နှစ် ၂၀ကြာ သစ်တော တစ်တောလုံး စိုက်ပျိုးပြီး တောရိုင်းတိရစ္ဆာန် ထောင်ပေါင်းများစွာကို နေရပ်ပြန်လာစေခဲ့တဲ့ ဘရာဇီးစုံတွဲ

0
194

နှစ်စဉ်နှစ်တိုင်း ကမ္ဘာမြေကြီးမှာ ပနားမားအရွယ်အစားနှင့်ညီမျှသော သစ်တောဧက ၁၈သန်းဆုံးရှုံးပါတယ်။ ပတ်ဝန်းကျင်သိသိသာသာ ပြောင်းလဲမှုတွေက လူသားတွေကိုသာ ဆိုးကျိုးသက်ရောက်တာမဟုတ်ဘဲ မရေမတွက်နိုင်တဲ့ တိရိစ္ဆာန်မျိုးစိတ်တွေဟာ သူတို့ရဲ့ သဘာဝနေရပ်ဒေသကို ထားခဲ့ရပြီး တစ်ခြားတနေရာမှာ နေထိုင်စရာရှာဖွေကြရပါတယ်။ ယနေ့ ကျွန်တော်တို့ရဲ့ အဓိကတာဝန်က တတ်နိုင်သမျှ ဘယ်နည်းလမ်းဖြင့်မဆို ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုလ်ကြီးကို ဖျက်ဆီးခြင်းကနေ ရပ်တန့်ဖို့ဖြစ်ပါတယ်။ Sebastião နှင့် Lélia Salgado ဆိုတဲ့ ဘရာဇီးစုံတွဲက ဘယ်သူမဆို အကျိုးသက်ရောက်မှုကို ပြုလုပ်နိုင်ပြီး သစ်တောပြုန်းတီးမှုကို ပြောင်းလဲနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။

ငြိမ်းချမ်းတဲ့ ဘဝတစ်ခုအတွက် ရိုးရှင်းတဲ့ အိမ်မက်နင့်အတူ စတင်ခဲ့တာပါ

၁၉၉၄ နောက်ပိုင်းမှာ ဘရာဇီးလူမျိုး ဓါတ်ပုံသတင်းထောက် Sebastião Salgado ဟာ ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ ကြောက်မက်ဖွယ် မှတ်တမ်းတင်ခဲ့တဲ့နေရာ အရှေ့အာဖရိက ကနေ အိမ်ကို ပြန်လာခဲ့ပါတယ်။ ဒီစိတ်ထိခိုက်စရာ တွေ့ကြုံရပြီးနောက် သူဟာ ဘရာဇီးနိုင်ငံ၊ Minas Gerais ဒေသက သူ့ဇာတိပြည်ရဲ့ စိန်းလန်းစိုပြေတဲ့ အစိမ်းရောင်သစ်တောမှာ ငြိမ်းချမ်းမှုကို ရှာဖွေနေခဲ့ပါတယ်။

သို့သော်လည်း နှစ်အနည်းငယ်ကျော်လာတဲ့အခါ စိမ်းလန်းစိုပြေနေတဲ့ သစ်တောဟာ မြစ်တွေလည်း ခြောက်ခန်းလာသလို မြေယာတွေဟာလည်း ဖုန်ထူတဲ့ မြင်ကွင်းဖြစ်လာပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေ ပျောက်ချင်းမလှပျောက်သွားပြီး သစ်တောက အကြီးအကျယ်ပျက်စီးသွားတာကို မြင်ခဲ့ရပါတယ်။ မြေကြီးဟာ သစ်ပင်ဖုံးလွှမ်းမှု 0.5%သာ ရှိပါတော့တယ်။ Salgado ဟာကြေကွဲခဲ့ရပါတယ်။

