နွေရာသီပိတ်ရက်မှာ ဟာဝိုင်အီကို ခရီးသွားကြမယ့်သူတို့ သိထားသင့်တဲ့အရာများ

0
25

အခုဆိုရင် ၂ လပိုင်း ကုန်ခါနီးပြီဖြစ်သလို နွေရာသီပိတ်ရက်တွေကလည်း တဖြည်းဖြည်း နီးကပ်လို့လာပါပြီနော်။ မြန်မာနိုင်ငံအတွင်းက နေရာတွေလည်း သွားရတာနှံ့နေပြီ အထူးသဖြင့် ကမ်းခြေတွေဆို အခါပေါင်းမနည်းတော့လို့ ရိုးနေပြီမို့ ဒီနှစ်တော့ နိုင်ငံခြားခရီးစဥ်သွားဖို့ စီစဥ်ထားကြပါသလား။ အထူးသဖြင့် အပူအအိုက်သက်သာအောင် ကမ်းခြေလှလှလေးရှိတဲ့ ဟာဝိုင်အီကို သွားဖို့ပြင်နေတယ်ဆိုရင်တော့ အားကျမိတယ်လို့ ပြောပါရစေ။ အခုလို စာရေးသူအားကျရတဲ့ စာဖတ်သူလေးတွေအတွက် ဟာဝိုင်အီကိုရောက်တဲ့အခါ ဘာတွေ ဘယ်လိုဝတ်ရမလဲ ဘယ်လိုအရာတွေကိုတော့ ရှောင်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

-Advertisement-

ဟာဝိုင်အီရဲ့ရာသီဥတုက သိပ်လည်းမပူ သိပ်လည်းမအေးဘဲ တစ်နှစ်ပတ်လုံး နွေးနွေးလေးရှိပါတယ်။ အပူပိုင်းဒေသ ကျွန်းနိုင်ငံဖြစ်တဲ့အတွက် မိုးနည်းနည်းပါးပါး ရွာခဲ့လို့လည်း အံ့ဩမနေပါနဲ့ဦး။ တစ်ချို့ကျွန်းတွေရဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ချိန် အမြင့်ဆုံးတွေဆိုရင် အတန်အသင့်အေးနိုင်တဲ့အတွက် အကယ်လို့ ကိုယ်က အဲ့နေရာကိုသွားမှာဆိုရင် အပေါ်ထပ်လေးတွေ သယ်သွားပါ။ အနည်းငယ်စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာဆိုရင် ပေါ့ပေါ့ပါးပါးရှိတဲ့ အထည်သားနဲ့ ချည်းသားတွေက ဝတ်ရတာ သက်သောင့်သက်သာအရှိဆုံးဖြစ်ပါလိမ့်မယ်။

အင်မတန်လှပတဲ့ ဟာဝိုင်အီရောက်ရင် ဘာဝတ်ရမလဲဆိုပြီး ကြိုခေါင်းရှုပ်နေတယ်ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ အပေါ်အကျီနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ ဘောင်းဘီတို သို့မဟုတ် ဒူးအောက်ဘောင်းဘီတွေကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ အပေါ်ကတစ်ထပ်ပါတဲ့ ရေကူးဝတ်စုံတွေက နေ့ခင်းဖက် ကမ်းခြေမှာဝတ်လို့ အင်မတန်အဆင်ပြေပါလိမ့်မယ်။ ညဖက် သို့မဟုတ် ညနေခင်းလမ်းလျှောက်ထွက်တာမျိုးဆိုရင်လည်း ပေါ့ပေါ့ပါးပါးရှိတဲ့ ဘောင်းဘီတွေ သို့မဟုတ် ဂါဝန်လေးတွေက ပိုကောင်းပါတယ်။

ဟာဝိုင်အီမှာ မဝတ်သင့်တဲ့အရာများ

လူအများမျက်စိထဲမှာ ထင်းထင်းရှင်းရှင်းကြီးဖြစ်နေမယ့် စီးကွင့်တွေ အများကြီးထိုးထားတဲ့ ဂါဝန်တွေကို မဝတ်ပါနဲ့။ လှေနဲ့လျှောက်သွားတဲ့အခါ ဂါဝန် သို့မဟုတ် စကပ်တွေမဝတ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ရေထဲရောက်သွားတဲ့အခါ ရေထုထည်ကြောင့် မီးပုံးကြီးလိုဖြစ်သွားစေနိုင်လို့ပါ။ အကယ်လို့ အောက်မှာ ရေကူးဝတ်စုံဝတ်ထားပြီး သူများမြင်လည်းဘာမှမဖြစ်ဘူးဆိုရင်တော့ အဆင်ပြေပါတယ်။

မဖြစ်မနေ သယ်သွားသင့်တဲ့ ပစ္စည်းများ

ရေကူးဝတ်စုံ
ကြိုးသိုင်းဖိနပ်
ရေစိုခံ ကမ်းခြေလွယ်အိတ်
ရေစိုခံ ဖိနပ်တွေနဲ့ ဂျာကင်အကျီများ
စတိုင်မိတဲ့ နေကာမျက်မှန်များ
ဂါဝန်ရှည်ရှည် သို့မဟုတ် စကပ်ရှည်ရှည်
ရေကူးဝတ်စုံ အပေါ်ထပ်အကျီ
ပေါ့ပါးတဲ့ ဆွယ်တာအကျီ
အခြောက်မြန်တဲ့ တဘက်
ရေအောက်သုံး ကင်မရာနဲ့ အသုံးအဆောင်ပစ္စည်းများ
နေလောင်ခံခရင်မ်

#Lifestyle_Myanmar

#Thinzar

Ref- travelfashiongirl

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here