ဓာတ်ပုံထဲမှာ အမြဲ ကြည့်ကောင်းနေစေဖို့အတွက် ရှောင်ရဆောင်ရမယ့် အချက်လေးတွေ

0
471

အနုပညာရှင်တွေဓာတ်ပုံရိုက်လိုက်တိုင်း ကြည့်ကောင်းတယ်ဆိုတာက ရုပ်ချောလို့ ကင်မရာအရည်အသွေးကောင်းလို့ဆိုပြီး လူအများစု အထင်မှားတတ်ကြပါတယ်။ ဒါပေမယ့် သေချာသတိထားပြီး ကြည့်လိုက်မယ်ဆိုရင်တော့ အခုလိုမျိုး ဓာတ်ပုံတွေနာမည်ကြီး ကျော်ကြားတယ်ဆိုတာဟာ မော်ဒယ်လ်တွေရဲ့ အလှကြောင့်မဟုတ်ဘဲ ပို့စ်ပေးပုံပေးနည်း မှန်ကန်တဲ့အတွက်ကြောင့်ပါ။

ဒါဆိုရင် ဓာတ်ပုံ အပုံ ၁၀၀ လောက်ရိုက်မှ ၁ ပုံလောက် ပုံကောင်းထွက်တဲ့ ဒုက္ခကနေ ကင်းဝေးစေဖို့အတွက် ဘယ်လိုအချက်တွေကိုရှောင်ပြီး ဘယ်လိုအချက်တွေကို ဆောင်ရမလဲဆိုတာကို အခုပဲဖော်ပြပေးလိုက်ရပါတယ်။

မေးကိုမော့ထားပါ

ရှောင်ရန် – ဘယ်လိုဓာတ်ပုံမှာဖြစ်ဖြစ် လည်ပင်းက ပေါ်နေဖို့လိုအပ်ပြီးတော့ ခေါင်းကိုငုံ့ထားခြင်းက မျက်လုံးအကြည့်ကို မလိုလားတဲ့ပုံစံဖြစ်သွားစေနိုင်ပါတယ်။
ဆောင်ရန် – ခေါင်းကိုမော့တဲ့အခါမှာလည်း အတင်းကြီးမော့တာမျိုးမဟုတ်ဘဲ မေးကိုသွယ်သလိုမျိုးလေး ပေါ်စေမယ့် အနေအထားလေးမှာ နေပေးလိုက်ပါ။

လက်မပိုက်ထားပါနဲ့

ရှောင်ရန် – ပုခုံးကိုလည်းမလျှောဘဲနဲ့ ခေါင်းကိုပဲစောင်းထားခြင်းက သဘာဝကျတဲ့ပုံ မပေါ်စေပါဘူး။ လက်ပိုက်ထားတာကလည်း ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားကို မပေါ်လွင်စေမှာဖြစ်တဲ့အတွက် ရှောင်ရှားပေးပါ။
ဆောင်ရန် – ကင်မရာကိုမျက်နှာမူတဲ့အချိန်မှာ ခန္ဓာကိုယ်ကို အတန်ငယ်လေးစောင်းပေးလိုက်ပါ။ လက်နှစ်ဖက်ကိုလည်းချထားပြီးတော့ ဘေးမှာနည်းနည်းချဲထားပေးလိုက်ပါ။ အခုလိုမျိုးလေးနေပေးခြင်းက ပိန်သလိုပေါ်စေပြီးတော့ ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုပြီးပေါ်လွင်စေမှာဖြစ်ပါတယ်။

ကိုယ်နေဟန်ထားကိုသတိထားပါ

ရှောင်ရန် – ခါးနည်းနည်းကုန်းသွားရင်ကို ဂုတ်တိုသွားစေပြီး ခါးမှာလည်းအဆီတွေစုသွားတဲ့ပုံ ပေါက်စေနိုင်ပါတယ်။
ဆောင်ရန် – ထိုင်ရက်နဲ့ဓာတ်ပုံရိုက်မယ်ဆိုပါက အနောက်ကိုမမှီဘဲ ခါးကိုမတ်ထားပါ။ ခန္ဓာကိုယ်ကို ပေါ်လွင်စေဖို့အတွက် တည့်တည့်ကြီးနေမယ့်အစား တစ်စောင်းလေးလှည့်ပေးလိုက်ပါ။

လက်ကိုဘယ်နားထားရမလဲဆိုတာကို သတိထားပါ

ရှောင်ရန် – ငုတ်တုပ်ထိုင်ရင်း ဓာတ်ပုံရိုက်မယ်ဆိုရင် လက်ကိုဘယ်နားထားလို့ထားရမှန်းမသိဖြစ်တတ်ပါတယ်။ လက်ပိုက်ထားခြင်းက ကြည့်လို့မလှသလို သဘာဝလည်းမကျစေပါဘူး။
ဆောင်ရန် – ခြေထောက်ချိတ်လိုက်ပြီးတော့ အပေါ်ခြေထောက်ပေါ်မှာ လက်ကိုတင်ပြီးမေးထောက်လိုက်ပါ။ နောက်တစ်ဖက်ကိုလည်း အလျားလိုက်ပုံစံတင်ထားလိုက်ပြီး ဓာတ်ပုံရိုက်မယ်ဆိုပါက မျက်နှာနဲ့ခန္ဓာကိုယ်အချိုးအစား နှစ်ခုစလုံးကို အသားပေးရာကျသွားပါလိမ့်မယ်။

အင်မတန်ပွတဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့

ပွတဲ့အကျီတွေကိုဝတ်တာက ခန္ဓာကိုယ်အချိုးအစားကို ပုံပျက်သွားစေပြီးတော့ ပိုပြီးဝသလိုပေါက်စေပါတယ်။ အကယ်လို့ ကိုယ်က ပွတဲ့အကျီကိုမှ ဝတ်လာမိတယ်ဆိုရင်တော့ ဓာတ်ပုံရိုက်တဲ့အခါ လက်နှစ်ဖက်ကိုခါးမှာထောက်ပေးလိုက်ပါ။ လက်ထောက်တဲ့အခါမှာလည်း နှစ်ဖက်လုံးကိုအညီထားမယ့်အစား မနိမ့်မမြင့်လေးထားပေးပါ။

အခုပြောပြထားတဲ့ အချက်လေးတွေကို လိုက်နာမယ်ဆိုရင်တော့ ပုံအများကြီးရိုက်ပြီး ကောင်းမယ့်ပုံလေးတွေ ပြန်ရှာထုတ်ရတဲ့ ဒုက္ခကနေ ကင်းဝေးတော့မှာဖြစ်ပါတယ်။

Lifestyle_Myanmar

Thinzar

Ref:brightside

LEAVE A REPLY

Please enter your comment!
Please enter your name here