နိုင်ငံတကာနဲ့ မတူညီနိုင်တဲ့ ထူးထူးခြားခြား အလေ့အထတွေပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ

0
852
ထူခြားတဲ့ အလေ့အထ
ထူခြားတဲ့ အလေ့အထ

၁။ အိမ်သာသုံးစက္ကူအသုံးမပြုတဲ့ အိန္ဒိယ

အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ်တဲ့ ခရီသွားဧည့်သည်တွေ တော်တော်များများအတွက် အံ့အားသင့်စရာ ကိစ္စတစ်ခုကတော့ အိမ်သာတက်တဲ့အခါ ဘယ်လိုအိမ်သာပဲဖြစ်ဖြစ် အိမ်သာသုံးစက္ကူကို မထားပေးထားပါဘူး။ အိမ်သာသုံး စက္ကူအစား သေးငယ်တဲ့ ရေတစ်ပုံးသာ ထားထားပေးထားပါတယ်။ လူတွေက အိမ်သာစက္ကူကို အသုံးပြုပြီး အိမ်သာထဲ ပစ်ချကြတဲ့အခါ အိမ်သာပိုက်လမ်းကြောင်းထဲ သွားရောက်ပိတ်ဆို့မှုတွေဖြစ်တဲ့အတွက် အိမ်သာသုံးစက္ကူကို ဘယ်အိမ်သာမဆို မထားထားပေးတာပဲဖြစ်ပါတယ်။

၂။ အိမ်ထောင်ကျပြီး ရေချိုးခန်း ပေးမသုံးတဲ့ အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံမှာ စုံတွဲ တစ်တွဲ လက်ထပ်ပြီးတဲ့အခါ လက်ထပ်ပြီး ၃ရက်အထိ ရေချိုးခန်းထဲကို သွားခွင့်မပြုထားပါဘူး။ အကယ်လို့ သွားခဲ့မိပါက ကံကောင်းခြင်တွေ မရရှိတော့ဘူးလို့ ယူဆကြပါတယ်။ ဒါ့အပြင် အစားရေစာကိုလည်း အနည်းငယ် ချိန်ဆပြီး စားသုံးရပါတယ်။ သူတို့ရဲ့ ဒီအစဉ်အလာကို ချိုးဖျက် မဖျက် အိမ်သူ အိမ်သားတွေက စောင့်ကြည့် ရပါတယ်။

၃။ တံထွေးထွေးပြီး နှုတ်ဆက်ကြတဲ့ Maasai လူမျိုးတွေ

နိုင်ငံတကာမှာ လူအများရဲ့ ရှေ့မှာတောင် တံတွေးထွေးရင် ယဥ်ကျေးမှုမရှိဘူးလို့ ယူဆကြပေမဲ့ ကညာဒေသ Maasai လူမျိုးတွေကတော့ နှုတ်ဆက်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ကို တံတွေးထွေး နှုတ်ဆက်ကြပါတယ်။ ဒီလို တစ်ယောက်နဲတစ်ယောက် နှုတ်ဆက်တာဟာ
လေးစားမှုတွရှိသလို ကံကောင်းခြင်းတွေလည်း ရရှိတယ်လို့ ဆိုပါတယ်။

၄။ နှင်းဆီပန်းအဝါရောင်လက်ဆောင်ပေးရင် လက်မခံတဲ့ Mexico

ကမ္ဘာပေါ်က ဘယ်နေရာမဆို စိတ်ခံစားမှုကို ပြသနိုင်ဖို့ လက်ဆောင်အဖြစ်နှင်းဆီပန်းကို ပေးလေ့ရှိကြပါတယ်။ ဒါပေမဲ့ နှင်းဆီးပန်းရဲ့ အရောင်တွေအလိုက် စိတ်ခံစားချက် အဓိပ္ပါယ်သက်ရောက်မှုတွေ အမျိုးမျိုး ရှိနေပါတယ်။ Mexico မှာလည်း ရိုးရာအလေ့အထအရ နှင်းဆီးပန်းပေးတဲ့အခါ အဝါရောင်ထက် အနီရောင်က ပိုကောင်းတယ်လို့ ခံယူထားတဲ့အတွက် နှင်းဆီပန်းပေးတဲ့အခါ အနီရောင်ပဲလက်ခံကြပါတယ်။

