နိုင်ငံခြားခရီးထွက်တော့မယ်လို့ ဆုံးဖြတ်ထားရင် ကြိုတင်ပြင်ဆင်ထားရမယ့် အရာများ

0
117

မိသားစုဝင်တွေနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ ဒါမှမဟုတ် ချစ်သူလေးနဲ့ပဲဖြစ်ဖြစ် ခရီးသွားတော့မယ်လို့ စဥ်းစားထားပြီလား။ ခရီးသွားမယ်လို့ဆိုတဲ့အခါ ပြည်တွင်းခရီးလား ပြည်ပခရီးလားဆိုတာပေါ်မူတည်ပြီးတော့ လိုအပ်တာတွေ၊ ပြင်ဆင်သင့်တာတွေက အမျိုးမျိုး ကွာခြားသွားနိုင်ပါတယ်။ သေချာပြင်ဆင်မှုမရှိဘဲ ခရီးသွားမိမယ်ဆိုပါက လမ်းခရီးရောက်တော့မှ တော်တော်လေး ဒုက္ခရောက်စေပါလိမ့်မယ်။ ဒါကြောင့် အခုတစ်ခါပြောပြပေးချင်တာကတော့ နိုင်ငံခြားခရီးသွားတော့မယ်ဆိုရင် အစစအရာရာ အဆင်ပြေစေဖို့အတွက် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေကို အနည်းငယ်မျှဝေပေးချင်ပါတယ်။

-Advertisement-

နိုင်ငံခြားခရီးမထွက်ခင် ပထမဦးဆုံးအနေနဲ့ စုံစမ်းသင့်တဲ့အရာကတော့ ကိုယ်သွားမယ့်နေရာရဲ့ ပတ်စ်ပို့နဲ့ ဗီဇာလိုအပ်ချက်တွေပါပဲ။ နိုင်ငံတိုင်းမှာက သူ့နေရာနဲ့သူ ကွဲပြားခြားနားချက်တွေရှိတတ်ကြတာမို့ အနည်းဆုံး ရက်သတ္တပတ် အများဆုံး လချီပြီးကို ကြာြမင့်နိုင်တာကြောင့် အစောကြီးကတည်း ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

နောက်တစ်ချက်ကတော့ ကိုယ်သွားမယ့်နေရာဒေသရဲ့ ရာသီဥတုနဲ့ မိုးလေဝသအခြေအနေတွေကို လေ့လာထားသင့်ပါတယ်။ ဒါမှသာလျှင် ကိုယ်ကပျော်ချင်လို့ သွားတဲ့ခရီးမှာ ဘာသဘာဝအနှောင့်အယှက်မှမရှိဘဲ ဖြောင့်ဖြောင့်ဖြူးဖြူး သွားလာနိုင်မှာဖြစ်ပါတယ်။ ကြိုတင်လေ့လာမထားဘဲ ဒီအတိုင်းသွားမိမယ်ဆိုရင်တော့ ပိုက်ဆံကုန်တာသာအဖတ်တင်ပြီး ဘယ်မှမသွားလိုက်ရဘဲ ပြန်လာရပါလိမ့်မယ်။

ကိုယ်သွားရောက်မယ့်နိုင်ငံရဲ့ ဥပဒေ၊ စည်းမျဥ်းစည်းကမ်းတွေနဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း လေ့လာထားရမှာက နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ဘာလေ့လာခြင်းမှမရှိဘဲ သွားပြီးကာမှ မတော်တဆ အမှားကျူးလွန်မိမယ်ဆိုရင်တော့ အလကားနေရင်း ထောင်နန်းစံခဲ့ရတဲ့ အမှတ်တရသာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ဒါကြောင့် ဒေသခံတွေမကြိုက်တဲ့ အပြုအမူတွေလုပ်မိရင်းနဲ့ ကိုယ့်ခရီးကို အနှောင့်အယှက်အဖြစ်မခံပါနဲ့။

