နောက်အိမ်ထောင်ပြုမယ်ဆိုရင် သင့်သားသမီးကို ဘယ်လိုစည်းရုံးမလဲ

နောက်အိမ်ထောင်ပြုမယ်ဆိုရင် သင့်သားသမီးကို ဘယ်လိုသိမ်းသွင်းမလဲ

0
48

ကလေးရှိနေတဲ့ စုံတွဲတစ်တွဲအနေနဲ့ ပြိုကွဲဖို့ စီစဥ်ရတာဟာ မလွယ်ကူပါဘူး။ အထူးသဖြင့် သူတို့ရဲ့ မိဘထဲက တစ်ယောက်က အချစ်သစ်တစ်ခုအဆင်သင့်ရှိနေတဲ့အခါမျိုးမှာပေါ့။ များသောအားဖြင့် ကွာရှင်းခြင်းက ကလေးတွေအတွက် နာကျင်စေသော ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ သူတို့မိဘတွေအနေနဲ့ အတူတကွရှေ့ဆက်လို့ မရနိုင်တော့ဘူးဆိုတာ သူတို့နားလည်ဖို့ အရမ်းခက်ခဲပါတယ်။ ကွာရှင်းထားသောလူကြီးများက မိသားစု၀င်အသစ်ကို မိသားစုနှင့် မိတ်ဆက်ပေးခြင်းက တကယ့်စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ အဖေမှာ မိက်ဖက်အသစ်ရှိနေပြီလို့ စသိတဲ့အချိန်မှာ သူတို့အတွက် ဘီလူးသရဲကိုတွေ့လိုက်သလိုခံစားရစေပါတယ်။ ဒီအခြေအနေမျိုးမှာ မိဘတွေဘက်က ဘယ်လိုပြုမူရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အကြပ်အတည်းများစွာတွေ့ရတတ်ပါတယ်။ သူတို့ဖခင်ရဲ့ ချစ်ခြင်းမေတ္တာကို တစ်ခြားသူတစ်ယောက်နဲ့ ခွဲ၀ေယူရတော့မယ်ဆိုတဲ့အသိကို ပြန်လည်ရှင်းပြဖို့က ထင်ထားတာထက် ပိုပြီးတော့ ခက်ခဲနိုင်ပါတယ်။

-Advertisement-

သင်ကလေးကို ဘယ်ချိန်မှာပြောမလဲ

ဖခင်တစ်ဦးရဲ့ မိက်ဖက်အသစ်က ကလေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုမျိုးရှိစေနိုင်မယ်ဆိုတာ ကျွန်မတို့အတိအကျမသိနိုင်ပါဘူး။ အခြေအနေကို အမြော်အမြင်ရှိရှိဘယ်လိုကိုင်တွယ်မလဲ။ တစ်ဖက်လူကို ကလေးတွေနဲ့ ရင်းနှီးအောင် ကြိုးစားပါ။ တစ်ချိန်မှာ မိသားစု၀င်တစ်ယောက်ဖြစ်လာမယ်ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ကို ပြောမပြပါနဲ့ဦး။ မိက်ဖက်အသစ်နဲ့ အချို့သောတည်ငြိမ်မှုရအောင်အထိစောင့်ပါ။ ပြီးရင် ကလေးများနှင့် ဆွေမျိုးများကို မိတ်ဆက်ပေးဖို့ အကောင်းဆုံးအချိန်ကို သင်ရွေးချယ်နိုင်ပါတယ်။ အဲ့သလိုမလုပ်ခင်မှာ ကလေးတွေနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စကားပလ္လင်ခံထားရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။ သူတို့စဥ်းစားတဲ့အရာတွေက ဘယ်အရာကို အများဆုံးသက်ရောက်နေလဲဆိုတာ သတိပြုပါ။ မိသားစု၀င်အားလုံးရဲ့ ထင်မြင်ချက်များကို သင်ထည့်သွင်းစဥ်းစားသင့်ပါတယ်။ ဒီကိစ္စတွေဟာ အားလုံးအတွက် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက် အကောင်းဆုံးဖြစ်ပါတယ်။

