နေ့စဥ်နေ့တိုင်း အသားအရေအတွက် Skincare လုပ်တဲ့အခါ မသိလိုက်ဘဲ ပြုလုပ်နေမိတဲ့ အမှားများ

0
235

ဘယ်သူကမှတော့ ကိုယ်လုပ်နေတာ မှားတယ်ဆိုပြီး လက်ညိုးထိုးပြခံရတာမျိုးကို မလိုချင်ကြပါဘူး။ ဒါပေမယ့်လည်း ကိုယ့်အသားအရေအတွက် ဂရုတစိုက်နဲ့ ပြုလုပ်ပေးရတဲ့ Skincare ပြုလုပ်ချိန်မှာတော့ အမှားလေးတွေရှိတယ်ဆိုရင် ပြန်ပြင်ဖို့အတွက် သိထားမှဖြစ်မှာပေါ့။ မဟုတ်ဘူးဆိုရင် အမှားကြီးက အကျင့်ပါသွားပြီးတော့ အခန့်မသင့်ရင် ကိုယ့်အသားအရေအတွက်ပါ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲပြဿနာတွေ မကြုံရစေဖို့အတွက် ဘယ်လိုအမှားတွေကို ဘယ်လိုပြင်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးမယ်နော်။

-Advertisement-

အလှကုန်ပစ္စည်းတွေကို သူ့အစဥ်လိုက်သူ မသုံးမိခြင်း

အသားအရေထဲကို ပြည့်ပြည့်ဝဝ စိမ့်ဝင်မှုရှိစေဖို့အတွက် Skincare ပစ္စည်းတွေကို သူ့အစဥ်လိုက်နဲ့သူ မှန်မှန်ကန်ကန် သုံးပေး၊ လိမ်းပေးဖို့လိုအပ်ပါတယ်။ ပထမဦးဆုံးသုံးရမှာကတော့ Serum ဖြစ်ပြီး လိုးရှင်းကို ဒုတိယအနေနဲ့ သုံးပေးပြီး ခရင်မ်ကိုတော့ နောက်ဆုံးကျမှ သုံးပေးရပါမယ်။

အဆီပြန်တတ်ပါရဲ့နဲ့ Moisturizer အသုံးမပြုခြင်း

ရေဓာတ်ဖြည့်တင်းတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုမယ်ဆိုပါက အဆီတွေကိုထွက်စေတဲ့ အသားအရေရဲ့ အကာအကွယ်က ပိုကောင်းလာမှာဖြစ်ပြီး ထိုကနေတဆင့် အဆီပြန်တာလည်း နည်းသွားမှာဖြစ်ပါတယ်။ ရေဓာတ်အပြင် အိုမင်းရင့်ရော်မှုကို သက်သာစေမယ့် အမီနိုအက်စစ်၊ ဗီတာမင်ဘီသရီးတို့ပါတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင်တော့ အရေးအကြောင်းတွေကိုပါ သက်သာစေမှာဖြစ်ပါတယ်။

အရေးကြီးတဲ့နေရာတွေကို မေ့ထားခဲ့ခြင်း

မျက်နှာနည်းတူပဲ လည်ပင်းတစ်ဝိုက်အသားအရေကလည်း တဖြည်းဖြည်းအိုမင်းလာပါတယ်။ ဒါပေမယ့် လူအများစုက အလှကုန်ပစ္စည်းတွေကို အသုံးပြုတဲ့အခါ မေးရိုးမှာတင်ရပ်သွားတတ်ကြပြီး နားနဲ့လည်ပင်းတစ်ဝိုက်ကို မေ့သွားတတ်ကြပါတယ်။ မျက်နှာပဲနုပြီး လည်ပင်းအသားအရေတွေက ပျော့တွဲတွဲကြီး ဖြစ်နေရင်ကြည့်မကောင်းတာကြောင့် မျက်နှာလိုပဲ လည်ပင်းအသားအရေကိုလည်း ဂရုစိုက်ပေးပါ။

မိုးအုံ့ရက်တွေမှာ SPF မလိမ်းခြင်း

တစ်ရက်လျှင် နေပူထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် နေလိုက်မိရင်ကို ရက်ပေါင်းများစွာကြာလာသည့်အခါ အသားအရေပျက်စီးလာပြီး ထိုကနေ အရေးအကြောင်းတွေပါ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် Sunscreen တစ်ဘူးကို အမြဲဆောင်ထားပြီး ဘယ်လိုရာသီဖြစ်ဖြစ် လိမ်းပေးဖို့မမေ့ပါနဲ့။

လိုတာထက်ပိုပြီး ချေးချွတ်ခြင်း

ချေးများများချွတ်လို့ အသားအရေက လှလာမယ်လို့မဆိုလိုပါဘူး။ တကယ်တမ်းက အသားအရေပိုပြီးနုနယ်လာလို့ ယားယံမှုတွေပိုဖြစ်စေနိုင်ပြီး အသားအရေရဲ့ အကာအကွယ်ကိုလည်း အားနည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက် လုပ်ပေးနိုင်သလို ချေးချွတ်နေချိန်မှာလည်း ညှင်ညှင်သာသာလေး ပြုလုပ်ပေးပါ။

