နေ့တိုင်း (၈) နာရီ အိပ်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

0
135

ပုံမှန် (၈)နာရီအိပ်ခြင်းဟာ ဇိမ်ခံတာမဟုတ်ကြောင်း၊ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အရေးပါသော ပုံမှန်လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်ကြောင်း လေ့လာမှုတစ်ခုက ပြသခဲ့ပါတယ်။ အိပ်ရေးမဝခြင်းက ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ အမေရိကန်မှာ လူ ၄၀%လောက်သာ အပြည့်အဝအိပ်ရကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။ သင့်ရဲ့ အိပ်စက်မှုကို ဦးစားပေးလိုက်လျှင် ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

၁။ မှတ်ဉာဏ်ပိုကောင်းစေပါတယ်

အလုံအလောက်မအိပ်ရဘူးဆိုရင် ကျွမ်းကျင်မှုအသစ်တွေအပေါ်မှာ အာရုံစူးစိုက်မှုနှင့် မှတ်သားမှုတွေ အားနည်းလာပါတယ်။ ကျွန်တော်တို့ဟာ အိပ်နေစဉ်အတွင်း သတင်းအချက်အလက် အသစ်တွေကို ဆောင်ရွက်ကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ညဘက် ကောင်းကောင်း အနားယူပြီးရင် ကျွန်တော်တို့ရဲ့ စိတ်နှင့် ခန္ဓာကိုယ်ဟာ မနက်ခင်းမှာ ပိုနေလို့ကောင်းလာပါတယ်။ ဒီအချိန်မှာ ဘယ်ကျွမ်းကျင်မှု အသစ်ကိုမဆို ပိုမိုမှတ်မိလွယ်လာပါတယ်။

၂။ ပိုပြီး သတိထားမိလာပါလိမ့်မယ်
ပုံမှန်အလုံအလောက် အနားယူတဲ့အခါ အာရုံစူးစိုက်မှုနှင့် ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်ဟာ အကောင်းဆုံးအဆင့်ကို ရောက်ရှိတာကြောင့် အတွေးတွေ ရှင်းသလို ဆုံးဖြတ်ချက်တွေ မြန်မြန်ချမှတ်လာနိုင်ပါတယ်။

၃။ ကိုယ်အလေးချိန်ကို အလွယ်တကူ ထိန်းချုပ်ပါလိမ့်မယ်

အိပ်နေစဉ်အတွင်းမှာ leptin လို့ခေါ်တဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပြီး ဒီဟော်မုန်းက ကျွန်တော်တို့ ဗိုက်ပြည့်နေပြီလား၊ ဗိုက်ဆာနေပြီလားဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ပြောကြောင်း ဒီလေ့လာမှုမှာ ပြသခဲ့ပါတယ်။ အလုံအလောက် အိပ်စက်မှုမရတဲ့အခါ ဟော်မုန်းက မျှတမှုမရှိတော့ဘဲ အစားအသောက်ကို ပိုမိုတပ်မက်လာပါတယ်။

၄။ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်

အလုံအလောက် အိပ်စက်ခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှု အဆင့်ကိုသာ လျှော့ကျစေတာမဟုတ်ဘဲ ကိုလက်စထရော မြင့်မားခြင်းနှင့် သွေးတိုးခြင်း အန္တရာယ်ကိုလည်း တားဆီးပေးကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ အိပ်ရေးပျက်တာက နှလုံးနှင့်ဆက်နွယ်နေတဲ့ ပြဿနာများကို ဖြစ်ပေါ်စေပါလိမ့်မယ်။

၅။ ဆီးချိုဖြစ်ခြင်းကို တားဆီးနိုင်ပါတယ်

အိပ်စက်မှုက သွေးတွင်းသကြား ထိန်းချုပ်မှုနှင့် အင်ဆူလင် sensitivity ဖြစ်မှုကို ထိန်းသိမ်းပေးတာကြောင့် ဆီးချိုအမျိုးအစား ၂ကို တားဆီးပေးကြောင်း သုတေသနမှာ တွေ့ရှိခဲ့ပါတယ်။ အိပ်စက်မှုနည်းတာက သင့်ရဲ့ ဗိုက်ပြည့်အင့်မှုအဆင့်ကို လျော့နည်းစေပြီး စားချင်စိတ်ကို တိုးစေနိုင်တာကြောင့် သကြားနှင့် ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာများကို တပ်မက်မှုဖြစ်ပေါ်လာပါတယ်။ ဒီတပ်မက်မှုက အချိန်ကြာလာတဲ့အခါ သွေးတွင်းသကြားလယ်ဗယ်နှင့် အင်ဆူလင်ပေါ်မှာ ထိခိုက်စေနိုင်ပြီး ဆီးချိုအမျိုးအစား ၂ရဲ့ အဓိကအန္တရာယ်ဖြစ်တဲ့ အဝလွန်တာတွေ ဖြစ်လာပါတယ်။

