နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များ၊ ဝါရင့်ခရီးသွားများပြောစကားအရ လေယာဥ်ပေါ်မှာမဝတ်သင့်တဲ့ အဝတ်အစားများ

0
1080

၂၁ ရာစုရောက်လာတာနဲ့အညီ နည်းပညာပိုင်းဆိုင်ရာမှာ တိုးတက်ပြောင်းလဲမှုတွေရှိလာပြီး လူသားတွေအတွက် အရာရာမှာအထောက်အကူဖြစ်လာစေပါတယ်။ ထိုအထဲမှာ သယ်ယူပို့ဆောင်ရေးကလည်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လာပြီးတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေစပြီး လေကြောင်းလိုင်းကို အဓိကသယ်ယူပို့ဆောင်ရေးအဖြစ် အသုံးပြုကြသူဦးရေ ဘီလီယံချီရှိလာခဲ့ပါတယ်။ အခုလိုခရီးသွားလာရေးကို ပိုပြီးအဆင်ပြေစေဖို့အတွက် ခရီးသွားအချင်းချင်းကလည်း နည်းလမ်းကောင်းလေးတွေ အပြန်အလှန်ဝေမျှပေးထားကြပြီး ထိုအကြံပြုချက်လေးတွေထဲကမှ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်သမျှကို စာဖတ်သူများအတွက် ပြန်လည်ဝေမျှပေးချင်ပါတယ်။

အခုပြောပြပေးမယ့် အဝတ်အစားတွေကတော့ သက်သောင့်သက်သာမရှိစေတာကြောင့် လေယာဥ်ပေါ်မှာ မဝတ်ဆင်သင့်တဲ့ စာရင်းပဲဖြစ်ပါတယ်။

အဝတ်အစားကြပ်ကြပ်များ

အရမ်းကြပ်တဲ့အဝတ်အစားတွေဝတ်ပြီး လေယာဥ်စီးခြင်းက သွေးလည်ပတ်မှုပေါ်မှာ အချိန်ကြာလာတာနဲ့အမျှ ဆိုးကျိုးဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့် အကြာကြီးစီးရတဲ့လေယာဥ်ဆိုရင် နောက်ပိုင်းမှာ စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးဆိုင်ရာပြဿနာများကို ပေါ်ပေါက်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးပေါ့ပေါ့ပါးပါးရှိတဲ့ အဝတ်အစားတွေကိုသာ ရွေးချယ်ဝတ်ဆင်ပေးပါ။

ဂျင်းဘောင်းဘီများ

Wearing tight jeans. Cropped image of young blond woman lying on the bed and pulling on tight jeans

နောက်ထပ်အကြံပြုချက်တစ်ခုကတော့ ခါးနားမှာအရမ်းတင်းကြပ်တဲ့ အဝတ်အစားတွေပါပဲ။ အချိန်အကြာကြီး ခါးကိုတင်းတင်းညှပ်ထားတဲ့ ဘောင်းဘီကိုဝတ်ခြင်းက ဖိအားများလာစေမှာဖြစ်တာကြောင့် လေယာဥ်ပေါ်ကဆင်းတော့မှသာ ဂျင်းဘောင်းဘီဝတ်ချင်ဝတ်ပါ။

ပုံမှန်ဆိုဒ်ဘရာများ

အကျီဘောင်းဘီတွေနည်းတူ အတွင်းခံဘရာကိုလည်း အရမ်းကြပ်တာကြီးဝတ်မယ်ဆိုရင် ခါးနဲ့နောက်ကျောပေါ်မှာတင်းပြီးဖိထားသလိုဖြစ်တာကြောင့် ခရီးစဥ်တစ်လျှောက်လုံး ဒဏ်ပေးထားသလိုခံစားရပါလိမ့်မယ်။ ဒါကြောင့် လေယာဥ်စီးတဲ့အခါ အားကစားဘရာကိုရွေးဝတ်ခြင်းက အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

