တစ်ကယ်တော့ ဂါတာတို့၊ မန္တန်တို့ဆိုတာ တင်စားလိုက်တာပါ။ သင့်ကိုသင်ထပ်ခါထပ်ခါ ပြောရမယ့်စကားလုံးတွေအကြောင်းပြောပြဖို့ပါ။တစ်နေ့တာကုန်ဆုံးလို့ ညအချိန်ရောက်လာတဲ့ အထိ ကျွန်တော်တို့ကို အတွေးတွေက စိုးမိုးနေတုန်းပါပဲ။ တစ်ခါတစ်လေ အိပ်မပျော်နိုင်လောက်အောင်ပေါ့။
ညဘက်အိပ်မပျော်မီကျွန်ုပ်တို့အများစုဟာတစ်နေ့တာအတွင်းဖြစ်ပျက်ခဲ့တာတဲ့ အစားကောင်းစားခဲ့တာတွေ၊အလုပ်ကအဆင်မပြေမှုတွေ ဒါမှမဟုတ် အချိန်အကြာကြီး လခမတိုးပဲဖြစ်နေလို့ ဘောစီကို မေးခွန်းထုတ်ခဲ့တာတွေ စတဲ့အရာများစွာကို စဉ်းစားဆင်ခြင်တတ်ကြပါတယ်။
ဒါတွေကို သင်လုပ်ခဲ့သည်ဖြစ်စေ၊ မဖြစ်စေ သင့်အိပ်စက်ခြင်းကို ကျေကျေနပ်နပ် အိပ်စက်ဖို့နဲ့ မနက်ဖြန်တွေကို စိတ်လှုပ်ရှားဖွယ်နိုးထဖို့အောက်မှာဖော်ပြထားတဲ့ စကားလုံးတွေကိုဂါတာတွေလို ရွတ်ဆိုပြီး သင့်ကိုသင်ပြန်ပြောပြသင့်ပါတယ်။
ငါဒီနေ့အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။

အဘယ်သူမျှ အရာအားလုံးမှာ မပြီးပြည့်စုံနိုင်ပါ။ တစ်နည်းအားဖြင့် ပြီးပြည့်စုံတဲ့အောင်လုပ်နိုင်တယ်ဆိုရင်တော့ သင်လူ့ဖြစ်လိမ့်မယ်မဟုတ်ပေဘူး။ ဒါရယ်စရာပါ။ ဆိုတော့ သင်ရဲ့ တစ်နေ့တာအတွင်းအကောင်းဆုံးလုပ်ဆောင်ခဲ့ပြီးသင်ရရှိခဲ့သလောက် အောင်မြင်ခဲ့မှာများကို ဂုဏ်ယူတတ်ဖို့ဆိုလိုချင်တာပါ။
သင့်ရဲ့အားထုတ်မှုနဲ့ အကောင်းဆုံးကြိုးစားမှုကို သင်ဘယ်လောက်ကြိုးစားခဲ့ကြောင်းအသိအမှတ်ပြုပါ။ ဆိုလိုချင်တာက အခြားသူများကသင့်ရဲ့ ကြိုးစားအားထုတ်မှုကိုအသိအမှတ်မပြုလည်းတစ်နေ့တာ၏အဆုံးသတ်မှာ သင့်ရဲ့ထင်မြင်ချက်ကသာ အရေးကြီးဆုံးပါ။ ဆိုတော့ မအိပ်ခင်မှာ ငါဒီနေ့အကောင်းဆုံးလုပ်နိုင်ခဲ့တယ် ဆိုတာ ပြောပေးပါ။
ငါကချစ်ခြင်းမေတ္တာနဲ့ထိုက်တန်ပါတယ်။

သင့်ကိုသင် ချစ်ခြင်းမေတ္တာနှင့်ပျော်ရွှင်ခြင်းတို့ဖြင့် ပြည့်လျှံနေသောဘဝကိုရထိုက်တဲ့ စကြာ၀ဋာကြီးထဲက ကလေးတစ်ယောက်လို မှတ်ယူလိုက်ပါ။ သင်၏တစ်နေ့တာ၏အဖြစ်အပျက်များကဤအဖြစ်နဲ့ မကိုက်ညီခဲ့ရင်တောင် သင့်ကိုသင် ဒါကိုကျယ်ကျယ်လောင်လောင်နဲ့ထပ်ခါထပ်ခါ ပြောပါ။ တဖြည်းဖြည်းချင်းနဲ့ ဒီစကားလုံးတွေက တစ်ဆင့် ချစ်ခြင်းမေတ္တာတရားတွေဟာ သင့်ဆီကို စီး၀င်လာတာကို အနဲဆုံးတော့ သင်ခံစားရမှာပါ။ သင်ကချစ်ခြင်းမေတ္တာနဲ့ထိုက်တန်ပါတယ်။
ငါကကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချပြီးဘာမဆိုလုပ်နိုင်တယ်

