ဒေါသကြီးတဲ့ ချစ်သူနဲ့ ပတ်သတ်ပြီး ဒေါသထိန်းချုပ်စေနိုင်ဖို့အတွက် နည်းလမ်း (၈) ချက်

0
79

လူရဲ႕ စိတ္ခံစားခ်က္ကို အဖ်က္ဆီးႏိုင္ဆုံးေသာ အရာတစ္ခုကေတာ့ ေဒါသပါ။ ေဒါသထြက္ေနတဲ့ သူတစ္ေယာက္ကို သင္ဘာပဲအေၾကာင္းျပခ်က္ေတြ၊ ဘယ္လိုအက်ိဳးအေၾကာင္းေတြေျပာေျပာ သူ႔ဖက္ကလက္မခံႏိုင္ရျခင္းဟာ ယုတၱိရွိတဲ့အရာကို စဥ္းစားဖို႔ထက္ စိတ္ခံစားခ်က္ရဲ႕ ထိန္းခ်ဳပ္မႈကို ခံေနရျခင္းေၾကာင့္ျဖစ္ပါတယ္။ ဒီလိုအေျခအေနအတြက္ သင့္ဖက္ကလည္း ေဒါသနဲ႔ျပန္လည္တုံ႔ျပန္မယ္ ဆိုရင္ေတာ့ ပိုၿပီးဆိုးတဲ့အေျခအေနေတြ ဆက္တိုက္ျဖစ္လာပါလိမ့္မယ္။ ဒီလိုအေျခအေနကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ ပထမဆုံးသင့္စိတ္ကိုၿငိမ္းခ်မ္းစြာထားၿပီး ျပန္လည္ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားပါ။ သင္သူ႔ကိုတကယ္ခ်စ္တယ္ ဆိုရင္ေပါ့။

-Advertisement-

၁။ သင့္ခ်စ္သူရဲ႕ ေဒါသမီးေတာက္ကို ေလာင္စာဆီျဖစ္ေစႏိုင္တဲ့ ဘယ္လိုစကားမ်ိဳးမွမေျပာပဲ စိတ္ရွည္ရွည္ထားပါ။
သင့္ရဲ႕ခ်စ္သူကို ေဒါသထြက္ခြင့္ေပးလိုက္ၿပီး ဒီလိုအမ်က္ေဒါသေတြအကုန္အျပင္ကို ထြက္ခြင့္ျပဳျခင္းဟာ ေရရွည္အတြက္အေကာင္းဆုံးနည္းလမ္း ျဖစ္ေနတတ္ပါတယ္။ သူ႔ရဲ႕ေဒါသကို ထိပ္တိုက္ရင္ဆိုင္ဖို႔ ႀကိဳးစားျခင္း မျပဳလုပ္ပါနဲ႔။ ဘာေၾကာင့္လဲဆိုေတာ့ ယခုလိုထိပ္တိုက္ေတြ႕လာတဲ့အခါ သူ႔ဖက္ကခုခံကာကြယ္ဖို႔သက္သက္ ျပဳလုပ္လာပါလိမ့္မယ္။ ဒီအစား သူေျပာခ်င္တာေတြအားလုံးကို နားေထာင္ေပးၿပီး ေျပာဖို႔က်န္သြားတာေတြကိုပဲ သင့္ဖက္ကျဖည့္စြက္ေပးလိုက္ပါ။ သင့္ခ်စ္သူရဲ႕ေဒါသ ပိုမိုေအးေဆးတည္ၿငိမ္လာၿပီး သင္ကိုယ္တိုင္လည္း စိတ္သက္ေတာင့္သက္သာ ျဖစ္လာတာကိုအခ်ိန္တိုအတြင္း ႀကဳံရပါလိမ့္မယ္။