ရေပူနဲ့ မျက်နှာသစ်ခြင်း

ရေပူက အသားအရေရဲ့ သဘာဝအဆီတွေကို ဖယ်ရှားပစ်ရာရောက်ပြီးတော့ ထိုကနေတဆင့် အသားအရေခြောက်ကာ ကွဲအက်ခြင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အသားအရေလည်း နီမြန်းယားယံလာမှာဖြစ်တာကြောင့် အရမ်းပူတဲ့ရေထက် ကြက်သီးမွှေးညှင်းထရုံလောက်ရေနွေးနွေးလေးနဲ့သာ မျက်နှာသစ်ပေးပါ။

ခေါင်းအုံးစွပ်မလဲခြင်း

ခေါင်းအုံးစွပ်က အချိန်အကြာကြီး မလဲဘဲ ဆက်တိုက်သုံးနေခြင်းက ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေ စုဝေးပုန်းအောင်းလာစေနိုင်ပါတယ်။ ဆံပင်ရဲ့အဆီတွေ၊ သွားရည်၊ အသားအရေရဲ့ ဘက်တီးရီးယားတို့က အခြေအနေကို ပိုပြီးဆိုးရွားစေနိုင်လို့ ညအိပ်တဲ့အခါ မျက်နှာနဲ့ထိတွေ့တဲ့ ခေါင်းအုံးစွပ်ကို မကြာမကြာလဲလှယ်ပေးဖို့ အင်မတန်အရေးကြီးပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-goodhousekeeping

Zawgyi

ေန႔စဥ္ေန႔တိုင္း အသားအေရအတြက္ Skincare လုပ္တဲ့အခါ မသိလိုက္ဘဲ ျပဳလုပ္ေနမိတဲ့ အမွားမ်ား

ဘယ္သူကမွေတာ့ ကိုယ္လုပ္ေနတာ မွားတယ္ဆိုၿပီး လက္ညိဳးထိုးျပခံရတာမ်ိဳးကို မလိုခ်င္ၾကပါဘူး။ ဒါေပမယ့္လည္း ကိုယ့္အသားအေရအတြက္ ဂ႐ုတစိုက္နဲ႔ ျပဳလုပ္ေပးရတဲ့ Skincare ျပဳလုပ္ခ်ိန္မွာေတာ့ အမွားေလးေတြရွိတယ္ဆိုရင္ ျပန္ျပင္ဖို႔အတြက္ သိထားမွျဖစ္မွာေပါ့။ မဟုတ္ဘူးဆိုရင္ အမွားႀကီးက အက်င့္ပါသြားၿပီးေတာ့ အခန႔္မသင့္ရင္ ကိုယ့္အသားအေရအတြက္ပါ ထိခိုက္မႈေတြျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ေနာက္ဆက္တြဲျပႆနာေတြ မႀကဳံရေစဖို႔အတြက္ ဘယ္လိုအမွားေတြကို ဘယ္လိုျပင္ရမလဲဆိုတာကို ဗဟုသုတအေနနဲ႔ ေျပာျပေပးမယ္ေနာ္။

အလွကုန္ပစၥည္းေတြကို သူ႔အစဥ္လိုက္သူ မသုံးမိျခင္း

အသားအေရထဲကို ျပည့္ျပည့္ဝဝ စိမ့္ဝင္မႈရွိေစဖို႔အတြက္ Skincare ပစၥည္းေတြကို သူ႔အစဥ္လိုက္နဲ႔သူ မွန္မွန္ကန္ကန္ သုံးေပး၊ လိမ္းေပးဖို႔လိုအပ္ပါတယ္။ ပထမဦးဆုံးသုံးရမွာကေတာ့ Serum ျဖစ္ၿပီး လိုးရွင္းကို ဒုတိယအေနနဲ႔ သုံးေပးၿပီး ခရင္မ္ကိုေတာ့ ေနာက္ဆုံးက်မွ သုံးေပးရပါမယ္။

အဆီျပန္တတ္ပါရဲ႕နဲ႔ Moisturizer အသုံးမျပဳျခင္း

ေရဓာတ္ျဖည့္တင္းတဲ့ အလွကုန္ပစၥည္းေတြကို အသုံးျပဳမယ္ဆိုပါက အဆီေတြကိုထြက္ေစတဲ့ အသားအေရရဲ႕ အကာအကြယ္က ပိုေကာင္းလာမွာျဖစ္ၿပီး ထိုကေနတဆင့္ အဆီျပန္တာလည္း နည္းသြားမွာျဖစ္ပါတယ္။ ေရဓာတ္အျပင္ အိုမင္းရင့္ေရာ္မႈကို သက္သာေစမယ့္ အမီႏိုအက္စစ္၊ ဗီတာမင္ဘီသရီးတို႔ပါတဲ့ အလွကုန္ပစၥည္းေတြကို အသုံးျပဳမယ္ဆိုရင္ေတာ့ အေရးအေၾကာင္းေတြကိုပါ သက္သာေစမွာျဖစ္ပါတယ္။