ကျွန်ုပ်တို့အားလုံးဟာ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုလေးစားမှုကို အနည်းငယ်မြှင့်တင်ဖို့လိုအပ်ပါတယ်။ ကံကောင်းချင်တော့ ကျွန်ုပ်တို့အလိုရှိတဲ့ အချိန်မှာ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိစေမယ့် အရာတွေကို ကိုယ့်ကိုကိုယ် ပေးနိုင်ကြပါတယ်။
သင်ဟာ သင့်ကိုသင် ဒီလိုစကားလုံးနဲ့ စေ့ဆော်အားပေးမှုကို လုပ်ပြီး မကြာခင်မှာ သင့်ရဲ့ ဒီစကားလုံးထဲက ဖူးပွင့်လာမယ့် အသီးအပွင့်အကျိုးအမြတ်တွေကို သင်ခံစားလာရပါလိမ့်မယ်။ ညအိပ်ရာမ၀င်ခင်တိုင်း စမ်းသပ်ကြည့်ပါ။ သင့်ကိုယ်သင် ယုံကြည်မှုပိုရှိလာပါလိမ့်မယ်။
ပျော်ရွှင်ဖို့အတွက်လိုအပ်တဲ့အရာအားလုံးငါ့မှာရှိတယ်

အကယ်၍ သင်ဟာ သင့်ရဲ့ တစ်နေ့တာမှာ အစားအစာ၊ ရေ၊ အမိုးအကာ၊ မိသားစုနဲ့ နေရောင်ခြည်အချို့ကို ရရှိခဲ့မယ်ဆို ယနေ့လူအများစုထက် သင်ဟာပိုပြီး ချမ်းသာကြွယ်ဝမှုပိုများပါတယ်။
ကျွန်ုပ်တို့အများစုဟာ တစ်စုံတစ်ယောက်ဖြစ်လာရန်” ကိုယ့်ကိုကိုယ် ကြိုးစားနေကြချိန်မှာ သင်ဟာတစ်စုံတစ်ယောက်ဖြစ်နေပြီဆိုတာကိုသတိရပါ။ သင် နေ့စဉ်သတိမမူမိတဲ့ ကောင်းချီးများစွာရှိပါတယ်။
ဘဝကိုကျေနပ်ရောင့်ရဲမှုရှိစေဖို့ဒီအတွေးကိုသင့်စိတ်ထဲစွဲမှတ်ထားပါ။ သင်ဟာရှိတာနဲ့ပျော်နိုင်တဲ့ သင်ဟာသင်စစ်မှန်နေတဲ့ လူတစ်ယောက်ဆိုတာပါပဲ။
ကိုယ့်ကိုယ်ကိုတခြားသူတွေနဲ့နှိုင်းယှဉ်ဖို့မလိုပါဘူး။

သင်ဟာသင့်ခရီးသင်သွားနေတဲ့ ကိုယ်ပိုင်ခရီးသွားပါ။ သူတစ်ပါး၏ကိုယ်ပိုင်ခရီးများနှင့်သင်၏လမ်းကြောင်းကိုနှိုင်းယှဉ်ရန်သွေးဆောင်မှုကိုတွန်းလှန်ပါ။ ဒီလိုမဟုတ်ရင် ရလဒ်အနေနဲ့သူတစ်ပါးကို မနာလို သို့မဟုတ် ယုတ်ညံ့မှုကို ခံစားရပါလိမ့်မယ်။

သင်ဟာသင့်လမ်းကြောင်းနဲ့သင့်ကိုသင်ပိုင်တဲ့ အမျိုးအစားတွင်ပါဝင်သောကြောင့် တစ်စုံတစ်ဦးရဲ့ အောင်မြင်မှု သို့မဟုတ် အဆင့်အတန်းနဲ့ သင့်ရဲ့ တန်ဖိုးကိုတိုင်းတာလို့ မရနိုင်ကြောင်းသတိရပါ။စကြာ၀ဋာကြီးက သင့်ကိုတခြားလူဖြစ်ဖို့ ခေါ်လာခဲ့တာမဟုတ်ပါဘူး။
ငါဟာငါ့ကိုယ်ပိုင်ခရီးသွား။ ငါရောက်နေတဲ့နေရာဟာ ငါ့အောင်မြင်မှုပဲလို့ ပြောပေးပါ။ ကဲ ဒီလောက်ဆို ညအိပ်ရာမ၀င်ခင် အထိုက်အသင့်တော့ သင့်ကိုယ်သင်ကျေနပ်သွားစေမှာဖြစ်ပြီး မနက်ဖြန်မှာ လန်းဆန်းမှုအားအင်တွေနဲ့ သင်နိုးထာလာနိုင်မှာပါ။
#Lifefstyle_Myanmar
#Mg_Htet
REF_Power Of Possitivity