နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး

0
230

YouTube မှာ ကိုယ်ပိုင်ဗီဒီယိုတွေတင်ပြီး ပိုက်ဆံရှာခြင်းဟာ ဝင်ငွေအကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ channel ကို subscriber တွေတိုးလာစေဖို့အတွက် YouTuber တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြပြီး သူတို့ပြုလုပ်တဲ့အတိုင်း လိုက်လံပြုလုပ်ကြည့်ကြတဲ့ သူတွေလည်း မနည်းပါဘူး။ သူတို့ပြုလုပ်ပြတဲ့ တချို့နည်းလမ်းတွေဟာ လူတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ အရာတွေဖြစ်လို့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ တုပပြီး မပြုဖို့ မိဘတိုင်းဂရုစိုက်ဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံမှာ အသက် ၁၄ နှစ်ကောင်မလေးတစ်ယောက်နဲ့ သူမရဲ့သူငယ်ချင်းဖြစ်သူတို့ဟာ YouTube မှာနာမည်ကြီးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နည်းလမ်းအတိုင်း ပြောင်းဖူးပေါက်ပေါက် ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါအသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်ကလေးမလေးကတော့ သေဆုံးသွားခဲ့ပြီး သူမရဲ့သူငယ်ချင်းဖြစ်သူကတော့ မျက်နှာပျက်စီးသွားတာကြောင့် အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်လျက်ရှိပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ Ms Yeah ဆိုတဲ့ အမျိုးသမီး (နာမည်ရင်း zhou ) Youtuber ဟာ ဖန် ၇ သန်းကျော်နဲ့ weibo မှာ fan ၈သန်းကျော်ရှိပြီး ထူးထူးခြားခြား ချက်ပြုတ်တဲ့ ဗီဒီယိုတွေကို ဖန်တီးနေသူဖြစ်လို့ လူကြိုက်များသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ မီးပူနဲ့ အမဲသားတွေကို ကင်တာ ကွန်ပြူတာကို အသုံးပြုပြီး pancake ပြုလုပ်တာတွေနဲ့ လျှပ်စစ်ဖောက်စက်ကို အသုံးပြုပြီး cotton candy ပြုလုပ်တာတွေ စတဲ့ထူးထူးခြားခြား ဗီဒီယိုတွေကို ဖန်တီးခဲ့ပါတယ်။ ကလေးမလေးတွေ လိုက်လံပြုလုပ်တဲ့ နည်းလမ်းကတော့ အချိုရည်သံဗူးကို အသုံးပြုပြီး ပြောင်းဖူးပေါက်ပေါက်ပြုလုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် ရုတ်တရက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယခုလိုအဖြစ်ဆိုးတွေကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

Zhou ရဲ့ပြောပြချက်အရတော့ ကလေးမလေးတွေဟာ သူမပြုလုပ်ခဲ့တဲ့ နည်းလမ်းအတိုင်း ထပ်တူပြုလုပ်ခဲ့တာမဟုတ်ပဲ လွဲမှားစွာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ သူမရဲ့ ဗီဒီယိုတွေဟာလည်း လူတွေကိုလိုက်လုပ်ဖို့ နည်းလမ်းပြနေတာ မဟုတ်ပဲ ဖျော်ဖြေမှုပေးရုံသက်သက်သာဖြစ်ကြောင်း သူမကဆိုပါတယ်။ နောက်မကြာမီ တွေ့ရှိချက်အရ ကလေးမလေးတွေဟာ သံဗူးကို အပူမပေးခင်မှာ အယ်ကိုဟောကို တိုက်ရိုက်ထည့်ခဲ့ကြောင်း လေ့လာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် Ms Yeah ကတော့ ကလေးမလေးနှစ်ယောက်ရဲ့ မိဘတွေနဲ့ တွေ့ဆုံပြီး အတည်မပြုနိုင်သေးတဲ့ ငွေကြေးတွေ ပေးသွားမှာဖြစ်ကြောင်း သဘောတူခဲ့ပါတယ်။ ဆေးရုံတက်နေရဆဲဖြစ်တဲ့ ၁၂ နှစ်ကလေးရဲ့ ဆေးကုသစားရိတ်တွေလည်း ပါဝင်ပါတယ်။

တကယ်တော့ ယခုအဖြစ်မှာဘယ်သူကမှားပြီး ဘယ်သူကမှန်တယ်ဆိုတာကို သေသေချာချာဆုံးဖြတ်လို့ မရပါဘူး။ သေသွားတဲ့ Zhezhe ဆိုတဲ့ကလေးမလေးဟာ ကိုယ်ခန္ဓာရဲ့ ၉၆% လောက်မီးလောင်ကျွမ်းခဲ့ရပြီး ၁၂ နှစ်အရွယ်ကလေးမလေးကတော့ မျက်နှာနဲ့ လက်မောင်းတွေ လောင်ကျွမ်းခဲ့တာကြောင့် အိမ်ထဲကနေ အိမ်ပြင်ကို မထွက်တော့ ကြောင်း သိရှိရပါတယ်။ Zhou ကိုယ်တိုင်ကလည်း များစွာစိတ်ထိခိုက်ခဲ့ရပြီး အခြားသူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ သူမရဲ့ ဗီဒီယိုတွေအားလုံးကို ဖျက်ပစ်ခဲ့ပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here