Home Relationship နားလည်မှုရှိရှိနဲ့ အဆင်ပြေဖို့ မယူခင် သိထားသင့်တဲ့ နှစ်ဦးစလုံးရဲ့ လိုအပ်ချက်တွေ

နားလည်မှုရှိရှိနဲ့ အဆင်ပြေဖို့ မယူခင် သိထားသင့်တဲ့ နှစ်ဦးစလုံးရဲ့ လိုအပ်ချက်တွေ

0
389
ချစ်သူ/ အိမ်ထောင်ဘက်
ချစ်သူ/ အိမ်ထောင်ဘက်

၁။ မိမိဖြစ်ချင်တဲ့ ဆန္ဒထက် ဖြစ်သင့်တဲ့အရာကိုအရင်လုပ်ဆောင်ပေးပါ။

-Advertisement-

ချစ်သူ/ အိမ်ထောင်ဘက် နှစ်ဦးတွေ့တဲ့အခါ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒထက် သင့်ရဲ့ လက်တွဲဖော် တစ်နေ့တာဖြတ်သန်းလာရတဲ့ အခက်အခဲ၊ အတွေ့အကြုံအပေါ်မူတည်ပြီး သူ့အပေါ်မှာ နားလည်မှုပေး ပေးပါ။ ကိုယ့်ရဲ့လက်တွဲဖော် ဒါမှမဟုတ် အိမ်ထောင်ဘက်က အလုပ်မှာ ခက်ခဲတဲ့တစ်နေ့တာကို ဖြတ်သန်းလာရပြီး သင်နဲ့တွေ့တဲ့အခါမှာလည်း သူ့အတွက် စိတ်အပန်းဖြေရာမရောက်ဘဲ သင်ဖြစ်ချင်တဲ့ ဆန္ဒတွေကို လိုက်ဖြည့်ဆည်းပေးနေရလျှင် အချိန်ကြာလာတဲ့အခါမှာ သင့်အပေါ်မှာ ငြီးငွေ့လာပါလိမ့်မယ်။ သူ့အတွက် စိတ်ပန်ပင်း၊ လူပင်ပန်းတယ်ဆိုတဲ့အတွေးမျိုးအနည်းနဲ့အများ ဝင်လာပြီး မကြာခဏဆိုသလို သင်နဲ့ ပဋိပက္ခဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်ဝင်နေရတဲ့သူတစ်ယောက်အတွက် သူ့ရဲ့ တစ်နေ့တာစိတ်ခံစားမှု၊ တစ်နေ့တာအခက်အခဲတွေကို ဖြေဖျောက်ပေးနိုင်အောင် သင်ဘက်ကဖန်တီးပေးပါ။

၂။ တစ်ယောက်ပြောချင်တဲ့အကြောင်းအရာကို တစ်ယောက်က စိတ်ဝင်တစားနဲ့နားထောင်ပေးပါ။

နှစ်ယောက်သားတွေ့ကြတဲ့အခါ တစ်ဦးပြောချင်တဲ့အကြောင်းအရာကို တစ်ဦးက စိတ်ဝင်တစားနဲ့ နားထောင်ပေးဖို့လိုအပ်ပါတယ်။ များသောအားဖြင့်က မိန်းကလေးအများစုက စကားပြောရတာပိုကြိုက်ကြပါတယ်။ တခါတလေ အလုပ်က ပင်ပန်းလာတဲ့အခါမျိုးမှာ စကားများများ လာပြောရင်များ စိတ်ရှုပ်၊ စိတ်တိုတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်ထောင်သည်ဘဝရောက်သွားတဲ့အခါမှာတော့ သင့်အနေနဲ့ ဒီအချက်ကို သည်းခံပေးဖို့လိုအပ်ပါလိမ့်မယ်။ တစ်ယောက်ရဲ့ ပြောချင်တဲ့အကြောင်းအရာကို တစ်ယောက်က စိတ်ဝင်တစားနားထောင်ပေးမှ တကယ့်တကယ်သင်တို့နှစ်ဦး အခက်အခဲကြံုလာတဲ့အခါ နှစ်ဦးသား တိုင်ပင်ဆွေးနွေးလို့ရမှာဖြစ်ပါတယ်။ သူပြောမဲ့အကြောင်းအရာက သင့်အတွက် ဟာသဖြစ်ချင်ဖြစ်မယ်၊ သတင်းတစ်ခုဖြစ်ချင်ဖြစ်မယ်၊ သူ့ကြံုတွေ့ရတဲ့အကြောင်းအရာတစ်ခုခုဖြစ်မယ် ဆိုရင် အနည်းဆုံးတော့ သင်သူ့ရဲ့ တစ်နေ့တာအကြောင်းကို သိလိုက်ရမှာဖြစ်ပါတယ်။

