နေရောင်မရရှိတာကြောင့် တောင်ပေါ်မှာ မှန်ချပ်တွေထောင်ပြီး နေအလင်းပေးခဲ့ရတဲ့ မြို့လေး

0
258

နေရောင်ခြည်ဟာ လူသားတွေရဲ့ ကျန်းမာရေး၊ စိတ်ခံစားချက်နှင့် အလုံးစုံ ကောင်းကျိုးချမ်းသာအတွက် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ပါတယ်။ တစ်နှစ်လုံး နေရောင်ခြည်တိုက်ရိုက်မရရှိသော ကမ္ဘာတစ်ဝှမ်းက မြို့ကြီးတွေမှာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် အရေးပါသော ဗီတာမင်ဒီကို အပြင်းအထန် လိုအပ်နေတဲ့ မြို့သူမြို့သားတွေ အများအပြားရှိပါတယ်။ အမှောင်ထဲမှာ အမြဲတမ်းနေထိုင်ရတာက တစ်ခုခုကို လွမ်းဆွေးနေသလို ခံစားရပါတယ်။ ဒါ့ကြောင့် လများစွာ နေရောင်တိုက်ရိုက်မမြင်ရတဲ့ ကမ္ဘာတစ်ဝှမ်းက လူအများစုဟာ အမြဲတမ်းနွေးတဲ့ တိုင်းပြည်တွေမှာ အသက်ရှင်ဖို့ ကြိုးစားကြပါတယ်။

နော်ဝေးနိုင်ငံ အော်စလိုရဲ့ အနောက်မြောက် ကီလိုမီတာ (၁၆၀)အကွာမှာ တည်ရှိတဲ့ Rjukan ဆိုတဲ့မြို့လေးဟာ ကမ္ဘာပေါ်မှာ အမှောင်မြို့ကြီးများထဲက တစ်မြို့အဖြစ်လူသိများကြပါတယ်။
Rjukan မြို့လေး မှာ မြို့သူမြို့သား လူဦးရေ ၃၃၈၆ ဝန်းကျင်ခန့်ရှိပါတယ်။ ဒီမြို့လေးဟာ ၁၀၄မီတာရှည်ပြီး လျှပ်စစ်ဓါတ်အား အမြောက်အမြား ထုတ်ယူနိုင်တဲ့ Rjukan ရေတံခွန်ကနေ အမည်ရယူထားတဲ့ မြို့လေးဖြစ်ပါတယ်။ အဆိုပါမြို့လေးဟာ တောင်စောင်းတွေ ပတ်လည် ဝန်းရံထားတာကြောင့် မတ်လကနေ စက်တင်ဘာလအထိ နေရောင်ခြည် တိုက်ရိုက် မရရှိပါဘူး။

ထိုဒေသလေးကို နေရောင်အနည်းငယ် ပေးနိုင်ဖို့အတွက် မှန်ချပ်တွေ တပ်ဆင်ဖို့ နော်ဝေငွေကြေး ကရိုနာ ၅သန်းထောက်ပံ့ခဲ့ပါတယ်။

ဒီဆိုလာစွမ်းအင်သုံးမှန်များကို မြို့အနှံ နေရောင်ရရှိတဲ့ တောင်စောင်းလို နေရာတွေမှာ တပ်ဆင်ထားပါတယ်။ နေရောင်ခြည်က မြို့လေးထောင့်လုံးအပေါ် ကျရောက် ထွန်းလင်းနေပါတယ်။ တကယ်တော့ နော်ဝေ တစ်နိုင်ငံလုံးနီးပါးကို ဖြန့်ကျက်ထားတဲ့ ညသန်းခေါင်ယံ နေရောင်ကြောင့် Rjukan မြို့လေးမှာ ဒီဇင်ဘာနဲ့ ဇန်နဝါရီလလွဲပြီး အမြဲတမ်းနီးပါးတောက်ပနေပါတယ်။

ပထမတော့ နေရောင် နည်းနည်းရဖို့အတွက် ပိုက်ဆံအများကြီးဖြုန်းတာ ဆိုပြီး ဒီစိတ်ကူးကို ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် ဝေဖန်သူ အတော်များများက ဒီစိတ်ကူးဟာ ဒေသအတွက် အများကြီးလိုအပ်နေတဲ့ နေရောင်တစ်ချို့ကို ပေးစွမ်းယုံသာမဘဲ ခရီးသွားဧည့်သည်တွေကို ပိုပြီးဆွဲဆောင်ဖို့ အထောက်အကူဖြစ်တယ်ဆိုတာ သတိပြုမိလာကြပါတယ်။