အေရးႀကီးတဲ့ေနရာေတြကို ေမ့ထားခဲ့ျခင္း

မ်က္ႏွာနည္းတူပဲ လည္ပင္းတစ္ဝိုက္အသားအေရကလည္း တျဖည္းျဖည္းအိုမင္းလာပါတယ္။ ဒါေပမယ့္ လူအမ်ားစုက အလွကုန္ပစၥည္းေတြကို အသုံးျပဳတဲ့အခါ ေမး႐ိုးမွာတင္ရပ္သြားတတ္ၾကၿပီး နားနဲ႔လည္ပင္းတစ္ဝိုက္ကို ေမ့သြားတတ္ၾကပါတယ္။ မ်က္ႏွာပဲႏုၿပီး လည္ပင္းအသားအေရေတြက ေပ်ာ့တြဲတြဲႀကီး ျဖစ္ေနရင္ၾကည့္မေကာင္းတာေၾကာင့္ မ်က္ႏွာလိုပဲ လည္ပင္းအသားအေရကိုလည္း ဂ႐ုစိုက္ေပးပါ။

မိုးအုံ႔ရက္ေတြမွာ SPF မလိမ္းျခင္း

တစ္ရက္လွ်င္ ေနပူထဲမွာ ၁၀ မိနစ္ကေန ၁၅ မိနစ္ေလာက္ ေနလိုက္မိရင္ကို ရက္ေပါင္းမ်ားစြာၾကာလာသည့္အခါ အသားအေရပ်က္စီးလာၿပီး ထိုကေန အေရးအေၾကာင္းေတြပါ ေပၚလာတတ္ပါတယ္။ ဒါေၾကာင့္ Sunscreen တစ္ဘူးကို အၿမဲေဆာင္ထားၿပီး ဘယ္လိုရာသီျဖစ္ျဖစ္ လိမ္းေပးဖို႔မေမ့ပါနဲ႔။

လိုတာထက္ပိုၿပီး ေခ်းခြၽတ္ျခင္း

ေခ်းမ်ားမ်ားခြၽတ္လို႔ အသားအေရက လွလာမယ္လို႔မဆိုလိုပါဘူး။ တကယ္တမ္းက အသားအေရပိုၿပီးႏုနယ္လာလို႔ ယားယံမႈေတြပိုျဖစ္ေစႏိုင္ၿပီး အသားအေရရဲ႕ အကာအကြယ္ကိုလည္း အားနည္းသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္ပတ္လွ်င္ တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္ေလာက္ လုပ္ေပးႏိုင္သလို ေခ်းခြၽတ္ေနခ်ိန္မွာလည္း ညႇင္ညႇင္သာသာေလး ျပဳလုပ္ေပးပါ။

ေရပူနဲ႔ မ်က္ႏွာသစ္ျခင္း

ေရပူက အသားအေရရဲ႕ သဘာဝအဆီေတြကို ဖယ္ရွားပစ္ရာေရာက္ၿပီးေတာ့ ထိုကေနတဆင့္ အသားအေရေျခာက္ကာ ကြဲအက္ျခင္းေတြကို ျဖစ္လာေစႏိုင္ပါတယ္။ ဒါ့အျပင္ အသားအေရလည္း နီျမန္းယားယံလာမွာျဖစ္တာေၾကာင့္ အရမ္းပူတဲ့ေရထက္ ၾကက္သီးေမႊးညႇင္းထ႐ုံေလာက္ေရေႏြးေႏြးေလးနဲ႔သာ မ်က္ႏွာသစ္ေပးပါ။

ေခါင္းအုံးစြပ္မလဲျခင္း

ေခါင္းအုံးစြပ္က အခ်ိန္အၾကာႀကီး မလဲဘဲ ဆက္တိုက္သုံးေနျခင္းက ဘက္တီးရီးယားေတြ၊ ပိုးမႊားေတြ စုေဝးပုန္းေအာင္းလာေစႏိုင္ပါတယ္။ ဆံပင္ရဲ႕အဆီေတြ၊ သြားရည္၊ အသားအေရရဲ႕ ဘက္တီးရီးယားတို႔က အေျခအေနကို ပိုၿပီးဆိုး႐ြားေစႏိုင္လို႔ ညအိပ္တဲ့အခါ မ်က္ႏွာနဲ႔ထိေတြ႕တဲ့ ေခါင္းအုံးစြပ္ကို မၾကာမၾကာလဲလွယ္ေပးဖို႔ အင္မတန္အေရးႀကီးပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here