ဓါတ္ပံု႐ိုက္တဲ့အခါ သင့္ကိုပိုၿပီးၾကည့္ေကာင္းေနေစမယ့္ နည္းလမ္း (၆) ခ်က္

0
1558

ဓါတ္ပံု႐ိုက္တဲ့အခါ ႐ုပ္လွသူပဲျဖစ္ျဖစ္၊ မလွသူပဲျဖစ္ျဖစ္ ဓါတ္ပံုထဲၾကည့္ေကာင္းေနေစဖို႔အတြက္ pose အေၾကာင္းကို နားလည္ေနဖို႔ လိုအပ္ပါတယ္။ ဓါတ္ပံုအယူအဆ အေျခခံေလာက္ကို နားလည္ရင္ေတာင္မွ လူတိုင္းစမတ္က်တဲ့ ပံုေတြကို ႐ိုက္ကူးႏိုင္ပါတယ္။ ဒါေၾကာင့္ ပေရာဖက္ရွင္နယ္ ဓါတ္ပံုဆရာတစ္ေယာက္ျဖစ္သူ Jodee Ball ရဲ႕ဓါတ္ပံုအေျခခံသေဘာတရား (6) ခ်က္ကို မွ်ေဝေပးလိုက္ပါတယ္။

-Advertisement-

၁။ ေပါ့ေပါ့ပါးပါးေနျခင္း
ဓါတ္ပံု႐ိုက္တဲ့အခါ ကိုယ့္ရဲ႕ကိုယ္ေနဟန္ထားကို အရမ္းႀကီးအာ႐ံုစူးစိုက္တာထက္ ေပါ့ေပါ့ပါးပါးနဲ႔ pose ေပးျခင္းက ပိုၿပီးသဘာဝဆန္တဲ့ ဓါတ္ပံုေတြကို ရရွိေစႏိုင္ပါတယ္။ သင့္ရဲ႕ခႏၶာကိုယ္ကို ေတာင့္ေတာင့္ႀကီးမျဖစ္ေစပဲ ေပ်ာ့ေပ်ာင္းစြာနဲ႔အနည္းငယ္ေကြးထားရင္ ပိုလွတဲ့ဓါတ္ပံုကို ရရွိေစမွာပါ။

 

၂။ ခႏၶာကိုယ္ကို ကင္မရာလားရာနဲ႔ အနည္းငယ္လႊဲထားေပးပါ
ကင္မရာ႐ိုက္တဲ့သူက သင့္ကိုယခုလိုမ်ိဳး သတိမေပးလည္း ကိုယ္တိုင္ျပဳလုပ္ၾကည့္ဖို႔ လိုအပ္ပါတယ္။ ယခုလိုသင့္ခႏၶာကိုယ္ကိုလႊဲထားတဲ့အခါ သင့္ကိုပိုၿပီး ပါးလွ်သြားေစၿပီး ပံုထဲကေမာ္ဒယ္လို သင့္ရဲ႕လက္ေတြကို ေရွ႕ေျခေထာက္ေပၚ တင္ထားပါက ပိုၿပီးဆြဲေဆာင္မႈရွိတဲ့ ပံုကိုရရွိမွာျဖစ္ပါတယ္။

၃။ သင့္မ်က္ႏွာကို သင့္လက္ေတြနဲ႔ Highlight ထားႏိုင္ပါတယ္
သင့္ရဲ႕ပုခံုးကို ယခုလိုမ်ိဳး ႏွိမ့္ထားၿပီး ေမးေစ့ကို လက္ေထာက္ထားျခင္းဟာ သင့္ရဲ႕မ်က္ႏွာကို ပိုၿပီးေပၚလြင္ေစပါလိမ့္မယ္။

၄။ သင့္ရဲ႕ပခံုးေတြကို ႏွိမ့္ထားပါ
ပုခံုးေတြကို ပံုထဲကအတိုင္း ႏွိပ္ထားတဲ့အခါ သင့္ရဲ႕လည္ပင္းကို ပိုရွည္သြားသလို ထင္ရေစၿပီး ပံုထဲမွာ သင့္လက္ေတြကို မဖံုးကြယ္သင့္ေၾကာင္း သတိျပဳပါ။

၅။ ဒူးကိုေကြးပါ
ယခုလို ဒူးေကြးၿပီး မ်က္ႏွာကို အနည္းငယ္တိမ္းထားျခင္းဟာ ပိုၿပီးသက္ေတာင့္သက္သာပံုစံနဲ႔ သြယ္လ်တဲ့ပံုေတြကို ရရွိေစပါတယ္။

၆။ ေခါင္းကို အနည္းငယ္ေစာင္းပါ
လိုင္စင္ဓာတ္ပံုမွလြဲ၍ ဆယ္ဖီဆြဲတဲ့အခါေတြ ကိုယ္တပိုင္းပံုေတြ႐ိုက္တဲ့အခါေတြမွာ သင့္ရဲ႕ေခါင္းကို အနည္းငယ္တိမ္းေစာင္းထားပါ။ ပိုၿပီးလွပတဲ့ပံုေတြကို ရရွိေစပါလိမ့္မယ္။

