နိုင်ငံတကာမှာရှိတဲ့ ချစ်စရာကောင်းပြီး အကြင်နာတရားရှိတဲ့ အပြုအမူလေးတွေ

0
2143
အကြင်နာတရားရှိတဲ့ အပြုအမူလေးတွေ

၁။ အိန္ဒိယကမ်းခြေတစ်ခုမှာ ၅တန်လောက်ရှိတဲ့ အမှိုက်တွေကို ဖယ်ရှားသန့်စင်ပေးနေတဲ့ ပြည်သူအချို့ရဲ့ ပုံရိပ်လေး

-Advertisement-

၂။ နေမကောင်းပေမဲ့ သူချစ်တဲ့ ဟော်ကီအသင်းကို လာရောက်အားပေးခဲ့ပါတယ်။ ဒီလိုအားပေးခဲ့တဲ့မှုကြောင့် သူချစ်တဲ့အသင်းအနိုင်ရတဲ့အတွက် သူမရဲ့ ဆန္ဒတွေအမှန်တကယ်ပြည့်ဝခဲ့ပါတယ်။

၃။ အမေရိကန်မှာ တံတားပေါ်က ခုန်ချပြီး သတ်သေဖို့ ကြိုးစားခဲ့တဲ့သူကို တံတားအောက် ဘယ်ညာ ပတ်ပတ်လည်မှာ လမ်းသွားလမ်းလာ ကုန်ကား ၁၃စီးက ခံပြီး တားပေးထားတာကြောင့် အသက်မသေခဲ့ပါဘူး။

၄။ ဂျာမနီနိုင်ငံရဲ့ ဓာတ်တိုင်တစ်တိုင်မှာ အမြဲလိုလို စက်ဘီးသော့ခတ်ထားတဲ့ ကလေးလေးကို တစ်စုံတစ်ယောက်က ထိုကလေးအတွက် ဒီနေရာလေးမှာ စက်ဘီးထားဖို့ တစ်နှစ်စာသတ်မှတ်ပေးခဲ့ပါတယ်။

၅။ ရွှံ့နွှံထဲမှာနစ်နေတဲ့ သမင်ကို ခက်ခက်ခဲခဲ ကယ်ထုတ်ပေးခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။

၆။ စာအုပ်ဆိုင်မှာ ၁၅နှစ်ကြာအောင် စာအုပ်အမြဲလာဖတ်တဲ့ အဖွားအိုကို သူတစ်ယောက်အတွက် သီးသန့် ကုလားလိုင်စီစဉ်ပေးခဲ့တာပဲဖြစ်ပါတယ်။

၇။ အိမ်ရှေ့နားမှာ လွတ်ပစ်သွားတဲ့ ကုလားထိုင်အစုတ်ကို ပြန်လည်ပြုပြင်ပြီး ပိုင်ရှင်ထံ ပြန်ပို့ခဲ့တာပဲဖြစ်ပါတယ်။ (သင်ဆိုရင်ရော ကိုယ့်အိမ်ရှေ့မှာ ပစ္စည်းအစုတ်အပြတ်တွေ လာလွတ်ပစ်ရင် ဘယ်လိုပြုမူမလဲ)

၈။ စွန့်ပစ်ကြောင်လေးတွေအတွက် စောင်တွေ၊ အစားအစာတွေ၊ အစာထည့်တဲ့ ခွက်တွေ အပြင် အိမ်တစ်လုံးပါ ဆောက်လုပ်ပေးထားတဲ့ စေတနာရှင်

၉။ ဆိုင်ရှေ့မှာ ကပ်ထားတဲ့ ဖိတ်ခေါ်စာလေး – ၂နာရီ ဝန်းကျင်မှာ မိသားစုနဲ့အတူ ဝန်ထမ်းတွေ၊ သူငယ်ချင်းတွေနဲ့ ညစာစားပွဲရှိပါတယ်။ တကယ်လို့ သင်ဗိုက်ဆာတဲ့အခါ ဒါမှမဟုတ် ပိုက်ဆံမရှိတဲ့အခါ မည်သူမဆို လာရောက်စားသောက်ဖို့ဖိတ်ခေါ်ပါတယ်။ သင့်အတွက် စားစရာကောင်းကောင်းရဖို့ သေချာပါတယ်ဆိုပြီး စာလေးရိုက်ပြီး ဆိုင်ရှေ့မှာ ကပ်ထားတာပဲဖြစ်ပါတယ်။

၁၀။ အရမ်းအေးတဲ့ ရာသီဥတုမှာ ဝတ်စရာမရှိဘဲ တကယ်လိုအပ်နေတဲ့သူတွေအတွက် လှူဒါန်းတဲ့ အလှူလေးတစ်ခုပဲဖြစ်ပါတယ်။ ” သင်လိုအပ်ရင် ကျွန်ုပ်ကို ယူသွားပါ၊ ကျွန်ုပ် မဆုံးရှုံးပါဘူး” ဆိုတဲ့ စာတိုလေး ရေးပြီးခါင်းစွပ်၊ အနွေးထည်၊ ခြေအိတ်၊ လက်အိတ်ကအစ မြို့ပတ်ပတ်လည်မှာ ချိတ်ဆွဲထားပါတယ်။

၁၁။ တစ်နိုင်တစ်ပိုင် လှူဒါန်းလို့ရတဲ့ အဝတ်အစားအလှူလေးပဲဖြစ်ပါတယ်။ တကယ်လိုအပ်သူတွေအတွက် အခမဲ့ ရယူနိုင်ပြီး မလိုအပ်တဲ့သူတွေ အတွက်လည်း လှူဒါန်းလို့ ရပါတယ်။ ထိုနေရာလေးမှာ “သင်လိုအပ်လား၊ တစ်ထည် ယူသွားပါ။ သင်ကူညီချင်လား၊ တစ်ထည်ထားခဲ့ပါ” ဆိုပြီး ဆိုဒ်ဘုတ်လေးချိတ်ထားပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သင့်အပင်လေးတွေ အမြဲတမ်းပျော်ရွင်နေစေဖို့ မျက်နှာအမူအယာတွေကို အသုံးပြုထားတဲ့ စမတ်ပန်းအိုး

LEAVE A REPLY

Please enter your comment!
Please enter your name here