၃။ တခါတရံသူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ပေးလိုက်ပါ။

အမြဲတစေမဟုတ်ပေမဲ့ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ပေးလိုက်ပါ။ အိမ်ထောင်ရေးဖောက်ပြန်တဲ့အပြုအမူမျိုးမပြုလုပ်ဖူးဆိုလျှင် တခါတလေမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခြင်း၊ ဆိုင်ထိုင်ခြင်း၊ ဘောလုံးကန်ခြင်း စတဲ့ အပြုအမူမျိုးတော့ သင့်ဘက်ကလူမှုရေးအရ ခွင့်ပြုသင့်ပါတယ်။ မိဘရဲ့ အုပ်ထိန်းမှုအောက်မှာနေလာပြီး အိမ်ထောင်ကျတဲ့အခါ အိမ်ထောင်ဖက်ရဲ့ ချုပ်ချယ်မှုအပေါ်မှာ ထပ်နေနေရလျှင် ဘယ်သူကမှ ပျော်ရွှင်မှာမဟုတ်ပါဘူး။ သင်တို့ရဲ့ အိမ်ထောင်ရေးကို မထိခိုက်နိုင်တဲ့ ခုလိုကိစ္စမျိုးဆို သင့်ဘက်က ငြိုငြင်ခြင်းမရှိဘဲ ခွင့်လွှတ်သင့်ပါတယ်။ ဒါမှလည်း သင်တို့နှစ်ဦးတစ်ဦးအပေါ်တစ်ဦး အပြန်အလှန်နားလည်မှုရရှိနိုင်မှာဖြစ်ပါတယ်။

၄။ တစ်ယောက်ရဲ့ အကြိုက်ကို တစ်ယောက်က လိုက်လျောပေးလိုက်ပါ။

ဘယ်သူမဆို ကိုယ့်အကြိုက်ကို လိုက်လျောပေးတဲ့သူကို တန်းဖိုးထားမြတ်နိုးကြတဲ့သူတွေချည်းပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ အိမ်ထောင်ဖက်ရဲ့ အကြိုက်ကို သင့်ဘက်က လိုက်လျောပေးလိုက်လျှင် သင့်အိမ်ထောင်ဖက်ကလည်း သင့်အပေါ်မှာ တန်ဖိုးထားဆက်ဆံလာပါလိမ့်မယ်။ ဥပမာဖြင့် သင့်ရဲ့ ဇနီးနေမကောင်းတဲ့ အချိန်မျိုးမှာ သင်ကိုယ်တိုင်း သူကြိုက်တတ်တဲ့ ဟင်းလျှာမျိုးကို ချက်ပြုတ်ကျွေးမွေးပြီး ပြုစုပေးတာမျိုးပေါ့။ သင့်အတွက် အပန်းမကြီးတဲ့ အလုပ်တစ်ခုဖြစ်ပေမဲ့ သင့်အပေါ်မှာတော့ သူ့ဘက်က ပိုပြီး တန်ဖိုးထားလာပါလိမ့်မယ်။ ဒီလိုရိုးရှင်တဲ့ အမူအရာလေးတွေက သင်တို့ရဲ့ အနာဂတ်ကို ပျော်ရွှင်စေမှာအမှန်ပါပဲ။