၆။ မြန်မြန်အားပြန်ပြည့်စေပါတယ်
သင်နေမကောင်းဖြစ်တဲ့အခါ အိပ်ချင်သလိုခံစားကြဖူးမှာပါ။ ဒါက ကျွန်တော်တို့ခန္ဓာကိုယ်ဟာ ပြန်လည်အားပြန်ဖြည့်ဖို့အတွက် အိပ်စက်စေချင်တာဖြစ်ကြောင်း လေ့လာမှုများက သက်သေပြခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်က ဘက်တီးရီးယားတွေကို တိုက်ခိုက်တဲ့အခါ အထိရောက်ဆုံးဖြစ်စေပါတယ်။

၇။ အသားအရေကို ပိုကြည့်ကောင်းစေတယ်

ကျွန်တော်တို့ အသားအရေက ကျွန်တော်တို့ နေကောင်းလား/မကောင်းဘူးလားဆိုတာကို ညွှန်ပြပါတယ်။ ကျွန်တော်တို့ အသားအရေက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ကိုယ်တွင်းကလီစာဖြစ်ပါတယ်။ အသားအရေဟာ ဖုန်မှုန့်၊ ခရမ်းလွန်ရောင်ခြည်၊ နေနှင့် ရာသီဥတုကို အစဉ်မပြတ် ထိတွေ့နေရပါတယ်။ ကျွန်တော်တို့ အိပ်စက်တဲ့အခါ အသားအရေက သူ့ဘာသာသူ ပြန်လည်ပြုပြင်ပေးပါတယ်။

၈။ အန္တရာယ်ကင်းတဲ့ ကားမောင်းသူ ဖြစ်စေပါတယ်

နေ့စဉ် ကားမောင်းရတဲ့သူတွေဟာ အရမ်းပင်ပန်းတာကြောင့် အပြည့်အဝအိပ်စက်ဖို့လိုပါတယ်။ အိပ်ရေးမဝတဲ့ ကားသမားဟာ အရက်မူးနေတဲ့ ကားသမားလိုပဲ အမှားများကြောင်း လေ့လာမှုများက ပြသခဲ့ပါတယ်။

၉။ သင့်ရဲ့ balance ကိုတိုးတတ်စေပါလိမ့်မယ်

အိပ်ရေးဝတဲ့အခါ သင့်ရဲ့ ညှိနှိုင်းဆောင်ရွက်မှုနှင့် balanceဖြစ်မှုက ပိုကောင်းလာပြီး မတော်တဆဖြစ်တာတွေ၊ ထိခိုက်ဒဏ်ရာရမှု အမျိုးမျိုးကနေ တားဆီးပေးပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ေန႔တိုင္း (၈) နာရီ အိပ္မယ္ဆိုရင္ သင့္ခႏၶာကိုယ္မွာ ဘာေတြျဖစ္လာမလဲ
ပုံမွန္ (၈)နာရီအိပ္ျခင္းဟာ ဇိမ္ခံတာမဟုတ္ေၾကာင္း၊ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ အေရးပါေသာ ပုံမွန္လုပ္႐ိုးလုပ္စဥ္ တစ္ခုျဖစ္ေၾကာင္း ေလ့လာမႈတစ္ခုက ျပသခဲ့ပါတယ္။ အိပ္ေရးမဝျခင္းက ကြၽန္ေတာ္တို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ စိတ္ခံစားမႈႏွင့္ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးကို ဆိုးက်ိဳးသက္ေရာက္ေစႏိုင္ပါတယ္။ အေမရိကန္မွာ လူ ၄၀%ေလာက္သာ အျပည့္အဝအိပ္ရေၾကာင္း သုေတသီမ်ားက ေတြ႕ရွိခဲ့ပါတယ္။ သင့္ရဲ႕ အိပ္စက္မႈကို ဦးစားေပးလိုက္လွ်င္ ခႏၶာကိုယ္မွာ ဘာေတြ ျဖစ္လာမလဲဆိုတာ ၾကည့္လိုက္ပါဦးေနာ္။