နေရောင်မှန်ကိုပြုလုပ်ဖို့ အိုင်ဒီယာကို လွန်ခဲ့တဲ့ ၁၉၁၃ခုနှစ်ကတည်းက မြို့တည်ထောင်သူ Mr. Sam Eyde က ပထမဆုံးယူလာခဲ့တာပါ။ သူဟာ နေရောင်ရဲ့ အရေးပါမှုကို နားလည်ခဲ့ပြီး အလင်းပြန်နိယာမဖြင့် နေရောင်မှန် ဖန်တီးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နော်ဝေခရီးသွားဆိုဒ်ရဲ့အဆိုအရ ” မြို့ဒေသခံလည်းဖြစ်၊ အနုပညာရှင်တစ်ဦးလည်းဖြစ်တဲ့ Martin Andersen ဟာ ၂၀၀၅ မှာ ဒီစိတ်ကူးကို တဖန်ပြန်ယူလာခဲ့ပါတယ်။ မှန်တပ်ဆင်မယ့် အိုင်ဒီယာကို နှစ်ပေါင်း ၁၀၀အကြာ စိတ်ကူးခဲ့ပြီးနောက် ၂၀၁၃ခုနှစ်မှာ တရားဝင်တပ်ဆင်ခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

source- boredpanda

ZawGyi

ေနေရာင္မရရွိတာေၾကာင့္ ေတာင္ေပၚမွာ မွန္ခ်ပ္ေတြေထာင္ၿပီး ေနအလင္းေပးခဲ့ရတဲ့ ၿမိဳ႕ေလး
ေနေရာင္ျခည္ဟာ လူသားေတြရဲ႕ က်န္းမာေရး၊ စိတ္ခံစားခ်က္ႏွင့္ အလုံးစုံ ေကာင္းက်ိဳးခ်မ္းသာအတြက္ အေရးပါေသာ က႑တစ္ခုျဖစ္ပါတယ္။ တစ္ႏွစ္လုံး ေနေရာင္ျခည္တိုက္႐ိုက္မရရွိေသာ ကမာၻတစ္ဝွမ္းက ၿမိဳ႕ႀကီးေတြမွာ ကြၽန္ေတာ္တို႔ရဲ႕ က်န္းမာေရးအတြက္ အေရးပါေသာ ဗီတာမင္ဒီကို အျပင္းအထန္ လိုအပ္ေနတဲ့ ၿမိဳ႕သူၿမိဳ႕သားေတြ အမ်ားအျပားရွိပါတယ္။ အေမွာင္ထဲမွာ အၿမဲတမ္းေနထိုင္ရတာက တစ္ခုခုကို လြမ္းေဆြးေနသလို ခံစားရပါတယ္။ ဒါ့ေၾကာင့္ လမ်ားစြာ ေနေရာင္တိုက္႐ိုက္မျမင္ရတဲ့ ကမာၻတစ္ဝွမ္းက လူအမ်ားစုဟာ အၿမဲတမ္းေႏြးတဲ့ တိုင္းျပည္ေတြမွာ အသက္ရွင္ဖို႔ ႀကိဳးစားၾကပါတယ္။
ေနာ္ေဝးႏိုင္ငံ ေအာ္စလိုရဲ႕ အေနာက္ေျမာက္ ကီလိုမီတာ (၁၆၀)အကြာမွာ တည္ရွိတဲ့ Rjukan ဆိုတဲ့ၿမိဳ႕ေလးဟာ ကမာၻေပၚမွာ အေမွာင္ၿမိဳ႕ႀကီးမ်ားထဲက တစ္ၿမိဳ႕အျဖစ္လူသိမ်ားၾကပါတယ္။
Rjukan ၿမိဳ႕ေလး မွာ ၿမိဳ႕သူၿမိဳ႕သား လူဦးေရ ၃၃၈၆ ဝန္းက်င္ခန္႔ရွိပါတယ္။ ဒီၿမိဳ႕ေလးဟာ ၁၀၄မီတာရွည္ၿပီး လွ်ပ္စစ္ဓါတ္အား အေျမာက္အျမား ထုတ္ယူႏိုင္တဲ့ Rjukan ေရတံခြန္ကေန အမည္ရယူထားတဲ့ ၿမိဳ႕ေလးျဖစ္ပါတယ္။ အဆိုပါၿမိဳ႕ေလးဟာ ေတာင္ေစာင္းေတြ ပတ္လည္ ဝန္းရံထားတာေၾကာင့္ မတ္လကေန စက္တင္ဘာလအထိ ေနေရာင္ျခည္ တိုက္႐ိုက္ မရရွိပါဘူး။