၅။ တစ်ယောက်ရဲ့ ကောင်းကြောင်းကို တစ်ယောက်က ချီးမွမ်းပေးလိုက်ပါ။

လူတိုင်းက ကိုယ့်ကောင်းကြောင်းကို ပြောလျှင် ဝမ်းသာပီတိဖြစ်တဲ့သူတွေချည်းပါပဲ။ ဒါ့ကြောင့် တစ်ယောက် မကောင်းကြောင်း တစ်ယောက်အပြစ်တင်ပြောနေမဲ့အစား ကောင်းကြောင်းတွေကို ရွေးပြီးပြောပြလိုက်ပါ။ ပါးစပ်းလေး အားစိုက်ရုံနဲ့ သင်တို့နှစ်ဦးအပေါ်မှာ ကောင်းကျိုးတွေ အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။ ဘာမှပြောစရာမရှိရင်တောင် ရှင်ဒီနေ့ ဝတ်လာတာ အရမ်းခန့်တာပဲ၊ မိန်းမ ဒီနေ့အရမ်းချောနေပါလား စသဖြင့်ပေါ့။ ဒီလိုအပြောအဆိုလေးတွေက တစ်ယောက်နဲ့တစ်ယောက်နွေးထွေးမှုကို ပိုရှိစေပြီး သင်ရဲ့ ချိုသာတဲ့အပြောအဆိုတွေ၊ ချီးမွမ်းခြင်းတွေကြောင့် သင်ဖြစ်ချင်တဲ့ ဆန္ဒကို ပြောဆိုဆွေးနွေးတဲ့အခါမျိုးမှာလည်း သင့်ရဲ့ ပြောဆိုမှုအပေါ် သူ့ဘက်က ငြင်းဆန်နိုင်စွမ်းမရှိလိုပါဘူး။

၆။ တစ်ယောက်ရဲ့ ယုံကြည်မှုကို တစ်ယောက်က ဝေဖန်အပြစ်မတင်ပါနဲ့။

လူတိုင်းက အလုပ်လုပ်တော့မယ်ဆိုလျှင် ကိုယ်လုပ်တဲ့အလုပ်ကို အောင်အောင်မြင်မြင်ဖြစ်စေချင်တဲ့သူတွေချည်းပါပဲ။ ဒီလိုယုံကြည်ချက်နဲ့ အလုပ်လုပ်နေတဲ့သူအပေါ် သင့်အနေနဲ့ အောင်မြင်အောင် တွန်းအားပေးဖို့၊ ခွန်အားတွေပေးဖို့သာလိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူ့ရဲ့ လုပ်ရပ်ကိုသင့်အနေနဲ့ အပြစ်တင်ရှုတ်ချနေမယ်ဆိုလျှင် ကိုယ်တိုင်ဆောင်ရွက်ရသူအဖို့လည်း ဒီအလုပ်အပေါ် အာရုံစိုက်မှုမရှိဘဲ လက်လျော့လိုက်တာမျိုး၊ စိတ်ဓာတ်ကျသွားတာမျိုး စတဲ့ ဟိုမရောက်ဒီမရောက်အဖြစ်မျိုးနဲ့ ကြံုရပြီး ဆုံးရှုံးနစ်နာမှုတွေလည်း အနည်းနဲ့ အများဖြစ်ပေါ်လာနိုင်ပါတယ်။ ဖြစ်လာသမျှ ဆိုးကျိုး ကောင်းကျိုးက သူတို့နှစ်ဦးနဲ့သာ သက်ဆိုင်တာကြောင့် တစ်ယောက်ရဲ့ သမာသမတ်ကျကျ စွန့်စားမှုမျိုးကို တစ်ယောက်က မြေတောင်မြှောက်ခွန်းအားပေးဖို့သာလိုအပ်ပါတယ်။ ဒါမှ သင်တို့နှစ်ဦး ရှေ့သွားနောက်လိုက်ညီတဲ့ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