ကိုယ့်မွေးရပ်မြေမဟုတ်တဲ့ နိုင်ငံရပ်ခြားကို ခရီးသွားဖို့ ဆုံးဖြတ်ထားပြီဆိုရင်တော့ ထိုနိုင်ငံရဲ့ ဘာသာစကားကိုလည်း အတန်ငယ်လောက် လေ့လာသွားမှဖြစ်ပါမယ်။ အခုလိုမျိုး နည်းနည်းပါးပါး နားလည်ပြောနိုင်ရုံလောက် လေ့လာထားခဲ့မယ်ဆိုရင် မတော်တဆကြုံတွေ့လာမယ့် အရေးပေါ်အခြေအနေတွေကျရင် အင်မတန်အသုံးဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အရေးကြီးဆုံးအချက်တစ်ခုဖြစ်တဲ့ ပိုက်ဆံလဲသွားဖို့လည်း မမေ့ပါနဲ့ဦးနော်။ ဟိုရောက်မှလဲတာထက် ကိုယ့်နိုင်ငံထဲက လဲသွားတာက ပိုပြီးစိတ်ချရပါလိမ့်မယ်။ နောက်တစ်ခုက လေဆိပ်ရောက်မှ ပိုက်ဆံမလဲပါနဲ့။ လေဆိပ်ကပိုက်ဆဲလဲတဲ့နေရာတွေက ပုံမှန်နေရာထက်ကို ငွေလဲလှယ်နှုန်းပိုများနိုင်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-smartertravel

Zawgyi

ႏိုင္ငံျခားခရီးထြက္ေတာ့မယ္လို႔ ဆုံးျဖတ္ထားရင္ ႀကိဳတင္ျပင္ဆင္ထားရမယ့္ အရာမ်ား

မိသားစုဝင္ေတြနဲ႔ျဖစ္ေစ၊ သူငယ္ခ်င္းေတြနဲ႔ျဖစ္ေစ၊ ဒါမွမဟုတ္ ခ်စ္သူေလးနဲ႔ပဲျဖစ္ျဖစ္ ခရီးသြားေတာ့မယ္လို႔ စဥ္းစားထားၿပီလား။ ခရီးသြားမယ္လို႔ဆိုတဲ့အခါ ျပည္တြင္းခရီးလား ျပည္ပခရီးလားဆိုတာေပၚမူတည္ၿပီးေတာ့ လိုအပ္တာေတြ၊ ျပင္ဆင္သင့္တာေတြက အမ်ိဳးမ်ိဳး ကြာျခားသြားႏိုင္ပါတယ္။ ေသခ်ာျပင္ဆင္မႈမရွိဘဲ ခရီးသြားမိမယ္ဆိုပါက လမ္းခရီးေရာက္ေတာ့မွ ေတာ္ေတာ္ေလး ဒုကၡေရာက္ေစပါလိမ့္မယ္။ ဒါေၾကာင့္ အခုတစ္ခါေျပာျပေပးခ်င္တာကေတာ့ ႏိုင္ငံျခားခရီးသြားေတာ့မယ္ဆိုရင္ အစစအရာရာ အဆင္ေျပေစဖို႔အတြက္ အေစာႀကီးကတည္းက ႀကိဳတင္ျပင္ဆင္ထားသင့္တဲ့ အခ်က္ေလးေတြကို အနည္းငယ္မွ်ေဝေပးခ်င္ပါတယ္။

