
0
1846


၁။ Aokbab Chutimon



၂။ Mai Davika


၃။ Ice Preechaya



၎။ Cris Horwang



၅။ Yaya Urassaya


#Lifestyle_Myanmar
#LM_Nandar

Unicode

နာမည်ကြီးမင်းသမီးတွေ သရုပ်ဆောင်ထားတဲ့ ဝင်ငွေအကောင်းဆုံး ထိုင်းရုပ်ရှင်ကား(၅)ကား
DH 559 ဟာ မြင့်မားတဲ့ ဝင်ငွေနှင့်အတူ နှစ်စဉ် နာမည်ကြီးရုပ်ရှင်ကားပေါင်းမြောက်မြားစွာကို ထုတ်လုပ်ပေးတဲ့ ထိုင်းနိုင်ငံက ထိပ်တန်းရုပ်ရှင် ထုတ်လုပ်ရေး ဖြစ်ပါတယ်။ ဒီထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ နာမည်ကြီး မင်းသမီးတွေ သရုပ်ဆာင်ထားတဲ့ ဝင်ငွေအများဆုံး ထိုင်းရုပ်ရှင်ကား ၅ကားကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Aokbab Chutimon
သူမဟာ မော်ဒယ်တစ်ယောက်အဖြစ် ထိုင်းဖျော်ဖြေရေးလုပ်ငန်းမှာ စတင်အလုပ်လုပ်ခဲ့တဲ့ နာမည်ကြီး ထိုင်းမင်းသမီးသစ်တစ်ဦးဖြစ်ပါတယ်။ Aokbab ဟာ 2017မှာ ‘Bad Genius’ ဆိုတဲ့ နာမည်ကြီးဇာတ်ကားမှာ သရုပ်ဆောင်ပြီးနောက် လူသိများလာပြီး စတားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဘတ်ငွေ သန်း 1,400,000 လောက် ရရှိခဲ့ပါတယ်။
၂။ Mai Davika
Pee Mak ဇာတ်ကားဟာ မင်းသား Mario Maurer နှင့် မင်းသမီး Mai Davika တို့ အဓိကသရုပ်ဆောင်ထားတဲ့ ဘတ်သန်း1,000 ရရှိသော နာမည်ကြီး ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကား ထုတ်လွှင့်ပြီးနောက်မှာ သူမရဲ့ကျော်ကြားမှုဟာ အာရှနိုင်ငံတစ်ဝှမ်း လျှင်မြန်စွာ ကြီးထွားလာပါတယ်။
၃။ Ice Preechaya
Ice ဟာ ဟာသရုပ်ရှင်တွေမှာ အမြဲတမ်းသရုပ်ဆောင်တဲ့ အရည်အချင်းရှိမင်းသမီးတစ်ဦး ဖြစ်ပါတယ်။ ‘I Fine Thank You Love You’ ဆိုတဲ့ ဇာတ်ကားမှာ Sunny Suwanmethanont နှင့်အတူ သရုပ်ဆောင်ခဲ့ပြီး ဘတ်ငွေ 335သန်းရရှိခဲ့ပါတယ်။
၄။ Cris Horwang
Bangkok Traffic Love Story ဟာ Cris Horwangကို ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာစေတဲ့ ရုပ်ရှင်ကား တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဘတ်ငွေ 147သန်း ဝင်ခဲ့ပါတယ်။
၅။ Yaya Urassaya
သူမဟာ Nickhun 2PM နှင့် Sunny Suwanmethanont တို့နှင့်တွဲပြီး ‘Brother of The Year’ ဟာသရုပ်ရှင်မှာ နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ဒီရုပ်ရှင် ထိုင်းနှင့် အာရှနိုင်ငံများမှာ ပေါ်ပြူလာဖြစ်ခဲ့ပြီး ဘတ်ငွေ သန်း 140 ရရှိခဲ့ပါတယ်။
#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here