၇။ ညစာအတွက် အတူတူပြင်ဆင်လိုက်ပါ။

အိမ်ထောင်သည်ဘဝကို ရောက်လာတဲ့အခါ တစ်ယောက်ရဲ့တာဝန်ကို တစ်ယောက်က ခွဲဝေယူတတ်ရပြီး အေးအတူပူအမျှ အတူတူမျှဝေခံစားနိုင်ဖို့လိုပါတယ်။ ယောက်ျားဖြစ်သူက အလုပ်မှာတစ်နေကုန် ပင်ပင်ပန်းပန်းလုပ်ရသလို မိန်းမဖြစ်သူကလည်း အိမ်မှာတစ်နေကုန် အိမ်မှုကိစ္စအားလုံးကို လုပ်ကြရပါတယ်။ ကလေးရှိတဲ့ မိခင်တွေဆို တစ်နေကုန် အားတဲ့အချိန်ဆိုတာ မရှိပါဘူး။ သင့်ယောကျ်ား ပင်ပင်ပန်းပန်းနဲ့ အလုပ်က ပြန်လာတဲ့အချိန်မျိုးမှာ အကြောင်းတစ်ခုခုကြောင့် ညစာမချက်မှီတာမျိုး၊ ကိစ္စအချို့ပေါ်လာလို့ လွှဲချော်ခဲ့တာမျိုးရှိတဲ့ အခါ ဆန္ဒစောပြီးနှစ်ဦးနှစ်ယောက်စလုံး အပြစ်တင်ဒေါသထွက်မနေပါနဲ့။ တခါတလေမှာ ယောက်ျားဖြစ်သူအနေနဲ့ အလုပ်က ပင်ပင်ပန်းပန်းပြန်လာပြီး ဒါလေးတောင် ပြီးမြှောက်အောင် မလုပ်နိုင်ဘူးလားဆိုတဲ့ အပြစ်မျိုး၊ သင့်ဘက်ကလည်း ဒီနေ့ အိမ်မှာဘယ်လို အခက်ခဲတွေနဲ့ဖြတ်သန်းရတယ်ဆိုတာ မသိဘဲ အပြစ်တင်ရကောင်းလာဆိုတဲ့ သေးသေးမွှားမွှား နားလည်မှုလွဲတဲ့ကိစ္စတွေက နှစ်ဦးစလုံးကိုထိခိုက်နှစ်နာစေပါတယ်။ ဒါ့ကြောင့် ဆန္ဒစောပြီး တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်မစောပါနဲ့။ ဒီလိုအခက်အခဲနဲ့ကြံုလာလျှင် ပျော်ပျော်ရွှင်ရွှင်နဲ့သား နှစ်ဦးစလုံးဖြေရှင်းလိုက်ပါ။ သင်တို့အတွက်ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးကို ရရှိမှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ကမ္ဘာပေါ်က အမျိုးသမီးတိုင်း ချစ်သူဆီက မျှော်လင့်တောင့်တတတ်တဲ့ အရာလေးများ

