လူတိုင်းမှာ နာကျင်မှုတွေ ပူဆွေးဝမ်းနည်းမှုတွေ ရှိကြစမြဲပါပဲ။ ဒီလို နာကျင်ပူဆွေးဝမ်းနည်းမှုတွေကို ဘယ်လိုအရာတွေနဲ့ ဖြေဖျောက်ကြမလဲ။ များသောအားဖြင့် လူတိုင်းဖြေဖျောက်တတ်ကြတဲ့ အရာတွေဟာ ငွေကုန် လူပမ်း အချိန်ကုန်ပြီး နာကျင်မှုတွေလည်း မပြေပျောက်တာတွေရှိပါတယ်။ ဒီလိုအခါမျိုးမှာ လူက နာကျင်မှုတွေနဲ့အတူ ပိုပြီး ပင်ပန်းအားကုန်သွားကြပါလေရော။
အိပ်စက်ခြင်းနဲ့ ဖြေဖျောက်ပါ။ အိပ်စက်ခြင်းဟာ စိတ်ရဲ့ ပူဆွေးမှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အကောင်းဆုံး ကုသနည်းပါ။ အိပ်စက်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ ရင်ထဲက ပူဆွေးဝမ်းနည်းမှုတွေဟာ အကန့်အသတ်တစ်ခုစာ သက်သာသွားပါတယ်။

စိတ်ရဲ့ နာကျင်မှုကိုသာ သက်သာပျောက်ကင်းစေတာ မဟုတ်ပါဘူး။ ကောင်းမွန်စွာ အိပ်စက်ခြင်းက ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖြစ်စဉ်တွေကို တည့်မတ်ပေးပြီး ရောင်ရမ်းနာကျင်မှုတွေကို လျော့နည်းသက်သာစေနိုင်ပါတယ်။
အချိန်မှန်မှန် အိပ်ယာဝင်ခြင်းက စွမ်းအင်ပြည့်ဝစေပြီး မှတ်ဉာဏ်တိုးစေပါတယ်။ ညအချိန်မှာ ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ ညနေဘက် ကော်ဖီသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဟောင်းနွမ်းနေတဲ့ အတွေးအခေါ်တွေကို စွန့်ပစ်ဖို့ မှတ်ဉာဏ်အသစ်တွေကို တည်ဆောက်ကြမယ်။ လန်းဆန်းတက်ကြွမှုအပြည့်နဲ့ ဘဝကို ဖြတ်သန်းရင်း ပျော်ရွှင်အောင်မြင်သူတွေဖြစ်ကြပါစေ။

Lifestyle_Myanmar
ref-experiencelife.lifetime.life