၁။ မွတ္ဉာဏ္ပိုေကာင္းေစပါတယ္
အလုံအေလာက္မအိပ္ရဘူးဆိုရင္ ကြၽမ္းက်င္မႈအသစ္ေတြအေပၚမွာ အာ႐ုံစူးစိုက္မႈႏွင့္ မွတ္သားမႈေတြ အားနည္းလာပါတယ္။ ကြၽန္ေတာ္တို႔ဟာ အိပ္ေနစဥ္အတြင္း သတင္းအခ်က္အလက္ အသစ္ေတြကို ေဆာင္႐ြက္ေၾကာင္း သိပၸံပညာရွင္ေတြ ေတြ႕ရွိခဲ့ပါတယ္။ ညဘက္ ေကာင္းေကာင္း အနားယူၿပီးရင္ ကြၽန္ေတာ္တို႔ရဲ႕ စိတ္ႏွင့္ ခႏၶာကိုယ္ဟာ မနက္ခင္းမွာ ပိုေနလို႔ေကာင္းလာပါတယ္။ ဒီအခ်ိန္မွာ ဘယ္ကြၽမ္းက်င္မႈ အသစ္ကိုမဆို ပိုမိုမွတ္မိလြယ္လာပါတယ္။

၂။ ပိုၿပီး သတိထားမိလာပါလိမ့္မယ္
ပုံမွန္အလုံအေလာက္ အနားယူတဲ့အခါ အာ႐ုံစူးစိုက္မႈႏွင့္ ျပႆနာေျဖရွင္းႏိုင္တဲ့ စြမ္းရည္ဟာ အေကာင္းဆုံးအဆင့္ကို ေရာက္ရွိတာေၾကာင့္ အေတြးေတြ ရွင္းသလို ဆုံးျဖတ္ခ်က္ေတြ ျမန္ျမန္ခ်မွတ္လာႏိုင္ပါတယ္။

၃။ ကိုယ္အေလးခ်ိန္ကို အလြယ္တကူ ထိန္းခ်ဳပ္ပါလိမ့္မယ္
အိပ္ေနစဥ္အတြင္းမွာ leptin လို႔ေခၚတဲ့ ေဟာ္မုန္းေတြ ထုတ္လုပ္ၿပီး ဒီေဟာ္မုန္းက ကြၽန္ေတာ္တို႔ ဗိုက္ျပည့္ေနၿပီလား၊ ဗိုက္ဆာေနၿပီလားဆိုတာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ကို ေျပာေၾကာင္း ဒီေလ့လာမႈမွာ ျပသခဲ့ပါတယ္။ အလုံအေလာက္ အိပ္စက္မႈမရတဲ့အခါ ေဟာ္မုန္းက မွ်တမႈမရွိေတာ့ဘဲ အစားအေသာက္ကို ပိုမိုတပ္မက္လာပါတယ္။

၄။ က်န္းမာေရးကို ပိုမိုေကာင္းမြန္ေစပါတယ္
အလုံအေလာက္ အိပ္စက္ျခင္းဟာ ကြၽန္ေတာ္တို႔ရဲ႕ စိတ္ဖိစီးမႈ အဆင့္ကိုသာ ေလွ်ာ့က်ေစတာမဟုတ္ဘဲ ကိုလက္စထေရာ ျမင့္မားျခင္းႏွင့္ ေသြးတိုးျခင္း အႏၲရာယ္ကိုလည္း တားဆီးေပးေၾကာင္း သိပၸံပညာရွင္မ်ားက ေတြ႕ရွိခဲ့ပါတယ္။ အိပ္ေရးပ်က္တာက ႏွလုံးႏွင့္ဆက္ႏြယ္ေနတဲ့ ျပႆနာမ်ားကို ျဖစ္ေပၚေစပါလိမ့္မယ္။

