နေ့လည်စာစားပြီးတိုင်း အိပ်ငိုက်တတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ

0
48

အိပ်စက်ခြင်းဟာ စွမ်းအင်တွေပြည့်ဝဖို့အတွက် အရေးကြီးသော်လည်း အလုပ်ထဲမှာဆိုရင်တော့ သိပ်အဆင်မပြေပါဘူး။ ဒါပေမယ့် နေ့လည်စာစားပြီးတဲ့အချိန်ဆိုရင် အတော်များများ အိပ်ချင်စိတ်ပေါ်နေတတ်ပြီး မျက်ခွံတွေလေးတတ်ပါတယ်။
အလုပ်လုပ်တဲ့အချိန်မှာလည်း အိပ်ချင်နေတာကြောင့် ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအိပ်ချင်နေရတဲ့ အကြောင်းအရင်းက ညဖက်အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်သလို နေ့လည်စာစားတဲ့အချိန်မှာ အဆီပါဝင်တဲ့ အစားအစာတွေကို များစွာစားသုံးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနေ့လည်ခင်း အိပ်ချင်နေတတ်တဲ့ အလေ့အထကို ဖျောက်ဖို့အတွက် နည်းလမ်းတွေကို မျှဝေပေးပါရစေ။

၁။ နေရောင်ခြည်
နေ့လည်ခင်း ထမင်းစားပြီးလို့ အိပ်ချင်စိတ်ပေါ်လာတဲ့အခါ နေရောင်ခြည်ထဲကို ခဏလောက်ထွက်လိုက်ပါ။ ဒီလိုထွက်လိုက်ခြင်းကြောင့် ယခုအချိန်ဟာ အိပ်ချိန်မရောက်သေးကြောင်း ခန္ဓာရဲ့သတင်းပို့ချက်ကို ဦးနှောက်ကရရှိပြီး အိပ်ချင်စိတ်ကို လျော့ပါးသွားစေပါတယ်။

၂။ ပရိုတိန်း
ပရိုတိန်းဓါတ် ရရှိတဲ့ အစားအစာနဲ့ သရေစာမုန့်တွေကို နေ့လည်စာစားချိန်မှာ မှီဝဲပေးခြင်းဟာ အိပ်ချင်စိတ်ကို အနည်းငယ်ပြေပျောက်စေနိုင်ပါတယ်။

၃။ တောက်တိုမယ်ရအလုပ်များ
နေ့လည်စာစားပြီးပြီးချင်း သေးငယ်တဲ့အလုပ်လေးတွေကို လုပ်နေခြင်းဟာလည်း အိပ်ချင်စိတ်ကို ပျောက်သွားစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကိုတော့ ကြိုက်ကြမှာမဟုတ်ပါဘူး။

၄။ စကားပြောပါ
သူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ဟာသတွေကို ပြောနေခြင်းဟာလည်း အိပ်ချင်စိတ်ကို ပျောက်စေပါတယ်။

၅။ Teatime
သင့်ရဲ့ဦးနှောက်ကို တက်ကြွလာစေဖို့အတွက် လ္ဘက်ရည်၊ သို့မဟုတ် ကော်ဖီကို သောက်ပေးခြင်းဟာ အိပ်ရာဝင်ချင်တဲ့ စိတ်ကူးကို ဖြေရှင်းနည်းတမျိုးပါပဲ။

၆။ မတူညီတာတွေကို လုပ်ကြည့်ပါ
အလုပ်တစ်ခုတည်းကို မနက်ရောညနေပါ လုပ်နေရရင် ပိုပျင်းရိလာတတ်တာကြောင့် ပိုအိပ်ချင်လာစေပါတယ်။ ဒါ့ကြောင့် မနက်ခင်းလုပ်ရမယ့် အလုပ်တွေကို မနက်ခင်းပဲလုပ်ပြီး ညနေဖက်မှာ မတူညီတာကို လုပ်ကြည့်ပါ။ အိပ်ချင်စိတ်ကို ကျော်လွှားနိုင်ပါလိမ့်မယ်။

