နေ့စဥ်စားသုံးနေတဲ့ အစားအစာတွေကို နည်းမှန်လမ်းမှန် သိမ်းဆည်းနည်းများ

0
16

အိမ်ရှင်မအများစုဟာ ဈေးတွေ၊ စူပါမားကတ်တွေကနေ ဝယ်ယူလာသမျှ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပေါင်မုန့်တွေကို အိမ်ရောက်ပြီဆိုတာနဲ့ ရေခဲသေတ္တာထဲကို တန်းပြီးထည့်လေ့ရှိကြပါတယ်။ တချို့လူတွေဟာဆိုရင် အချဥ်ရေ၊ နှပ်ထားတာတွေ၊ သံဘူးတွေကိုလည်း ရေခဲသေတ္တာထဲမှာ ထည့်သိမ်းကြပါသေးတယ်။ အခုလိုမျိုး စားသောက်ကုန်ပစ္စည်းတွေကို အအေးခန်းထဲ ထည့်ပြီးသိမ်းဆည်းခြင်းက အချိန်ကြာကြာအစားခံပေမယ့် တကယ်တမ်းတော့ ဘေးဥဒ်တွေဖြစ်စေနိုင်ပါတယ်။

ဒါဆိုရင် ဘယ်လိုအစားအစာတွေကို ဘယ်လိုနည်းလမ်းတွေ၊ ဘယ်လိုပုံစံမျိုးနဲ့ သိမ်းဆည်းရမလဲဆိုတာကို အခုပဲဖာ်ပြပေးလိုက်ပါပြီနော်။

နေရောင်မထိစေဖို့အတွက် ကြောင်အိမ်ထဲထည့်သိမ်းရမယ့် ပစ္စည်းများ

ပေါင်မုန့်ကို ဝယ်လာတုန်းကထည့်လာတဲ့ ပလတ်စတစ်အိတ်ထဲမှာပဲ ဆက်ပြီးသိမ်းဆည်းထားမယ်ဆိုပါက ပေါင်မုန့်အသားကပျော့နေသေးမယ်ဆိုပေမယ့်လည်း ရက်အနည်းငယ်အတွင်းမှာ မှိုတွေတက်လာဖို့က ရာခိုင်နှုန်းများလွန်းလှပါတယ်။ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းခြင်းကလည်း အပူချိန်နိမ့်လွန်းတာကြောင့် ရေဓာတ်အငွေ့ပျံသွားကာ ပေါင်မုန့်က မြန်မြန်ဆန်ဆန် အနံ့ဆိုးထွက်လာနိုင်ပါတယ်။

ချောကလက်ကိုတော့ ရေခဲသေတ္တာထဲမထည့်သင့်ဘဲ မှောင်မိုက်ပြီး သဘာဝအတိုင်းအေးတဲ့နေရာမှာထားပေးပါ။ အအေးခန်းထဲမှာထည့်သိမ်းခြင်းက အရသာပေါ်တော့ တိုက်ရိုက်သက်ရောက်မှုရှိမည်မဟုတ်သော်ငြားလည်း ချောကလက်ပုံစံကိုတော့ ပျက်သွားစေနိုင်ပါတယ်။

သံလွင်ဆီကိုတော့ အခန်းတွင်းအပူချိန်မှာ သိမ်းဆည်းသင့်ပြီး နေရောင်လုံးဝမထိသင့်ပါဘူး။ ကြောင်အိမ်ထဲမှာ ထည့်သိမ်းသည့်အခါမှာလည်း သံလွင်ဆီကို စက္ကူဘူးထဲထည့်ထားပေးပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို အချိန်ကြာကြာအသုံးခံစေဖို့အတွက် ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းပေးပါ။ ကိုယ့်မှာကြက်သွန်နီတွေအများကြီးရှိပါက တစ်လုံးနဲ့တစ်လုံးကို အတူတူပူးစည်းကာ တွဲလဲချိတ်ထားနိုင်ပါတယ်။

စားပွဲပေါ်မှာ တင်ပြီး သိမ်းထားနိုင်တဲ့ အစားအသောက်များ

လိမ္မော်သီးများနှင့် အခြားသော အချဥ်ဓာတ်ရှိတဲ့အသီးတွေကို မီးဖိုချောင်စားပွဲပေါ်မှာပဲ တင်ပြီးသိမ်းထားနိုင်ပါတယ်။ ဝယ်လာပြီး ခဏလေးအတွင်းမှာ ပုပ်သွားမှာမဟုတ်တဲ့အတွက်ကြောင့် ရေခဲသေတ္တာထဲထည့်သိမ်းစရာမလိုလို့ ကျန်းမာရေးအတွက်လည်း အကျိုးယုတ်စေတော့မှာမဟုတ်ပါဘူး။