၅။ ဆီးခ်ိဳျဖစ္ျခင္းကို တားဆီးႏိုင္ပါတယ္
အိပ္စက္မႈက ေသြးတြင္းသၾကား ထိန္းခ်ဳပ္မႈႏွင့္ အင္ဆူလင္ sensitivity ျဖစ္မႈကို ထိန္းသိမ္းေပးတာေၾကာင့္ ဆီးခ်ိဳအမ်ိဳးအစား ၂ကို တားဆီးေပးေၾကာင္း သုေတသနမွာ ေတြ႕ရွိခဲ့ပါတယ္။ အိပ္စက္မႈနည္းတာက သင့္ရဲ႕ ဗိုက္ျပည့္အင့္မႈအဆင့္ကို ေလ်ာ့နည္းေစၿပီး စားခ်င္စိတ္ကို တိုးေစႏိုင္တာေၾကာင့္ သၾကားႏွင့္ ကာဗိုဟိုက္ဒရိတ္မ်ားတဲ့ အစားအစာမ်ားကို တပ္မက္မႈျဖစ္ေပၚလာပါတယ္။ ဒီတပ္မက္မႈက အခ်ိန္ၾကာလာတဲ့အခါ ေသြးတြင္းသၾကားလယ္ဗယ္ႏွင့္ အင္ဆူလင္ေပၚမွာ ထိခိုက္ေစႏိုင္ၿပီး ဆီးခ်ိဳအမ်ိဳးအစား ၂ရဲ႕ အဓိကအႏၲရာယ္ျဖစ္တဲ့ အဝလြန္တာေတြ ျဖစ္လာပါတယ္။

၆။ ျမန္ျမန္အားျပန္ျပည့္ေစပါတယ္
သင္ေနမေကာင္းျဖစ္တဲ့အခါ အိပ္ခ်င္သလိုခံစားၾကဖူးမွာပါ။ ဒါက ကြၽန္ေတာ္တို႔ခႏၶာကိုယ္ဟာ ျပန္လည္အားျပန္ျဖည့္ဖို႔အတြက္ အိပ္စက္ေစခ်င္တာျဖစ္ေၾကာင္း ေလ့လာမႈမ်ားက သက္ေသျပခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ခံအားစနစ္က ဘက္တီးရီးယားေတြကို တိုက္ခိုက္တဲ့အခါ အထိေရာက္ဆုံးျဖစ္ေစပါတယ္။

၇။ အသားအေရကို ပိုၾကည့္ေကာင္းေစတယ္
ကြၽန္ေတာ္တို႔ အသားအေရက ကြၽန္ေတာ္တို႔ ေနေကာင္းလား/မေကာင္းဘူးလားဆိုတာကို ၫႊန္ျပပါတယ္။ ကြၽန္ေတာ္တို႔ အသားအေရက ကြၽန္ေတာ္တို႔ရဲ႕ အႀကီးမားဆုံး ကိုယ္တြင္းကလီစာျဖစ္ပါတယ္။ အသားအေရဟာ ဖုန္မႈန္႔၊ ခရမ္းလြန္ေရာင္ျခည္၊ ေနႏွင့္ ရာသီဥတုကို အစဥ္မျပတ္ ထိေတြ႕ေနရပါတယ္။ ကြၽန္ေတာ္တို႔ အိပ္စက္တဲ့အခါ အသားအေရက သူ႔ဘာသာသူ ျပန္လည္ျပဳျပင္ေပးပါတယ္။

၈။ အႏၲရာယ္ကင္းတဲ့ ကားေမာင္းသူ ျဖစ္ေစပါတယ္
ေန႔စဥ္ ကားေမာင္းရတဲ့သူေတြဟာ အရမ္းပင္ပန္းတာေၾကာင့္ အျပည့္အဝအိပ္စက္ဖို႔လိုပါတယ္။ အိပ္ေရးမဝတဲ့ ကားသမားဟာ အရက္မူးေနတဲ့ ကားသမားလိုပဲ အမွားမ်ားေၾကာင္း ေလ့လာမႈမ်ားက ျပသခဲ့ပါတယ္။

၉။ သင့္ရဲ႕ balance ကိုတိုးတတ္ေစပါလိမ့္မယ္
အိပ္ေရးဝတဲ့အခါ သင့္ရဲ႕ ညႇိႏႈိင္းေဆာင္႐ြက္မႈႏွင့္ balanceျဖစ္မႈက ပိုေကာင္းလာၿပီး မေတာ္တဆျဖစ္တာေတြ၊ ထိခိုက္ဒဏ္ရာရမႈ အမ်ိဳးမ်ိဳးကေန တားဆီးေပးပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here