၇။ ရေအေး
ရေအေးအေးလေးတစ်ခွက်က အိပ်ချင်စိတ်ကို ပျောက်သွားစေနိုင်တဲ့ အစွမ်းရှိလို့ အေးစက်နေတဲ့ရေတခွက်ကို သောက်ကြည့်ပါ။

၈။ ဂီတ
မြူးကြွတဲ့ဂီတသံစဉ်က သင့်ကိုနိုးကြားစေတာကြောင့် သီချင်းမြူးမြူးလေး နားထောင်ခြင်းကလည်း အိပ်ချင်စိတ်ကို ပျောက်ကင်းစေပါတယ်။

၉။ လေ့ကျင့်ခန်း
အိပ်ချင်လာတဲ့အခါမှာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းအချို့ကို လုပ်ကြည့်ပါ။ အလုပ်ထဲမို့လို့ လုပ်မရရင်လည်း အကြောဖြေတာလောက်တော့ အနည်းဆုံးကြိုးစားကြည့်လို့ရမှာပါ။

၁၀။ အိပ်ငိုက်ပါ
အပေါ်ကနည်းလမ်းတွေက သင့်ရဲ့အိပ်ချင်စိတ်ကို မပျောက်သွားဘူးဆိုရင် အိပ်ငိုက်နေတာ အသက်သာဆုံးပါပဲ။

LM_Naung_Naung
Lifestyle_Myanmar

Zawgyi font

ေန႔လည္စာစားၿပီးတိုင္း အိပ္ငိုက္တတ္တဲ့ အက်င့္ကို ဘယ္လိုေဖ်ာက္မလဲ
အိပ္စက္ျခင္းဟာ စြမ္းအင္ေတြျပည့္ဝဖို႔အတြက္ အေရးႀကီးေသာ္လည္း အလုပ္ထဲမွာဆိုရင္ေတာ့ သိပ္အဆင္မေျပပါဘူး။ ဒါေပမယ့္ ေန႔လည္စာစားၿပီးတဲ့အခ်ိန္ဆိုရင္ အေတာ္မ်ားမ်ား အိပ္ခ်င္စိတ္ေပၚေနတတ္ၿပီး မ်က္ခြံေတြေလးတတ္ပါတယ္။
အလုပ္လုပ္တဲ့အခ်ိန္မွာလည္း အိပ္ခ်င္ေနတာေၾကာင့္ ေကာင္းေကာင္းလုပ္ႏိုင္မွာ မဟုတ္ပါဘူး။ ဒီလိုအိပ္ခ်င္ေနရတဲ့ အေၾကာင္းအရင္းက ညဖက္အိပ္ေရးမဝတာေၾကာင့္ ျဖစ္ႏိုင္သလို ေန႔လည္စာစားတဲ့အခ်ိန္မွာ အဆီပါဝင္တဲ့ အစားအစာေတြကို မ်ားစြာစားသုံးတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
ဒီလိုေန႔လည္ခင္း အိပ္ခ်င္ေနတတ္တဲ့ အေလ့အထကို ေဖ်ာက္ဖို႔အတြက္ နည္းလမ္းေတြကို မွ်ေဝေပးပါရေစ။

၁။ ေနေရာင္ျခည္
ေန႔လည္ခင္း ထမင္းစားၿပီးလို႔ အိပ္ခ်င္စိတ္ေပၚလာတဲ့အခါ ေနေရာင္ျခည္ထဲကို ခဏေလာက္ထြက္လိုက္ပါ။ ဒီလိုထြက္လိုက္ျခင္းေၾကာင့္ ယခုအခ်ိန္ဟာ အိပ္ခ်ိန္မေရာက္ေသးေၾကာင္း ခႏၶာရဲ႕သတင္းပို႔ခ်က္ကို ဦးေႏွာက္ကရရွိၿပီး အိပ္ခ်င္စိတ္ကို ေလ်ာ့ပါးသြားေစပါတယ္။

