နှစ်မကုန်ခင် ကျွန်မကိုယ်ကျွန်မခွင့်လွှတ်ချင်တယ်

    နှစ်မကုန်ခင် ကျွန်မကိုယ်ကျွန်မခွင့်လွှတ်ချင်တယ်

    0
    123

    ၂၀၁၉ကုန်ဆုံးတော့မယ် ။ ဒီနှစ်ဟာ ရှည်လျားပြီးတော့ ရူးသွပ်မှုတွေနှင့် အံ့ဩဖွယ်နှစ်တစ်နှစ်ဖြစ်ခဲ့တယ်။ ဒီနှစ်မကုန်ခင် ကျွန်မကိုယ်ကျွန်မ ခွင့်လွှတ်ချင်တယ်။
    ငါနဲ့ ထိုက်တန်လား မထိုက်တန်ဘူးလား လို့ ထင်ခဲ့မိတဲ့ အချိန်တွေတိုင်းအတွက် ကျွန်မကိုယ်ကျွန်မ ခွင့်လွှတ်ချင်တယ်။ ရှည်လျားလွန်းတဲ့ ဘ၀မှာ ကျွန်မအတွက် ကောင်းတဲ့အရာတွေဖြစ်မလာတဲ့ အခြေအနေတွေထဲမှာ ခွင့်ပြုထားဖို့အတွက် ကျွန်မကိုယ်ကျွန်မ ခွင့်လွှတ်ချင်တယ်။

    -Advertisement-

    ငိုကြွေးလို့ အိပ်ပျော်သွားပြီး နောက်တစ်နေ့ ဘာမှ မမှားခဲ့ဘူးဆိုရင် ပြန်လည်နိုးထနိုင်ခြင်းကို ခွင့်ပြုနိုင်ဖို့အတွက် ကျွန်မကိုယ်ကျွန်မ ခွင့်လွှတ်ချင်တယ်။ ကိုယ့်ကိုယ်ကို ရိုးသားမှုမရှိခြင်းနှင့် အချို့သောအစိတ်အပိုင်းတွေကို ဖုံးကွယ်ထားခြင်းတွေက ကျွန်မဟာ တစ်ခြားသူတွေက ကျွန်မရဲ့ စဥ်းစားတွေးတောပုံကို ဂရုစိုက်လွန်းနေတာကြောင့်လို့ ကျွန်မထင်ခဲ့တာတွေအတွက် ကျွန်မကိုယ်ကျွန်မ ခွင့်လွှတ်ချင်တယ်။

    ၂၀၁၉မှာ ပတ်သက်ခဲ့ဘူးတဲ့ သူတွေအတွက်- သင့်ကို ဂရုမစိုက်မိခဲ့တဲ့အတွက်၊ သင့်ကို သူတစ်ပါးရှေ့မှာ ထားခဲ့ခြင်းအတွက် စိတ်မကောင်းပါဘူး။ သင့်ရဲ့ အလှအပ၊ ကျေးဇူးတရားတွေနှင့် မင်းနှလုံးသားရဲ့ ကြင်နာမှုတွေကို တန်ဖိုးမထားခဲ့တာတွေ၊ သင်ရရှိခဲ့တဲ့ နာကျင်မှုအားလုံးအတွက် စိတ်မကောင်းပါဘူး။
    ၂၀၂၀မှာ ရှိလိမ့်မယ့် သူတွေအတွက်- ကျွန်မက သင့်အတွက်ကြီးမြတ်မှုနှင့် အံ့ဩဖွယ်အမှုတွေကို ဆောင်ရွက်ပေးမှာ မို့လို့ သင်တို့နှင့် တွေ့ဆုံဖို့ အလွန်စိတ်လှုပ်ရှားမိပါတယ်။ ယခုနှစ်မှာ ဘယ်အရာကို မဆို သင်ကိုင်တွယ်နိုင်မယ်လို့ ကျွန်မသိနေပါတယ်။ သင်ဟာ မုန်တိုင်းမှတစ်ဆင့် လမ်းလျှောက်ကြီးပျင်းခဲ့ကြပြီး ယခုအလင်းကို မြင်ရဖို့ အချိန်ပါပဲ။ ကိုယ့်ကိုယ်ကို မစဥ်းစားဘဲ ကိုယ့်ပတ်၀န်းကျင်ရှိ တစ်ခြားသူတွေကို ကောင်းမြတ်မှု ဆောင်ကြဥ်းပေးသောကြောင့် ၊ ဘ၀က ဆောင်ကြဥ်းပေးမယ့်အရာတွေအားလုံးကို သင်ထိုက်တန်ပါတယ်။

    ဒါဟာ မလွယ်ကူပါဘူး။ ဒါပေမယ့် သင်အမြဲတမ်းလုပ်နေကြကဲ့သို့ သင်ဖြတ်သန်းသွားပါလိမ့်မည်။ ဒီတစ်ကြိမ်မှာတော့ သင့်ကိုယ်တိုင် ပို၍ ကြင်နာပါ။ ကျေးဇူးပြု၍ သင်လိုအပ်တဲ့ အချိန်မှာ အနားယူရန်၊ သင့်အတွက်မကောင်းတဲ့ အခြေအနေများမှ ထွက်ခွာရန်၊ သင်ရဲ့ ရွှင်လန်းမှုတွေပျောက်ကွယ်သွားစေတဲ့ အရာတွေကို ဖယ်ရှားရန်နှင့် သင်ထိုက်တန်သည်ထက် လျော့နည်းသောအရာများအတွက် ဘယ်တော့မှ အခြေချခွင့် မပြုရန် အတွက်ပဲ ဖြစ်ပါတယ်။
    သင်ဟာ အစဥ်အမြဲကိုယ့်ကိုယ်ကို အဲ့သလိုကြင်နာမပြဘူးဆိုရင် ကိုယ့်ကိုယ်ကို ခွင့်လွှတ်ဖို့ အလုံအလောက် ကြင်နာပါ။ တစ်ခြားသူတွေလိုပဲ သင်ဟာအမှားတွေလုပ်ပြီး သင်ခန်းစာယူခွင့်ရှိတယ်ဆိုတာ သိထားပါ။ သင်တစ်နေ့တာ ကုန်ဆုံးချိန်မှာ သင်အထင်ကြီးစရာတစ်ခုတည်းသော ပုဂ္ဂိုလ်ဟာ သင်ဖြစ်တယ်ဆိုတာအမြဲသတိရပါ။ မင်းဟာ လှတယ်။ မင်းဟာ ကြင်နာတတ်တယ်။ မင်းဟာ စမတ်ကျတယ်။ မင်းဟာ ညဏ်ကောင်းတယ်။

    Lifestyle_Myanmar

    Nyein_Thu

    sources-thoughtcatalog.

    LEAVE A REPLY

    Please enter your comment!
    Please enter your name here