ဒီအချိန်မှာ သူ့ဇနီး Léliaဟာ မဖြစ်နိုင်တဲ့ အဆိုပြုချက်ကို ပြုလုပ်ခဲ့ပါတယ်။ သူမဟာ သူတို့ရဲ့သစ်တောကို ကြိုးစားအားထုတ်ပြီး ပြုစုမယ်ဆိုရင် စိမ်းစိုနေတဲ့ သစ်တောကို ပြန်လည်ရရှိနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ Sebastião ဟာ သူမစိတ်ကူးကို ထောက်ခံခဲ့ပါတယ်။ ဒီစုံတွဲဟာ အဲ့ဒီမှာထွန်းကားခဲ့တဲ့ မျိုးစိတ်တွေနှင့်အတူ ဒေသတစ်ခုလုံးကို ပြန်လည်စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုအချိန်မှစပြီး အံ့သြဖွယ် အသွင်ပြောင်းလဲရေးကို ပြုလုပ်ခဲ့ပါတယ်။

သစ်တောတစ်ခု စိုက်ပျိုးခြင်းအိမ်မက်ကို တခြားသူတွေနှင့်အတူ မျှဝေခဲ့ပါတယ်

Salgado ဟာ ၁၉၉၈မှာ ပထမဆုံး မျိုးစေ့တွေကို ကြဲခဲ့ပေမယ့် ရှိတဲ့ လူနှစ်ယောက်ထဲနဲ့ ဒီလိုကြီးမားတဲ့ အလုပ်လုပ်ဖို့ မလုံလောက်ခဲ့ပါဘူး။ သူတို့ရဲ့ သစ်တောမြေ ၁၇၅၄ဧကကို ပြနလည်ထိန်းသိမ်းနိုင်ဖို့အတွက် အပင်ရေလောင်းတာ၊ ပေါင်းသင်တာ၊ မျိုးစေ့ကြဲတာကို ပိုင်ရှင်တွေနှင့် အတူတူ နေ့ကောညပါ အလုပ်လုပ်နိုင်မယ့် လူ၂၄ ယောက်ကို ငှားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ Sebastião ဟာ သူတို့ရဲ့ ဧရာမစီမံကိန်းကို ရေရှည်တည်တံအောင် ထောက်ပံ့ပေးနိုင်မယ့် ပါတနာတွေ၊ စိတ်အားထက်သန်တဲ့ စေတနာ့ဝန်ထမ်းများ ကွန်ယက်ကို စတင်တည်ဆောက်ခဲ့ပါတယ်။ သူတို့ရဲ့ မစ်ရှင်ကို အာရုံစူးစိုက်လာစေဖို့ ထိုစုံတွဲဟာ သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်း Instituto Terra ကို ဖန်တီးခဲ့ပါတယ်။

Instituto Terra ရဲ့အဓိကပန်းတိုင်က အတ္တလန္တိတ်သစ်တောပျိုးပင်များထုတ်လုပ်ခြင်းဖြင့် ဒေသမှာ ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ၎င်းဟာ ကျောင်းသားတွေ၊ ဆရာ/ဆရာမတွေ၊ လယ်သမားတွေနဲ့ ဒေသဆိုင်ရာ အရာရှိများပါဝင်တဲ့ ပညာပေးကမ်ပိန်း ရည်မှန်းချက်ကြီးတစ်ခုလည်း ရှိခဲ့ပါတယ်။ ပြဿနာရဲ့ အသိအမြင်ကို တိုးစေဖို့ အဖွဲ့အစည်းက လယ်သမားတွေ၊ မိုင်းလုပ်သားနှင့် သစ်တောဒေသမှာ အလုပ်လုပ်တဲ့သူတွေကို အကြံဉာဏ်တွေတောင် ပေးနိုင်ခဲ့ပါတယ်။

အဖွဲ့အစည်းရဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းမှုတွေကြောင့် ဒီဒေသဟာ ဆယ်စုနှစ်များစွာ သစ်တောပြုန်းတီးမှုကို ခံစားခဲ့ရဖူးသော်လည်း လျှင်မြန်စွာ စတင်ရှင်သန်ဖွံ့ဖြိုးလာခဲ့ပါတယ်။ ယနေ့မှာ စိမ်းလန်းစိုပြေတဲ့ သစ်တောတစ်ခုကို ပြန်လည်မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရလဒ်က တကယ့်ကို အထင်ကြီးစရာအဖြစ် ပြောင်းလဲခဲ့ပါပြီ

