ဘယ်လိုရာသီမျိုးမှာပဲဖြစ်ဖြစ် နေလောင်ဒဏ်က အင်မတန်ကြောက်ဖို့ကောင်းတာမို့ ကိုယ့်အသားအရေကို ကာကွယ်ဖို့အတွက် မဖြစ်မနေ suncream ကို လိမ်းပေးသင့်ပါတယ်။ အခုတစ်ခါမှာတော့ အမျိုးသားရော အမျိုးသမီးတွေအတွက်ပါ Suncream လိမ်းနည်းလေးကို နည်းနည်းလောက်ပြောပြပေးချင်ပါတယ်။ တချို့သိပြီးသူတွေလည်း ရှိနိုင်ပေမယ့် မသိသေးသူတွေ များတဲ့အတွက် နည်းနည်းလောက်ပြောပြပေးမယ်််််နော်။
စလိမ်းမယ်ဆိုရင်
Suncream လိမ်းတဲ့အခါမှာလည်း နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ အရေပြားအနှံ့ လုံလုံလောက်လောက် လိမ်းပေးရပါမယ်။ ဂုတ်တွေ ၊ လက်တွေ ၊ ခြေထောက်တွေ နေရောင်ခြည်နဲ့ ထိတွေ့နိုင်မယ့်နေရာအကုန်ကို လိမ်းပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရောင်ထိတွေ့မှုဟာ အရေပြားကင်ဆာထိ ဖြစ်စေနိုင်လို့ပါပဲ။

အပြင်မထွက်ခင် လိမ်းပါ
အပြင်မသွားခင် ၁၅မိနစ် ၊ မိနစ် ၃၀ လောက် ကြိုတင်လိမ်းထားသင့်ပါတယ်။ ဒါပေမယ့်လည်း တခါလိမ်းပြီးရုံနဲ့ ပြီးသွားတာမျိုး မဟုတ်ပါဘူး။ ၂ နာရီခြားတစ်ခါ ထပ်မံလိမ်းပေးဖို့ လိုအပ်ပါတယ်။ အရမ်းနေပြင်းတဲ့နေရာလိုမျိုးမှာဆိုရင်တော့ ၄၅ မိနှစ် တခါ ၁ နာရီခြားတခါလောက်လည်း လိမ်းပေးလို့ရပါတယ်။ တကယ်လို့ ချွေးထွက်များသူဆိုရင် ၁ နာရီ ၁ ခါလောက် ပြန်လိမ်းပေးရပါမယ်။

ဘယ်လိုရွေးချယ်ဝယ်ယူမလဲ
Cream Type ဖြစ်တဲ့ Suncream တွေက ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် ပိုမိုသင့်တော်ပြီး ခန္ဓာကိုယ် အမွှေးအမျှင် ထူထပ်နေတဲ့သူတွေအနေနဲ့ Gel ပုံစံ Sunscreen ကို သုံးစွဲသင့်ပါတယ်။ Suncream တဗူးကို အနည်းဆုံး တစ်နှစ်သာ သုံးစွဲသင့်ပြီး တစ်နှစ်ကျော်နေပြီဖြစ်တဲ့ Suncream တွေကိုတော့ ဒိတ်လွန်ဖြစ်မဖြစ် စစ်ဆေးကြည့်ပါ။

Lifestyle_Myanmar
ref-vogue.in