မြို့ပြလူနေမှုဘဝဟာ အမြဲတမ်း စိန်ခေါ်မှုတွေ ရှိပါတယ်။ လှုပ်ရှားမှု နည်းသလောက် စွမ်းအင်သုံးစွဲမှုများတဲ့ နေ့ရက်တွေနဲ့သာ လုံးပန်းနေရတာ များပါတယ်။ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်နည်းမျိုးနဲ့ နေဖို့အတွက် ခက်ခဲတယ်ဆိုပေမယ့် အလေ့အကျင့်ကောင်းကောင်းလုပ်ထားတယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ဘဝနေမှုအတွက် ပြင်ဆင်ပြီး ဖြစ်မှာပါ။
(၁) ကော်ဖီအစား သဘာဝဖျော်ရည်သောက်ပါ
မြို့ပြလူသားတွေဟာ ကော်ဖီသောက်သုံးမှု မြင့်မားပြီး တစ်နေ့မှာ အနည်းဆုံး ၁ ခါတော့ သောက်ဖြစ်ကြပါတယ်။ ကော်ဖီဟာ တက်ကြွလန်းဆန်းစေတယ်ဆိုပေမယ့် ကျန်းမာရေးအမြင်အရ ကြည့်မယ်ဆိုရင် ဖျော်ရည်လိုတော့ လူနဲ့တည့်တဲ့ အစားအသောက်လို့ ပြောလို့မရပါဘူး။

(၂) လက်နဲ့ စာရေးတဲ့ အကျင့်လုပ်ပါ
ဖုန်းတွေ ၊ လက်ပ်တော့တွေ အသုံးများလာချိန်မှာ လက်နဲ့ စာရေးတဲ့ အလေ့ဟာ ပျောက်သလောက်ကို ဖြစ်နေပါတယ်။ တကယ်က ဘောပင်ကိုင်ပြီး လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ရေးတာဟာ စာအရေးအသား ပိုမိုဂရုစိုက်မိလာစေပြီး ဖန်တီးဉာဏ်နဲ့ အာရုံစူးစိုက်မှုကို ပိုပြီး မြင့်မားစေပါတယ်။
(၃) တတ်နိုင်သမျှ သစ်ပင်စိုက်ပါ
ဖြစ်နိုင်ရင်တော့ ကိုယ်သဘောကျတဲ့ သစ်ပင် ပျိုးပင်လေးတွေ တစ်ပတ်ကို တစ်ပင်နှုန်း စိုက်သွားသင့်ပါတယ်။ သစ်ပင်စိုက်တယ်ဆိုတာ ရေရှည် စိတ်ကျေနပ်မှုရစေတဲ့ အလေ့အကျင့်ကောင်းဖြစ်သလို ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို အကျိုးပြုဖို့ စရိတ်စက အနည်းဆုံး အလုပ်လည်း ဖြစ်ပါတယ်။

(၄) ကိုယ်ပိုင်ကား အသုံးပြုမှု လျှော့ချပါ
တစ်ပတ်ကို တစ်ခါလောက် အများသုံး ဘတ်စ်စီးဖြစ်အောင် စီးပြီး ရုံးသွား ရုံးတက်လုပ်သင့်ပါတယ်။ ဘတ်စ်နဲ့သွားတာဟာ ကုန်ကျစရိတ် သက်သာသလို လူ့ဘဝ ပုံစံမျိုးစုံကို မြင်ရဖို့ အလွယ်ကူဆုံး အလုပ်လည်း ဖြစ်ပါတယ်။
(၅) ကိုယ့်အတွက်လည်း အချိန်ပေးတတ်ပါစေ
လူတွေဟာ ငယ်ငယ်ကတည်းကနေ အသက်ကြီးလို့ အိုမင်းလာတဲ့အထိ သူတစ်ပါးအပေါ်ပဲ အချိန်ပေးခဲ့တာ များပါတယ်။ ကိုယ့်စိတ်ကြိုက် ကိုယ်ပိုင် စိတ်ထားတဲ့ အခန်းလေးနဲ့ ကိုယ့်ကိုယ်ကို VIP လို သဘောထားပြီး နေဖို့တော့ မေ့နေတတ်ပါတယ်။ တစ်နေ့မှာ တစ်နာရီလောက်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ပြန်စောင့်ကြည့်ပြီး ကိုယ့်အတွက် ကိုယ် အချိန်ယူပါ။

