၃။ ယခင်က ဘိုကေလေးသပ်သပ်ရပ်ရပ်ဘီးထားရင် ယောက်ျားပီသတယ်၊ ခန့်တယ်လို့ဆိုပေမဲ့ အခုအခါမှာတော့ တက်တူးနဲ့ ခေါင်းကဘေးနှစ်ဖက်ပြောင်မှ ယောက်ျားပီသတယ်၊ ခန့်တယ်လို့ ထင်ကြတယ်။
၎။ အရင်က အိမ်မွေးတိရိစ္ဆာန်ဆိုတာ ကိုယ့်ရဲ့ ကစားဖော်၊ ကိုယ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ ဖော်ရှိုး သက်သက်သာဖြစ်တယ်။
Single တွေ Valentine’s Day ကိုဘယ်လို ဖြတ်သန်းကြမလဲ
#Lifestyle_Myanmar
#Thar_Nage
Unicode
နည်းပညာမထွန်းကားသေးတဲ့ ယခင်ကာလ နဲ့ နည်းပညာတွေတိုးတက်လာတဲ့ ယခုကာလ ဘာတွေကွာခြားပြောင်းလဲသွားပြီလဲ။
၁။ ယခင်က ကျောင်းပိတ်ရက်ဆို သဲပုံထဲမှာ အရုပ်မျိုးစုံနဲ့ ကစားနေပေမဲ့ ယခုအချိန်မှာတော့ ဖန်သားပြင်ပေါ်မှာပဲ တစ်နေတာရဲ့အချိန်တွေကိုကုန်ဆုံးစေခဲ့တယ်။
၂။ အရင်ကဆို ကျောင်းပိတ်ရက်တိုင်း အိမ်မှာမနေပဲ သူငယ်ချင်းတွေနဲ့ ဘောလုံးသွားကန်လို့ အမေက လိုက်ခေါ်နေရတယ်။ အခုဆို အိမ်ထဲမှာပဲ တစ်နေကုန်ဂိမ်းဆော့နေလို့ အိမ်အပြင်တောင် ဆွဲထုတ်ခံရတယ်။
၃။ ယခင်က ဘိုကေလေးသပ်သပ်ရပ်ရပ်ဘီးထားရင် ယောကျ်ားပီသတယ်၊ ခန့်တယ်လို့ဆိုပေမဲ့ အခုအခါမှာတော့ တက်တူးနဲ့ ခေါင်းကဘေးနှစ်ဖက်ပြောင်မှ ယောက်ျားပီသတယ်၊ ခန့်တယ်လို့ ထင်ကြတယ်။
၄။ အရင်က အိမ်မွေးတိရိစ္ဆာန်ဆိုတာ ကိုယ့်ရဲ့ ကစားဖော်၊ ကိုယ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ ဖော်ရှိူး သက်သက်သာဖြစ်တယ်။
၅။ အရင်က အမေပြင်ဆင်ပေးတဲ့ညစာကို မြိန်ရေရှက်ရေစားသောက်ပေမဲ့ အခုအချိန်မှာတော့ ညဘက်တွေ အိမ်မှာထမင်းမစားတာတော်တော်ကြာခဲ့ပြီ။
၆။ ယခင်က သီချင်းနားထောင်ဖို့ ကက်ဆက်တိပ်ခွေကိုအပျင်းပြေရစ်ခဲ့ပေမဲ့ အခုမှာတော့သီးသန့်ကစားစရာတစ်ခုအဖြစ် တကူးတက ဆော့နေရတယ်။
၇။ အရင်တုန်းက အဖြေတစ်ခုရဖို့၊ ပြဿနာတစ်ခုဖြေရှင်းဖို့ ဦးနှောက်ကိုအသုံးချပြီး စဉ်းစားခဲ့ပေမဲ့ အခုအချိန်မှာတော့ ဦးနှောက်ထက် အင်တာနက်ရှိရင်ရပြီ။
၈။ ယခင်က တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်ရရှိသထက်ရရှိအောင် အပြန်အလှန်ဖန်တီးယူပေမဲ့ အခုအချိန်မှာတော့ ဖုန်းလာရင်တောင် စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်။
၉။ ယခင်က မိဘသင်ကြားပေးမှုကို စိတ်ဝင်တစားနဲ့ နားထောင်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ မိဘကို ဆရာပြန်လုပ်တတ်နေပြီ။
၁၀။ နည်းပညာတွေ မထွန်းကားခင်တုန်းက နေတတ်သလိုလေ နေလာပေမဲ့ အနေ့အချိန်မှာတော့ အင်တာနက်တို့၊ ဝိုင်ဖိုင်တို့မရှိတဲ့နေ့တစ်နေ့ဟာဖြတ်သန်းရတော်တော်ခက်ခဲနေတယ်။