Zawgyi fonts

နားလည္မွုရွိရွိနဲ႔ အဆင္ေျပဖို႔ မယူခင္ သိထားသင့္တဲ့ ႏွစ္ဦးစလုံးရဲ့ လိုအပ္ခ်က္ေတြ
၁။ မိမိျဖစ္ခ်င္တဲ့ ဆႏၵထက္ ျဖစ္သင့္တဲ့အရာကိုအရင္လုပ္ေဆာင္ေပးပါ။
ခ်စ္သူ/ အိမ္ေထာင္ဘက္ ႏွစ္ဦးေတြ႕တဲ့အခါ ကိုယ္ျဖစ္ခ်င္တဲ့ဆႏၵထက္ သင့္ရဲ့ လက္တြဲေဖာ္ တစ္ေန႔တာျဖတ္သန္းလာရတဲ့ အခက္အခဲ၊ အေတြ႕အၾကဳံအေပၚမူတည္ၿပီး သူ႔အေပၚမွာ နားလည္မွုေပး ေပးပါ။ ကိုယ့္ရဲ့လက္တြဲေဖာ္ ဒါမွမဟုတ္ အိမ္ေထာင္ဘက္က အလုပ္မွာ ခက္ခဲတဲ့တစ္ေန႔တာကို ျဖတ္သန္းလာရၿပီး သင္နဲ႔ေတြ႕တဲ့အခါမွာလည္း သူ႔အတြက္ စိတ္အပန္းေျဖရာမေရာက္ဘဲ သင္ျဖစ္ခ်င္တဲ့ ဆႏၵေတြကို လိုက္ျဖည့္ဆည္းေပးေနရလၽွင္ အခ်ိန္ၾကာလာတဲ့အခါမွာ သင့္အေပၚမွာ ၿငီးေငြ႕လာပါလိမ့္မယ္။ သူ႔အတြက္ စိတ္ပန္ပင္း၊ လူပင္ပန္းတယ္ဆိုတဲ့အေတြးမ်ိဳးအနည္းနဲ႔အမ်ား ဝင္လာၿပီး မၾကာခဏဆိုသလို သင္နဲ႔ ပဋိပကၡျဖစ္ေနပါလိမ့္မယ္။ ဒါ့ေၾကာင့္ လုပ္ငန္းခြင္ဝင္ေနရတဲ့သူတစ္ေယာက္အတြက္ သူ႔ရဲ့ တစ္ေန႔တာစိတ္ခံစားမွု၊ တစ္ေန႔တာအခက္အခဲေတြကို ေျဖေဖ်ာက္ေပးနိုင္ေအာင္ သင္ဘက္ကဖန္တီးေပးပါ။

၂။ တစ္ေယာက္ေျပာခ်င္တဲ့အေၾကာင္းအရာကို တစ္ေယာက္က စိတ္ဝင္တစားနဲ႔နားေထာင္ေပးပါ။
ႏွစ္ေယာက္သားေတြ႕ၾကတဲ့အခါ တစ္ဦးေျပာခ်င္တဲ့အေၾကာင္းအရာကို တစ္ဦးက စိတ္ဝင္တစားနဲ႔ နားေထာင္ေပးဖို႔လိုအပ္ပါတယ္။ မ်ားေသာအားျဖင့္က မိန္းကေလးအမ်ားစုက စကားေျပာရတာပိုႀကိဳက္ၾကပါတယ္။ တခါတေလ အလုပ္က ပင္ပန္းလာတဲ့အခါမ်ိဳးမွာ စကားမ်ားမ်ား လာေျပာရင္မ်ား စိတ္ရွုပ္၊ စိတ္တိုတတ္ၾကပါတယ္။ ဒါေပမဲ့ အိမ္ေထာင္သည္ဘဝေရာက္သြားတဲ့အခါမွာေတာ့ သင့္အေနနဲ႔ ဒီအခ်က္ကို သည္းခံေပးဖို႔လိုအပ္ပါလိမ့္မယ္။ တစ္ေယာက္ရဲ့ ေျပာခ်င္တဲ့အေၾကာင္းအရာကို တစ္ေယာက္က စိတ္ဝင္တစားနားေထာင္ေပးမွ တကယ့္တကယ္သင္တို႔ႏွစ္ဦး အခက္အခဲႀကံဳလာတဲ့အခါ ႏွစ္ဦးသား တိုင္ပင္ေဆြးေႏြးလို႔ရမွာျဖစ္ပါတယ္။ သူေျပာမဲ့အေၾကာင္းအရာက သင့္အတြက္ ဟာသျဖစ္ခ်င္ျဖစ္မယ္၊ သတင္းတစ္ခုျဖစ္ခ်င္ျဖစ္မယ္၊ သူ႔ႀကံဳေတြ႕ရတဲ့အေၾကာင္းအရာတစ္ခုခုျဖစ္မယ္ ဆိုရင္ အနည္းဆုံးေတာ့ သင္သူ႔ရဲ့ တစ္ေန႔တာအေၾကာင္းကို သိလိုက္ရမွာျဖစ္ပါတယ္။