#LM_Nuang_Naung
#Lifestyle_Myanmar

Gender နဲ႔ပတ္သတ္ၿပီး ကၽြန္ေတာ္တို႔ေတြကို စိတ္ကသိကေအာက္ ျဖစ္ေစတဲ့ စိန္ေခၚမႈ (၅) ခ်က္

ဓါတ်ပုံရိုက်တဲ့အခါ သင့်ကိုပိုပြီးကြည့်ကောင်းနေစေမယ့် နည်းလမ်း (၆) ချက်
ဓါတ်ပုံရိုက်တဲ့အခါ ရုပ်လှသူပဲဖြစ်ဖြစ်၊ မလှသူပဲဖြစ်ဖြစ် ဓါတ်ပုံထဲကြည့်ကောင်းနေစေဖို့အတွက် pose အကြောင်းကို နားလည်နေဖို့ လိုအပ်ပါတယ်။ ဓါတ်ပုံအယူအဆ အခြေခံလောက်ကို နားလည်ရင်တောင်မှ လူတိုင်းစမတ်ကျတဲ့ ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါကြောင့် ပရောဖက်ရှင်နယ် ဓါတ်ပုံဆရာတစ်ယောက်ဖြစ်သူ Jodee Ball ရဲ့ဓါတ်ပုံအခြေခံသဘောတရား (6) ချက်ကို မျှဝေပေးလိုက်ပါတယ်။
၁။ ပေါ့ပေါ့ပါးပါးနေခြင်း
ဓါတ်ပုံရိုက်တဲ့အခါ ကိုယ့်ရဲ့ကိုယ်နေဟန်ထားကို အရမ်းကြီးအာရုံစူးစိုက်တာထက် ပေါ့ပေါ့ပါးပါးနဲ့ pose ပေးခြင်းက ပိုပြီးသဘာဝဆန်တဲ့
ဓါတ်ပုံတွေကို ရရှိစေနိုင်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ကို တောင့်တောင့်ကြီးမဖြစ်စေပဲ ပျော့ပျောင်းစွာနဲ့အနည်းငယ်ကွေးထားရင် ပိုလှတဲ့ဓါတ်ပုံကို ရရှိစေမှာပါ။

၂။ ခန္ဓာကိုယ်ကို ကင်မရာလားရာနဲ့ အနည်းငယ်လွှဲထားပေးပါ
ကင်မရာရိုက်တဲ့သူက သင့်ကိုယခုလိုမျိုး သတိမပေးလည်း ကိုယ်တိုင်ပြုလုပ်ကြည့်ဖို့ လိုအပ်ပါတယ်။ ယခုလိုသင့်ခန္ဓာကိုယ်ကိုလွှဲထားတဲ့အခါ သင့်ကိုပိုပြီး
ပါးလျှသွားစေပြီး ပုံထဲကမော်ဒယ်လို သင့်ရဲ့လက်တွေကို ရှေ့ခြေထောက်ပေါ် တင်ထားပါက ပိုပြီးဆွဲဆောင်မှုရှိတဲ့ ပုံကိုရရှိမှာဖြစ်ပါတယ်။

၃။ သင့်မျက်နှာကို သင့်လက်တွေနဲ့ Highlight ထားနိုင်ပါတယ်
သင့်ရဲ့ပုခုံးကို ယခုလိုမျိုး နှိမ့်ထားပြီး မေးစေ့ကို လက်ထောက်ထားခြင်းဟာ သင့်ရဲ့မျက်နှာကို ပိုပြီးပေါ်လွင်စေပါလိမ့်မယ်။

၄။ သင့်ရဲ့ပခုံးတွေကို နှိမ့်ထားပါ
ပုခုံးတွေကို ပုံထဲကအတိုင်း နှိပ်ထားတဲ့အခါ သင့်ရဲ့လည်ပင်းကို ပိုရှည်သွားသလို ထင်ရစေပြီး ပုံထဲမှာ သင့်လက်တွေကို မဖုံးကွယ်သင့်ကြောင်း သတိပြုပါ။

၅။ ဒူးကိုကွေးပါ
ယခုလို ဒူးကွေးပြီး မျက်နှာကို အနည်းငယ်တိမ်းထားခြင်းဟာ ပိုပြီးသက်တောင့်သက်သာပုံစံနဲ့ သွယ်လျတဲ့ပုံတွေကို ရရှိစေပါတယ်။

၆။ ခေါင်းကို အနည်းငယ်စောင်းပါ
လိုင်စင်ဓာတ်ပုံမှလွဲ၍ ဆယ်ဖီဆွဲတဲ့အခါတွေ ကိုယ်တပိုင်းပုံတွေရိုက်တဲ့အခါတွေမှာ သင့်ရဲ့ခေါင်းကို အနည်းငယ်တိမ်းစောင်းထားပါ။ ပိုပြီးလှပတဲ့ပုံတွေကို
ရရှိစေပါလိမ့်မယ်။

#LM_Nuang_Naung
#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here