၂။ ေလးစားမႈရွိတဲ့ပုံစံနဲ႔ သင့္ရဲ႕ point ကိုသူသိရွိလာေအာင္ လုပ္ပါ
ကိစၥတိုင္းမွာ အၿမဲတမ္းအျမင္ႏွစ္ဖက္ ရွိႏိုင္ပါတယ္။ ပထမဆုံး သူ႔ရဲ႕စိတ္ထဲက ေဒါသေတြကို ထြက္ေပါက္ရွာခြင့္ ျပဳၿပီး သင့္ရဲ႕ဆိုလိုရင္းနဲ႔ အေၾကာင္းျပခ်က္ကို နားလည္လာေအာင္ စိတ္ေအးစြာနဲ႔ျပန္လည္ႀကိဳးစားရွင္းျပပါ။ သင့္ရဲ႕ေလသံကိုျမႇင့္ၿပီး ငါေျပာတာအမွန္ဆိုတဲ့ ပုံစံမ်ိဳးမျဖစ္ပါေစနဲ႔။ ဒီနည္းလမ္းဟာ သူရဲ႕လုပ္ရပ္ေတြအတြက္ တာဝန္ယူမႈပိုရွိလာေအာင္ လုပ္ႏိုင္ၿပီး ေရရွည္မွာျပႆနာကိုတည္တည္ၿငိမ္ၿငိမ္ေျဖရွင္းႏိုင္ဖို႔ ကူညီေပးႏိုင္ပါလိမ့္မယ္။

၃။ ေျပာဆိုမႈဟာ အျပဳသေဘာေဆာင္ပါေစ
သင့္ရဲ႕ဆိုလိုရင္းနဲ႔ အေၾကာင္းရင္းကို မရွင္းျပခင္ သူမေျပာတဲ့အျမင္ကို သင္သေဘာမတူရင္ေတာင္မွ အသိအမွတ္ျပဳၿပီး အေသအခ်ာနားေထာင္ေပးလိုက္ပါ။ သင္ကယခုလို အျပဳသေဘာေဆာင္ၿပီး အသိအမွတ္ျပဳနားေထာင္ေပးျခင္းေၾကာင့္ သင္ရွင္းျပတဲ့အရာေတြကိုလည္း သူက အျပဳသေဘာေဆာင္ၿပီး ျပန္လည္နားေထာင္ဖို႔ ဆႏၵရွိလာေစပါတယ္။

၄။ က႐ုဏာ
တကယ္ေတာ့ သင့္ခ်စ္သူရဲ႕ေဒါသႀကီးမႈဟာ သူ႔ရဲ႕နာက်င္မႈေတြနဲ႔ စိုးရိမ္မႈေတြကို ထုတ္ေဖာ္ဖို႔အတြက္ နည္းလမ္းတစ္ခုလို ျဖစ္ေနတတ္ပါတယ္။ ေဒါသက အေၾကာက္တရားနည္းေစဖို႔ နဲ႔ ပိုၿပီးစြမ္းအားႀကီးေစတဲ့ အသြင္သဏၰန္မ်ိဳး မ်က္ႏွာဖုံးတစ္ခု ဖန္တီးေပးလွ်က္ရွိၿပီး သူတို႔ကိုယ္တိုင္လည္း ယခုလိုအရာကို ဝန္မခံခ်င္ၾကပါဘူး။ ဒီလိုအေျခအေနေတြကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ က႐ုဏာနဲ႔ သည္းခံမႈဟာ အေကာင္းဆုံးနည္းလမ္းတစ္ခုပါ။ သင့္ရဲ႕ေမတၱာကို ေဖာ္ျပေပးျခင္းျဖင့္ သူ႔ရဲ႕စိတ္အတြင္းက စိုးရိမ္ပူပန္မႈေတြ သံသယေတြအတြက္ သင္အၿမဲတမ္းသူ႔ဖက္မွာရွိေၾကာင္း သိရွိပါေစ။

၅။ ေဒါသထြက္ေစႏိုင္မယ့္အရာေတြကို ေရွာင္ရွားပါ
သင့္ခ်စ္သူက အလြယ္တကူနဲ႔ ေဒါသထြက္တတ္ၿပီး စိတ္ကိုခ်ဳပ္တည္းႏိုင္စြမ္းမရွိတာကို သင္သိရွိရင္ sensitive ျဖစ္တဲ့အေၾကာင္းအရာေတြကို ေဆြးေႏြးတာမ်ိဳး လုံးဝမျပဳလုပ္ပါနဲ႔။ ထိုအေၾကာင္းအရာအတြက္ သင္ဘယ္ေလာက္ပဲ အသည္းအသန္ျဖစ္ေနပါေစ ၊သူေဒါသမထြက္ႏိုင္မယ့္ ခ်ဥ္းကပ္မႈမ်ိဳးနဲ႔ ေျပာျပႏိုင္မယ့္ အေကာင္းဆုံးနည္းလမ္းကို ႀကိဳတင္စဥ္စားထားဖို႔ လိုပါတယ္။

