နှစ်ပေါင်း ၃၀၀၀ အတွင်း အမျိုးသမီးတွေရဲ့ စံနမူနာ ကိုယ်ခန္ဓာအချိုးအစားတွေ ဘယ်လိုပြောင်းလဲခဲ့လဲ
0
442
အလှတရားနဲ့ ပတ်သတ်ပြီး လူတိုင်းမှာမတူညီတဲ့ စိတ်ကူးတွေ အမြင်တွေရှိကြပါတယ်။ ဒါပေမယ့် ခေတ်ကာလအလိုက် ရေပန်းအစားဆုံး အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအချိုးအစားတွေကိုသင်သိရှိပါသလား။ ယခုလိုအမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအလှတရားအပေါ် ပြောင်းလဲလာတဲ့ အမြင်တွေကိုသိရှိဖို့အတွက် ရှေးဟောင်းယဉ်ကျေးမှု လက်ရာတွေကနေတဆင့် လေ့လာသိရှိနိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအချိုးအစားတွေကို အဓိကဖော်ပြခြင်းဖြစ်တာကြောင့် အဝတ်အစားကို ကိုယ်ခန္ဓာပေါ်လွင်စေရန် ဝတ်စားထားခြင်းဖြစ်ပါတယ်။ 
၁။ ရှေးဟောင်းအီဂျစ်ခေတ်မှာတော့ ကိုယ်ခန္ဓာကျစ်လစ်မှုရှိပြီး ပခုံးကကျဉ်းမြောင်းပါတယ်။ ခါးကမြင့်ပြီးတော့ မျက်နှာအချိုးအစားညီမျှတဲ့ ပုံစံက ပြီးပြည့်စုံတဲ့ အလှတရားဖြစ်ပါတယ်။
၂။ ရှေးဟောင်းဂရိတွေကတော့ ပြည့်ဖြိုးတဲ့ခန္ဓာကိုယ်၊ လင်းတဲ့အသားအရေ ကလူကြိုက်များပါတယ်။
၃။ ရှေးဟောင်းဟန်ခေတ်မှာတော့ ခါးကသွယ်လျပြီး ကြီးမားတဲ့မျက်လုံး ဖြူရော်ဖျော့တော့တဲ့ အသားအရေနဲ့ သေးငယ်တဲ့ခြေထောက်တွေက အမျိုးသမီးတိုင်းရဲ့ အိမ်မက်ဖြစ်ပါတယ်။
၄။ အီတလီမှာတော့ ကြီးမားတဲ့တင်ပါး ပြည့်ဖြိုးပြီးဝတဲ့ ဗိုက်သားနဲ့ ကြီးမားတဲ့ရင်သားတွေက ခေတ်စားခဲ့ပါတယ်။
၅။ ဗစ်တိုးရီးယန်း အင်္ဂလန်ခေတ်မှာတော့ ပြည်ဖြိုးတဲ့ ကိုယ်ခန္ဓာသွင်ပြင် ခါးနေရာကိုသေးစေပြီး ဖွံ့ထွားတဲ့ အမျိုးသမီးတွေက ဆွဲဆောင်မှုအရှိဆုံးဖြစ်ပါတယ်။ 
၆။ ၁၉၂၀ ခုနှစ်လောက်မှာတော့ ဗိုက်သားချပ်ရပ်ပြီး အမျိုးသားဆန်တဲ့ ခန္ဓာကိုယ်နဲ့ ဆံပင်အတိုက ခေတ်စားခဲ့ပါတယ်။
၇။ ဟောလိဝုဒ်ခေတ်မှာတော့ သဲနာရီပုံစံခန္ဓာကိုယ်ကောက်ကြောင်း၊ ကြီးမားတဲ့ရင်သား နဲ့ ကျဉ်တဲ့ခါးက အမျိုးသားတွေကို ဆွဲဆောင်နိုင်ဆုံးပါ။
၈။ ၁၉၆၀ ခုနှစ်လောက်မှာတော့ ပိန်တဲ့ခန္ဓာကိုယ်၊ နွဲ့လျတဲ့ကိုယ်ခန္ဓာပုံစံ၊ သွယ်လျပြီးရှည်တဲ့ခြေထောက်များဟာ ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာအလှတရားဖြစ်ပါတယ်။
၉။ ၁၉၈၀ ခုနှစ်တွေမှာတော့ အရပ်ရှည်ပြီး ကြံ့ခိုင်တဲ့ကိုယ်ခန္ဓာကောက်ကြောင်း မာဆယ်ရှိတဲ့ လက်မောင်းတွေက မိန်းကလေးတစ်ယောက်ရဲ့ အဓိကအလှတရားဖြစ်ပါတယ်။ 
၁၀။ ၁၉၉၀ ခုနှစ်ရောက်လာတဲ့ အခါမှာတော့ ပိန်တဲ့ကိုယ်ခန္ဓာနဲ့ လက်မောင်းများနဲ့ ယောကျ်ားဆန်တဲ့ မိန်းကလေးက ပိုပြီးလှတယ်လို့ ယူဆကြပါတယ်။
၁၁။ ၂၀၀၀ ခုနှစ်ကနေ ယနေ့အထိကတော့ ကျန်းမာတဲ့အသားအရေ၊ ဖွံ့ဖြိုးတဲ့ရင်သားနဲ့တင်၊ ချပ်ရပ်တဲ့ဗိုက်သား စတဲ့အလှတရားတွေဟာ ယနေ့ခေတ်ပုရိသတွေကို ဆွဲဆောင်နိုင်ဆုံး ဖြစ်ပါတယ်။
Lifestyle_Myanmar
Lifestyle_Myanmar
၁၀။ ၁၉၉၀ ခုနှစ်ရောက်လာတဲ့ အခါမှာတော့ ပိန်တဲ့ကိုယ်ခန္ဓာနဲ့ လက်မောင်းများနဲ့ ယောက်ျားဆန်တဲ့ မိန်းကလေးက ပိုပြီးလှတယ်လို့ ယူဆကြပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here