နှုတ်ခမ်းကို နမ်းရာမှ HSV-1 ဗိုင်းရပ်စ်ကူးစက်ပြီး သေလုနီးနီးကြုံတွေခဲ့ရတဲ့ ၁နှစ်အရွယ်ကလေးငယ်

0
67
Herpes Simplex

မကြာသေးမှီရက်ပိုင်းက Ellis ဆိုတဲ့ မိခင်တစ်ဦးဟာ သူမရဲ့ ကလေးကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို မျှဝေခဲ့ပြီး အခြားသော မိခင်တွေအနေနဲ့လည်း ရှောင်ကြဉ်နိုင်အောင် သတိပေးထားခဲ့ပါတယ်။ Wales မှာနေထိုင်တဲ့ Ellis ဟာ သူမရဲ့ ကလေးဖြစ်သူ Charlotte Jones ရဲ့ ကျန်းမာရေးအခြေအနေက ရက်အနည်းငယ်အတွင်း ဆိုးရွာလာတာကြောင့် ဆရာဝန်ထံ သွားရောက်ပြသခဲ့ပါတယ်။

သူမ သွားရောက်ပြသပြီးတဲ့ အချိန်မှာတော့ ဆရာဝန်ရဲ့ စစ်ဆေးချက်အရ ကလေးမှာ HSV-1 လို့ခေါ်တဲ့ Herpes Simplex ဗိုင်းရပ်စ် တစ်မျိုး ကူးစက်ခံခဲ့ရတာတွေ့ခဲ့ရပါတယ်။ ထို ဗိုင်းရပ်စ်မျိုးဟာ လူကြီးတွေအတွက်တော့ သိပ်ပြီး ထိခိုက်မှုမရှိပေမဲ့ ကိုယ်ခံစွမ်းအား အရမ်းနည်းနေတဲ့ ကလေးငယ်တွေအတွက်တော့ အရမ်းကို အန္တရာယ် ရှိစေပါတယ်။

အဆိုပါ ဗိုင်းရပ်စ်ပိုးဟာ ဦးနှောက်ထဲကို ပျံ့နှံ့သွားတဲ့ အချိန်မှာ ကိုယ်တွင်းအင်္ဂါအချို့ကို ပျက်ဆီးစေပြီး အသက်ဆုံးရှုံးမှုအထိ ဖြစ်ပေါ်နိုင်ပါတယ်။ Ellis ရဲ့ အကောင့်မှာ မျှဝေပေးထားတာကတော့ အဆိုပါ ဗိုင်းရပ်စ်ပိုးရှိသူတွေအနေနဲ့ ကလေးသူငယ်တွေကို နမ်းတာ၊ ထိတွေ့တာကနေ ဗိုင်းရပ်စ်က ကူးစက်တတ်ပြီး ဒီအပြုအမူက ကလေးတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်ဆိုတာ လူကြီးတွေ တော်တော်များများ မသိကြဘူးလို့ ဆိုထားပါတယ်။

သူမရဲ့ ကလေးလဲ အဆိုပါ ဗိုင်းရပ်စ်ပိုး ရှိသူတစ်ယောက်ရဲ့ နှုတ်ခမ်းနမ်းတာကို ခံလိုက်ရပြီး တစ်ပတ်အကြာမှာပဲ ကလေးရဲ့ နှုတ်ခမ်းတစ်ဝှိုက်မှာ ရေယုန်လို အနာတွေ ပေါက်လာခဲ့တာပါ။ အဲ့ဒီနောက် တစ်ပတ်လောက် အစာ ကျွေးလို့ မရပဲ ပိုက်နဲ့ ထိုးသွင်းရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် Ellis ဟာ အခြားသူတွေအနေနဲ့ ကလေးကို နမ်းမယ်၊ ထိတွေ့မယ်ဆိုရင် အရင်ဦးဆုံး ကိုယ့်ကိုကိုယ် သန့်ရှင်းအောင် အရင်ပြုလုပ်ပြီးမှ ကလေးကို ကိုင်တွယ်ထိတွေ့တာ အကောင်းဆုံးပါ လို့ တိုက်တွန်းထားပါတယ်။

Herpes Simplex ဗိုင်းရပ်စ်ပိုးကြောင့် ပါးစပ် ဒါမှမဟုတ် လိင်အင်္ဂါမှာ အနာအရည်ကြည်အဖုလေးတွေ ဖြစ်ပေါ်တတ်ပြီး များသောအားဖြင့် လိင်ဆက်ဆံတဲ့ အချိန်မှာ ကူးစက်မှု ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။ HSV ဗိုင်းရပ်စ်အမျိုးအစားဟာ HSV1 နဲ့ HSV2 ဆိုပြီး ၂မျိုးရှိပါတယ်။ များသောအားဖြင့် အဆိုပါ ဗိုင်းရပ်စ်ဟာ စိုစွတ်တဲ့ အရေပြား၊ နှုတ်ခမ်း၊ လိင်တံ၊ ယောနိ၊ စအို စတဲ့ နေရာတွေကနေ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကူးစက်နိုင်တာပါ။

HSV ဗိုင်းရပ်စ်နှစ်မျိုးစလုံးဟာ နှုတ်ခမ်းပေါ်မှာ အနာပေါက်ခြင်း၊ လိင်အင်္ဂါပေါ် အနာပေါက်ခြင်း၊ လက်ချောင်းနဲ့ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာပါ အနာအရည်ကြည်ဖုလေးတွေ ပေါက်ခြင်း စတဲ့ လက္ခာဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် ၁နှစ်မပြည့်သေးတဲ့ ကလေးတွေ၊ မွေးကင်းစ ကလေးငယ်တွေဟာ ကိုယ်ခံစွမ်းအားစနစ် ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ကူးစက်ခံရလျှင် အရမ်းအန္တရာယ် ရှိစေနိုင်ပါတယ်။

ကလေးငယ်အများစုဟာ လူကြီးတွေရဲ့ နမ်းခြင်း ထိတွေ့ကိုင်တယ်ခြင်းတို့ကြောင့် ကူးစက်မှုများပြီး မျက်စိ၊ ပါးစပ် စတဲ့အရေပြားနေရာတစ်ဝှိုက်မှာအနာဖြစ်ပြီး အချိန်မှီကုသမှု ခံယူနိုင်ရင်တော့ ပျောက်ကင်းနိုင်ပေမဲ့ အချိန်မှီကုသမှုမရှိတော့ အသက်အန္တရာယ်အတွက် ထိခိုက်မှုရှိစေနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မွေးကင်းစကလေး သုံးပုံ ပုံတစ်ပုံလောက် အထိရှိတယ်လို့လည်း သိရပါတယ်။

#Lifestyle_Myanmar

#Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here