နန်းတွင်းဇာတ်လမ်းတွဲအသစ်မှာ ပထမဆုံး အတူတွေ့ရမယ့် မင်းသား ချာအွန်ဝူးနှင့် မင်းသမီး ရှင်စီကောင်း

0
24

MBC ရဲ့ ဒရမ်မာကားသစ်ဖြစ်တဲ့ “Rookie Historian Goo Hae Ryung”ဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် မင်းသား ချာအွန်ဝူးနှင့် မင်းသမီး ရှင်စီကောင်းတို့ ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။

“Rookie Historian Goo Hae Ryung”ဇာတ်ကားဟာ ၁၉ရာစု ဂျိုဆွန်မင်းဆက်ကို အခြေတည်ထားပြီး သမိုင်းမှတ်တမ်းတွေကို ရေးသားတဲ့ အမျိုးသမီးရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားသော စိတ်ကူးယဉ် သမိုင်းဒရမ်မာဇာတ်ကား ဖြစ်ပါတယ်။ ဒီဒရမ်မာဇာတ်ကားဟာ ကျား/မလိင်ခွဲခြားမှုတွေ၊ လူမှုရေး အဆင့်အတန်းတွေအပေါ် အခြေခံပြီး ရှေးရိုးစွဲ အယူအဆတွေကို ဆန့်ကျင်တိုက်ထုတ်ပြီး ပြောင်းလဲမှုရဲ့ တန်ဖိုးကို ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။

မင်းသမီးချော ရှင်စီကောင်းဟာ ရဲရင့်တောက်ပပြီး လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေကို ပြောင်းပြန်လှန်ဖို့ ကြိုးစားနေတဲ့ အမြဲတမ်းပြဿနာရှာတတ်သူ နန်းတွင်း အလုပ်သင် သမိုင်းပညာရှင် Goo Hae Ryung အဖြစ်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

ASTRO အဖွဲ့ဝင် ချာအွန်ဝူးဟာ နာမည်ကြီး အချစ်ဇာတ်လမ်းဝတ္တုတွေ ရေးသားတဲ့သူ၊ ဘယ်သူ့ကိုမှ ဒိတ်မလုပ်ဘူးဘဲ အထီးကျန်နေတဲ့ မင်းသားနေရာကနေ သရုပ်ဆောင်မှာဖြစ်ပါတယ်။

အဆိုပါဒရမ်မာကားမှာ Park Ki Woong, Lee Ji Hoon, Park Ji Hyun, Kim Yeo Jin, Kim Min Sang, Choi Duk Moon နှင့် Sung Ji Ru တို့လည်း သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

“Rookie Historian Goo Hae Ryung” ဇာတ်လမ်းတွဲကို ဂျူလိုင်လမှာ စတင်ထုတ်လွှင့်မှာ ဖြစ်ပြီး တနင်္လာ၊ အင်္ဂါနေ့များမှာ ကိုရီးယားစံတော်ချိန် ညကိုးနာရီမှာ MBCကနေ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-soompi

ZawGyi

နန္းတြင္းဇာတ္လမ္းတြဲအသစ္မွာ ပထမဆုံး အတူေတြ႕ရမယ့္ မင္းသား ခ်ာအြန္ဝူးႏွင့္ မင္းသမီး ရွင္စီေကာင္း

MBC ရဲ႕ ဒရမ္မာကားသစ္ျဖစ္တဲ့ “Rookie Historian Goo Hae Ryung”ဇာတ္ကားမွာ အဓိကဇာတ္ေကာင္အျဖစ္ မင္းသား ခ်ာအြန္ဝူးႏွင့္ မင္းသမီး ရွင္စီေကာင္းတို႔ ပါဝင္မွာ ျဖစ္ေၾကာင္း သိရပါတယ္။

“Rookie Historian Goo Hae Ryung”ဇာတ္ကားဟာ ၁၉ရာစု ဂ်ိဳဆြန္မင္းဆက္ကို အေျခတည္ထားၿပီး သမိုင္းမွတ္တမ္းေတြကို ေရးသားတဲ့ အမ်ိဳးသမီးရဲ႕ ဇာတ္လမ္းကို ႐ိုက္ကူးထားေသာ စိတ္ကူးယဥ္ သမိုင္းဒရမ္မာဇာတ္ကား ျဖစ္ပါတယ္။ ဒီဒရမ္မာဇာတ္ကားဟာ က်ား/မလိင္ခြဲျခားမႈေတြ၊ လူမႈေရး အဆင့္အတန္းေတြအေပၚ အေျခခံၿပီး ေရွး႐ိုးစြဲ အယူအဆေတြကို ဆန္႔က်င္တိုက္ထုတ္ၿပီး ေျပာင္းလဲမႈရဲ႕ တန္ဖိုးကို ျပသထားတဲ့ ဇာတ္ကားေကာင္းတစ္ခု ျဖစ္ပါတယ္။

မင္းသမီးေခ်ာ ရွင္စီေကာင္းဟာ ရဲရင့္ေတာက္ပၿပီး လူ႔အဖြဲ႕အစည္းရဲ႕ တန္ဖိုးေတြကို ေျပာင္းျပန္လွန္ဖို႔ ႀကိဳးစားေနတဲ့ အၿမဲတမ္းျပႆနာရွာတတ္သူ နန္းတြင္း အလုပ္သင္ သမိုင္းပညာရွင္ Goo Hae Ryung အျဖစ္သ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္။ ASTRO အဖြဲ႕ဝင္ ခ်ာအြန္ဝူးဟာ နာမည္ႀကီး အခ်စ္ဇာတ္လမ္းဝတၱဳေတြ ေရးသားတဲ့သူ၊ ဘယ္သူ႔ကိုမွ ဒိတ္မလုပ္ဘူးဘဲ အထီးက်န္ေနတဲ့ မင္းသားေနရာကေန သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။

အဆိုပါဒရမ္မာကားမွာ Park Ki Woong, Lee Ji Hoon, Park Ji Hyun, Kim Yeo Jin, Kim Min Sang, Choi Duk Moon ႏွင့္ Sung Ji Ru တို႔လည္း သ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္။
“Rookie Historian Goo Hae Ryung” ဇာတ္လမ္းတြဲကို ဂ်ဴလိုင္လမွာ စတင္ထုတ္လႊင့္မွာ ျဖစ္ၿပီး တနလၤာ၊ အဂၤါေန႔မ်ားမွာ ကိုရီးယားစံေတာ္ခ်ိန္ ညကိုးနာရီမွာ MBCကေန ထုတ္လႊင့္ဖို႔ စီစဥ္ထားပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-soompi

LEAVE A REPLY

Please enter your comment!
Please enter your name here