(၆) တစ်ပတ်မှာ တစ်ရက် ဖုန်းနဲ့ အဆက်အသွယ်ဖြတ်ပါ
တနင်္ဂနွေလို နေ့မျိုးမှာ ဖုန်းနဲ့ ဖျာ်ဖြေရေးတွေကနေ ပြေးဖို့ အကြံပြုချင်ပါတယ်။ နည်းပညာခေတ်ရဲ့ ကျေးကျွန်ဖြစ်လာတဲ့ အချိန်မှာ လက်တွေဟာ ဖုန်းနဲ့ မွေ့လျော်ပြီး အင်တာနက်ပေါ်မှာ ပျော်တတ်လာကြပါတယ်။ ဒီအကျင့်ဟာ ကျန်းမာတဲ့ လူမှုဘဝကို ရေရှည်မှာ ထိခိုက်နိုင်ပါတယ်။
(၇) ပိုပြီး ရယ်မောတတ်ပါစေ
ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးဝါးဆိုတဲ့ စကားလည်း ရှိပါတယ်။ ရယ်ခြင်းကြောင့် ခေါင်းကိုက်ခြင်း ၊ စိတ်ဖိစီးခြင်းနဲ့ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ပူပန်သောကများတာကတော့ အဆိုးဆုံး ရောဂါလည်း ဖြစ်လို့ သောကတွေကနေ ဝေးအောင် တွေးတတ် မြင်တတ်ပြီး လောကထဲက ရယ်စရာတွေကိုတော့ ရှာတတ် ဖွေတတ်ဖိ့ု ကြိုးစားသင့်ပါတယ်။

(၈) ဂီတခံစားတတ်ပါစေ
တကယ်ကတော့ အနုပညာတစ်ခုခုမှာ ခံစားသက်ဝင်ခြင်းဟာ လူသားတစ်ယောက်ရဲ့ အဖြစ်ကို ပိုပြီး ပီပြင်စေပါတယ်။ အနုပညာခံစားနိုင်စွမ်းဟာ လူမှာပဲ တွေ့နိုင်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ ပိုပြီး အဆင့်မြင့်တဲ့ လူတွေဟာ ပိုပြီး အဆင့်မြင့်တဲ့ ဂီတ ၊ ရသတွေကို ခံစားနိုင်ပါတယ်။
(၉) နေ့တိုင်း ကောင်းမှုတစ်ခု ပြုတတ်ပါစေ
အများကြီး မလိုပါဘူး။ လမ်းမသိလို့ ယောင်လည်လည် ဖြစ်နေသူကို လမ်းပြပေးတာ ၊ လမ်းကူးရခက်နေတဲ့ သက်ကြီးရွယ်အိုကို လမ်းကူပြီး ဖြတ်ပေးတာ ၊ ကားပေါ် ရထားပေါ်မှာ တစ်ခြားတစ်ယောက်ယောက်အတွက် နေရာပေးလိုက်တာဟာ ကုသိုလ်ကောင်းမှု လုပ်နေတာပါပဲ။ ကောင်းမှုလုပ်ခြင်းရဲ့ ကောင်းကျိုးကတော့ နောင်တကင်းကင်းနဲ့ နေနိုင်တာပဲ ဖြစ်ပါတယ်။

(၁၀) လမ်းလျှောက်ပါ
ကျန်းမာပျော်ရွှင် အသက်ရှည်ချင်တယ်ဆိုရင် လမ်းပုံမှန်လျှောက်ဖို့ တိုက်တွန်းပါတယ်။ လမ်းလျှောက်တာဟာ စိတ်ကို လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပါတယ်။ လမ်းလျှောက်စက်ပေါ်မှာ လျှောက်တာထက် အပြင်ဘက် လမ်းတွေနဲ့ တောတန်းနံဘေးတွေမှာ လျှောက်တာက အများကြီး ပိုကောင်းပါတယ်။
Lifestyle_Myanmar
ref-meritagemed