ဒေါသကို အကောင်းမွန်ဆုံးထိန်းချုပ်နည်းများ

ဒေါသကို အကောင်းမွန်ဆုံးထိန်းချုပ်နည်းများ

0
21

ဒေါသလိုမျိုး စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိမယ်ဆိုရင် ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်းနှင့် လူမှုရေးအပြန်အလှန်ဆက်သွယ်မှုရဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒေါသက ကျွန်တော်တို့ကို စိတ်ပျက်စေသော (သို့) မျှတမှုကင်းမဲ့သော အခြေအနေတွေကို ကျွန်တော်တို့ ဖြစ်ပေါ်လာတတ်တဲ့ စိတ်လှုပ်ရှားမှုတစ်မျိုးဖြစ်ပါတယ်။ ဒါဟာ အခြေခံစိတ်ခံစားမှုတစ်ခုဖြစ်ပါတယ်။ မာရီယာဟိုဆေးဘော့ချ်ရဲ့ အဆိုအရ ကျွန်တော်တို့ကို အမျက်ဒေါသဖြစ်စေတဲ့ အကြောင်းအရာတွေကို တွေးလေလေ ကျွန်တော်တို့ဒေါသဖြစ်စေဖို့ အကြောင်းအရာတွေကို တွေ့လေလေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ပိုမိုကောင်းမွန်သောဘ၀အရည်အသွေးရရှိဖို့အတွက် အမျက်ဒေါသကို ဘယ်လိုနားလည်ရမလဲ ပြီးတော့ ဒေါသထွက်တဲ့အခါမှာ ဘယ်လို ထိန်သိမ်းရမလဲဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သိဖို့ အရေးကြီးပါတယ်။

-Advertisement-

အခြေခံစိတ်ခံစားချက်

စိတ်ပညာရှင် ဒန်နီယယ်ဂေါလ်မန်းက သူ့အတွက် စိတ်လှုပ်ရှားမှုဆိုတာ ခံစားချက်တစ်ခုလို့ ဆိုပါတယ်။ ဒါကို စိတ်ပိုင်းဆိုင်ရာ (သို့) ဇီ၀ဗေဒဆိုင်ရာအခြေအနေများက လွှမ်းမိုးခြင်းကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို တစ်နည်းနည်းနဲ့ တုန့်ပြန်စေပါတယ်။ Emotionsဆိုတာ ဘယ်လိုအခြေအနေမျိုးမှာမဆို ရင်ဆိုင်ဖြေရှင်းဖို့နှင့် တုန့်ပြန်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာက ပေးပို့သော သတင်းစကားများဖြစ်ပါတယ်။ ဒေါသဟာ ၀မ်းမြောက်ခြင်း၊ ၀မ်းနည်းခြင်း၊ ရွံရှာခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အံ့အားသင့်ခြင်းတွေလိုပဲ အခြေခံစိတ်ခံစားမှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်ခန္ဓာအတွက် လိုအပ်သော ရှင်သန်မှု ယန္တရားတစ်ခုဖြစ်ပါတယ်။

ဘယ်လိုထိန်းချုပ်မလဲ

ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေက ကျွန်တော်တို့သုခချမ်းသာအတွက် သော့ချက်ဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ နေ့စဥ်လူနေထိုင်မှုဘ၀တွေမှာ အပြန်အလှန်ဆက်သွယ်မှုမှာ အခြေခံကိရိယာတစ်ခုဖြစ်ပါတယ်။ လူတွေဟာ စိတ်ခံစားချက်တွေကို နည်းမျိုးစုံနဲ့ ခံစားကြတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ အကျင့်စာရိတ္တ၊ ကျွန်တော်တို့တွေ့ရှိရသော အခြေအနေနှင့် အတိတ်အတွေ့အကြုံတွေများပေါ်မှာ မူတည်ပါတယ်။ အဲ့တော့ ဘယ်လိုအခြေအနေတွေမှာ ကျွန်တော်တို့ကို ဒေါသဖြစ်စေတဲ့ အရာတွေကို မိမိကိုယ်ကို နားလည်အောင် ဆန်းစစ်သင့်ပါတယ်။ ဒေါသထွက်ပြီး ပေါက်ကွဲတော့မယ်ဆိုရင် ပြတတ်တဲ့ နိမိတ်လက္ခဏာအချို့ရှိပါတယ်။ အဲ့ဒါတွေကတော့ ဂနာမငြိမ်ဖြစ်ခြင်း၊ ပျို့အန်ခြင်းနှင့် ဗိုက်နာခြင်း ၊ ပခုံးကြွက်သားများတောင့်တင်းခြင်း နှင့် ချွေးထွက်လာခြင်း စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ကျွန်တော်တို့ တွေ့ရဖို့အများဆုံးနှင့် ရှာဖွေတွေ့ရှိနိုင်သော နိမိတ်လက္ခဏာနောက်တစ်ခုက ကျွန်တော်တို့ရဲ့ အတွေးများဖြစ်ပါတယ်။ စဥ်ဆက်မပြတ် အပျက်သဘောဆောင်သော အတွေးများဟာ ကျွန်တော်တို့ရဲ့ စိတ်လှုပ်ရှားမှုကို မီးထိုးပေးပြီး ဒေါသပေါက်ကွဲခြင်းကို အခွင့်အလမ်းများစွာ တိုးပွားပါတယ်။

