နေမကောင်းတဲ့ ဇနီးသည်ကို ကောက်ညှင်းကျည်တောင့် ရောင်းကျွေးရင်း ဘဝကို ရုန်းကန်နေရတဲ့ မျက်မမြင်အဖိုး

0
74
မျက်မမြင်အဖိုး

ချစ်ခြင်းမေတ္တာဆိုတာ တကယ့်ကို ကြီးမြတ်သလို ခွန်အား သတ္တိတွေလည်း ပေးစွမ်းနိုင်ပါတယ်။ ကိုယ့်အတွက်ဆို လုပ်ဖြစ်ခြင်မှ လုပ်ဖြစ်မဲ့ အရာတွေက အချစ်အတွက်ဆို တိုက်တွန်းစရာ မလိုဘဲ သူ့အလိုလို လုပ်ဖြစ်သွားတဲ့ အရာတွေ များစွာရှိပါတယ်။ အခုလည်း ထိုင်းနိုင်ငံက Yom Homhuan လို့ လူသိများတဲ့ မျက်မမြင်အဖိုးတစ်ယောက်ဟာ ကောက်ညှင်းကျည်တောင့်လိုက်ရောင်းရင်း နေမကောင်းတဲ့ ဇနီးသည်ကို ပြုစုနေရကြောင်း သိရပါတယ်။

Matichon ရဲ့ အဆိုအရ အသက် ၆၇နှစ်အရွယ်အဖိုးဟာ သူတို့ရွာကို သောကြာနေ့တိုင်း ကောက်ညှင်းကျည်တောင့် လာရောင်းလေ့ရှိတယ်လို့ဆိုပါတယ်။ စက်ဘီးပေါ်မှာ ခြင်းတစ်ခြင်းကို တင်ပြီး ထိုခြင်းထဲမှာတော့ ကောက်ညှင်းထည့်ထားတဲ့ ဝါးကျည်တောင့် တော်တော်များများပါပါတယ်။ တနင်္ဂနွေနေ့လိုရက်မျိုးဆိုရင်တော့ Phetchaburi မြို့ရှိ Khao Ta Krao ဘုရားကျောင်းကို သွားပြီး ဘုရားဖူးတွေကို သွားရောင်းလေ့ရှိပါတယ်။

Yom Homhuan ဟာ မျက်လုံး လုံးဝမမြင်ရမဟုတ်ပေမဲ့ သူ့ရဲ့ အမြင်အာရုံက တော်တော်လေး ချို့ယွင်းနေပါတယ်။ ငယ်စဉ်အခါက နွားနောက်ကို လိုက်ရင်း မတော်တဆ နွားက ကန်ခဲ့တာကြောင့် အခုလို အမြင်အာရုံကို ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။ စျေးရောင်းတဲ့ နေရာမှာတော့ အသံချဲ့စက်လေးကိုပဲ အားကိုးပြီး စျေးရောင်းနေရတာပါ။

Yom မှာ အသက် ၉၈နှစ်အရွယ် ဇနီးသည်တစ်ဦးရှိပြီး ဆီးချိုနဲ့ သွေးတိုးရောဂါကို ခံစားနေရတဲ့ ဝေဒနာသည်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Yom ဟာ ဇနီးသည်အတွက် ဆေးဖိုးရအောင် သူလုပ်နိုင်တဲ့ အလုပ်ကို လုပ်ကိုင်ရင်း တစ်ဖက်တစ်လမ်းကနေ မိန်းမဖြစ် သူကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

Yom ရဲ့ ဘဝက ဆင်းရဲလွန်းပေမဲ့ စိတ်ထား အလွန်ကောင်းမွန်တဲ့ သူတစ်ဦးပါ။ သူဟာ ရွာမှာဆိုလည်း သူ့ရဲ့ ကောက်ညှင်းဆန်ကို အခြားသူတွေကို ဝေပေးဖြစ်သလို ထမင်းစားပြီးတိုင်းလည်း ဘုရားကျောင်း အနီးနားက မျောက်တွေကို အမြဲလိုလို အစာကျွေးလေ့ရှိပါတယ်။ အဖိုးကို တွေ့ချင်ရင်တော့ တနင်္ဂနွေနေ့လို နေ့မျိုးမှာ Wat Ta Krao ဘုရားကျောင်းက ကားရပ်နားဝန်းမှာ အမြဲရှိပါတယ်လို့ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဇနီးသည်ရဲ့ ပြုစုမှုကြောင့် ၅နှစ်လောက် ကိုမာဖြစ်ပြီး မျှောနေရာကနေ ပြန်လည်နိုးထလာတဲ့ ယောကျ်ား