၁၉၉၈ကတည်းက ထိုစုံတွဲဟာ သစ်ပင်မျိုးစိတ် ၂၉၃မျိုးကို ၄သန်းကျော်စိုက်ပျိုးခဲ့ပြီး အပူပိုင်းသစ်တောရဲ့ ၁၅၀၂ဧကကို ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ တစ်ချိန်က မဖြစ်ထွန်းတဲ့ မြေယာကို အပူပိုင်းဒေသ ပါရာဒိုက်တစ်ခုရဲ့ မူလအခြေအနေသို့ ပြန်လည်အသွင်ပြောင်းခဲ့ပါတယ်။

သစ်တောအသစ်ရဲ့ ကျေးဇူးက ဂေဟစနစ်တစ်ခုလုံးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီသစ်တောပြန်လည်ပျိုးထောင်ရေးက မိုးရွာသွန်းမှု ပြန်လည် မှန်ကန်လာသလို ချောင်းတွေမှာ ရေပြည့်လာပြီး ရာသီဉတု တစ်ဖန်ပြန်လည်မွေးဖွားခြင်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။

သစ်တောအသစ်ရဲ့ ဂေဟစနစ်ကျန်းမာမှုက ဒေသရှုခင်းတွေကို ဒီထက်ပိုကယ်တင်နိုင်ပြီး တောရိုင်းတိရိစ္ဆာန်တွေ ဒေသကိုပြန်လည်လာဖို့ လှုံ့ဆော်နိုင်ခဲ့ပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေ ပြန်လာတာက သစ်တောတွေရဲ့ အရေးပါဆုံး ကောင်းတဲ့ လက္ခဏာတစ်ခုပင်ဖြစ်ပါတယ်။ အစားအစာလုံလောက်ပြီး သူတို့ကို ကာကွယ်စောင့်ရှောက်ခြင်းရှိတာကြောင့် ယခု ငှက်မျိုးစိတ် ၁၇၂မျိုး၊ နို့တိုက်သတ္တဝါအမျိုးအစား ၃၃မျိုးနှင့် ရေနေ တွားသွားသတ္တဝါမျိုးစိတ် ၁၅မျိုး ပြန်လည်ရောက်ရှိလာပြီး မျိုးတုန်းပျောက်ကွယ်မှုကနေ ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပါတယ်။

Salgado ရဲ့ ဆုံးဖြတ်ချက်က ဘယ်သူမဆို ကိုယ်ပိုင်နည်းလမ်းဖြင့် ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုလ်ကြီးကို ကာကွယ်စောင့်ရှောက်ဖို့ အထောက်အအကူ ဖြစ်စေနိုင်ကြောင်း၊ အသေးဆုံး ခြေလှမ်းများကတဆင့် အကြီးမားဆုံးအောင်မြင်မှုကို ရရှိနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

ႏွစ္ ၂၀ၾကာ သစ္ေတာ တစ္ေတာလုံး စိုက္ပ်ိဳးၿပီး ေတာ႐ိုင္းတိရစာၦန္ ေထာင္ေပါင္းမ်ားစြာကို ေနရပ္ျပန္လာေစခဲ့တဲ့ ဘရာဇီးစုံတြဲ
ႏွစ္စဥ္ႏွစ္တိုင္း ကမာၻေျမႀကီးမွာ ပနားမားအ႐ြယ္အစားႏွင့္ညီမွ်ေသာ သစ္ေတာဧက ၁၈သန္းဆုံးရႈံးပါတယ္။ ပတ္ဝန္းက်င္သိသိသာသာ ေျပာင္းလဲမႈေတြက လူသားေတြကိုသာ ဆိုးက်ိဳးသက္ေရာက္တာမဟုတ္ဘဲ မေရမတြက္ႏိုင္တဲ့ တိရိစာၦန္မ်ိဳးစိတ္ေတြဟာ သူတို႔ရဲ႕ သဘာဝေနရပ္ေဒသကို ထားခဲ့ရၿပီး တစ္ျခားတေနရာမွာ ေနထိုင္စရာရွာေဖြၾကရပါတယ္။ ယေန႔ ကြၽန္ေတာ္တို႔ရဲ႕ အဓိကတာဝန္က တတ္ႏိုင္သမွ် ဘယ္နည္းလမ္းျဖင့္မဆို ကြၽန္ေတာ္တို႔ရဲ႕ ကမာၻၿဂိဳလ္ႀကီးကို ဖ်က္ဆီးျခင္းကေန ရပ္တန႔္ဖို႔ျဖစ္ပါတယ္။ Sebastião ႏွင့္ Lélia Salgado ဆိုတဲ့ ဘရာဇီးစုံတြဲက ဘယ္သူမဆို အက်ိဳးသက္ေရာက္မႈကို ျပဳလုပ္ႏိုင္ၿပီး သစ္ေတာျပဳန္းတီးမႈကို ေျပာင္းလဲႏိုင္တယ္ဆိုတာ သက္ေသျပခဲ့ပါတယ္။

