နေဖင်ထိုးတဲ့အထိအိပ်မယ့်အစား မနက်စောစောထခြင်းရဲ့ ‌ကောင်းကျိုးများ

0
197

မနက်စောစောထတဲ့အကျင့်ရှိတဲ့သူတွေအတွက် ဘာများကောင်းကျိုးရှိမှာမို့လို့လဲ။ စောစောထတဲ့ အကျင့်ဟာ လုပ်သင့်တဲ့အကျင့် ဟုတ်မဟုတ် စဉ်းစားစေချင်လို့ မေးတာပါ။ အမှန်တော့ မနက်စောစောထတဲ့ အကျင့်ကြောင့် ရရှိခံစားရမယ့် ကောင်းကျိုးတွေကတော့ ပြောမဆုံးပါဘူး။ အကျိုးကျေးဇူးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

-Advertisement-

၁။ မနက်အိပ်ယာစောစောထတဲ့အကျင့်ကြောင့် ဉာဏ်ပိုကောင်းစေပါတယ်။

သင်ဟာ ကျောင်းသားတစ်ယောက်ဆိုရင် တက္ကသိုလ်က ပြုစုထားတဲ့ စာတမ်းမှာ ဘာပြောထားလဲဆိုတာ သိသင့်ပါတယ်။ ဘာပြောထားလဲဆိုတော့ စောစောထတဲ့ကျောင်းသားတွေရတဲ့ (Grade) အဆင့်တွေဟာစောစောမထတဲ့ ကျောင်းသားတွေနဲ့ ယှဉ်ရင် များစွာကွားခြားနေတယ်လို့ အဆိုပြုထားပါတယ်။

၂။ မနက်အိပ်ယာစောစောထတဲ့အကျင့်ဟာ သင့်ရဲ့ ထုတ်လုပ်နိုင်စွမ်းကို မြင့်တက်စေပါတယ်။

အောင်မြင်သူအများစုကတော့ မနက်စောစောထကြတာပါပဲ။ သေချာတဲ့ အကြောင်းပြချက်တစ်ခုတော့ စောစောထတော့ အလုပ်တွေ အများကြီး ပြီးမြောက်အောင် လုပ်နိုင်တာပေါ့။ သူတို့ဟာ တစ်နေကုန် စိတ်အားထက်သန်တက်ကြွကြတဲ့အတွက်ကြောင့်ပါ။

၃။ နံနက်စောစောထတဲ့အကျင့်ကြေင့် စိတ်ထားပိုမို ပြည့်ဝစေပါတယ်။

ဆိုလိုတာက စိတ်ကျန်းမာရေး ပိုကောင်းစေတာကိုပါ။ သုတေသီအများစု ပြောကြတာကတော့ မနက်ခင်းသမားတွေဟာ အကောင်းမြင်စိတ်ထား ပိုများကြပါတယ်တဲ့။ ဟုတ်ပါလိမ့်မယ်။ မနက်စောစောထတဲ့အခါကျတော့ ကိုယ့်ရဲ့ အားနည်းချက် အားသားချက်တွေကို ဟန်ချက်ညီညီ ကိုင်တွယ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ အလုပ်ပိတဲ့ဒဏ်တွေကိုလည်း စနစ်တကျ စီမံလာတတ်ကြပါတယ်။ ဒါတွေကြောင့်လည်း အကျိုးဆက်က ဘာဖိအားမှ မရှိတော့ပဲ အလုပ်လုပ်တဲ့အခါမှာ ပျော်ရွှင်နေတော့တာ ဖြစ်ပါတယ်။

၄။ နံနက်စောစောထတာကြောင့် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ချိန် ပိုများလာပါတယ်။

ညနေအလုပ်ချိန်ပြီးမှာ လေ့ကျင့်ခန်းတွေ လုပ်လို့ရတယ်ပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မနက်ခင်းစောစောမှာ ထပြီးလေ့ကျင့်ခန်းတွေ လုပ်လိုက်တာ့ကြောင့် သင့်အလုပ်မှာပိုပြီးတော့ ကောင်းမွန်တဲ့အကျိုးသက်ရောက်စေသည့်အပြင် တစ်နေ့တစ်နေ့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်လည်း ပိုရလာပါတယ်။ အမှန်ဆိုရင် နံနက်ခင်းနဲ့လေ့ကျင့်ခန်းလုပ်တာဟာ တစ်တွဲတည်းရှိနေရမယ့် အလုပ်ဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-thesleepjudge

LEAVE A REPLY

Please enter your comment!
Please enter your name here