ထောပတ်သီးက မှည့်ပြီဆိုရင်တော့ ပုပ်မသွားစေဖို့အတွက် ရေခဲသေတ္တာထဲမှာ ထည့်သိမ်းသင့်ပေမယ့်လည်း မမှည့်သေးဘူးဆိုရင်တော့ ရေခဲသေတ္တာထဲမှာထည့်မသိမ်းပါနဲ့။ အအေးဓာတ်က အသီးမှည့်နှုန်းကို နှေးကွေးသွားစေနိုင်ပါတယ်။

သခွားသီးတွေကို ရေခဲသေတ္တာထဲထည့်သိမ်းချင်ပါက ရက်အနည်းငယ်ပဲထားပေးပါ။ အအေးဓာတ်က သခွားသီးတွေကို အပုပ်မြန်စေတာကြောင့် ဟင်းသီးဟင်းရွက်တွေကို အချိန်ကြာကြာ လတ်ဆတ်နေစေဖို့အတွက် ရေခဲသေတ္တာအပြင်ဖက်မှာ သိမ်းထားပါ။

ခရမ်းသီးတွေကလည်း နိမ့်လွန်းတဲ့အပူချိန်ကို မခံနိုင်တဲ့အတွက်ကြောင့် ရေခဲသေတ္တာထဲမှာထည့်သိမ်းမယ်ဆိုပါက ပျော့သွားပြီးတော့ ကောင်းတဲ့ဓာတ်တွေလည်း မြန်မြန်ဆန်ဆန် ဆုံးရှုံးသွားနိုင်ပါတယ်။ ခရမ်းချဥ်သီးတွေလည်း ထိုနည်းတူပါပဲ။ ရေခဲသေတ္တာထဲမှာထည့်သိမ်းမယ်ဆိုပါက ခရမ်းချဥ်သီးမှည့်တဲ့နှုန်းကိုနှေးကွေးစေပြီး အတွင်းအလွှာတွေကို ပျက်စီးစေကာ အရည်ဓာတ်နည်းသွားစေမှာဖြစ်ပါတယ်။ ဒါကြောင့် အပြင်ဖက်မှာပဲ ခြင်းတောင်း သို့မဟုတ် ဘူးထဲမှာထည့်ပြီးသိမ်းပေးပါ။

ရေခဲသေတ္တာထဲမှာ ထည့်ပြီးသိမ်းဆည်းသင့်တဲ့ အစားအစာများ

ကြက်ဥတွေကိုတော့ ရေခဲသေတ္တာထဲမှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် သိမ်းဆည်းထားနိုင်ပါတယ်။ ရေခဲသေတ္တာထဲက ဘောင်မှာထားပြီး သိမ်းဆည်းခြင်းက အခွံတွေရဲ့သက်တမ်းကို လျော့ကျစေနိုင်တာကြောင့် ဝယ်လာခဲ့တဲ့အတိုင်းလေး ထည့်ပြီးသိမ်းဆည်းခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။

ဂျုံမှုန့်တွေက အစိုဓာတ်နဲ့ အပူချိန်မြင့်မားတဲ့အတွက်ကြောင့် ပိုးကောင်တွေတက်၊ မှိုတွေတက်လာနိုင်ပြီး ပစ်လိုက်ရနိုင်ပါတယ်။ ဒါကြောင့် အဖုံးပါတဲ့ပုလင်းထဲမှာ လေလုံအောင် သေချာထည့်ပြီးတော့ ရေခဲသေတ္တာ သို့မဟုတ် ကြောင်အိမ်ထဲမှာ ထည့်သိမ်းလိုက်ပါ။ အအေးဓာတ်ကတော့ ၅၀ နဲ့ ၆၅ ဖာရင်ဟိုက်ကြားမှာ ရှိရပါမယ်။

တရုတ်နံနံကိုတော့ ရေခဲသေတ္တာထဲမှာပဲ ထည့်ပြီးသိမ်းဆည်းထားသင့်ပါတယ်။ ဒါပေမယ့် ပလတ်စတစ်နဲ့ပတ်ထားခြင်းမျိုးတော့ မလုပ်ပါနဲ့။ ပုပ်သွားနိုင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-brightside