၃။ တခါတရံသူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆုံခြင့္ေပးလိုက္ပါ။
အျမဲတေစမဟုတ္ေပမဲ့ တစ္ပတ္ကို တစ္ႀကိမ္ေလာက္ေတာ့ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆုံခြင့္ေပးလိုက္ပါ။ အိမ္ေထာင္ေရးေဖာက္ျပန္တဲ့အျပဳအမူမ်ိဳးမျပဳလုပ္ဖူးဆိုလၽွင္ တခါတေလမွာ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆုံျခင္း၊ ဆိုင္ထိုင္ျခင္း၊ ေဘာလုံးကန္ျခင္း စတဲ့ အျပဳအမူမ်ိဳးေတာ့ သင့္ဘက္ကလူမွုေရးအရ ခြင့္ျပဳသင့္ပါတယ္။ မိဘရဲ့ အုပ္ထိန္းမွုေအာက္မွာေနလာၿပီး အိမ္ေထာင္က်တဲ့အခါ အိမ္ေထာင္ဖက္ရဲ့ ခ်ဳပ္ခ်ယ္မွုအေပၚမွာ ထပ္ေနေနရလၽွင္ ဘယ္သူကမွ ေပ်ာ္ရႊင္မွာမဟုတ္ပါဘူး။ သင္တို႔ရဲ့ အိမ္ေထာင္ေရးကို မထိခိုက္နိုင္တဲ့ ခုလိုကိစၥမ်ိဳးဆို သင့္ဘက္က ၿငိဳျငင္ျခင္းမရွိဘဲ ခြင့္လႊတ္သင့္ပါတယ္။ ဒါမွလည္း သင္တို႔ႏွစ္ဦးတစ္ဦးအေပၚတစ္ဦး အျပန္အလွန္နားလည္မွုရရွိနိုင္မွာျဖစ္ပါတယ္။

၄။ တစ္ေယာက္ရဲ့ အႀကိဳက္ကို တစ္ေယာက္က လိုက္ေလ်ာေပးလိုက္ပါ။
ဘယ္သူမဆို ကိုယ့္အႀကိဳက္ကို လိုက္ေလ်ာေပးတဲ့သူကို တန္းဖိုးထားျမတ္နိုးၾကတဲ့သူေတြခ်ည္းပါပဲ။ ဒါ့ေၾကာင့္ သင့္ရဲ့ အိမ္ေထာင္ဖက္ရဲ့ အႀကိဳက္ကို သင့္ဘက္က လိုက္ေလ်ာေပးလိုက္လၽွင္ သင့္အိမ္ေထာင္ဖက္ကလည္း သင့္အေပၚမွာ တန္ဖိုးထားဆက္ဆံလာပါလိမ့္မယ္။ ဥပမာျဖင့္ သင့္ရဲ့ ဇနီးေနမေကာင္းတဲ့ အခ်ိန္မ်ိဳးမွာ သင္ကိုယ္တိုင္း သူႀကိဳက္တတ္တဲ့ ဟင္းလၽွာမ်ိဳးကို ခ်က္ျပဳတ္ေကၽြးေမြးၿပီး ျပဳစုေပးတာမ်ိဳးေပါ့။ သင့္အတြက္ အပန္းမႀကီးတဲ့ အလုပ္တစ္ခုျဖစ္ေပမဲ့ သင့္အေပၚမွာေတာ့ သူ႔ဘက္က ပိုၿပီး တန္ဖိုးထားလာပါလိမ့္မယ္။ ဒီလိုရိုးရွင္တဲ့ အမူအရာေလးေတြက သင္တို႔ရဲ့ အနာဂတ္ကို ေပ်ာ္ရႊင္ေစမွာအမွန္ပါပဲ။

