လူတွေအချင်းချင်း စကားပြောဆိုဆက်ဆံတဲ့အခါမှာ အများစုဟာ နားထောင်ဖို့ထက် ပြောဖို့ကိုသာ အားသန်တတ်ကြပါတယ်။ ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် နားထောင်တဲ့သူထက် အပြောသမားတွေသာ အများဆုံးတွေ့ရတတ်တာပါ။ ကိုယ်က နားထောင်သူကောင်းကောင်းလိုချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း နားထောင်တတ်သူတစ်ယောက်ဖြစ်ရပါမယ်။
သူများကိုနားထောင်ပေးခြင်းဟာ ကိုယ့်အတွက်ပါ
သူများစကားတွေကို ဂရုတစိုက်နားထောင်ပေးတာဟာ တကယ်တော့ ကိုယ့်အတွက်လုပ်တာပါပဲ။ သူများပြောဆိုတဲ့စကားတွေကို နားထောင်ပေးခြင်းအားဖြင့် ကိုယ့်အတွက် လိုအပ်တဲ့အကြောင်းအရာ အချက်အလက်တွေနဲ့ အိုင်ဒီယာအဆန်းတွေ ရရှိနိုင်ပါတယ်။

ကိုယ့်ရဲ့ တဖက်သားအပေါ် တန်ဖိုးထားမှုကို ပြသရာရောက်ပါတယ်
တဖက်သားရဲ့ စကားကို သေသေချာချာဂရုတစိုက် နားထောင်ပေးခြင်းဟာ တဖက်သားအပေါ်မှာ ထားရှိတဲ့တန်ဖိုးထားမှုကို ပြသရာလည်းရောက်ပါတယ်။ လူတွေဟာ ကိုယ့်ရဲ့ ရင်တွင်းခံစားချက်တွေကို ၊ ကိုယ့်ရဲ့ ဆန္ဒတွေကို ၊ ကိုယ်လုပ်ချင်တဲ့အရာတွေကို ဂရုတစိုက်သေချာနားထောင်ပေးမယ့်သူ လိုအပ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ်ကသာ တစ်ဖက်သားရဲ့ စကားသံတွေကို သေချာနားထောင်တတ်ပါစေ။

နားထောင်ပေးခြင်းကို ကိုယ့်ရဲ့ဦးစားပေးအဖြစ်သတ်မှတ်ထားပါ
ကိုယ့်အတွက် ကောင်းမွန်တဲ့စီးပွားဖက် ၊ ကောင်းမွန်တဲ့သူငယ်ချင်းကောင်း ၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရရှိဖို့ အတွက် နားထောင်တတ်ခြင်း အလေ့အထကို လေ့ကျင့်ထားသင့်ပါတယ်။ နားထောင်တတ်ခြင်း အနုပညာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချတတ်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ် သြဇာညောင်းတဲ့အထိ အကျိုးထိရောက်နိုင်ပါတယ်။

Lifestyle_Myanmar
ref-