၆။ သင့္ကိုယ္သင္သိပါ
ေဒါသထိန္းခ်ဳပ္မႈ နည္းလမ္းရဲ႕ လိုအပ္ခ်က္တစ္ခုကေတာ့ သင့္ကိုယ္သင္သိဖို႔ လိုအပ္တာပါ။ သင့္ရဲ႕အျပဳအမူက သင့္ခ်စ္သူရဲ႕ ေဒါသအေပၚ တစ္နည္းနည္းနဲ႔ သက္ေရာက္မႈ ရွိပါသလား? ဒီလိုသူမႀကိဳက္တဲ့ သင့္ရဲ႕အမူအက်င့္ေတြကို ကိုယ္တိုင္ရွာေဖြၿပီး ျပဳျပင္ဖို႔ႀကိဳးစားျခင္းကလည္း ေဒါသကိုထိန္းခ်ဳပ္ႏိုင္ဖို႔ အေထာက္အကူျဖစ္ေစပါလိမ့္မယ္။

၇။ ႏွစ္ေယာက္စလုံး တည္ၿငိမ္တဲ့အခ်ိန္မွ စကားေျပာပါ
သင္လည္းပဲ ေဒါသထြက္လြယ္တတ္သူတစ္ေယာက္ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကိုယ္သင္စိတ္တည္ၿငိမ္တဲ့အထိ ႏႈတ္ဆိတ္ေနေပးပါ။ ယခုလိုအေျခအေနေတြဟာ သင္ေဒါသထြက္ဖို႔ ထိုက္တန္ရဲ႕လား ကိုယ့္ကိုယ္ကိုျပန္ေမးပါ။ သင့္စိတ္ေျပသြားၿပီဆိုရင္ သင့္ရဲ႕ခ်စ္သူ စိတ္ေျပတဲ့အထိေစာင့္ၿပီးမွ စကားေျပာဖို႔ လိုအပ္ပါတယ္။

၈။ သင့္ခ်စ္သူကို ထိန္းခ်ဳပ္ဖို႔ မႀကိဳးစားပါနဲ႔
ေဒါသထိန္းခ်ဳပ္ျခင္းဟာ အျခားသူတစ္ေယာက္ကို ထိန္းခ်ဳပ္ဖို႔မဟုတ္ပါဘူး။ တကယ္လို႔သူက သင့္ရဲ႕သေဘာထားကို သေဘာမတူပဲ ေဒါသထြက္ရင္လည္း သူ႔ကိုေျပာင္းလဲဖို႔ မႀကိဳးစားပါနဲ႔။ ဒီအစား သင့္ဖက္ကအျမင္ေတြရဲ႕ အားသာခ်က္ေတြကိုပဲ ေျပာျပပါ။ ဒီလိုေျပာတဲ့အခါမွာလည္း ခ်ိဳခ်ိဳသာသာနဲ႔ ေျပာဖို႔လိုအပ္ပါတယ္။ ဒီနည္းလမ္းဟာ သင့္ရဲ႕အျမင္ေတြကို ေထာက္ခံဖို႔အတြက္ စည္း႐ုံးသိမ္းသြင္း ႏိုင္ပါလိမ့္မယ္။
LM_Naung_Naung
Lifestyle_Myanmar