Zawgyi Font

ေန႔စဥ္စားသုံးေနတဲ့ အစားအစာေတြကို နည္းမွန္လမ္းမွန္ သိမ္းဆည္းနည္းမ်ား

အိမ္ရွင္မအမ်ားစုဟာ ေဈးေတြ၊ စူပါမားကတ္ေတြကေန ဝယ္ယူလာသမွ် သစ္သီးေတြ၊ ဟင္းသီးဟင္း႐ြက္ေတြ၊ ေပါင္မုန႔္ေတြကို အိမ္ေရာက္ၿပီဆိုတာနဲ႔ ေရခဲေသတၱာထဲကို တန္းၿပီးထည့္ေလ့ရွိၾကပါတယ္။ တခ်ိဳ႕လူေတြဟာဆိုရင္ အခ်ဥ္ေရ၊ ႏွပ္ထားတာေတြ၊ သံဘူးေတြကိုလည္း ေရခဲေသတၱာထဲမွာ ထည့္သိမ္းၾကပါေသးတယ္။ အခုလိုမ်ိဳး စားေသာက္ကုန္ပစၥည္းေတြကို အေအးခန္းထဲ ထည့္ၿပီးသိမ္းဆည္းျခင္းက အခ်ိန္ၾကာၾကာအစားခံေပမယ့္ တကယ္တမ္းေတာ့ ေဘးဥဒ္ေတြျဖစ္ေစႏိုင္ပါတယ္။

ဒါဆိုရင္ ဘယ္လိုအစားအစာေတြကို ဘယ္လိုနည္းလမ္းေတြ၊ ဘယ္လိုပုံစံမ်ိဳးနဲ႔ သိမ္းဆည္းရမလဲဆိုတာကို အခုပဲဖာ္ျပေပးလိုက္ပါၿပီေနာ္။

ေနေရာင္မထိေစဖို႔အတြက္ ေၾကာင္အိမ္ထဲထည့္သိမ္းရမယ့္ ပစၥည္းမ်ား

ေပါင္မုန႔္ကို ဝယ္လာတုန္းကထည့္လာတဲ့ ပလတ္စတစ္အိတ္ထဲမွာပဲ ဆက္ၿပီးသိမ္းဆည္းထားမယ္ဆိုပါက ေပါင္မုန႔္အသားကေပ်ာ့ေနေသးမယ္ဆိုေပမယ့္လည္း ရက္အနည္းငယ္အတြင္းမွာ မႈိေတြတက္လာဖို႔က ရာခိုင္ႏႈန္းမ်ားလြန္းလွပါတယ္။ ေရခဲေသတၱာထဲမွာ ထည့္သိမ္းျခင္းကလည္း အပူခ်ိန္နိမ့္လြန္းတာေၾကာင့္ ေရဓာတ္အေငြ႕ပ်ံသြားကာ ေပါင္မုန႔္က ျမန္ျမန္ဆန္ဆန္ အနံ႔ဆိုးထြက္လာႏိုင္ပါတယ္။

ေခ်ာကလက္ကိုေတာ့ ေရခဲေသတၱာထဲမထည့္သင့္ဘဲ ေမွာင္မိုက္ၿပီး သဘာဝအတိုင္းေအးတဲ့ေနရာမွာထားေပးပါ။ အေအးခန္းထဲမွာထည့္သိမ္းျခင္းက အရသာေပၚေတာ့ တိုက္႐ိုက္သက္ေရာက္မႈရွိမည္မဟုတ္ေသာ္ျငားလည္း ေခ်ာကလက္ပုံစံကိုေတာ့ ပ်က္သြားေစႏိုင္ပါတယ္။

သံလြင္ဆီကိုေတာ့ အခန္းတြင္းအပူခ်ိန္မွာ သိမ္းဆည္းသင့္ၿပီး ေနေရာင္လုံးဝမထိသင့္ပါဘူး။ ေၾကာင္အိမ္ထဲမွာ ထည့္သိမ္းသည့္အခါမွာလည္း သံလြင္ဆီကို စကၠဴဘူးထဲထည့္ထားေပးပါ။

ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴေတြကို အခ်ိန္ၾကာၾကာအသုံးခံေစဖို႔အတြက္ ေျခာက္ေသြ႕တဲ့ေနရာမွာ သိမ္းဆည္းေပးပါ။ ကိုယ့္မွာၾကက္သြန္နီေတြအမ်ားႀကီးရွိပါက တစ္လုံးနဲ႔တစ္လုံးကို အတူတူပူးစည္းကာ တြဲလဲခ်ိတ္ထားႏိုင္ပါတယ္။

စားပြဲေပၚမွာ တင္ၿပီး သိမ္းထားႏိုင္တဲ့ အစားအေသာက္မ်ား

လိေမၼာ္သီးမ်ားႏွင့္ အျခားေသာ အခ်ဥ္ဓာတ္ရွိတဲ့အသီးေတြကို မီးဖိုေခ်ာင္စားပြဲေပၚမွာပဲ တင္ၿပီးသိမ္းထားႏိုင္ပါတယ္။ ဝယ္လာၿပီး ခဏေလးအတြင္းမွာ ပုပ္သြားမွာမဟုတ္တဲ့အတြက္ေၾကာင့္ ေရခဲေသတၱာထဲထည့္သိမ္းစရာမလိုလို႔ က်န္းမာေရးအတြက္လည္း အက်ိဳးယုတ္ေစေတာ့မွာမဟုတ္ပါဘူး။