အကျီဘောင်းဘီတစ်ဆက်တည်း Jumpsuits များ

ပွပွယယရှိတဲ့ Jumpsuits တွေက အမြင်မှာတော့ ဝတ်ကောင်းစားလှ၊ ပေါ့ပေါ့ပါးပါးရှိနိုင်ပေမယ့်လည်း သန့်စင်ခန်းသွားရတော့မယ်ဆိုရင်တော့ အခက်တွေ့လာနိုင်ပါတယ်။

ခါးအောက်လျှောဘောင်းဘီများ

နေ့စဥ်နေ့တိုင်း ထောင်ပေါင်းများစွာသောလူတွေဟာ လေဆိပ်ကနေ ခရီးသွားလာနေကြတာဖြစ်ပြီး ရာချီတဲ့ခရီးသွားတွေဟာ သင်မတိုင်ခင် တစ်နေရာတည်းမှာထိုင်သွားကြတာဖြစ်ပါတယ်။ ခါးပတ်မှာတင်ပဲ အမျိုး ၉၀ လောက်ရှိတဲ့ ဘက်တီးရီးယားတွေက စုဝေးနေတတ်ကြတာကြောင့် အသားပေါ်မယ့် တီရှပ်တွေ၊ ဘောင်းဘီတိုတွေ၊ စကပ်တွေနဲ့ ခါးအောက်လျှောဘောင်းဘီတွေဝတ်မိပါက သင့်ဆီကိုကူးပြီးတော့ အရေပြားရောဂါဖြစ်လာနိုင်ပါတယ်။

ရှူးဖိနပ်အသစ်တွေ

လေယာဥ်အကြာကြီးစီးရလို့ သွေးကျပြီး သင့်ခြေထောက်ဖောရောင်လာနိုင်တဲ့အတွက် သက်သောင့်သက်သာရှိမယ့် ရှူးဖိနပ်ကိုသာ ရွေးစီးပါ။ နောက်တစ်ချက်ကတော့ ထိပ်ပိတ်တဲ့ရှူးဖိနပ်ဖြစ်ဖို့လည်း လိုပါတယ်။ လူအများကြီးကြားမှာ တန်းစီဖြတ်သန်းရမှာဖြစ်တာကြောင့် ရိုးရိုးခြေညှပ်ဖိနပ်တွစီးမိရင် ခြေထောက်ထိခိုက်နိုင်လို့ ခြေအိတ်နဲ့အတူ ထိပ်ပိတ်တဲ့ရှူးဖိနပ်တွေစီးပေးပါ။

ဒေါက်ပါတဲ့ဖိနပ်တွေ

ဘယ်လောက်ပဲနေ့တိုင်းဒေါက်ပါတဲ့ ဖိနပ်စီးနေကြဖြစ်ပါစေ လေယာဥ်စီးမယ့်အချိန်တော့ အတတ်နိုင်ဆုံး ရှောင်လိုက်ပါ။ သက်သောင့်သက်သာရှိစေဖို့သာမဟုတ်ဘဲ မတော်တဆ အန္တရာယ်ကြုံတွေ့လာတဲ့အခါ မြန်မြန်ဆန်ဆန်ထွက်ပြေးနိုင်ဖို့အတွက်လည်း ဒေါက်မပါတဲ့ဖိနပ်နဲ့မှဖြစ်မှာပါ။

Lifestyle_Myanmar

Thinzar

Source-brightside

Zawgyi

နားလည္တတ္ကြၽမ္းတဲ့ ဆရာဝန္မ်ား၊ ဝါရင့္ခရီးသြားမ်ားေျပာစကားအရ ေလယာဥ္ေပၚမွာမဝတ္သင့္တဲ့ အဝတ္အစားမ်ား

