ဓါတ်ပုံထဲမှာ လုံးဝ Perfect ဖြစ်နေစေမယ့် အကြံပြုချက် (၁၄)ခု
0
1495
အလှဓါတ်ပုံရိုက်ရတာ နှစ်သက်တဲ့ ပျိုမေတို့ရေ…ဓါတ်ပုံရိုက်တိုင်းမလှလို့ စိတ်ညစ်နေရပါသလား? ဓါတ်ပုံရိုက်တဲ့အခါ ပိုစ့်ကောင်းကောင်းပေးတတ်ဖို့က အခြေခံအကျဆုံးပါနော်။ ကိုယ့်ရဲ့အနေအထားမှန်ကန်မှ ဓါတ်ပုံလှလှလေးတွေ ရရှိမှာပါ။ ဒီတော့ ဓါတ်ပုံကောင်းတွေရလာဖို့ အခြေခံကြတဲ့ pose ပေးနည်းလေးတွေကို မျှဝေပေးမယ်နော်။ ကြိုးစားကြည့်ပါ။ တကယ်အောင်မြင်သွားမှာပါနော်။
၁။ တင်ပါးပေါ်မှာ လက်ထောက်ထားတဲ့ ပထမ pose ကအမြင်မှာ သင့်ခန္ဓာကိုယ်ကို ပိုကျယ်ဝန်းစေပြီး ရန်လိုတဲ့ပုံပေါက်စေပါတယ်။ ဒါ့ကြောင့် ဒုုတိယ pose အတိုင်းနေရမှာပါ။ ခေါင်းကိုတည့်တည့်မထားပဲ နည်းနည်းလှည့်ပေးပါ။
၂။ ပထမပုံထဲက pose လိုသင့်ခါးကိုမညှစ်ထားပါနဲ့နော်။ အဝတ်အစားတွေကို တွန့်ခေါက်စေပြီး ကြည့်မကောင်းပါဘူး။
၃။ လက်အနေအထားက သဘာဝကျကျလေး ဖြစ်သင့်ပါတယ်နော်။ လက်လေးတွေက ပျော့ပြောင်းနေတဲ့ ပုံစံဖြစ်သင့်ပါတယ်။
၎။ သင့်ရဲ့လက်ချောင်းထိပ်လေးတွေက ပါးကို ဖွဖွလေး မတော်တဆထိတဲ့ ပုံက ပိုပြီးဆွဲဆောင်မှု ရှိစေပါတယ်။ ပထမပုံလို pose ပေးရင်တော့ သွားနာနေတဲ့ အသွင်ကို ဖန်တီးပေးပါတယ်။
၅။ ပထမပုံက ခန္ဓာကိုယ်ကို သတိဆွဲထားသလိုဖြစ်နေပါတယ်။ ဒါ့ကြောင့် လက်တစ်ဖက်က ခါးပေါ်တင်ပြီး ခေါင်းလေးကို အနည်းငယ်စောင်းမယ်ဆိုရင် လှပတဲ့ ဓါတ်ပုံလေးထွက်လာမှာပါ။
၆။ မျက်နှာအမူအယာနဲ့ လက်အနေအထားကို ဂရုစိုက်ရပါမယ်။ ပါးစပ်ကို နည်းနည်းလေးဖွင့်ထားပြီး သင့်လက််ချောင်းထိပ်လေးတွေကို မျက်နှာကို ထိထားတာက သင့်ိကို မိန်းကလေးဆန်ပြီး နူးညံ့သိမ်မွေ့တဲ့ပုံပေါက်စေပါတယ်။
၇။ မျက်စိကို မှေးမထားပါနဲ့။ သင့်ရဲ့သဘာဝမျက်လုံးပုံစံက အလှဆုံးပါပဲ။
၈။ လက်တွေရဲ့နောက်ကွယ်မှာ မျက်နှာကို ကွယ်မထားပါနဲ့။ ဒုတိယပုံပေါ်က ဥပမာအတိုင်း လိုက်နာတာက ပိုကောင်းပါတယ်။
၉။ သင့်ရဲ့ဝမ်းဗိုက်ထက် ခါးအလှအပကို ပြတာ ပိုကောင်းပါတယ်။
၁၀။ ပထမပုံလို သုန်မှုန်နေတဲ့အကြည့်က နှုတ်ခမ်းတွေကို အချိုးအစားမမျှတဲ့ပုံပေါက်စေပြီး မျက်နှာထားက မခင်မင်တဲ့ပုံကိုပေါက်စေပါတယ်။ သင့်ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ပြီး ကင်မရာမှာကြည့်တာက ပိုကောင်းပါတယ်။ လက်မောင်းအနေအထားကို မတူအောင် ကြိုးစားပါ။
၁၁။ ပထမပုံထဲကလို ခေါင်းကြီးအရမ်းမော့ထားဖို့ မလိုပါဘူး။
၁၂။ လက်တွေက အမြဲတမ်း relax ဖြစ်နေသင့်ပါတယ်။ ဓါတ်ပုံ ၂ပုံကိုနှိုင်းယှဉ်ကြည့်လိုက်ရင် နားလည်ပါလိမ့်မယ်။
၁၃။ တောင့်တောင့်ကြီးမနေနဲ့ဆိုလို့ ပထမပုံလို ဒူးနှစ်ချောင်းလုံးကွေးထားစရာမလိုပါဘူးနော်။
၁၄။ အလျားပြည့် ဓါတ်ပုံတွေမှာ လျှို့ဝှက်ချက်အနည်းငယ်ရှိပါတယ်။ သင့်ခန္ဓာကိုယ်အကွေးက S စာလုံးပုံစံနဲ့ တူသင့်ပါတယ်။ လက်မောင်းတွေက relax ဖြစ်နေရမှာပါ။ မေးစေ့လေးကို အနည်းငယ်မော့ထားပေးရပါမယ်။
Lifestyle_Myanmar
LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here