ၿငိမ္းခ်မ္းတဲ့ ဘဝတစ္ခုအတြက္ ႐ိုးရွင္းတဲ့ အိမ္မက္နင့္အတူ စတင္ခဲ့တာပါ

၁၉၉၄ ေနာက္ပိုင္းမွာ ဘရာဇီးလူမ်ိဳး ဓါတ္ပုံသတင္းေထာက္ Sebastião Salgado ဟာ ရဝမ္ဒါ လူမ်ိဳးတုန္းသတ္ျဖတ္မႈရဲ႕ ေၾကာက္မက္ဖြယ္ မွတ္တမ္းတင္ခဲ့တဲ့ေနရာ အေရွ႕အာဖရိက ကေန အိမ္ကို ျပန္လာခဲ့ပါတယ္။ ဒီစိတ္ထိခိုက္စရာ ေတြ႕ႀကဳံရၿပီးေနာက္ သူဟာ ဘရာဇီးႏိုင္ငံ၊ Minas Gerais ေဒသက သူ႔ဇာတိျပည္ရဲ႕ စိန္းလန္းစိုေျပတဲ့ အစိမ္းေရာင္သစ္ေတာမွာ ၿငိမ္းခ်မ္းမႈကို ရွာေဖြေနခဲ့ပါတယ္။

သို႔ေသာ္လည္း ႏွစ္အနည္းငယ္ေက်ာ္လာတဲ့အခါ စိမ္းလန္းစိုေျပေနတဲ့ သစ္ေတာဟာ ျမစ္ေတြလည္း ေျခာက္ခန္းလာသလို ေျမယာေတြဟာလည္း ဖုန္ထူတဲ့ ျမင္ကြင္းျဖစ္လာပါတယ္။ ေတာ႐ိုင္းတိရိစာၦန္ေတြ ေပ်ာက္ခ်င္းမလွေပ်ာက္သြားၿပီး သစ္ေတာက အႀကီးအက်ယ္ပ်က္စီးသြားတာကို ျမင္ခဲ့ရပါတယ္။ ေျမႀကီးဟာ သစ္ပင္ဖုံးလႊမ္းမႈ 0.5%သာ ရွိပါေတာ့တယ္။ Salgado ဟာေၾကကြဲခဲ့ရပါတယ္။

ဒီအခ်ိန္မွာ သူ႔ဇနီး Léliaဟာ မျဖစ္ႏိုင္တဲ့ အဆိုျပဳခ်က္ကို ျပဳလုပ္ခဲ့ပါတယ္။ သူမဟာ သူတို႔ရဲ႕သစ္ေတာကို ႀကိဳးစားအားထုတ္ၿပီး ျပဳစုမယ္ဆိုရင္ စိမ္းစိုေနတဲ့ သစ္ေတာကို ျပန္လည္ရရွိႏိုင္မယ္လို႔ ယုံၾကည္ခဲ့ပါတယ္။ Sebastião ဟာ သူမစိတ္ကူးကို ေထာက္ခံခဲ့ပါတယ္။ ဒီစုံတြဲဟာ အဲ့ဒီမွာထြန္းကားခဲ့တဲ့ မ်ိဳးစိတ္ေတြႏွင့္အတူ ေဒသတစ္ခုလုံးကို ျပန္လည္စိုက္ပ်ိဳးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ထိုအခ်ိန္မွစၿပီး အံ့ၾသဖြယ္ အသြင္ေျပာင္းလဲေရးကို ျပဳလုပ္ခဲ့ပါတယ္။