၂၁ ရာစုေရာက္လာတာနဲ႔အညီ နည္းပညာပိုင္းဆိုင္ရာမွာ တိုးတက္ေျပာင္းလဲမႈေတြရွိလာၿပီး လူသားေတြအတြက္ အရာရာမွာအေထာက္အကူျဖစ္လာေစပါတယ္။ ထိုအထဲမွာ သယ္ယူပို႔ေဆာင္ေရးကလည္း အခန္းက႑တစ္ခုကေန ပါဝင္လာၿပီးေတာ့ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလကေနစၿပီး ေလေၾကာင္းလိုင္းကို အဓိကသယ္ယူပို႔ေဆာင္ေရးအျဖစ္ အသုံးျပဳၾကသူဦးေရ ဘီလီယံခ်ီရွိလာခဲ့ပါတယ္။ အခုလိုခရီးသြားလာေရးကို ပိုၿပီးအဆင္ေျပေစဖို႔အတြက္ ခရီးသြားအခ်င္းခ်င္းကလည္း နည္းလမ္းေကာင္းေလးေတြ အျပန္အလွန္ေဝမွ်ေပးထားၾကၿပီး ထိုအႀကံျပဳခ်က္ေလးေတြထဲကမွ ဝတ္စားဆင္ယင္မႈနဲ႔ပတ္သက္သမွ်ကို စာဖတ္သူမ်ားအတြက္ ျပန္လည္ေဝမွ်ေပးခ်င္ပါတယ္။

အခုေျပာျပေပးမယ့္ အဝတ္အစားေတြကေတာ့ သက္ေသာင့္သက္သာမရွိေစတာေၾကာင့္ ေလယာဥ္ေပၚမွာ မဝတ္ဆင္သင့္တဲ့ စာရင္းပဲျဖစ္ပါတယ္။

အဝတ္အစားၾကပ္ၾကပ္မ်ား

အရမ္းၾကပ္တဲ့အဝတ္အစားေတြဝတ္ၿပီး ေလယာဥ္စီးျခင္းက ေသြးလည္ပတ္မႈေပၚမွာ အခ်ိန္ၾကာလာတာနဲ႔အမွ် ဆိုးက်ိဳးျဖစ္လာေစႏိုင္ပါတယ္။ အထူးသျဖင့္ အၾကာႀကီးစီးရတဲ့ေလယာဥ္ဆိုရင္ ေနာက္ပိုင္းမွာ စိုးရိမ္ရေလာက္တဲ့ က်န္းမာေရးဆိုင္ရာျပႆနာမ်ားကို ေပၚေပါက္လာေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အတတ္ႏိုင္ဆုံးေပါ့ေပါ့ပါးပါးရွိတဲ့ အဝတ္အစားေတြကိုသာ ေ႐ြးခ်ယ္ဝတ္ဆင္ေပးပါ။

ဂ်င္းေဘာင္းဘီမ်ား

ေနာက္ထပ္အႀကံျပဳခ်က္တစ္ခုကေတာ့ ခါးနားမွာအရမ္းတင္းၾကပ္တဲ့ အဝတ္အစားေတြပါပဲ။ အခ်ိန္အၾကာႀကီး ခါးကိုတင္းတင္းညႇပ္ထားတဲ့ ေဘာင္းဘီကိုဝတ္ျခင္းက ဖိအားမ်ားလာေစမွာျဖစ္တာေၾကာင့္ ေလယာဥ္ေပၚကဆင္းေတာ့မွသာ ဂ်င္းေဘာင္းဘီဝတ္ခ်င္ဝတ္ပါ။

ပုံမွန္ဆိုဒ္ဘရာမ်ား

အက်ီေဘာင္းဘီေတြနည္းတူ အတြင္းခံဘရာကိုလည္း အရမ္းၾကပ္တာႀကီးဝတ္မယ္ဆိုရင္ ခါးနဲ႔ေနာက္ေက်ာေပၚမွာတင္းၿပီးဖိထားသလိုျဖစ္တာေၾကာင့္ ခရီးစဥ္တစ္ေလွ်ာက္လုံး ဒဏ္ေပးထားသလိုခံစားရပါလိမ့္မယ္။ ဒါေၾကာင့္ ေလယာဥ္စီးတဲ့အခါ အားကစားဘရာကိုေ႐ြးဝတ္ျခင္းက အေကာင္းဆုံးေ႐ြးခ်ယ္မႈတစ္ခုျဖစ္ပါတယ္။