၂။ ပ႐ိုတိန္း
ပ႐ိုတိန္းဓါတ္ ရရွိတဲ့ အစားအစာနဲ႔ သေရစာမုန္႔ေတြကို ေန႔လည္စာစားခ်ိန္မွာ မွီဝဲေပးျခင္းဟာ အိပ္ခ်င္စိတ္ကို အနည္းငယ္ေျပေပ်ာက္ေစႏိုင္ပါတယ္။

၃။ ေတာက္တိုမယ္ရအလုပ္မ်ား
ေန႔လည္စာစားၿပီးၿပီးခ်င္း ေသးငယ္တဲ့အလုပ္ေလးေတြကို လုပ္ေနျခင္းဟာလည္း အိပ္ခ်င္စိတ္ကို ေပ်ာက္သြားေစပါတယ္။ ဒါေပမယ့္ ဒီနည္းလမ္းကိုေတာ့ ႀကိဳက္ၾကမွာမဟုတ္ပါဘူး။

၄။ စကားေျပာပါ
သူငယ္ခ်င္း သို႔မဟုတ္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စိတ္ဝင္စားစရာေကာင္းတဲ့ အေၾကာင္းအရာေတြ ဟာသေတြကို ေျပာေနျခင္းဟာလည္း အိပ္ခ်င္စိတ္ကို ေပ်ာက္ေစပါတယ္။

၅။ Teatime
သင့္ရဲ႕ဦးေႏွာက္ကို တက္ႂကြလာေစဖို႔အတြက္ လၻက္ရည္၊ သို႔မဟုတ္ ေကာ္ဖီကို ေသာက္ေပးျခင္းဟာ အိပ္ရာဝင္ခ်င္တဲ့ စိတ္ကူးကို ေျဖရွင္းနည္းတမ်ိဳးပါပဲ။

၆။ မတူညီတာေတြကို လုပ္ၾကည့္ပါ
အလုပ္တစ္ခုတည္းကို မနက္ေရာညေနပါ လုပ္ေနရရင္ ပိုပ်င္းရိလာတတ္တာေၾကာင့္ ပိုအိပ္ခ်င္လာေစပါတယ္။ ဒါ့ေၾကာင့္ မနက္ခင္းလုပ္ရမယ့္ အလုပ္ေတြကို မနက္ခင္းပဲလုပ္ၿပီး
ညေနဖက္မွာ မတူညီတာကို လုပ္ၾကည့္ပါ။ အိပ္ခ်င္စိတ္ကို ေက်ာ္လႊားႏိုင္ပါလိမ့္မယ္။

၇။ ေရေအး
ေရေအးေအးေလးတစ္ခြက္က အိပ္ခ်င္စိတ္ကို ေပ်ာက္သြားေစႏိုင္တဲ့ အစြမ္းရွိလို႔ ေအးစက္ေနတဲ့ေရတခြက္ကို ေသာက္ၾကည့္ပါ။

၈။ ဂီတ
ျမဴးႂကြတဲ့ဂီတသံစဥ္က သင့္ကိုႏိုးၾကားေစတာေၾကာင့္ သီခ်င္းျမဴးျမဴးေလး နားေထာင္ျခင္းကလည္း အိပ္ခ်င္စိတ္ကို ေပ်ာက္ကင္းေစပါတယ္။

၉။ ေလ့က်င့္ခန္း
အိပ္ခ်င္လာတဲ့အခါမွာ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းအခ်ိဳ႕ကို လုပ္ၾကည့္ပါ။ အလုပ္ထဲမို႔လို႔ လုပ္မရရင္လည္း အေၾကာေျဖတာေလာက္ေတာ့ အနည္းဆုံးႀကိဳးစားၾကည့္လို႔ရမွာပါ။

၁၀။ အိပ္ငိုက္ပါ
အေပၚကနည္းလမ္းေတြက သင့္ရဲ႕အိပ္ခ်င္စိတ္ကို မေပ်ာက္သြားဘူးဆိုရင္ အိပ္ငိုက္ေနတာ အသက္သာဆုံးပါပဲ။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here