ထိုေဒသေလးကို ေနေရာင္အနည္းငယ္ ေပးႏိုင္ဖို႔အတြက္ မွန္ခ်ပ္ေတြ တပ္ဆင္ဖို႔ ေနာ္ေဝေငြေၾကး က႐ိုနာ ၅သန္းေထာက္ပံ့ခဲ့ပါတယ္။
ဒီဆိုလာစြမ္းအင္သုံးမွန္မ်ားကို ၿမိဳ႕အႏွံ ေနေရာင္ရရွိတဲ့ ေတာင္ေစာင္းလို ေနရာေတြမွာ တပ္ဆင္ထားပါတယ္။ ေနေရာင္ျခည္က ၿမိဳ႕ေလးေထာင့္လုံးအေပၚ က်ေရာက္ ထြန္းလင္းေနပါတယ္။ တကယ္ေတာ့ ေနာ္ေဝ တစ္ႏိုင္ငံလုံးနီးပါးကို ျဖန္႔က်က္ထားတဲ့ ညသန္းေခါင္ယံ ေနေရာင္ေၾကာင့္ Rjukan ၿမိဳ႕ေလးမွာ ဒီဇင္ဘာနဲ႔ ဇန္နဝါရီလလြဲၿပီး အၿမဲတမ္းနီးပါးေတာက္ပေနပါတယ္။
ပထမေတာ့ ေနေရာင္ နည္းနည္းရဖို႔အတြက္ ပိုက္ဆံအမ်ားႀကီးျဖဳန္းတာ ဆိုၿပီး ဒီစိတ္ကူးကို ေဝဖန္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ေဝဖန္သူ အေတာ္မ်ားမ်ားက ဒီစိတ္ကူးဟာ ေဒသအတြက္ အမ်ားႀကီးလိုအပ္ေနတဲ့ ေနေရာင္တစ္ခ်ိဳ႕ကို ေပးစြမ္းယုံသာမဘဲ ခရီးသြားဧည့္သည္ေတြကို ပိုၿပီးဆြဲေဆာင္ဖို႔ အေထာက္အကူျဖစ္တယ္ဆိုတာ သတိျပဳမိလာၾကပါတယ္။
ေနေရာင္မွန္ကိုျပဳလုပ္ဖို႔ အိုင္ဒီယာကို လြန္ခဲ့တဲ့ ၁၉၁၃ခုႏွစ္ကတည္းက ၿမိဳ႕တည္ေထာင္သူ Mr. Sam Eyde က ပထမဆုံးယူလာခဲ့တာပါ။ သူဟာ ေနေရာင္ရဲ႕ အေရးပါမႈကို နားလည္ခဲ့ၿပီး အလင္းျပန္နိယာမျဖင့္ ေနေရာင္မွန္ ဖန္တီးဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ေနာ္ေဝခရီးသြားဆိုဒ္ရဲ႕အဆိုအရ ” ၿမိဳ႕ေဒသခံလည္းျဖစ္၊ အႏုပညာရွင္တစ္ဦးလည္းျဖစ္တဲ့ Martin Andersen ဟာ ၂၀၀၅ မွာ ဒီစိတ္ကူးကို တဖန္ျပန္ယူလာခဲ့ပါတယ္။ မွန္တပ္ဆင္မယ့္ အိုင္ဒီယာကို ႏွစ္ေပါင္း ၁၀၀အၾကာ စိတ္ကူးခဲ့ၿပီးေနာက္ ၂၀၁၃ခုႏွစ္မွာ တရားဝင္တပ္ဆင္ခဲ့ပါတယ္။

Lifestyle_Myanmar

LM_Nandar

source- boredpanda

LEAVE A REPLY

Please enter your comment!
Please enter your name here