ဘယ်လို သိမ်းသွင်းမလဲ

ဘ၀မှာ ရုတ်တရက် စိန်ခေါ်မှုတွေ အပြောင်းအလဲတွေကြုံတွေရသောကလေးငယ်များဟာ အနည်းငယ်စိတ်ရှုတ်ထွေးနိုင်ပါတယ်။ အထူးသဖြင့် မိသားစုပြိုကွဲတာမျိုးတွေ မိသားစုဘ၀အဆုံးမှာ သူတို့ခံစားခဲ့ရတဲ့ နာကျင်မှုတွေကြောင့်ဖြစ်ပါတယ်။ ကွာရှင်းထားသောမိဘတွေရဲ့ သားသမီးတွေအတွက် အများဆုံးမကြာခဏကြောက်ရွှံ့ကြတဲ့အရာက သူတို့အမေရဲ့ နေရာကို အစားထိုးခံရမှာကိုပါ။ မိဘနှစ်ပါးစလုံးမှာလည်း နာကျင်ကိုက်ခဲမှုဆိုတာခံစားချက်များစွာရှိနေပါတယ်။ ဒါ့ကြောင့် မိဘတွေရဲ့ဘ၀မှာ လူသစ်တွေရောက်ရှိလာပေမယ့်လည်း သူတို့ကို အရင်ကလိုပဲ အမြဲတမ်းချစ်နေမယ်ဆိုတာ သူတို့ကိုသိစေဖို့ အရေးကြီးပါတယ်။ ဇနီးဟောင်းနဲ့ပတ်သက်ပြီး ကလေးများရှေ့မှာ မကောင်းတာတွေမပြောမိဖို့ အရေးကြီးပါတယ်။

ဘယ်လိုချဥ်းကပ်မလဲ

ကလေးများအားပေးသော အချက်အလက်များကအမြဲတမ်းပွင့်လင်းမြင်သာမှု ၊ မှန်ကန်မှုရှိသင့်ပါတယ်။ သင့်အရင်ဇနီးနဲ့ လမ်းခွဲရတဲ့အကြောင်းရင်းကိုလည်း သူတို့ နားလည်အောင်ရှင်းပြသင့်ပါတယ်။ အကြောင်းအရာတိုင်းကို အပြုသဘောဆောင်ပြီးတော့ ပြောဖို့အကြံပြုချင်ပါတယ်။ သင့်လက်ရှိဇနီးက သင်နှင့် သူတို့ရဲ့ ဆက်ဆံရေးနှင့်ပတ်သက်သောအကောင်းဆုံးအရာများကို အလေးထားတယ်ဆိုတာ သူတို့သိပါစေ။ သူတို့ဖခင်နှင့် သူတို့ရဲ့ဘ၀တွေမှာ တူညီသောအခန်းကဏ္ဍကနေ ဆက်လက်ပါ၀င်မယ်ဆိုတာ အမြဲတမ်းရှင်းရှင်းလင်းလင်းပြောပြရန်လည်း အရေးကြီးပါတယ်။ သင့်ဇနီးအသစ်လေးက သူတို့အတွက်အမြဲတမ်းရှိနေမှာပါ၊ သူနဲ့ သူ့ဘ၀ကို မျှ၀ေဖို့ဆုံးဖြတ်လိုက်သော လူသစ်နှင့် လွတ်လပ်စွာ ပေါင်းသင်းနိုင်မှာ ဖြစ်ပါတယ်။ ချက်ချင်းတော့ လက်ခံနိုင်ဦးမှာ မဟုတ်ပေမယ့်လည်း အချိန်ကာလတစ်ခုရောက်လာတဲ့အခါ နားလည်နိုင်ပါလိမ့်မယ်။ ပျော်ရွှင်မှုနှင့် မိသားစုလိုက်ဖက်ညီမှုက လူတိုင်းက အခြေအနေကို ကိုင်တွယ်နိုင်တဲ့အပေါ်မှာ မူတည်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here