၅။ အိုးခွက်ပန်ကန်တွေခွဲမှ ကံကောင်းတယ် ယူဆတဲ့ ဂျာမနီ

ဂျာမဏီမှာ မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာမဆောင်မတိုင်ခင် Ploterabend ဆိုတဲ့ လူသိများတဲ့ အစဥ်အလာတစ်ရပ်ကို ပြုလုပ်ကြရပါတယ်။ ထို အစဥ်အလာကတော့ မင်္ဂလာဆောင်မဲ့ စုံတွဲရဲ့ အိမ်ကို ဧည့်သည်တွေက အိုးခွက်ပန်ကန်တွေယူလာပြီး ပေါက်ခွဲကြရတာပဲဖြစ်ပါတယ်။ အဲ့ဒီနောက် ပစ်ခွဲထားတဲ့ အကွဲစတွေကို သတို့သား သတို့သမီးက သေချာသန့်ရှင်းရေးလုပ်ရပါတယ်။ ဒီလိုပြုလုပ်လိုက်တဲ့အတွက် ကံဆိုးခြင်းတွေ ပပျောက်ပြီး ကံကောင်းခြင်းတွေ ဆောင်ကြဥ်းလာတယ်လို့ ယူဆကြပါတယ်။

၆။ Single တွေဆို သစ်ကြံပိုးအမှုန့်နဲ့ ပစ်ပေါက်လေ့ရှိတဲ့ ဒိန်းမတ်

ဒီအလေ့အထဟာ ဒိန်းမတ်နိုင်ငံမှာ ၁၆ရာစုနှစ်က စပေါ်ခဲ့တာဖြစ်ပြီး ယနေ့ခေတ်အထိ တည်ရှိနေဆဲဖြစ်ပါတယ်။ Single တစ်ဦးရဲ့ မွေးနေ့ရောက်ပြီးဆို သူ့ရဲ့ အပေါင်းအသင်း သူငယ်ချင်းတွေကအခုလို သစ်ကြံပိုးအမှုန့်တွေနဲ့ ပစ်ပေါက်ပြီး ကျီစယ်လေ့ရှိကြပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သင့်တစ်သက်တာမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ သွားလည်ရကျိုးနပ်မယ့် ကမ္ဘာတစ်လွှားက ညစ်ညစ်ပတ်ပတ် ပွဲတော်များ

Zawgyi fonts

နိုင္ငံတကာနဲ႔ မတူညီနိုင္တဲ့ ထူးထူးျခားျခား အေလ့အထေတြပိုင္ဆိုင္ထားတဲ့ နိုင္ငံေတြ
၁။ အိမ္သာသုံးစကၠဴအသုံးမျပဳတဲ့ အိႏၵိယ
အိႏၵိယနိုင္ငံကို သြားေရာက္လည္ပတ္တဲ့ ခရီသြားဧည့္သည္ေတြ ေတာ္ေတာ္မ်ားမ်ားအတြက္ အံ့အားသင့္စရာ ကိစၥတစ္ခုကေတာ့ အိမ္သာတက္တဲ့အခါ ဘယ္လိုအိမ္သာပဲျဖစ္ျဖစ္ အိမ္သာသုံးစကၠဴကို မထားေပးထားပါဘူး။ အိမ္သာသုံး စကၠဴအစား ေသးငယ္တဲ့ ေရတစ္ပုံးသာ ထားထားေပးထားပါတယ္။ လူေတြက အိမ္သာစကၠဴကို အသုံးျပဳၿပီး အိမ္သာထဲ ပစ္ခ်ၾကတဲ့အခါ အိမ္သာပိုက္လမ္းေၾကာင္းထဲ သြားေရာက္ပိတ္ဆို႔မွုေတြျဖစ္တဲ့အတြက္ အိမ္သာသုံးစကၠဴကို ဘယ္အိမ္သာမဆို မထားထားေပးတာပဲျဖစ္ပါတယ္။

၂။ အိမ္ေထာင္က်ၿပီး ေရခ်ိဳးခန္း ေပးမသုံးတဲ့ အင္ဒိုနီးရွား
အင္ဒိုနီးရွားနိုင္ငံမွာ စုံတြဲ တစ္တြဲ လက္ထပ္ၿပီးတဲ့အခါ လက္ထပ္ၿပီး ၃ရက္အထိ ေရခ်ိဳးခန္းထဲကို သြားခြင့္မျပဳထားပါဘူး။ အကယ္လို႔ သြားခဲ့မိပါက ကံေကာင္းျခင္ေတြ မရရွိေတာ့ဘူးလို႔ ယူဆၾကပါတယ္။ ဒါ့အျပင္ အစားေရစာကိုလည္း အနည္းငယ္ခ်ိန္ဆၿပီး စားသုံးရပါတယ္။ သူတို႔ရဲ့ ဒီအစဥ္အလာကို ခ်ိဳးဖ်က္ မဖ်က္ အိမ္သူ အိမ္သားေတြက ေစာင့္ၾကည့္ ရပါတယ္။

