နှုတ်ခမ်းပေါ်က မလိုလားတဲ့အမွှေးအမျှင်တွေကို သဘာဝအတိုင်း ဘယ်လိုဖယ်ရှားမလဲ

0
236

မိန်းကလေးတွေအတွက် အင်မတန်စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အလှအပဖျက်ဆီးရေးတွေထဲမှာ နှုတ်ခမ်းအပေါ်က အမွှေးအမျှင်တွေကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပိုက်ဆံအကုန်အကျခံပြီးတော့ အလှပြင်ဆိုင်တွေကိုသွားနေကြရတာမဟုတ်ပါလား။ ဒါပေမယ့် အခုလိုမျိုး အမြဲတမ်းသွားနေရတာဟာ ကြာလာတော့ အချိန်ရောငွေပါကုန်လာနိုင်လို့ ဘေးထွက်ဆိုးကျိုးတွေမရှိတဲ့ သဘာဝနည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

-Advertisement-

၁။ နနွင်းနှင့်နွားနို့

လိုအပ်သည့်ပစ္စည်းများ
• နနွင်း – စားပွဲတင်ဇွန်း ၁ ဇွန်း
• ရေ သို့မဟုတ် နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံ – နနွင်းမှုန့်ကို ရေ သို့မဟုတ် နွားနို့နဲ့သေချာရောပြီးတော့ နှုတ်ခမ်းအပေါ်မှာလိမ်းပေးကာ နာရီဝက်ထားပေးပါ။ မာလာပြီဆိုပါက အသာလေးပွတ်သပ်ပေးတာဖြစ်ဖြစ်၊ ရေနဲ့ဆေးကြောပေးတာဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ပတ်လျှင်တစ်ကြိမ်ကို ရက်သတ္တပတ်အနည်းငယ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။

၂။ ကြက်ဥအကာ

လိုအပ်သည့်ပစ္စည်းများ
• ကြက်ဥအကာ – ၁ လုံး
• ပြောင်းဂျုံမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံ – ကြက်ဥအကာကို ပြောင်းဂျုံမှုန့်၊ သကြားတို့နဲ့ရောပြီးတော့ ပျစ်နှစ်လာတဲ့အထိ ခလောက်ပေးပါ။ ပျစ်သွားပြီဆိုရင် အနှစ်ကိုနှုတ်ခမ်းအပေါ်တစ်ဝိုက်လိမ်းပေးပြီး နာရီဝက်ခြောက်အောင်ထားပါ။ တစ်ပတ်လျှင် ၂ ကြိမ်ပြုလုပ်ပေးခြင်းဖြင့် တစ်လအတွင်းမှာ အမွှေးအမျှင်တွေပေါက်တဲ့နှုန်းလျော့သွားတာကို သတိထားမိမှာဖြစ်ပါတယ်။

၃။ သကြား

လိုအပ်သည့်ပစ္စည်းများ
• သကြား – စားပွဲတင်ဇွန်း ၂ ဇွန်း
• သံပုယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
• ခပ်နုနု အဝတ်တစ်ထည်

ပြုလုပ်ပုံ – ဒယ်အိုးတစ်ခုထဲမှာ သကြားအရည်ပျော်အောင် ၁ မိနစ်လောက်ကျိုပြီး လတ်ဆတ်တဲ့သံပုယိုရည်ထည့်ပါ။ ပျစ်လာတဲ့အထိ မွှေပေးပါ။ အေးသွားပြီဆိုပါက အနှစ်ကိုနှုတ်ခမ်းအပေါ်တစ်ဝိုက် လိုက်လိမ်းပေးပါ။ ပြီးရင် အဝတ်ကိုယူပြီးတော့ လိမ်းထားတဲ့အနှစ်ပေါ်မှာ အသာလေးတင်ပြီးတော့ အဝိုင်းပုံစံပွတ်ပေးလိုက်ပါ။ အခုနည်းလမ်းကို လိုအပ်တဲ့အချိန်တိုင်း အသုံးပြုနိုင်ပါတယ်။

၄။ သံပုယိုသီးနှင့်သကြား

လိုအပ်သည့်ပစ္စည်းများ
• သံပုယိုသီး ၁ လုံး
• သကြား – စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံ – သံပုယိုသီးကိုအရည်ညှစ်ပြီး သကြားထည့်ကာ အနှစ်ဖြစ်တဲ့အထိမွှေပေးပါ။ အဆင်သင့်ဖြစ်ပြီဆိုပါက နှုတ်ခမ်းအပေါ်မှာသုတ်လိမ်းပြီး ၁၅ မိနစ်အခြောက်ခံပါ။ ခြောက်သွားပါက ရေနဲ့ဆေးကြောသန့်စင်လိုက်ပါ။ နေ့တိုင်းပြုလုပ်ပေးနိုင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-ba-bamail