၅။ တစ္ေယာက္ရဲ့ ေကာင္းေၾကာင္းကို တစ္ေယာက္က ခ်ီးမြမ္းေပးလိုက္ပါ။
လူတိုင္းက ကိုယ့္ေကာင္းေၾကာင္းကို ေျပာလၽွင္ ဝမ္းသာပီတိျဖစ္တဲ့သူေတြခ်ည္းပါပဲ။ ဒါ့ေၾကာင့္ တစ္ေယာက္ မေကာင္းေၾကာင္း တစ္ေယာက္အျပစ္တင္ေျပာေနမဲ့အစား ေကာင္းေၾကာင္းေတြကို ေရြးၿပီးေျပာျပလိုက္ပါ။ ပါးစပ္းေလး အားစိုက္႐ုံနဲ႔ သင္တို႔ႏွစ္ဦးအေပၚမွာ ေကာင္းက်ိဳးေတြ အမ်ားႀကီး ေျပာင္းလဲေပးနိုင္ပါတယ္။ ဘာမွေျပာစရာမရွိရင္ေတာင္ ရွင္ဒီေန႔ ဝတ္လာတာ အရမ္းခန႔္တာပဲ၊ မိန္းမ ဒီေန႔အရမ္းေခ်ာေနပါလား စသျဖင့္ေပါ့။ ဒီလိုအေျပာအဆိုေလးေတြက တစ္ေယာက္နဲ႔တစ္ေယာက္ေႏြးေထြးမွုကို ပိုရွိေစၿပီး သင္ရဲ့ ခ်ိဳသာတဲ့အေျပာအဆိုေတြ၊ ခ်ီးမြမ္းျခင္းေတြေၾကာင့္ သင္ျဖစ္ခ်င္တဲ့ ဆႏၵကို ေျပာဆိုေဆြးေႏြးတဲ့အခါမ်ိဳးမွာလည္း သင့္ရဲ့ ေျပာဆိုမွုအေပၚ သူ႔ဘက္က ျငင္းဆန္နိုင္စြမ္းမရွိလိုပါဘူး။

၆။ တစ္ေယာက္ရဲ့ ယုံၾကည္မွုကို တစ္ေယာက္က ေဝဖန္အျပစ္မတင္ပါနဲ႔။
လူတိုင္းက အလုပ္လုပ္ေတာ့မယ္ဆိုလၽွင္ ကိုယ္လုပ္တဲ့အလုပ္ကို ေအာင္ေအာင္ျမင္ျမင္ျဖစ္ေစခ်င္တဲ့သူေတြခ်ည္းပါပဲ။ ဒီလိုယုံၾကည္ခ်က္နဲ႔ အလုပ္လုပ္ေနတဲ့သူအေပၚ သင့္အေနနဲ႔ ေအာင္ျမင္ေအာင္ တြန္းအားေပးဖို႔၊ ခြန္အားေတြေပးဖို႔သာလိုပါတယ္။ ဒီလိုမွမဟုတ္ဘဲ သူ႔ရဲ့ လုပ္ရပ္ကိုသင့္အေနနဲ႔ အျပစ္တင္ရွုတ္ခ်ေနမယ္ဆိုလၽွင္ ကိုယ္တိုင္ေဆာင္ရြက္ရသူအဖို႔လည္း ဒီအလုပ္အေပၚ အာ႐ုံစိုက္မွုမရွိဘဲ လက္ေလ်ာ့လိုက္တာမ်ိဳး၊ စိတ္ဓာတ္က်သြားတာမ်ိဳး စတဲ့ ဟိုမေရာက္ဒီမေရာက္အျဖစ္မ်ိဳးနဲ႔ ႀကံဳရၿပီး ဆုံးရွုံးနစ္နာမွုေတြလည္း အနည္းနဲ႔ အမ်ားျဖစ္ေပၚလာနိုင္ပါတယ္။ ျဖစ္လာသမၽွ ဆိုးက်ိဳး ေကာင္းက်ိဳးက သူတို႔ႏွစ္ဦးနဲ႔သာ သက္ဆိုင္တာေၾကာင့္ တစ္ေယာက္ရဲ့ သမာသမတ္က်က် စြန႔္စားမွုမ်ိဳးကို တစ္ေယာက္က ေျမေတာင္ေျမႇာက္ခြန္းအားေပးဖို႔သာလိုအပ္ပါတယ္။ ဒါမွ သင္တို႔ႏွစ္ဦး ေရွ႕သြားေနာက္လိုက္ညီတဲ့ အိမ္ေထာင္ဖက္ေကာင္းတစ္ေယာက္ျဖစ္လာမွာျဖစ္ပါတယ္။