Source

လူရဲ့ စိတ်ခံစားချက်ကို အဖျက်ဆီးနိုင်ဆုံးသော အရာတစ်ခုကတော့ ဒေါသပါ။ ဒေါသထွက်နေတဲ့ သူတစ်ယောက်ကို သင်ဘာပဲအကြောင်းပြချက်တွေ၊ ဘယ်လိုအကျိုးအကြောင်းတွေပြောပြော သူ့ဖက်ကလက်မခံနိုင်ရခြင်းဟာ ယုတ္တိရှိတဲ့အရာကို စဉ်းစားဖို့ထက် စိတ်ခံစားချက်ရဲ့ ထိန်းချုပ်မှုကို ခံနေရခြင်းကြောင့်ဖြစ်ပါတယ်။ ဒီလိုအခြေအနေအတွက် သင့်ဖက်ကလည်း ဒေါသနဲ့ပြန်လည်တုံ့ပြန်မယ် ဆိုရင်တော့ ပိုပြီးဆိုးတဲ့အခြေအနေတွေ ဆက်တိုက်ဖြစ်လာပါလိမ့်မယ်။
ဒီလိုအခြေအနေကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့အတွက် ပထမဆုံးသင့်စိတ်ကိုငြိမ်းချမ်းစွာထားပြီး ပြန်လည်ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။ သင်သူ့ကိုတကယ်ချစ်တယ် ဆိုရင်ပေါ့။
၁။ သင့်ချစ်သူရဲ့ ဒေါသမီးတောက်ကို လောင်စာဆီဖြစ်စေနိုင်တဲ့ ဘယ်လိုစကားမျိုးမှမပြောပဲ စိတ်ရှည်ရှည်ထားပါ။
သင့်ရဲ့ချစ်သူကို ဒေါသထွက်ခွင့်ပေးလိုက်ပြီး ဒီလိုအမျက်ဒေါသတွေအကုန်အပြင်ကို ထွက်ခွင့်ပြုခြင်းဟာ ရေရှည်အတွက်အကောင်းဆုံးနည်းလမ်း ဖြစ်နေတတ်ပါတယ်။ သူ့ရဲ့ဒေါသကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားခြင်း မပြုလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ယခုလိုထိပ်တိုက်တွေ့လာတဲ့အခါ သူ့ဖက်ကခုခံကာကွယ်ဖို့သက်သက် ပြုလုပ်လာပါလိမ့်မယ်။ ဒီအစား သူပြောချင်တာတွေအားလုံးကို နားထောင်ပေးပြီး ပြောဖို့ကျန်သွားတာတွေကိုပဲ သင့်ဖက်ကဖြည့်စွက်ပေးလိုက်ပါ။ သင့်ချစ်သူရဲ့ဒေါသ ပိုမိုအေးဆေးတည်ငြိမ်လာပြီး သင်ကိုယ်တိုင်လည်း စိတ်သက်တောင့်သက်သာ ဖြစ်လာတာကိုအချိန်တိုအတွင်း ကြုံရပါလိမ့်မယ်။

၂။ လေးစားမှုရှိတဲ့ပုံစံနဲ့ သင့်ရဲ့ point ကိုသူသိရှိလာအောင် လုပ်ပါ
ကိစ္စတိုင်းမှာ အမြဲတမ်းအမြင်နှစ်ဖက် ရှိနိုင်ပါတယ်။ ပထမဆုံး သူ့ရဲ့စိတ်ထဲက ဒေါသတွေကို ထွက်ပေါက်ရှာခွင့် ပြုပြီး သင့်ရဲ့ဆိုလိုရင်းနဲ့ အကြောင်းပြချက်ကို နားလည်လာအောင် စိတ်အေးစွာနဲ့ပြန်လည်ကြိုးစားရှင်းပြပါ။ သင့်ရဲ့လေသံကိုမြှင့်ပြီး ငါပြောတာအမှန်ဆိုတဲ့ ပုံစံမျိုးမဖြစ်ပါစေနဲ့။ ဒီနည်းလမ်းဟာ သူရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူမှုပိုရှိလာအောင် လုပ်နိုင်ပြီး ရေရှည်မှာပြဿနာကိုတည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

၃။ ပြောဆိုမှုဟာ အပြုသဘောဆောင်ပါစေ
သင့်ရဲ့ဆိုလိုရင်းနဲ့ အကြောင်းရင်းကို မရှင်းပြခင် သူမပြောတဲ့အမြင်ကို သင်သဘောမတူရင်တောင်မှ အသိအမှတ်ပြုပြီး အသေအချာနားထောင်ပေးလိုက်ပါ။ သင်ကယခုလို အပြုသဘောဆောင်ပြီး အသိအမှတ်ပြုနားထောင်ပေးခြင်းကြောင့် သင်ရှင်းပြတဲ့အရာတွေကိုလည်း သူက အပြုသဘောဆောင်ပြီး ပြန်လည်နားထောင်ဖို့ ဆန္ဒရှိလာစေပါတယ်။