ႏိုင္ငံျခားခရီးမထြက္ခင္ ပထမဦးဆုံးအေနနဲ႔ စုံစမ္းသင့္တဲ့အရာကေတာ့ ကိုယ္သြားမယ့္ေနရာရဲ႕ ပတ္စ္ပို႔နဲ႔ ဗီဇာလိုအပ္ခ်က္ေတြပါပဲ။ ႏိုင္ငံတိုင္းမွာက သူ႔ေနရာနဲ႔သူ ကြဲျပားျခားနားခ်က္ေတြရွိတတ္ၾကတာမို႔ အနည္းဆုံး ရက္သတၱပတ္ အမ်ားဆုံး လခ်ီၿပီးကို ၾကာျမင့္ႏိုင္တာေၾကာင့္ အေစာႀကီးကတည္း ႀကိဳတင္ျပင္ဆင္ထားဖို႔လိုအပ္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ကိုယ္သြားမယ့္ေနရာေဒသရဲ႕ ရာသီဥတုနဲ႔ မိုးေလဝသအေျခအေနေတြကို ေလ့လာထားသင့္ပါတယ္။ ဒါမွသာလွ်င္ ကိုယ္ကေပ်ာ္ခ်င္လို႔ သြားတဲ့ခရီးမွာ ဘာသဘာဝအေႏွာင့္အယွက္မွမရွိဘဲ ေျဖာင့္ေျဖာင့္ျဖဴးျဖဴး သြားလာႏိုင္မွာျဖစ္ပါတယ္။ ႀကိဳတင္ေလ့လာမထားဘဲ ဒီအတိုင္းသြားမိမယ္ဆိုရင္ေတာ့ ပိုက္ဆံကုန္တာသာအဖတ္တင္ၿပီး ဘယ္မွမသြားလိုက္ရဘဲ ျပန္လာရပါလိမ့္မယ္။

ကိုယ္သြားေရာက္မယ့္ႏိုင္ငံရဲ႕ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ဓေလ့ထုံးတမ္းေတြကိုလည္း ေလ့လာထားရမွာက ေနာက္ထပ္အေရးႀကီးတဲ့ အခ်က္တစ္ခုပါပဲ။ ဘာေလ့လာျခင္းမွမရွိဘဲ သြားၿပီးကာမွ မေတာ္တဆ အမွားက်ဴးလြန္မိမယ္ဆိုရင္ေတာ့ အလကားေနရင္း ေထာင္နန္းစံခဲ့ရတဲ့ အမွတ္တရသာ က်န္ရစ္ခဲ့ပါလိမ့္မယ္။ ဒါေၾကာင့္ ေဒသခံေတြမႀကိဳက္တဲ့ အျပဳအမူေတြလုပ္မိရင္းနဲ႔ ကိုယ့္ခရီးကို အေႏွာင့္အယွက္အျဖစ္မခံပါနဲ႔။

ကိုယ့္ေမြးရပ္ေျမမဟုတ္တဲ့ ႏိုင္ငံရပ္ျခားကို ခရီးသြားဖို႔ ဆုံးျဖတ္ထားၿပီဆိုရင္ေတာ့ ထိုႏိုင္ငံရဲ႕ ဘာသာစကားကိုလည္း အတန္ငယ္ေလာက္ ေလ့လာသြားမွျဖစ္ပါမယ္။ အခုလိုမ်ိဳး နည္းနည္းပါးပါး နားလည္ေျပာႏိုင္႐ုံေလာက္ ေလ့လာထားခဲ့မယ္ဆိုရင္ မေတာ္တဆႀကဳံေတြ႕လာမယ့္ အေရးေပၚအေျခအေနေတြက်ရင္ အင္မတန္အသုံးဝင္မွာျဖစ္ပါတယ္။

ဒါ့အျပင္ အေရးႀကီးဆုံးအခ်က္တစ္ခုျဖစ္တဲ့ ပိုက္ဆံလဲသြားဖို႔လည္း မေမ့ပါနဲ႔ဦးေနာ္။ ဟိုေရာက္မွလဲတာထက္ ကိုယ့္ႏိုင္ငံထဲက လဲသြားတာက ပိုၿပီးစိတ္ခ်ရပါလိမ့္မယ္။ ေနာက္တစ္ခုက ေလဆိပ္ေရာက္မွ ပိုက္ဆံမလဲပါနဲ႔။ ေလဆိပ္ကပိုက္ဆဲလဲတဲ့ေနရာေတြက ပုံမွန္ေနရာထက္ကို ေငြလဲလွယ္ႏႈန္းပိုမ်ားႏိုင္ပါတယ္။

Lifestyle_Myanmar

Thinzar

Source-smartertravel

LEAVE A REPLY

Please enter your comment!
Please enter your name here