၇။ ညစာအတြက္ အတူတူျပင္ဆင္လိုက္ပါ။
အိမ္ေထာင္သည္ဘဝကို ေရာက္လာတဲ့အခါ တစ္ေယာက္ရဲ့တာဝန္ကို တစ္ေယာက္က ခြဲေဝယူတတ္ရၿပီး ေအးအတူပူအမၽွ အတူတူမၽွေဝခံစားနိုင္ဖို႔လိုပါတယ္။ ေယာက္်ားျဖစ္သူက အလုပ္မွာတစ္ေနကုန္ ပင္ပင္ပန္းပန္းလုပ္ရသလို မိန္းမျဖစ္သူကလည္း အိမ္မွာတစ္ေနကုန္ အိမ္မွုကိစၥအားလုံးကို လုပ္ၾကရပါတယ္။ ကေလးရွိတဲ့ မိခင္ေတြဆို တစ္ေနကုန္ အားတဲ့အခ်ိန္ဆိုတာ မရွိပါဘူး။ သင့္ေယာက်္ား ပင္ပင္ပန္းပန္းနဲ႔ အလုပ္က ျပန္လာတဲ့အခ်ိန္မ်ိဳးမွာ အေၾကာင္းတစ္ခုခုေၾကာင့္ ညစာမခ်က္မွီတာမ်ိဳး၊ ကိစၥအခ်ိဳ႕ေပၚလာလို႔ လႊဲေခ်ာ္ခဲ့တာမ်ိဳးရွိတဲ့ အခါ ဆႏၵေစာၿပီးႏွစ္ဦးႏွစ္ေယာက္စလုံး အျပစ္တင္ေဒါသထြက္မေနပါနဲ႔။ တခါတေလမွာ ေယာက္်ားျဖစ္သူအေနနဲ႔ အလုပ္က ပင္ပင္ပန္းပန္းျပန္လာၿပီး ဒါေလးေတာင္ ၿပီးေျမႇာက္ေအာင္ မလုပ္နိုင္ဘူးလားဆိုတဲ့ အျပစ္မ်ိဳး၊ သင့္ဘက္ကလည္း ဒီေန႔ အိမ္မွာဘယ္လို အခက္ခဲေတြနဲ႔ျဖတ္သန္းရတယ္ဆိုတာ မသိဘဲ အျပစ္တင္ရေကာင္းလာဆိုတဲ့ ေသးေသးမႊားမႊား နားလည္မွုလြဲတဲ့ကိစၥေတြက ႏွစ္ဦးစလုံးကိုထိခိုက္ႏွစ္နာေစပါတယ္။ ဒါ့ေၾကာင့္ ဆႏၵေစာၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္တင္မေစာပါနဲ႔။ ဒီလိုအခက္အခဲနဲ႔ႀကံဳလာလၽွင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔သား ႏွစ္ဦးစလုံးေျဖရွင္းလိုက္ပါ။ သင္တို႔အတြက္ေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ိဳးကို ရရွိမွာျဖစ္ပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here