နနွင်းကို မျက်နှာပေါ်မှာ ဘယ်လောက်ကြာကြာ ထားနိုင်သလဲ?

0
103

နနွင်းမှုန့်ကို အိန္ဒိယ၊ မြန်မာ၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေမှာ အဓိကဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပြီး နှစ်ပေါင်းအတော်ကြာကတည်းက အဆစ်အမြစ်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းတွေ ကုသတဲ့နေရာမှာ ဆေးအဖြစ် သုံးခဲ့ကြပါတယ်။ နနွင်းမှုန့်ဟာ အသားအရေကို ကောင်းကျိုးရရှိစေပါတယ်။

နနွင်းမှာပါဝင်တဲ့ hyperpogmentation ကြောင့် ဝက်ခြံတွေကို ကုသနိုင်ပါတယ်။ နနွင်းကို ယခုအခါမှာ မျက်နှာပေါင်းတင်ဆေးနှင့် လိမ်းဆေးများမှာ ကျယ်ပြန့်စွာ အသုံးပြုလျှက်ရှိပါတယ်။နနွင်းမှာရှိတဲ့ anti-inflammatory နှင့် anti- becterial ဂုဏ်သတ္တိများက ဝက်ခြံတွေကို တိုက်ဖျက်ပေးပြီး အညစ်အကြေးများနှင့် အသားအရောင်မညီတာတွေ အရေးအကြောင်းများကို လျှော့ချပေးပါတယ်။ ဒါပေမယ့် မျက်နှာပေါင်းတင်တဲ့အခါ နနွင်းမှုန့်ကို မျက်နှာပေါ်မှာ ဘယ်လောက်ကြာကြာထားသင့်ပါသလဲ?

နနွင်းက အသားအရေပေါ်မှာ အသုံးပြုပြီးရင် ဝါဝါလေးဖြစ်ပြီးကျန်ခဲ့ပါတယ်။ မျက်နှာပေါ်မှာ အဝါရောင်မကျန်ခဲ့စေချင်ရင် face pack တွေမှာ နနွင်းမှုန့်ကို စားပွဲတင်ဇွန်း ၄ပုံ၁ပုံခန့်သာ အသုံးပြုဖို့ အကြံပြုပါတယ်။ နနွင်းမှုန့်က ဘေးကင်းတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး မျက်နှာပေါင်းတင်ဆေးအဖြစ် မိနစ် ၂၀-၃၀လောက် မျက်နှာပေါ်မှာ ထားလို့ရပါတယ်။ ဘယ် Mask မဆို မိနစ် ၂၀-၃၀ခန့်သာ ထားသင့်ပါတယ်။

နနွင်းက အသားအရေအတွက် အရမ်းကောင်းတာကြောင့် အိမ်မှာ ပြုလုပ်နိုင်တဲ့ အသားဖြူနနွင်းပေါင်းတင်နည်း ၃နည်းကို ပျိုမေတို့အတွက် မျှဝေပေးလိုက်ပါတယ်။

၁။ ကုလားပဲမှုန့်၊ ဒိန်ချဉ်နှင့် နနွင်း

ဒီပေါင်းတင်နည်းက ဘယ်အသားအရေအမျိုးအစား မဆိုသင့်လျော်ပါတယ်။ ပုံမှန်အသုံးပြုရင် အသားအရေကို တောက်ပစေပါလိမ့်မယ်။ ကုလားပဲမှုန့် လက်ဖက်စားဇွန်း ၂ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ဇွန်း၊နှင့် နနွင်းမှုန့်အနည်းငယ်ကို ရောပါ။ လတ်လတ်ဆတ်ဆတ် သံပုရာရည်အနည်းငယ်ထည့်ပါ။ ခပ်ပျစ်ပျစ်ရတဲ့အထိ မွှေပါ။ အရမ်းပျစ်သွားရင် ရေအနည်းငယ်ထည့်နိုင်ပါတယ်။ မျက်နှာ၊ လည်ပင်းနှင့် နားတွေကို လိမ်းပေးပါ။ မိနစ် ၂၀လောက်နေမှ ရေနွေးနွေးဖြင့် သန့်စင်ပေးပါ။

၂။ နနွင်းမှုန့်၊ ကြက်ဥအကာနှင့် သံလွင်ဆီ

ကြက်ဥက အရေပြားယားယံခြင်းနှင့် ခြောက်သွေ့ခြင်းကဲ့သို့သော အသေးစားအရေပြားပြဿနာများကို သက်သာစေပါတယ်။ သံလွင်ဆီမှာ အင်တီအောက်ဆီဒင့် ပါဝင်တာကြောင့် အသားအရေကို ရေဓါတ်ရရှိစေပြီး အသားအရေကိုလည်း တင်းရင်းစေပါတယ်။ ဒီ Mask ပြုလုပ်ဖို့ ကြက်ဥအကာနှင့် သံလွင်ဆီအစက်နည်းငယ်ကို ရောပါ။ ပြီးနောက် သံပုရာရည် ဇွန်းတစ်ဝက်နှင့် နနွင်းမှုန့် အနည်းငယ်ထည့်ပါ။ အသားအရောင်ကို တောက်ပစေတဲ့ hydrating pack ဖြစ်တာကြောင့် ဒီပေါင်းတင်ဆေးကို မျက်နှာ ၊တံတောင်ဆစ်များ၊ ဒူးများမှာ လိမ်းနိုင်ပါတယ်။ Pack ကို လုံးဝခြောက်သွားတဲ့အထိထားပြီး ရေနွေးနွေးနဲ့ ဆေးကြောပါ။ ဒီ pack ဟာ ဆောင်းရာသီတွေအတွက် ကောင်းပါတယ်။

၃။ ဒိန်ချဉ်၊ ရှားစောင်းလက်ပတ်နှင့် နနွင်း

ရှားစောင်းလက်ပတ်မှာ အသားအရေကို sooth ဖြစ်စေတဲ့ အင်တီအောက်ဆီဒင့် ပါရှိပါတယ်။ အသားအရေနီမြန်းတာတွေ၊ အပူလောင်တာတွေ၊ အဖုအပိန့်တွေကို သက်သာစေဖို့ ကူညီပေးပါတယ်။ ဒိန်ချဉ်က အသားအရေပေါ်မှာ ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်။ အဆီပြန်ပြီး ဝက်ခြံထွက်တဲ့ အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။ ရှားစောင်းလက်ပတ် လက်ဖက်စားဇွန်း ၁ဇွန်းနဲ့ ဒိန်ချဉ်ထမင်းစားဇွန်း ၁ဇွန်းကို ရောပါ။ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ ခပ်ပျစ်ပျစ်ဖြစ်သွားတဲ့အထိ ကောင်းစွာမွှေပါ။ မျက်နှာတပြင်လုံး လိမ်းပြီး မိနစ် ၂၀လောက်ထားပါ။ ပြီးမှ ရေအေးအေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်ကို ၂ကြိမ်သုံးပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here