ႏႈတ္ခမ္းေပၚက မလိုလားတဲ့အေမႊးအမွ်င္ေတြကို သဘာဝအတိုင္း ဘယ္လိုဖယ္ရွားမလဲ

မိန္းကေလးေတြအတြက္ အင္မတန္စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အလွအပဖ်က္ဆီးေရးေတြထဲမွာ ႏႈတ္ခမ္းအေပၚက အေမႊးအမွ်င္ေတြကလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပိုက္ဆံအကုန္အက်ခံၿပီးေတာ့ အလွျပင္ဆိုင္ေတြကိုသြားေနၾကရတာမဟုတ္ပါလား။ ဒါေပမယ့္ အခုလိုမ်ိဳး အၿမဲတမ္းသြားေနရတာဟာ ၾကာလာေတာ့ အခ်ိန္ေရာေငြပါကုန္လာႏိုင္လို႔ ေဘးထြက္ဆိုးက်ိဳးေတြမရွိတဲ့ သဘာဝနည္းလမ္းေကာင္းေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

၁။ နႏြင္းႏွင့္ႏြားႏို႔

လိုအပ္သည့္ပစၥည္းမ်ား
• နႏြင္း – စားပြဲတင္ဇြန္း ၁ ဇြန္း
• ေရ သို႔မဟုတ္ ႏြားႏို႔ – စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္ပုံ – နႏြင္းမႈန႔္ကို ေရ သို႔မဟုတ္ ႏြားႏို႔နဲ႔ေသခ်ာေရာၿပီးေတာ့ ႏႈတ္ခမ္းအေပၚမွာလိမ္းေပးကာ နာရီဝက္ထားေပးပါ။ မာလာၿပီဆိုပါက အသာေလးပြတ္သပ္ေပးတာျဖစ္ျဖစ္၊ ေရနဲ႔ေဆးေၾကာေပးတာျဖစ္ျဖစ္ ျပဳလုပ္ေပးႏိုင္ပါတယ္။ တစ္ပတ္လွ်င္တစ္ႀကိမ္ကို ရက္သတၱပတ္အနည္းငယ္ေလာက္ ျပဳလုပ္ေပးႏိုင္ပါတယ္။

၂။ ၾကက္ဥအကာ

လိုအပ္သည့္ပစၥည္းမ်ား
• ၾကက္ဥအကာ – ၁ လုံး
• ေျပာင္းဂ်ဳံမႈန႔္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• သၾကား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္ပုံ – ၾကက္ဥအကာကို ေျပာင္းဂ်ဳံမႈန႔္၊ သၾကားတို႔နဲ႔ေရာၿပီးေတာ့ ပ်စ္ႏွစ္လာတဲ့အထိ ခေလာက္ေပးပါ။ ပ်စ္သြားၿပီဆိုရင္ အႏွစ္ကိုႏႈတ္ခမ္းအေပၚတစ္ဝိုက္လိမ္းေပးၿပီး နာရီဝက္ေျခာက္ေအာင္ထားပါ။ တစ္ပတ္လွ်င္ ၂ ႀကိမ္ျပဳလုပ္ေပးျခင္းျဖင့္ တစ္လအတြင္းမွာ အေမႊးအမွ်င္ေတြေပါက္တဲ့ႏႈန္းေလ်ာ့သြားတာကို သတိထားမိမွာျဖစ္ပါတယ္။

၃။ သၾကား

လိုအပ္သည့္ပစၥည္းမ်ား
• သၾကား – စားပြဲတင္ဇြန္း ၂ ဇြန္း
• သံပုယိုရည္ – စားပြဲတင္ဇြန္း ၁ ဇြန္း
• ခပ္ႏုႏု အဝတ္တစ္ထည္

ျပဳလုပ္ပုံ – ဒယ္အိုးတစ္ခုထဲမွာ သၾကားအရည္ေပ်ာ္ေအာင္ ၁ မိနစ္ေလာက္က်ိဳၿပီး လတ္ဆတ္တဲ့သံပုယိုရည္ထည့္ပါ။ ပ်စ္လာတဲ့အထိ ေမႊေပးပါ။ ေအးသြားၿပီဆိုပါက အႏွစ္ကိုႏႈတ္ခမ္းအေပၚတစ္ဝိုက္ လိုက္လိမ္းေပးပါ။ ၿပီးရင္ အဝတ္ကိုယူၿပီးေတာ့ လိမ္းထားတဲ့အႏွစ္ေပၚမွာ အသာေလးတင္ၿပီးေတာ့ အဝိုင္းပုံစံပြတ္ေပးလိုက္ပါ။ အခုနည္းလမ္းကို လိုအပ္တဲ့အခ်ိန္တိုင္း အသုံးျပဳႏိုင္ပါတယ္။

၄။ သံပုယိုသီးႏွင့္သၾကား

လိုအပ္သည့္ပစၥည္းမ်ား
• သံပုယိုသီး ၁ လုံး
• သၾကား – စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္ပုံ – သံပုယိုသီးကိုအရည္ညႇစ္ၿပီး သၾကားထည့္ကာ အႏွစ္ျဖစ္တဲ့အထိေမႊေပးပါ။ အဆင္သင့္ျဖစ္ၿပီဆိုပါက ႏႈတ္ခမ္းအေပၚမွာသုတ္လိမ္းၿပီး ၁၅ မိနစ္အေျခာက္ခံပါ။ ေျခာက္သြားပါက ေရနဲ႔ေဆးေၾကာသန႔္စင္လိုက္ပါ။ ေန႔တိုင္းျပဳလုပ္ေပးႏိုင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here