Zawgyi fonts

ေနမေကာင္းတဲ့ ဇနီးသည္ကို ေကာက္ညႇင္းက်ည္ေတာင့္ ေရာင္းေကၽြးရင္း ဘဝကို ႐ုန္းကန္ေနရတဲ့ မ်က္မျမင္အဖိုး
ခ်စ္ျခင္းေမတၱာဆိုတာ တကယ့္ကို ႀကီးျမတ္သလို ခြန္အား သတၱိေတြလည္း ေပးစြမ္းနိုင္ပါတယ္။ ကိုယ့္အတြက္ဆို လုပ္ျဖစ္ျခင္မွ လုပ္ျဖစ္မဲ့ အရာေတြက အခ်စ္အတြက္ဆို တိုက္တြန္းစရာ မလိုဘဲ သူ႔အလိုလို လုပ္ျဖစ္သြားတဲ့ အရာေတြ မ်ားစြာရွိပါတယ္။ အခုလည္း ထိုင္းနိုင္ငံက Yom Homhuan လို႔ လူသိမ်ားတဲ့ မ်က္မျမင္အဖိုးတစ္ေယာက္ဟာ ေကာက္ညႇင္းက်ည္ေတာင့္လိုက္ေရာင္းရင္း ေနမေကာင္းတဲ့ ဇနီးသည္ကို ျပဳစုေနရေၾကာင္း သိရပါတယ္။

Matichon ရဲ့ အဆိုအရ အသက္ ၆၇ႏွစ္အရြယ္အဖိုးဟာ သူတို႔ရြာကို ေသာၾကာေန႔တိုင္း ေကာက္ညႇင္းက်ည္ေတာင့္ လာေရာင္းေလ့ရွိတယ္လို႔ဆိုပါတယ္။ စက္ဘီးေပၚမွာ ျခင္းတစ္ျခင္းကို တင္ၿပီး ထိုျခင္းထဲမွာေတာ့ ေကာက္ညႇင္းထည့္ထားတဲ့ ဝါးက်ည္ေတာင့္ ေတာ္ေတာ္မ်ားမ်ားပါပါတယ္။ တနဂၤေႏြေန႔လိုရက္မ်ိဳးဆိုရင္ေတာ့ Phetchaburi ၿမိဳ႕ရွိ Khao Ta Krao ဘုရားေက်ာင္းကို သြားၿပီး ဘုရားဖူးေတြကို သြားေရာင္းေလ့ရွိပါတယ္။

Yom Homhuan ဟာ မ်က္လုံး လုံးဝမျမင္ရမဟုတ္ေပမဲ့ သူ႔ရဲ့ အျမင္အာ႐ုံက ေတာ္ေတာ္ေလး ခ်ိဳ႕ယြင္းေနပါတယ္။ ငယ္စဥ္အခါက ႏြားေနာက္ကို လိုက္ရင္း မေတာ္တဆ ႏြားက ကန္ခဲ့တာေၾကာင့္ အခုလို အျမင္အာ႐ုံကို ထိခိုက္ခဲ့ရတာျဖစ္ပါတယ္။ ေစ်းေရာင္းတဲ့ ေနရာမွာေတာ့ အသံခ်ဲ႕စက္ေလးကိုပဲ အားကိုးၿပီး ေစ်းေရာင္းေနရတာပါ။

Yom မွာ အသက္ ၉၈ႏွစ္အရြယ္ ဇနီးသည္တစ္ဦးရွိၿပီး ဆီးခ်ိဳနဲ႔ ေသြးတိုးေရာဂါကို ခံစားေနရတဲ့ ေဝဒနာသည္တစ္ဦးလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Yom ဟာ ဇနီးသည္အတြက္ ေဆးဖိုးရေအာင္ သူလုပ္နိုင္တဲ့ အလုပ္ကို လုပ္ကိုင္ရင္း တစ္ဖက္တစ္လမ္းကေန မိန္းမျဖစ္ သူကို ေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။

Yom ရဲ့ ဘဝက ဆင္းရဲလြန္းေပမဲ့ စိတ္ထား အလြန္ေကာင္းမြန္တဲ့ သူတစ္ဦးပါ။ သူဟာ ရြာမွာဆိုလည္း သူ႔ရဲ့ ေကာက္ညႇင္းဆန္ကို အျခားသူေတြကို ေဝေပးျဖစ္သလို ထမင္းစားၿပီးတိုင္းလည္း ဘုရားေက်ာင္း အနီးနားက ေမ်ာက္ေတြကို အျမဲလိုလို အစာေကၽြးေလ့ရွိပါတယ္။ အဖိုးကို ေတြ႕ခ်င္ရင္ေတာ့ တနဂၤေႏြေန႔လို ေန႔မ်ိဳးမွာ Wat Ta Krao ဘုရားေက်ာင္းက ကားရပ္နားဝန္းမွာ အျမဲရွိပါတယ္လို႔ ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here