ဒေါသကို စီမံခန့်ခွဲနည်းများ

စိတ်ခံစားချက်တွေကို လက်ခံပါ
ပထမဦးစွာ ကျွန်တော်တို့ဟာ စိတ်လှုပ်ရှားမှုတည်ရှိနေတယ်ဆိုတာ လက်ခံရပါမယ်။ ကျွန်တော်တို့မှာ စိတ်လှုပ်ရှားမှုများဖြစ်လာစေဖို့ အကြောင်းရင်းများစွာ ရှိပါတယ်။ တစ်ခုခုကို မျှတမှုမရှိဘူးလို့ ကျွန်တော်တို့ စဥ်းစားမိတဲ့အခါ ဒေါသစိတ်ဖြစ်ရင် ဒေါသထွက်တတ်ပါတယ်။ တကယ်လို့ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ခြင်း (သို့) တားဆီးခြင်းပြုလုပ်မယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကို လေးစားမှုကို ထိခိုက်နိုင်ပါတယ်။
စိတ်ခံစားမှုကို ဖော်ထုတ်ခြင်း
စိတ်ခံစားမှုကို ဖော်ထုတ်ခြင်းက ဒေါသကို ထိန်းချုပ်နိုင်မယ့် ပထမခြေလှမ်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေါသထွက်နေတာကို သိပြီးတဲ့အခါ အသိအမှတ်ပြုရပါမယ်။ တစ်ခုခုက ကျွန်တော်တို့ စိတ်အနှောင့်အယှက်ဖြစ်စေပြီး စိတ်မကောင်းဖြစ်စေတယ်ဆိုတာက ဆုံးဖြတ်ချက်တဲ့အခါ စိတ်လှုပ်ရှားမှုကို ဖော်ထုတ်နိုင်ပြီး ထိန်းချုပ်မှုကို ပြန်လည်ရရှိစေပါတယ်။

အေးဆေးတည်ငြိမ်မှုကို ရှာပါ
ကျွန်တော်တို့ အမျက်ထွက်သောအခါ အေးဆေးတည်ငြိမ်မှုဟာ အကောင်းဆုံးလက်နက်ဖြစ်ပါတယ်။ ကျွန်တော်တို့ တည်ငြိမ်မှုကို ရှာဖွေခြင်းက အမျက်ဒေါသကို တားဆီးဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ နည်းလမ်းကောင်းလေးတွေက လမ်းမြန်မြန်လျှောက်ရန်၊ အပြေးသွားရန်၊ အသက်ပြင်းပြင်းရှူရန် နှင့် ကျွန်တော်တို့ကို ဖြေလျော့စေသော လှုပ်ရှားမှုတစ်ခုခု (သို့) တိတ်ဆိတ်သော နေရာတစ်ခုကို သွားဖို့ ဖြစ်ပါတယ်။
အဖြစ်အပျက်ကို ပြန်သုံးသပ်ပါ
ဒါဟာ တကယ်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်အပျက်ကို ပြန်ပြောင်းသုံးသပ်ခြင်းက အတွေ့အကြုံကနေ သင်ယူဖို့နှင့် အနာဂတ်မှာ ဒေါသကို ထိန်းချုပ်ဖို့ ကူညီပေးပါတယ်။ ”ငါဘာကြောင့်ဒီလောက်စိတ်မကောင်းဖြစ်နေရတာလဲ””ငါဘယ်လိုဖြေရှင်းမလဲ”(သို့) ငါတစ်ခုခုလုပ်လို့ရသလား ” စတဲ့ မေးခွန်းတွေက သင်ကိုယ်သင် ပိုမိုနားလည်ဖို့ ကူညီပါလိမ့်မယ်။ Boschရဲ့ အဆိုအရ ဒေါသဟာ ၀မ်းနည်းခြင်းလိုပဲ မိမိကိုယ်ကို ကျွေးမွေးတဲ့ စိတ်လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ဒေါသကို မွေးမြူထားတာက သင့်ရဲ့ အတွေးတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒေါသကို မထိန်းချုပ်ဘူးဆိုရင် ကျွန်တော်တို့ကို ဖျက်ဆီးပြီးတော့ ကျွန်တော်တို့ ပတ်၀န်းကျင်ကို ထိခိုက်စေပါလိမ့်မယ်။

Lifestyle_Myanmar

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here