ေထာပတ္သီးက မွည့္ၿပီဆိုရင္ေတာ့ ပုပ္မသြားေစဖို႔အတြက္ ေရခဲေသတၱာထဲမွာ ထည့္သိမ္းသင့္ေပမယ့္လည္း မမွည့္ေသးဘူးဆိုရင္ေတာ့ ေရခဲေသတၱာထဲမွာထည့္မသိမ္းပါနဲ႔။ အေအးဓာတ္က အသီးမွည့္ႏႈန္းကို ေႏွးေကြးသြားေစႏိုင္ပါတယ္။

သခြားသီးေတြကို ေရခဲေသတၱာထဲထည့္သိမ္းခ်င္ပါက ရက္အနည္းငယ္ပဲထားေပးပါ။ အေအးဓာတ္က သခြားသီးေတြကို အပုပ္ျမန္ေစတာေၾကာင့္ ဟင္းသီးဟင္း႐ြက္ေတြကို အခ်ိန္ၾကာၾကာ လတ္ဆတ္ေနေစဖို႔အတြက္ ေရခဲေသတၱာအျပင္ဖက္မွာ သိမ္းထားပါ။

ခရမ္းသီးေတြကလည္း နိမ့္လြန္းတဲ့အပူခ်ိန္ကို မခံႏိုင္တဲ့အတြက္ေၾကာင့္ ေရခဲေသတၱာထဲမွာထည့္သိမ္းမယ္ဆိုပါက ေပ်ာ့သြားၿပီးေတာ့ ေကာင္းတဲ့ဓာတ္ေတြလည္း ျမန္ျမန္ဆန္ဆန္ ဆုံးရႈံးသြားႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီးေတြလည္း ထိုနည္းတူပါပဲ။ ေရခဲေသတၱာထဲမွာထည့္သိမ္းမယ္ဆိုပါက ခရမ္းခ်ဥ္သီးမွည့္တဲ့ႏႈန္းကိုေႏွးေကြးေစၿပီး အတြင္းအလႊာေတြကို ပ်က္စီးေစကာ အရည္ဓာတ္နည္းသြားေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အျပင္ဖက္မွာပဲ ျခင္းေတာင္း သို႔မဟုတ္ ဘူးထဲမွာထည့္ၿပီးသိမ္းေပးပါ။

ေရခဲေသတၱာထဲမွာ ထည့္ၿပီးသိမ္းဆည္းသင့္တဲ့ အစားအစာမ်ား

ၾကက္ဥေတြကိုေတာ့ ေရခဲေသတၱာထဲမွာျဖစ္ျဖစ္ အျပင္မွာျဖစ္ျဖစ္ သိမ္းဆည္းထားႏိုင္ပါတယ္။ ေရခဲေသတၱာထဲက ေဘာင္မွာထားၿပီး သိမ္းဆည္းျခင္းက အခြံေတြရဲ႕သက္တမ္းကို ေလ်ာ့က်ေစႏိုင္တာေၾကာင့္ ဝယ္လာခဲ့တဲ့အတိုင္းေလး ထည့္ၿပီးသိမ္းဆည္းျခင္းက အေကာင္းဆုံးပဲျဖစ္ပါတယ္။

ဂ်ဳံမႈန႔္ေတြက အစိုဓာတ္နဲ႔ အပူခ်ိန္ျမင့္မားတဲ့အတြက္ေၾကာင့္ ပိုးေကာင္ေတြတက္၊ မႈိေတြတက္လာႏိုင္ၿပီး ပစ္လိုက္ရႏိုင္ပါတယ္။ ဒါေၾကာင့္ အဖုံးပါတဲ့ပုလင္းထဲမွာ ေလလုံေအာင္ ေသခ်ာထည့္ၿပီးေတာ့ ေရခဲေသတၱာ သို႔မဟုတ္ ေၾကာင္အိမ္ထဲမွာ ထည့္သိမ္းလိုက္ပါ။ အေအးဓာတ္ကေတာ့ ၅၀ နဲ႔ ၆၅ ဖာရင္ဟိုက္ၾကားမွာ ရွိရပါမယ္။

တ႐ုတ္နံနံကိုေတာ့ ေရခဲေသတၱာထဲမွာပဲ ထည့္ၿပီးသိမ္းဆည္းထားသင့္ပါတယ္။ ဒါေပမယ့္ ပလတ္စတစ္နဲ႔ပတ္ထားျခင္းမ်ိဳးေတာ့ မလုပ္ပါနဲ႔။ ပုပ္သြားႏိုင္ပါတယ္။

#Lifestyle_Myanmar

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here