နေ့စဥ်နေ့တိုင်းDarkချောကလက်ကို စားသုံးပေးခြင်းဖြင့် ရရှိနိုင်သော အံ့ဩဖွယ်အကျိုးကျေးဇူး ၅ချက်

နေ့စဥ်နေ့တိုင်းDarkချောကလက်ကို စားသုံးပေးခြင်းဖြင့် ရရှိနိုင်သော အံ့ဩဖွယ်အကျိုးကျေးဇူး ၅ချက်

0
38

ချောကလက်ချစ်သူများက မိမိတို့ရဲ့ အကြိုက်ဆုံးအရသာအတွက် အနည်းငယ်အပြစ်ရှိတယ်လို့ ခံစားရလေ့ရှိကြတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ စိတ်ပူစရာမလိုတဲ့ အကြောင်းလေးပြောပြချင်ပါတယ်။
ချောကလက်နက်ဟာ ထူးခြားတဲ့အရသာရှိရုံမက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ တကယ်တော့ သင့်ခန္ဓာကိုယ်အတွက်လည်း အလွန်အကျိုးရှိတာကြောင့် နေ့စဥ်နေ့တိုင်းစားပေးဖို့ စဥ်းစားသင့်ပါတယ်။

-Advertisement-

၁။ သင့်ရဲ့ စိတ်အခြေအနေကို မြှင့်တင်ပေးခြင်း

ကျွန်မတို့အားလုံးမှာ စိတ်ဓာတ်ကျတဲ့အချိန်တွေများစွာရှိပါတယ်။ ကိုယ့်စိတ်ကို ပြန်ကောက်ရတဲ့ ကာလတွေမှာ Dark ချောကလက်ဟာ ဒီအလုပ်ကို ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒီကုသမှုမှာ serotoninကို ထုတ်လုပ်တဲ့အခါ ဦးနှောက်အတွက်အသုံး၀င်တဲ့ အမိုင်နိုအက်ဆစ်တစ်ခုဖြစ်တဲ့ trytophanပါ၀င်ပါတယ်။ ၎င်းဟာ ကျွန်မတို့ကို ပျော်ရွှင်စေတဲ့ neurotranstitterဖြစ်ပါတယ်။

၂။ ဦးနှောက်အစာဖြစ်ခြင်း

လေ့လာမှုတစ်ခုအရ ချောကလက်စားခြင်းက သင့်ရဲ့ ဦးနှောက်ကို ချောမွေ့စေပြီးတော့ စိတ်ဖောက်ပြန်မှုကို တားဆီးနိုင်တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်း၄၀ကြာအောင် သုတေသနပြုချက်တွေအရ ချောကလက်ကို စားသောသူများက ဦးနှောက်လှုပ်ရှားမှုပိုမိုလိုအပ်တဲ့ စစ်ဆေးမှုများမှာ ပိုမိုကောင်းမွန်စွာလုပ်ဆောင်ခဲ့ကြောင်းတွေ့ရှိရတယ်လို့ ဖော်ပြခဲ့ပါတယ်။

၃။ အစာချေကျန်းမာရေးအတွက် ကြီးမားသော လက်ဆောင်ဖြစ်ခြင်း

Dark Chocolateမှာ ပျော်၀င်နိုင်တဲ့ အမျှင်တွေ ပါ၀င်တာကြောင့် သင့်ရဲ့ cholesterolပမာဏကို ကျန်းမာစေတဲ့အတိုင်းအတာအတွင်းထားရှိခြင်းက အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်က သင့်ကို ပိုကြာရှည်စွာ ခံစားနိုင်အောင် ပြုလုပ်ထားတာကြောင့် ၎င်းက သင့်ကို အစာခြေခြင်းနှင့် အလေးချိန်ကို ထိန်းချုပ်ခြင်းအတွက်လည်း အကျိုးရှိနိုင်ပါတယ်။

၄။ ပိုပြီးပျော်ရွှင်တတ်သော ဘေဘီလေးမွေးဖွားတတ်ခြင်း

ဖင်လန်နိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ ကိုယ်၀န်ဆောင်မိခင်များအနေနဲ့ ကိုယ်၀န်ဆောင်စဥ်မှာ ချောကလက်ပိုမိုစားသုံးပေးခြင်းက ပျော်ရွှင်သော ကလေးလေးရရှိဖို့ ဖြစ်နိုင်ချေပိုများပါတယ်။ ဒါ့ကြောင့် တစ်ခြားစွဲလမ်းမှုတွေကိုလျှော့ချပြီးတော့ သင့်ကလေးအတွက် ချောကလက်များများစားပေးပါ။

၅။ သင့်ရဲ့ နှလုံးကျန်းမာရေးကို ထိန်းပေးခြင်း

ချောကလက်(Dark)ဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကူးစက်မှုကို လျော့နည်းစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် ငါးကြိမ် (သို့) ထိုထက်ပိုပြီး ချောကလက်စားလေ့ရှိကြတယ်။ ဒါဟာ နှလုံးသွေးကြောဆိုင်ရာရောဂါများကို ၅၇ရာခိုင်နှုန်း လျော့နည်းစေပါတယ်။

ဒီလိုအကြောင်းရင်းတွေကြောင့် သင့်အနေနဲ့ နောက်တစ်ခါ ကုန်စုံဆိုင်ကြီးတွေရောက်တဲ့အခါ ချောကလက်လေးတွေကို ငေးကြည့်ရုံပဲ ကြည့်မနေဘဲနဲ့ ၀ယ်ဖြစ်အောင် ကြိုးစားပါ။ သတိရစေချင်တာက Dark Chocalateဟာ သင့်ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ သာမန်မဟုတ်ဘဲ အသက်သွေးကြောလို့တောင် ရဲရဲကြီး ပြော၀ံ့ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-mambee

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here