ဒေါ်လာသန်းနဲ့ချီ လေလံအောင်ခဲ့တဲ့ ကမ္ဘာကျော် Celebrity ၁၀ဦးရဲ့ ပေါက်ကရပစ္စည်းတွေ
0
2955
ကမ္ဘာကျော် ဟောလီဝုဒ်ကြယ်ပွင့်တွေဟာ မကြာခဏဆိုသလို သူတို့ရဲ့ ကိုယ်ပိုင် အသုံးအဆောင်ပစ္စည်းတွေကို လေလံတင်ရောင်းချကြပါတယ်။ အရူးအမူအားပေးကြတဲ့ပရိတ်သတ်တွေကလည်း သူတို့ရဲ့ ဘာပစ္စည်းမဆို တန်ဖိုးကြီးကြီးပေးပြီး အလုအယက်လေလံဆွဲ ဝယ်ယူကြပါတယ်။ လေလံအောင်လို့ရရှိလာတဲ့ ပိုက်ဆံကိုတော့ ဟောလီဝုဒ်စတားတွေက အလှူအတန်းအတွက် အသုံးပြုကြပါတယ်။ ယခုလည်း သူတို့ လေလံတင်ရောင်းချတဲ့ပစ္စည်းတွေထဲကမှ ပေါက်ပေါက်ရှားရှား သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းလေးတွေကို Lifestyle_Myanmar ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
၁။ မိုက်ကယ်ဂျက်ဆင်ရဲ့ အတွင်းခံ
ညစ်ပေနေတဲ မိုက်ကယ်ဂျက်ဆင်ရဲ့ အတွင်းခံကို ဒေါ်လာ ၁သန်း/ ရူပီ ၆၇၈ ကုဋေ နဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။
၂။ Niall Horan ရဲ့ စားပြီးသားပေါင်မုန့်မီးကင်
One Direction ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Niall Horan ဟာ သြစတြေးလျ တီဗွီရှိုးတစ်ကို တက်ရောင်နေစဉ် သူစားပြီး ထွေးထုတ်လိုက်တဲ့ ပေါင်မုန့်အကြွင်းအကျန်ကို ဒေါ်လာ ၁သိန်း/ ရူပီ ၆၇၇၉ သိန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။
၃။ Jestin Bieber ရဲ့ ဆံပင်
စူပါစတားအဆိုတော်တစ်ဦးဖြစ်တဲ့ Jestin Bieber ရဲ့ ဆံပင်ကို သူ့ရဲ့ ပရိတ်သတ်တစ်ဦးက ဒေါ်လာ ၄၆၀၀၀/ ရူပီ ၂၇၅၁သိန်း ပေးပြီး ဝယ်ယူခဲ့ပါတယ်။
၄။ Britney Spears ရဲ့ ဝါးပြီးသား ပီကေ
Britney Spears ကို အရူးအမူး အားပေးတဲ့ အမာခံပရိတ်သတ်တစ်ဦးက သူဝါးပြီးသား ပီကေကို ဒေါ်လာ ၁၄၀၀၀/ ရူပီ ၉၄၈သိန်း နဲ့ ဝယ်ယူဖို့ တောင်းဆိုခဲ့ပါတယ်။
၅။ လေဒီဂါဂါရဲ့ ကျိုးသွားတဲ့ လက်သည်း
ကျိုးသွားတဲ့ လေဒီဂါဂါရဲ့ လက်သည်း အတုကို သူရဲ့ အမာခံပရိတ်သတ်တစ်ဦးက ဒေါ်လာ ၁၂၀၀၀/ ရူပီ ၈၁၃သိန်း ပေးပြီး ဝယ်ယူခဲ့ပါတယ်။
၆။ Andy Warhol ရဲ့ ဆံပင်တု
နာမည်ကြီး လူကြိုက်များတဲ့ ပေါ့ပ် အနုပညာရှင် Andy Warhol ရဲ့ ၁၉၆၀ ခုနှစ်က ဝတ်ဆင်ခဲ့တဲ့ ဆံပင်အတုကို သူရဲ့တုဖြစ်သူက ဒေါ်လာ ၁၀၈၀၀/ ရူပီ ရ၃၁ သိန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။
၇။ Elvis Presley ရဲ့ ညစ်ပေးနေတဲ့အတွင်းခံ
Elvis Presley ကို အရူးအမူးဖြစ်တဲ့ ပရိတ်သတ်တွေက Elvis Presley ရဲ့ ညစ်ပေနေတဲ့အတွင်းခံကို ဒေါ်လာ ၈၀၀၀/ ရူပီ ၅၄၂ သိန်း ပေးပြီး ဝယ်ယူခဲ့ပါတယ်။
၈။ Scarlett Johansson ရဲ့ သုံးပြီးသား တစ်ရှူး
မင်းသမီး Scarlett Johansson ဟာ Jay Leno အတူ The Tonight Show ကို တက်ရောက်ခဲ့စဉ် တစ်ရှူးကို နှပ်ညှပ်ဖို့အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနောက် အသုံးပြုပြီးသား တစ်ရှူးကို သူ့ရဲ့ အိတ်ထဲမှာ ပြန်ထည့်ထားပြီး သိပ့်မကြာခင်ရက်အတွင်းမှာပဲ အဆိုပါအသုံးပြုပြီးသား တစ်ရှူးကို ebay မှာ ဒေါ်လာ ၅၃၀၀/ ရူပီ ၃၅၉ သိန်းကျော်နဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။
၉။ Justin Timberlake ရဲ့ ပြင်သစ်ပေါင်မုန့်မီးကင်
နံနက်ပိုင်း အင်တာဗျူးနေစဉ်အတွင်း သရုပ်ဆောင်မင်းသား Justin Timberlake ဟာ သူစားပြီး တစ်ဝက်ကျန်တဲ့ ပေါင်မုန့်မီးကင်ကို ဒေါ်လာ ၁၀၂၅ ဖြင့် ebay မှာ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။
၁၀။ Brad Pitt နဲ့ Angelina Jolies ရဲ့ အသက်ရှူထုတ်လိုက်တဲ့ လေ
အလိုက်ဖက်ဆုံး ကြယ်ပွင့်စုံတွဲဖြစ်တဲ့ Brad Pitt နဲ့ Angelina Jolies ကတော့ အသက်ရှူတာတောင် သူတို့ရဲ့ လေက တန်ဖိုးရှိပါတယ်။ သူတို့ရှူပြီး ပြန်ထုတ်လိုက်တဲ့ လေကို ဒေါ်လာ ၄၅၃ ပေးပြီး ဝယ်ယူသူရှိပါတယ်။
#Lifestyle_Myanmar
#Thar_Nage
Zawgyi fonts
LEAVE A REPLY
Please enter your comment!
Please enter your name here