သစ္ေတာတစ္ခု စိုက္ပ်ိဳးျခင္းအိမ္မက္ကို တျခားသူေတြႏွင့္အတူ မွ်ေဝခဲ့ပါတယ္

Salgado ဟာ ၁၉၉၈မွာ ပထမဆုံး မ်ိဳးေစ့ေတြကို ႀကဲခဲ့ေပမယ့္ ရွိတဲ့ လူႏွစ္ေယာက္ထဲနဲ႔ ဒီလိုႀကီးမားတဲ့ အလုပ္လုပ္ဖို႔ မလုံေလာက္ခဲ့ပါဘူး။ သူတို႔ရဲ႕ သစ္ေတာေျမ ၁၇၅၄ဧကကို ျပနလည္ထိန္းသိမ္းႏိုင္ဖို႔အတြက္ အပင္ေရေလာင္းတာ၊ ေပါင္းသင္တာ၊ မ်ိဳးေစ့ႀကဲတာကို ပိုင္ရွင္ေတြႏွင့္ အတူတူ ေန႔ေကာညပါ အလုပ္လုပ္ႏိုင္မယ့္ လူ၂၄ ေယာက္ကို ငွားခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ Sebastião ဟာ သူတို႔ရဲ႕ ဧရာမစီမံကိန္းကို ေရရွည္တည္တံေအာင္ ေထာက္ပံ့ေပးႏိုင္မယ့္ ပါတနာေတြ၊ စိတ္အားထက္သန္တဲ့ ေစတနာ့ဝန္ထမ္းမ်ား ကြန္ယက္ကို စတင္တည္ေဆာက္ခဲ့ပါတယ္။ သူတို႔ရဲ႕ မစ္ရွင္ကို အာ႐ုံစူးစိုက္လာေစဖို႔ ထိုစုံတြဲဟာ သဘာဝပတ္ဝန္းက်င္အဖြဲ႕အစည္း Instituto Terra ကို ဖန္တီးခဲ့ပါတယ္။

Instituto Terra ရဲ႕အဓိကပန္းတိုင္က အတၱလႏၲိတ္သစ္ေတာပ်ိဳးပင္မ်ားထုတ္လုပ္ျခင္းျဖင့္ ေဒသမွာ ေဂဟစနစ္ကို ျပန္လည္ထိန္းသိမ္းဖို႔ ျဖစ္ပါတယ္။ ၎ဟာ ေက်ာင္းသားေတြ၊ ဆရာ/ဆရာမေတြ၊ လယ္သမားေတြနဲ႔ ေဒသဆိုင္ရာ အရာရွိမ်ားပါဝင္တဲ့ ပညာေပးကမ္ပိန္း ရည္မွန္းခ်က္ႀကီးတစ္ခုလည္း ရွိခဲ့ပါတယ္။ ျပႆနာရဲ႕ အသိအျမင္ကို တိုးေစဖို႔ အဖြဲ႕အစည္းက လယ္သမားေတြ၊ မိုင္းလုပ္သားႏွင့္ သစ္ေတာေဒသမွာ အလုပ္လုပ္တဲ့သူေတြကို အႀကံဉာဏ္ေတြေတာင္ ေပးႏိုင္ခဲ့ပါတယ္။

