှင်ကိုအားလုံးက ကြိုက်ကြပါတယ်။ သူမဟာ နာမည်ကြီး Brand ထုတ်ကုန်တွေအပေါ်မှာ ပိုက်ဆံဖြုန်းလေ့မရှိပါဘူး။ ဒါပေမဲ့ ပရဟိတအတွက်ကတော့ သူမရဲ့ အိမ်နဲ့ခြံကိုပါ ရင်းနှီးမြှုပ်နှံထားသူတစ်ဦးဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဖိလစ်ပိုင်နိုင်ငံက မင်းသမီးရှုံးလောက်အောင်လှတဲ့ ၂၃နှစ်အရွယ် ၀ပ်ရှော့ ဆရာမလေး

LEAVE A REPLY

Please enter your comment!
Please enter your name here