အက်ီေဘာင္းဘီတစ္ဆက္တည္း Jumpsuits မ်ား

ပြပြယယရွိတဲ့ Jumpsuits ေတြက အျမင္မွာေတာ့ ဝတ္ေကာင္းစားလွ၊ ေပါ့ေပါ့ပါးပါးရွိႏိုင္ေပမယ့္လည္း သန႔္စင္ခန္းသြားရေတာ့မယ္ဆိုရင္ေတာ့ အခက္ေတြ႕လာႏိုင္ပါတယ္။

ခါးေအာက္ေလွ်ာေဘာင္းဘီမ်ား

ေန႔စဥ္ေန႔တိုင္း ေထာင္ေပါင္းမ်ားစြာေသာလူေတြဟာ ေလဆိပ္ကေန ခရီးသြားလာေနၾကတာျဖစ္ၿပီး ရာခ်ီတဲ့ခရီးသြားေတြဟာ သင္မတိုင္ခင္ တစ္ေနရာတည္းမွာထိုင္သြားၾကတာျဖစ္ပါတယ္။ ခါးပတ္မွာတင္ပဲ အမ်ိဳး ၉၀ ေလာက္ရွိတဲ့ ဘက္တီးရီးယားေတြက စုေဝးေနတတ္ၾကတာေၾကာင့္ အသားေပၚမယ့္ တီရွပ္ေတြ၊ ေဘာင္းဘီတိုေတြ၊ စကပ္ေတြနဲ႔ ခါးေအာက္ေလွ်ာေဘာင္းဘီေတြဝတ္မိပါက သင့္ဆီကိုကူးၿပီးေတာ့ အေရျပားေရာဂါျဖစ္လာႏိုင္ပါတယ္။

ရႉးဖိနပ္အသစ္ေတြ

ေလယာဥ္အၾကာႀကီးစီးရလို႔ ေသြးက်ၿပီး သင့္ေျခေထာက္ေဖာေရာင္လာႏိုင္တဲ့အတြက္ သက္ေသာင့္သက္သာရွိမယ့္ ရႉးဖိနပ္ကိုသာ ေ႐ြးစီးပါ။ ေနာက္တစ္ခ်က္ကေတာ့ ထိပ္ပိတ္တဲ့ရႉးဖိနပ္ျဖစ္ဖို႔လည္း လိုပါတယ္။ လူအမ်ားႀကီးၾကားမွာ တန္းစီျဖတ္သန္းရမွာျဖစ္တာေၾကာင့္ ႐ိုး႐ိုးေျခညႇပ္ဖိနပ္တြစီးမိရင္ ေျခေထာက္ထိခိုက္ႏိုင္လို႔ ေျခအိတ္နဲ႔အတူ ထိပ္ပိတ္တဲ့ရႉးဖိနပ္ေတြစီးေပးပါ။

ေဒါက္ပါတဲ့ဖိနပ္ေတြ

ဘယ္ေလာက္ပဲေန႔တိုင္းေဒါက္ပါတဲ့ ဖိနပ္စီးေနၾကျဖစ္ပါေစ ေလယာဥ္စီးမယ့္အခ်ိန္ေတာ့ အတတ္ႏိုင္ဆုံး ေရွာင္လိုက္ပါ။ သက္ေသာင့္သက္သာရွိေစဖို႔သာမဟုတ္ဘဲ မေတာ္တဆ အႏၲရာယ္ႀကဳံေတြ႕လာတဲ့အခါ ျမန္ျမန္ဆန္ဆန္ထြက္ေျပးႏိုင္ဖို႔အတြက္လည္း ေဒါက္မပါတဲ့ဖိနပ္နဲ႔မွျဖစ္မွာပါ။

Lifestyle_Myanmar

Thinzar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here