၃။ တံေထြးေထြးၿပီး ႏွုတ္ဆက္ၾကတဲ့ Maasai လူမ်ိဳးေတြ
နိုင္ငံတကာမွာ လူအမ်ားရဲ့ ေရွ႕မွာေတာင္ တံေတြးေထြးရင္ ယဥ္ေက်းမွုမရွိဘူးလို႔ ယူဆၾကေပမဲ့ ကညာေဒသ Maasai လူမ်ိဳးေတြကေတာ့ ႏွုတ္ဆက္တဲ့အခါ တစ္ေယာက္နဲ႔ တစ္ေယာက္ကို တံေတြးေထြး ႏွုတ္ဆက္ၾကပါတယ္။ ဒီလို တစ္ေယာက္နဲတစ္ေယာက္ ႏွုတ္ဆက္တာဟာေလးစားမွုတြရွိသလို ကံေကာင္းျခင္းေတြလည္း ရရွိတယ္လို႔ ဆိုပါတယ္။

၄။ ႏွင္းဆီပန္းအဝါေရာင္လက္ေဆာင္ေပးရင္ လက္မခံတဲ့ Mexico
ကမၻာေပၚက ဘယ္ေနရာမဆို စိတ္ခံစားမွုကို ျပသနိုင္ဖို႔ လက္ေဆာင္အျဖစ္ႏွင္းဆီပန္းကို ေပးေလ့ရွိၾကပါတယ္။ ဒါေပမဲ့ ႏွင္းဆီးပန္းရဲ့ အေရာင္ေတြအလိုက္ စိတ္ခံစားခ်က္ အဓိပၸါယ္သက္ေရာက္မွုေတြ အမ်ိဳးမ်ိဳး ရွိေနပါတယ္။ Mexico မွာလည္း ရိုးရာအေလ့အထအရ ႏွင္းဆီးပန္းေပးတဲ့အခါ အဝါေရာင္ထက္ အနီေရာင္က ပိုေကာင္းတယ္လို႔ ခံယူထားတဲ့အတြက္ ႏွင္းဆီပန္းေပးတဲ့အခါ အနီေရာင္ပဲလက္ခံၾကပါတယ္။

၅။ အိုးခြက္ပန္ကန္ေတြခြဲမွ ကံေကာင္းတယ္ ယူဆတဲ့ ဂ်ာမနီ
ဂ်ာမဏီမွာ မဂၤလာေဆာင္တဲ့အခါ မဂၤလာမေဆာင္မတိုင္ခင္ Ploterabend ဆိုတဲ့ လူသိမ်ားတဲ့ အစဥ္အလာတစ္ရပ္ကို ျပဳလုပ္ၾကရပါတယ္။ ထို အစဥ္အလာကေတာ့ မဂၤလာေဆာင္မဲ့ စုံတြဲရဲ့ အိမ္ကို ဧည့္သည္ေတြက အိုးခြက္ပန္ကန္ေတြယူလာၿပီး ေပါက္ခြဲၾကရတာပဲျဖစ္ပါတယ္။ အဲ့ဒီေနာက္ပစ္ခြဲထားတဲ့ အကြဲစေတြကို သတို႔သား သတို႔သမီးက ေသခ်ာသန္႔ရွင္းေရးလုပ္ရပါတယ္။ ဒီလိုျပဳလုပ္လိုက္တဲ့အတြက္ ကံဆိုးျခင္းေတြ ပေပ်ာက္ၿပီး ကံေကာင္းျခင္းေတြ ေဆာင္ၾကဥ္းလာတယ္လို႔ ယူဆၾကပါတယ္။

၆။ Single ေတြဆို သစ္ႀကံပိုးအမွုန္႔နဲ႔ ပစ္ေပါက္ေလ့ရွိတဲ့ ဒိန္းမတ္
ဒီအေလ့အထဟာ ဒိန္းမတ္နိုင္ငံမွာ ၁၆ရာစုႏွစ္က စေပၚခဲ့တာျဖစ္ၿပီး ယေန႔ေခတ္အထိ တည္ရွိေနဆဲျဖစ္ပါတယ္။ Single တစ္ဦးရဲ့ ေမြးေန႔ေရာက္ၿပီးဆို သူ႔ရဲ့ အေပါင္းအသင္း သူငယ္ခ်င္းေတြကအခုလို သစ္ႀကံပိုးအမွုန္႔ေတြနဲ႔ ပစ္ေပါက္ၿပီး က်ီစယ္ေလ့ရွိၾကပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here