အဖြဲ႕အစည္းရဲ႕ ခက္ခက္ခဲခဲ ႀကိဳးပမ္းမႈေတြေၾကာင့္ ဒီေဒသဟာ ဆယ္စုႏွစ္မ်ားစြာ သစ္ေတာျပဳန္းတီးမႈကို ခံစားခဲ့ရဖူးေသာ္လည္း လွ်င္ျမန္စြာ စတင္ရွင္သန္ဖြံ႕ၿဖိဳးလာခဲ့ပါတယ္။ ယေန႔မွာ စိမ္းလန္းစိုေျပတဲ့ သစ္ေတာတစ္ခုကို ျပန္လည္ေမြးဖြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ရလဒ္က တကယ့္ကို အထင္ႀကီးစရာအျဖစ္ ေျပာင္းလဲခဲ့ပါၿပီ

၁၉၉၈ကတည္းက ထိုစုံတြဲဟာ သစ္ပင္မ်ိဳးစိတ္ ၂၉၃မ်ိဳးကို ၄သန္းေက်ာ္စိုက္ပ်ိဳးခဲ့ၿပီး အပူပိုင္းသစ္ေတာရဲ႕ ၁၅၀၂ဧကကို ျပန္လည္ထူေထာင္ႏိုင္ခဲ့ပါတယ္။ တစ္ခ်ိန္က မျဖစ္ထြန္းတဲ့ ေျမယာကို အပူပိုင္းေဒသ ပါရာဒိုက္တစ္ခုရဲ႕ မူလအေျခအေနသို႔ ျပန္လည္အသြင္ေျပာင္းခဲ့ပါတယ္။

သစ္ေတာအသစ္ရဲ႕ ေက်းဇူးက ေဂဟစနစ္တစ္ခုလုံးကို ျပန္လည္တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ ဒီသစ္ေတာျပန္လည္ပ်ိဳးေထာင္ေရးက မိုး႐ြာသြန္းမႈ ျပန္လည္ မွန္ကန္လာသလို ေခ်ာင္းေတြမွာ ေရျပည့္လာၿပီး ရာသီဉတု တစ္ဖန္ျပန္လည္ေမြးဖြားျခင္းကို ျဖစ္ေပၚေစခဲ့ပါတယ္။

သစ္ေတာအသစ္ရဲ႕ ေဂဟစနစ္က်န္းမာမႈက ေဒသရႈခင္းေတြကို ဒီထက္ပိုကယ္တင္ႏိုင္ၿပီး ေတာ႐ိုင္းတိရိစာၦန္ေတြ ေဒသကိုျပန္လည္လာဖို႔ လႈံ႕ေဆာ္ႏိုင္ခဲ့ပါတယ္။ ေတာ႐ိုင္းတိရိစာၦန္ေတြ ျပန္လာတာက သစ္ေတာေတြရဲ႕ အေရးပါဆုံး ေကာင္းတဲ့ လကၡဏာတစ္ခုပင္ျဖစ္ပါတယ္။ အစားအစာလုံေလာက္ၿပီး သူတို႔ကို ကာကြယ္ေစာင့္ေရွာက္ျခင္းရွိတာေၾကာင့္ ယခု ငွက္မ်ိဳးစိတ္ ၁၇၂မ်ိဳး၊ ႏို႔တိုက္သတၱဝါအမ်ိဳးအစား ၃၃မ်ိဳးႏွင့္ ေရေန တြားသြားသတၱဝါမ်ိဳးစိတ္ ၁၅မ်ိဳး ျပန္လည္ေရာက္ရွိလာၿပီး မ်ိဳးတုန္းေပ်ာက္ကြယ္မႈကေန ကာကြယ္ေစာင့္ေရွာက္ႏိုင္ခဲ့ပါတယ္။

Salgado ရဲ႕ ဆုံးျဖတ္ခ်က္က ဘယ္သူမဆို ကိုယ္ပိုင္နည္းလမ္းျဖင့္ ကြၽန္ေတာ္တို႔ရဲ႕ ကမာၻၿဂိဳလ္ႀကီးကို ကာကြယ္ေစာင့္ေရွာက္ဖို႔ အေထာက္အအကူ ျဖစ္ေစႏိုင္ေၾကာင္း၊ အေသးဆုံး ေျခလွမ္းမ်ားကတဆင့္ အႀကီးမားဆုံးေအာင္ျမင္မႈကို ရရွိႏိုင္ေၾကာင္း သက္ေသျပခဲ့ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here