၄။ ကရုဏာ
တကယ်တော့ သင့်ချစ်သူရဲ့ဒေါသကြီးမှုဟာ သူ့ရဲ့နာကျင်မှုတွေနဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ဖို့အတွက် နည်းလမ်းတစ်ခုလို ဖြစ်နေတတ်ပါတယ်။ ဒေါသက အကြောက်တရားနည်းစေဖို့ နဲ့ ပိုပြီးစွမ်းအားကြီးစေတဲ့ အသွင်သဏ္ဏန်မျိုး မျက်နှာဖုံးတစ်ခု ဖန်တီးပေးလျှက်ရှိပြီး သူတို့ကိုယ်တိုင်လည်း ယခုလိုအရာကို ဝန်မခံချင်ကြပါဘူး။ ဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကရုဏာနဲ့ သည်းခံမှုဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ သင့်ရဲ့မေတ္တာကို ဖော်ပြပေးခြင်းဖြင့်
သူ့ရဲ့စိတ်အတွင်းက စိုးရိမ်ပူပန်မှုတွေ သံသယတွေအတွက် သင်အမြဲတမ်းသူ့ဖက်မှာရှိကြောင်း သိရှိပါစေ။

၅။ ဒေါသထွက်စေနိုင်မယ့်အရာတွေကို ရှောင်ရှားပါ
သင့်ချစ်သူက အလွယ်တကူနဲ့ ဒေါသထွက်တတ်ပြီး စိတ်ကိုချုပ်တည်းနိုင်စွမ်းမရှိတာကို သင်သိရှိရင် sensitive ဖြစ်တဲ့အကြောင်းအရာတွေကို ဆွေးနွေးတာမျိုး လုံးဝမပြုလုပ်ပါနဲ့။ ထိုအကြောင်းအရာအတွက် သင်ဘယ်လောက်ပဲ အသည်းအသန်ဖြစ်နေပါစေ ၊သူဒေါသမထွက်နိုင်မယ့်
ချဉ်းကပ်မှုမျိုးနဲ့ ပြောပြနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ကြိုတင်စဥ်စားထားဖို့ လိုပါတယ်။

၆။ သင့်ကိုယ်သင်သိပါ
ဒေါသထိန်းချုပ်မှု နည်းလမ်းရဲ့ လိုအပ်ချက်တစ်ခုကတော့ သင့်ကိုယ်သင်သိဖို့ လိုအပ်တာပါ။ သင့်ရဲ့အပြုအမူက သင့်ချစ်သူရဲ့ ဒေါသအပေါ် တစ်နည်းနည်းနဲ့ သက်ရောက်မှု ရှိပါသလား? ဒီလိုသူမကြိုက်တဲ့ သင့်ရဲ့အမူအကျင့်တွေကို ကိုယ်တိုင်ရှာဖွေပြီး ပြုပြင်ဖို့ကြိုးစားခြင်းကလည်း ဒေါသကိုထိန်းချုပ်နိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

၇။ နှစ်ယောက်စလုံး တည်ငြိမ်တဲ့အချိန်မှ စကားပြောပါ
သင်လည်းပဲ ဒေါသထွက်လွယ်တတ်သူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင်စိတ်တည်ငြိမ်တဲ့အထိ နှုတ်ဆိတ်နေပေးပါ။ ယခုလိုအခြေအနေတွေဟာ သင်ဒေါသထွက်ဖို့ ထိုက်တန်ရဲ့လား ကိုယ့်ကိုယ်ကိုပြန်မေးပါ။ သင့်စိတ်ပြေသွားပြီဆိုရင် သင့်ရဲ့ချစ်သူ စိတ်ပြေတဲ့အထိစောင့်ပြီးမှ စကားပြောဖို့ လိုအပ်ပါတယ်။

၈။ သင့်ချစ်သူကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့
ဒေါသထိန်းချုပ်ခြင်းဟာ အခြားသူတစ်ယောက်ကို ထိန်းချုပ်ဖို့မဟုတ်ပါဘူး။ တကယ်လို့သူက သင့်ရဲ့သဘောထားကို သဘောမတူပဲ ဒေါသထွက်ရင်လည်း သူ့ကိုပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ဒီအစား သင့်ဖက်ကအမြင်တွေရဲ့ အားသာချက်တွေကိုပဲ ပြောပြပါ။ ဒီလိုပြောတဲ့အခါမှာလည်း ချိုချိုသာသာနဲ့ ပြောဖို့လိုအပ်ပါတယ်။ ဒီနည်းလမ်းဟာ သင့်ရဲ့အမြင်တွေကို ထောက်ခံဖို့အတွက် စည်းရုံးသိမ်းသွင်း နိုင်ပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here